Friday, April 16, 2010

အရက်သောက်တဲ့အခါ

လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့် အစာအိမ်တို့မှ စုပ်ယူပါတယ်။ ပျမ်းမျှအားဖြင့် အူသိမ်တွင် သွေးလည်ပတ်မှု အားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။

Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။


·ကိုယ်အလေးချိန်

သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။

· အမျိုးသားနဲ့ အမျိုးသမီး

အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက် မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊ သန္ဓေတားဆေး သောက်သုံးထားခြင်းများ အပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။

· အစားအသောက်

အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။


· စိတ်ခံစားမှု

အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်

· သောက်သည့် ပမာဏ

နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။

· အရက်အမျိုးအစား

အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။

Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။

သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Alcohol သည်

အဆင့် (၁)

သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်

ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်း

မိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊

မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်း

စကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်း

သက်တောင့်သက်သာ ရှိနေခြင်း

စိတ်ဖိစီးမှုများ လျော့နည်းလာခြင်း

မိမိကိုယ်ကို ယုံကြည်စိတ် လွန်ကဲနေတတ်ခြင်း

လူမှုရေး အရှုပ်အထွေးများ ဖြစ်ပေါ်စေရန် အားပေးခြင်း တို့ဖြစ်သည်။

အဆင့်(၂)

သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်

မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။

အာလေးလျှာလေး ဖြစ်လာခြင်း။

သတိလက်လွတ် စကားများ ပြောတတ်လာခြင်း။

ကိုယ်နေဟန်ချက်ကို မထိန်းနိုင်တော့ခြင်း။

အာရုံစိုက်၍ အသေးစိတ်လုပ်ရသော လုပ်ငန်းများကို မလုပ်နိုင်တော့ခြင်း။

မိမိကိုယ် ကို မထိန်းသိမ်းနိုင်တော့ခြင်း ။

စိတ်လိုက်မာန်ပါ လုပ်ကိုင်လာခြင်း၊

ရုပ်ရင်း ကြမ်းတမ်း လာခြင်း ၊

သူငယ်အိမ်ကျယ်လာခြင်း။

လျှာခြောက်လာခြင်း ။

ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။

အဆင့် (၃)

သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်

နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။

ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။

သား ငယ်အိမ်ကျဉ်းလာခြင်း။

ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။

နှုတ်ခမ်းများ ပြာလာခြင်း။

ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။

ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။

လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။

ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။

1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )

1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)

1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )

1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml

1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်

· စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊


·သက်တောင့် သက်သာရှိခြင်း၊


·ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း

တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်

· အာလေး လျှာလေးဖြစ်လာခြင်း

· အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊

· တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း

· စိတ်ဓါတ် တက်ကြွလာခြင်း

· ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊

· အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊

· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။

သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊

· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။

· စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)

သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း

· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း

· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊

· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း

· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း

· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊

· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း

· ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။

·

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း

· ခံစားချက်မဲ့သွားခြင်း

· သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။


ဒါကြောင့် နှစ်သစ်မှာ ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။

အမျိုးသားများအတွက် အာဟာရ

လူသားတို့ တစ်နေ့တာ စားသုံးသော အစားအစာများသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက် အထောက်အကူပေးခြင်း ရောဂါများကို ကာကွယ်ပေးခြင်း များကိုပါ ဖြစ်ပေါ်စေပါက လွန်စွာ အဖိုးတန်ပေမည်။ တစ်ခါတစ်ရံတွင် လူသားတို့စားသုံးနေသော အစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း သို့မဟုတ် အရသာရှိသော်လည်း အာဟာရမဖြစ်စေခြင်း တို့ရှိတတ်ပေသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးကာ ကိုယ်လက် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါနှင့် တကွ အခြားသော ရောဂါများဖြစ်ပွားနိုင်သည့် နှုန်းကိုလျော့ကျစေပါသည်။

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရပြည့်စုံစွာ စားသုံးရန် ၊ ရင်သား ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများကို စားသုံးရန် စသည်ဖြင့် လိုအပ်သလို အမျိုးသားများတွင်လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးပြီး ယောင်္ကျားပီသရန် ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ရောဂါများကို ကာကွယ်ရန် အလို့ငှာ အာဟာရပြည့်စုံသော အစားအစာများကိုစားသုံးသင့်ပါသည်။

၎င်းတို့မှာ

၁။ ခရု ၊ ကမာ စသော ပင်လယ်စာများ

တစ်နေ့လျှင် ကမာကောင်၊ ကမုတ်ကောင် အနည်းငယ်စားသုံးဖြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ဇင့် ဓါတ်ကို တစ်နေ့တာ လိုအပ်ချက်နှင့် အညီ လုံလုံလောက်လောက် ရရှိမည်ဖြစ်သည်။ ဇင့်သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်ပေါင်းများစွာတွင် သာမက ဆဲများကို ပြုပြင်ရာတွင် အသုံးပြုသော DNA ကိုထုတ်ပေးရာတွင်လည်း ဇင့် ပါဝင်ပါသည်။
လေ့လာချက်များအရ ခန္ဓာကိုယ်တွင် လိုအပ်နေသော ဇင့်ပမာဏကို ပုံမှန်စားသုံးလျှင် ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်သော ဆဲလ်များ ပျက်စီးမှု ကိုကာကွယ်ခြင်း၊ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် လိုအပ်သော ဆဲလ်ပျက်စီးမှုများကို ကာကွယ်နိုင်ခြင်း ၊ သုတ်ပိုး ပမာဏ များပြားလာအောင် ပြုလုပ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်စေပါသည်။
ထို့ကြောင့် အမျိုးသားများသည် တစ်နေ့တာလျှင် ဇင့်ပါသော အစားအစာများဖြစ်သည့် အကျည်းခွံပါသောငါး ၊ သို့မဟုတ် အမဲသား၊ အဆီလွတ် ၀က်သားများကို တစ်နေ့လျှင် ၁၁ မီလီဂရမ် ခန့်စားသုံးသင့်ပါသည်။

၂။ ငှက်ပျောသီး

ငှက်ပျောသီးတွင် အာရုံကြော စနစ်ကို ကောင်းမွန်စေသော၊ နှလုံး ခုန်ခြင်းကို မှန်စေသော၊ သွေးပေါင်ချိန်ကိုမှန်စေသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည်။ ငှက်ပျောသီး ကဲ့သို့ ပိုတက်စီယမ်နှင့် မက်ဂနီစီယမ် ဓါတ်များစွာ ပါဝင်သော သစ်သီးများကို ကို စားသုံးခြင်းသည် လေဖြတ်ခြင်း ကိုလည်း လျော့နည်းစေပါသည။် ထို့အပြင်တွင် ငှက်ပျောသီးတွင် vitamin B 6 ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ သွေးနီဥ ဖြစ်ပေါ်မှုကိုအားပေးခြင်း၊ အာရုံကြော စနစ် ကောင်းစေခြင်း ၊ အသားဓါတ်ဖြစ်ပေါ်မှုကို အားပေးခြင်းတို့ကိုဖြစ်စေပါ သည်။ အမျိုးသားများသည် ၎င်း တို့၏ မနက်စောစော အစာတွင် ငှက်ပျောသီးတစ်လုံး စားပေးခြင်း ကို ကိုယ်လက်လှုပ်ရှားမှု မပြုခင် ပြုလုပ်သင့်ပါသည် ။ ငှက်ပျောသီး အပြင် အခြား ပိုတက်စီယမ်ပါဝင်မှုများသော အစားအစာများဖြစ်သည့် လိမ္မော်သီးဖျော်ရည်၊ နွားနို့၊ ခရမ်းချဉ်သီးနှင့် ယင်းမှ ထွက်သော ထွက်ကုန်များ၊ ပဲအမျိုးမျိုးတို့ကို လည်းစားသုံးနိင်ပါသည်။


၃။ အိုမီဂါ 3 ဖက်တီးအက်ဆစ်


အိုမီဂါ 3 ဖက်တီး အက်ဆစ် (omega 3 fatty acid) ပါသော အစားအစာများကို စာသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီဓါတ်များကို ရရှိနိုင်ပါလိမ့်မည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် နှလုံး ၊ သွေးလည်ပတ်မှု၊ ကိုယ်ခံအားတို့ကိုကောင်းမွန်စေခြင်းတို့ကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် ယောင်ယမ်းမှုကို ကျစေသော အစွမ်း အာနိသင်ရှိပြီး သွေးထဲရှိအဆီတမျိုးဖြစ်သည့် လူကို အန္တရာယ်ဖြစ်စေနိုင်သော triglyceride ပမာဏကိုလျော့ကျစေခြင်း တို့ကြောင့် အားကစားသမားများတွင် ဖြစ်တတ်သော ကိုက်ခဲမှုများကို ပျောက်စေနိုင်ခြင်း၊ အဆစ်ယောင်ခြင်းများကို လျော့ကျစေနိုင်ခြင်းကို ဖြစ်စေပါသည်။



ဆယ်လ်မွန်ငါး ၊ ဆာဒင်းငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ပင်လယ် ငါး အသေးစားကလေးများ စသည်တို့မှာ အိုမီဂါ3 ဖက်တီးအက်ဆစ်(omega 3 fatty acid) များစွာပါဝင်သော ငါးများဖြစ်သည်။ American Heart Association မှ လူတိုင်းတိုင်း သည် တစ်ပတ်လျှင် နှစ်ကြိမ် ယင်းအစားအစာများကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို အပင်များ မှ ရသော အစားအစာများတွင် တွေ့ရှိရသော်လည်း ငါးများတွင် အိုမီဂါ 3 ဖက်တီး အက်ဆစ်(omega 3 fatty acid) အပြင် ဗိုက်တာမင် ဒီ များစွာ ပါဝင်သောကြောင့် ဗိုက်တာမင်ဒီ၏ အကျိုးအာနိသင်များဖြစ်သော ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊ သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း၊ အရိုးပွခြင်းကို ကာကွယ်ပေးခြင်းတို့ကို ပါ လုပ်ဆောင်ပေးပါသည်။


၎။ Broccoli


Broccoli တွင် ဗိုက်တာမင် စီ၊ ဘီတာ ကယ်ရိုတင်း၊ ပိုတက်စီယမ်၊ sulphoraphane စသော ပစ္စည်းများပါဝင်သောကြောင့် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာများ ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ လေ့လာချက်များအရ အစိမ်းရောင်ရှိသော အရွက်များကို စားသုံးခြင်းဖြင့် ဟိုမိုစစ်စတင်း (homocysteine) ပမာဏကို နည်းစေပြီး ၎င်း ကြောင့် ဖြစ်စေသော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ Broccoli အပြင် ယင်းကဲ့သို့ပင် ကြွတ်ရွသော အခြားအစားအစာများဖြစ်သည့် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။


၅။ အခွံမာသော အသီးများ



Brazil မှ ထွက်ရှိသော မြေပဲအပါအ၀င် အခွံမာသော အသီးများတွင် မက်ဂနီစီယမ် (magnesium ) နှင့် စီလီနီယမ် (selenium) စသော antioxidant များ ပါဝင်ကာ ၎င်းတို့သည် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ စီလီနီယမ်သည် သွေးထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သော အဆီဓါတ်တမျိုးဖြစ်သည့် LDL ကိုလျော့နည်းစေပြီး သွေးကြောများထဲတွင် သွေးခဲဖြစ်ပေါ်မှုကို နှောင့်နှေးစေပါသည်။ ထိုကြောင့် Brazil မှာထွက်ရှိသော အခွံမာသီး အမျိုးမျိုးကို တစ်နေ့လျှင် တစ်လုံး ကျ စားသုံးခြင်းဖြင့် စီလီနီယမ် ဓါတ် ၅၅ မီလီဂရမ်ရရှိကာ သင့်တစ်နေ့တာ လိုအပ်မှုကို လုံလောက်စေကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။

၆။ ဂျုံ နှင့် ဆန်



ဂျုံနှင့် ဆန်တွင် အမျှင်ဓါတ် ၊ ဗိုက်တာမင် (vitamin) ၊ မင်နရယ် (minerals) နှင့် အခြား အကျိုးဖြစ်စေသော ပစ္စည်းများပါဝင်သောကြောင့် နှလုံး ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းခြင်း များကိုဖြစ်စေပါသည်။ ဆန်ဂျုံနှင့် ယင်းတို့မှထွက်သော ပစ္စည်းများတွင် အမျှင် ဓါတ်များအပြင် ဗိုက်တာမင် ဘီ များပါဝင်သဖြင့် သွေးထဲရှိ LDL ပမာဏကို နည်းပါးစေကာ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် အမျိုးသားများသည် အစာခြေဖျက်ရန်လွယ်ကူသောအမျှင် ဓါတ် များစွာပါသော အစာများဖြစ်သည် ပန်းသီး ၊ ပဲအမျိုးမျိုး ကို တနေ့လျှင် ၁၀-၂၀ ဂရမ် စားသုံးခြင်းဖြင့် ဆီးကျိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါသည်။



၇။ ဟင်းသီး ဟင်းရွက်များ



Stanol ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် တွေ့ရပြီး ၎င်း သည် သွေးထဲရှိ ကိုလက်စထရော ပမာဏကို ကျစေပါသည်။ ထို့ကြောင့်အမျိုးသားများသည် stanol ပါဝင်သော ဟင်းသီးဟင်းရွက်များ၊ မာဂျရင်း ၊ ဒိန်ချဉ် ၊ လိမ္မော်သီး ဖျော်ရည် များ ကို တစ်နေ့လျှင် ၂ ဂရမ် ခန့် စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှု ပမာဏကို နည်းစေပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို များ ပြားလာမှုကို ဟန့်တားပေးနိုင်ပါသည်။



၈ ။ ပဲပိစပ်


ပဲပိစပ် တွင် sioflavone ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေးကို ကောင်းစေကာ ဆီးကျိတ်ကင်ဆာဖြစ်ပေါ်မှုကို လျော့ကျစေပါသည။် လေ့လာချက်များအရ တစ်နေ့လျှင် ပဲဘိစပ် ၂၅ ဂရမ် ကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပမာဏကို ကျစေပါပြီး နှလုံးရော ဂါ ဖြစ်ပွားမှုကို နည်းပါးစေ သည်ဟု ဆိုပါသည်။ ပဲဘိစပ် အပြင် ပဲဘိစပ် ဖြင့် လုပ်ထားသော အစားအစာများ ဖြစ်သည့် ပဲနို့ ၊ ပဲနှင့် လုပ်ထားသော ချိစ် ၊ တို့ဖူး စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။



၉။ ဘယ်ရီသီး သို့မဟုတ် ချယ်ရီသီး



ခရမ်းရောင် ၊ အပြာရောင် နှင့် အနီရောင် ရှိသော ဘယ်ရီသီး များတွင် antioxidant အမျိုးအစားပေါင်း ၄၀၀၀ ကျော် နှင့် ဗိုက်တာမင်စီပါဝင်သည့်အတွက် များစွာသောအကျိုးကျေးဇူးများကို ရနိုင်ပေသည်။ ဘယ်ရီသီးမျိုးစုံကို စားသုံးခြင်းဖြင့် အသက်အရွယ် ကြီးမှုကြောင့် ဖြစ်ပေါ်လာသော ဦးဏှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ၊ကို နည်းပါးစေပြီး ဦးဏှောက်ကျန်းမာရေးကို ကောင်းစေပါသည်။



၁၀။ အနီရောင် သို့မဟုတ် လိမ္မော်ရောင် ရှိသော အသီးများ



ယင်းသို့သော အသီးအနှံများတွင် ဗိုက်တာမင်စီ နှင့် ဘီတာကယ်ရိုတင်း (Beta-carotene ) စသော antioxidant များပါဝင်သောကြောင့် အသားအရေကို ကျန်းမာလှပစေပါသည်။ ဗိုက်တာမင်စီသည် အမျှင်ဓါတ်ဖွံ့ဖြိုးမှုတွင် ပါဝင်ပြီး ဘီတာကယ်ရိုတင်း (beta-carotene) သည် ဗိုက်တာမင် အေကို အားဖြည့်ပေးသဖြင့် အရေပြားရှိ ဆဲများ ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါသည်။ ထို့ကြောင့် လိမ္မော်ရောင်ရှိသော အသီးအနှံများဖြစ်သည့် ငရုတ်ပွသီးအနီ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများကို စားသုံးသင့်ပါသည်။ထို့အပြင် ဗိုက်တာမင်စီ၊ ဘီတာကယ်ရိုတင်းနှင့် ပိုတက်စီယမ်ဓါတ်များစွာ ပါဝင်သော အသီးအနှံများသည်လည်း ဆီးကျိတ်ကြီးထွားမှုကို လျော့နည်းစေပါသည်။အမျိုးသားများသည် ထိုသို့သော ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို စားသုံးခြင်းအပြင် ကိုယ်လက်လှုပ်ရှားမှု များပြုလုပ်ခြင်း ဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း ၊ ကြွက်သားများသန်စွမ်း စေခြင်း၊ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဓါတုပစ္စည်းများ၏ ဒဏ်ကိုခံနိုင်ခြင်းတို့ကြောင့် ကျန်းမာသန်စွမ်းသော ဘ၀ကိုပိုင်ဆိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။


ကျောအောင့်ခြင်း

ကျာအောင့်တာာကို ကျောအထက်ပိုင်း ၊ အလယ်ပိုင်း၊ ကျောအောက်ပိုင်း နာတာ(ခါးနာတာ) လို့ဆိုပြီး ခွဲခြားလို့ရပါတယ်။

ဘာကြောင့်အောင့်ရသလဲ…
၁။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီဇာတခုက နာနေတဲ့အခါ ကျောရိုးတလျှောက် သက်ဆိုင်ရာ နေရာတွေမှာ လိုက်နာတတ်ပါတယ်။ အဲဒါက referred pain လို့ခေါ်ပါတယ်။ ရောဂါ အတော်များများဖြစ်တဲ့.. အူအတက်ရောင်ခြင်း၊ သွေးကြောများ ကြီးဖောင်းနေခြင်း ၊ ကျောက်ကပ်ရောဂါ၊ ဆီးအိမ်ပိုးဝင်ခြင်း၊ ပန်ကရိယယောင်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းတွင် ပိုးဝင်ခြင်း၊ သားဥအိမ်ယောင်ခြင်း၊ သားဥအိမ်နှင့်ဆိုင်သော ရောဂါရခြင်း၊ စသည့်ရောဂါများတွင် ကျောရိုးတနေရာတွင် အောင့်ခြင်းကို ဖြစ်စေပါတယ်။
၂။ အကြောင်းအမျိုးမျိုးကြောင့် အာရုံကြောမကြီးကို ဖိမိတဲ့အခါမှာလည်း ဖိမိတဲ့နေရာ အလိုက် နာတတ်ပါသေးတယ်။ ကျောရိုးတလျှောက် တနေရာရာမှာ ရှိတဲ့ အဆစ်ကလေးတွေ ပျက်စီးမယ်ဆိုရင် ဒါမှ မဟုတ် ပါးလာမယ်ဆိုရင် ကျောရိုးမှာရှိတဲ့ အဆစ်ကလေးတွေ ကျွံတတ်ပါတယ်။ အဲဒီအခါ ခါးဆစ်ရိုးအထဲမှာရှိတဲ့ ဂျယ်လီလို ပစ္စည်းကလေးဟာ အာရုံကြောတွေကို ဖိမိတတ်ပါတယ်။ ခါးဆစ်ရိုးဟာ အသက် ၃၀ကျော်ရင်ပဲ စပြီး ယိုယွင်းစပြုတာ တွေ့ရပါတယ်။ အသက် ၂၀ကျော်ရင် သုံးပုံတပုံဟာ ခါးဆစ်ရိုးကျွံတတ်ပါတယ်။ အဲဒီအထဲက ၃%လောက်ဟာ ခါးနာတာကို ခံစားရတတ်ပါတယ။်

နောက်တခုကတော့ အသက်အရွယ်ရလာတာနဲ့ အမျှ ကျောရိုးဆစ် တွေကြားက နေရာကလေးဟာ စိုထိုင်းမှု နည်းလာတတ်သလို သိပ်သည်းမှုလည်း နည်းလာတတ်ပြီး အာရုံကြောမကြီးကို ကျဉ်းမြောင်းစေပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သာမန်ထိခိုက်မှု ကလေးတခုလောက်ကပဲ အာရုံကြော ယောင်တာ၊ဖိမိတာတွေ ဖြစ်ပြီး နာကျင် စေတတ်ပြန်ပါတယ်။

၃။ ကြွက်သားနဲ့ အရွတ်များ ယောင်ရမ်းခြင်းကြောင့်လည်း ကျောအောင့် တာကို ခံစားရတတ်ပါတယ။်

၎။ ခါးရိုးတလျှောက်မှာရှိတဲ့ အရိုးတခုခုယောင်ခြင်းကြောင့်လည်း ကျောအောင့် တတ်ပါတယ်။

၅။ ကင်ဆာရောဂါဟာ အရိုးထိ ပြန့်ပွားနေပြီဆိုရင်လည်း ကျောအောင့် တဲ့လက္ခဏာကို ခံစားရနိုင်ပါတယ်။

ကျောအောင့်ခြင်း တော်တော်များများဟာ ကျောရိုးကိုထိခိုက်စေတာထက် ကြွက်သားတွေကို ထိခိုက်မိလို့ဖြစ်တဲ့ အတွက်ကြောင့် ပစ္စည်း အလေးများ မ လိုက်မိခြင်း၊ ခါးကိုင်းမိရာက အမှတ်မထင်နာသွားခြင်း၊ အနေအထားမမှန်သည့် ကိုယ်နေဟန်ထားဖြင့် အချိန်ကြာမြင့်စွာနေခြင်း ၊ အနေအထားမမှန်သည့် ကိုယ်နေဟန်ထားဖြင့် အထိုင်များခြင်း (ကွန်ပြူတာရှေ့၊ စာကြည့်စားပွဲ)၊ တို့ကြောင့် ကြွက်သားစိုင်များကို နာကျင်စေတာဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်း၊ ကိုယ်အလေးချိန် များခြင်းတို့က ကျော့အောင့်ခြင်းကို ပိုမိုဖြစ်စေရန် အားပေးတတ်ပါတယ်။

ဘာမဟုတ်တဲ့ အကြောင်းအရာတခုနဲ့ စတင်ခဲ့မိတဲ့ ကျောအောင့်ခြင်းဟာ တဖြည်းဖြည်းနဲ့ ကြာရှည်လာမယ်။ ခဏခဏ ဖြစ်တတ်လာမယ်ဆိုရင် ရောဂါအကင်းမသေပဲ နာတာရှည်ရောဂါတခု အနေနဲ့ ကူးပြောင်းနိုင်ပါတယ်။ ကျောအောင့်သူ တော်တော်များများကို လေ့လာကြည့်တဲ့အခါ ဖြစ်ပွားတဲ့ အကြောင်းအရာကို အတိအကျ မပြေနိုင်ကြပါဘူး။

အများစုဟာလည်း သိပ်အပြင်းအထန်ကြီးမဟုတ်ပဲ ကုသမှုကို ကောင်းမွန်စွာတုံပြန်တာကို တွေ့ရပါတယ။်

သင့်ရဲ့ တနေ့တာလုပ်ငန်းစဉ်မှာ ကျောအောင့်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကို ရှာဖွေတွေ့ရှိပြီးတဲ့ နောက်မှာ …

လိုက်နာသင့်တာတွေကတော့

၁။ သင်ကျောအောင့်တာဟာ ထိခိုက်မှုနဲ့ သက်ဆိုင်နေတယ်လို့ ယူဆရင် အဲဒီထိခိုက်မှုကို ပိုဆိုးစေတဲ့ အားပြင်းတဲ့ လှုပ်ရှားမှုတွေ ဟာ ထိုဒါဏ်ရာကို ဆွသလိုဖြစ်စေပြီး၊ အသားမသေအောင် လုပ်နိုင်တဲ့အတွက် အပြင်းစား လှုပ်ရှားမှုတွေ မလုပ်သင့်တော့ပဲ အနားယူသင့်ပါတယ်။

၂။ ကျောအောင့်ခြင်း တော်တော်များများဟာ ကျောရိုးကိုထိခိုက်စေတာထက် ကြွက်သားတွေ ထိခိုက်မိလို့ ဖြစ်တဲ့ အတွက်ကြောင့် သင့်ရဲ့ကြွက်သားတွေဟာ တဆစ်ဆစ်နာနေတာ၊ တင်းနေတာ ၊ ယောင်နေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ကိုအနားပေးတာ ၊ ကြွက်သားတွေကို လျှော့ချပေးတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကွန်ပြူတာသုံးတာများလို့၊ စာဖတ်စားပွဲမှာ ထိုင်တာများလို့ ကျောအောင့်တဲ့ သူများကတော့ အဲဒီနေရာတွေမှာ သုံးတဲ့အချိန်တွေကို အတိုင်းအတာ တခုအထိ လျှော့ချပေးသင့်ပါတယ်။

၃။ ကျောအောင့်ခြင်းဟာ ထိခိုက်မှုကြောင့်ဖြစ်တယ်ဆိုရင် သင်သတိထားမိတဲ့ အချိန်ကစလို့ (စတင်ဖြစ်တဲ့ အချိန်ကစလို့ ) သိသိခြင်းပဲ ရေခဲကပ်ပေးသင့်ပါတယ်။ ရေခဲကို ပုဝါနဲ့အုပ်ပြီး နာနေတဲ့နေရာကို ဖြစ်ဖြစ်ချင်းမှာ မိနစ် ၂၀ ကပ်ပေးရပါမယ်။ နောက် ၂နာရီ ၃ နာရီကြာတိုင်း တခါပြန်ကပ်ပေးပြီး ရေခဲကပ်ခြင်းကို ၄၈နာရီကနေ ၇၂နာရီ ကြာတဲ့အထိ လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းဟာ အယောင်ကျစေပြီး နာကျင်မှုကိုလည်း သက်သာစေပါလိမ့်မယ်။

၎။ ကြွက်သားများ နာကျင်ခြင်းအပြင် ခေါင်းကိုက်ခြင်းဟာလည်း ကျောရိုး၊ ကျောရိုး တောက်လျှောက်မှာရှိတဲ့ ကြွက်သားတွေ ၊ ဂုတ်သားတွေ နာကျင်တောင့်တင်းနေတဲ့ လက္ခဏာတရပ်ပဲမို့ ခေါင်းကိုက်တာ ခေါင်းမကြည်တာကိုလည်း သင်ခံစားရနိုင်ပါသေးတယ်။ အဲဒီအတွက်တော့ အကိုက်အခဲပျောက်ဆေး တမျိုးမျိုးကို အစာ နဲ့အတူ သောက်သုံးနိုင်ပါတယ်။

၅။ ခါးနာတာ ၇၂ နာရီ ကြာပြီးတဲ့နောက်မှာတော့ ရေနွေးအိတ်ကပ်ခြင်းကို လုပ်ပေးနိုင်ပါပြီ။ ရေနွေးငွေ့ကပ်ခြင်း၊ ရေနွေး နွေးဖြင့်ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်းတို့ဟာ ကြွက်သားများကို သွေးများများရစေတာမို့ ကြွက်သားများ တောင့်တင်းနေခြင်းကို လျော့ကျစေတဲ့အတွက် သင့်ရဲ့နာကျင်မှုကို သက်သာစေပါလိမ့်မယ်။

၆။ ကျော့အောင့်ခြင်းမှ ကင်းဝေးအောင်နဲ့နောက်ထပ် မဖြစ်ရလေအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းအနေနဲ့ လေ့ကျင့်ခန်းများလုပ်ခြင်း၊ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ သင့်ရဲ့တနေ့တာကို ကုန်လွန်စေခြင်းတို့ကိုလုပ်ပေးသင့်ပါတယ်။

ပြန်လည် ကောင်းမွန်စေရန် လေ့ကျင့်ခန်းများပြုလုပ်ရာမှာ ရောဂါပေါ် မူတည်ပြီးတော့ ရက်သတ္တပတ်ကနေ လ အထိ အချိန်ယူရပါတယ်။ ကျောရိုးအပေါ်ပိုင်းကို တောင့်တင်းခိုင်မာစေတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကို နောက်ထပ်နာကျင်မှုတွေ ၊ ထိခိုက်မှုတွေ မဖြစ်အောင်လို့ လုပ်ဆောင်ပေး ပါလိမ့်မယ်။ ပြန်လည်ကောင်းမွန်အောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တာတွေ့ရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ လည်ပင်း၊ဂုတ်သား၊ ကျောရိုးတောက်လျှောက်မှာ ရှိတဲ့ ကြွက်သားတွေပေါ်မှာ အာရုံထားမယ် ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ လေကျင့်ခန်းတွေကို မှန်မှန်လုပ်ဆောင်ပေးခြင်းဖြင့် အားကစား တခုခု လုပ်နေသလို အကျိုးသက်ရောက်စေတာမို့ သင်ရဲ့ နာကျင်မှုတွေသာမက ၊ သင့်ရဲ့ ကိုယ်နေဟန်ထား၊ လုပ်ငန်းခွင် တက်ကြွလန်းဆန်းမှုများနှင့်အတူ သင့်ရဲ့ တနေ့တာတွေ တိုးတက်ပြောင်းလဲ လာတာကို သင်ကိုယ်တိုင် တွေ့မြင်ရပါလိမ့်မယ်။

လွယ်လင့်တကူပြုလုပ်ရမဲ့ လေ့ကျင့်ခန်းတွေကတော့

လေ့ကျင့်ခန်း (၁)

၁။ သင်ဟာ ကုလားထိုင်တခုမှာ မတ်မတ်ကလေးထိုင်နေပြီး သင့်ရဲ့ လက်နှစ်ချောင်းကို သင့်ကိုယ်ဘေးမှာ ဖြေလျှော့ထားပါ။ အဲဒီနောက် လက်နှစ်ဘက်ကိုရှေ့သို့ ဆန့်တန်းပြီး ဖြေးဖြေးချင်းမြှောက်ကာ သင့်ခေါင်းပေါ်ထိရောက်အောင် လက်ဆန့်တန်းစဉ် တလျှောက်မှာ အသက်ကိုတ၀ကြီးရှုသွင်းပါ။

၂။ဦးခေါင်းပေါ်ကို ဆန့်တန်းနေတဲ့ အနေအထားမှာ ခဏနားပါ ။ ပြီးတဲ့အခါ လက်ကို နဂိုအနေအထား ရောက်အောင် ဖြေးဖြေးချင်းပြန်ချပေးပါ။ အဲဒီအခါ အသက်ကိုဖြေးဖြေးချင်းရှုထုတ်လိုက်ပါ။ ပြုလုပ်နေစဉ် ကြွက်သားများပေါ်တွင် အာရုံစိုက်ပါ။

လေ့ကျင့်ခန်း (၂)

၁။သင့်ရဲ့လက်များကို ပုံမှာပြထားတဲ့ အတိုင်း ပုခုံးစွန်းပေါ်မှာအသာလေးတင်ထားပါ။ သင့်ရဲ့ လက်နှစ်ဘက်ကို ရင်ဘတ်အရှေ့သို့ဖြေးဖြေးချင်း နဲ့ရသလောက် ဆွဲကပ်ပါ။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ကျောရိုးအပေါ်ပိုင်းမှာရှိတဲ့ ကြွက်သားများကိုဆွဲဆန့်စေပါတယ်။ ထိုအချိန်မှာ အသက်ကို ရှုသွင်းပါ။

၂။ လက်နှစ်ဘက် ထိလျှက် အနေအထားနဲ့ ခဏနားနေပါ။

၃။ လက်နှစ်ဘက်ကို နဂိုအနေအထားရောက်အောင် ပြန်ဆန့်လိုက်ပါ။ ထိုသို့လုပ်နေစဉ်မှာ အသက်ကို ရှုထုတ်ပါ။

လေ့ကျင့်ခန်း (၃)

၁။ ပုံမှာပြထားတဲ့အတိုင်း မတ်မတ်ကလေးထိုင်နေပါ။ လက်ပြင်ကို စက်ဝိုင်းပုံစံရှေ့သို့ဖြေးဖြေးချင်း ၀ိုင်းပါ။ စက်ဝိုင်းပုံ အကြီှးမှ အသေးသို့ တဖြေးဖြေးချင်းလျှော့ သွားပါ။

၂။ ထို့နောက် အနောက်ဘက်သို့ ပြန်ဝိုင်းပါ။


လေ့ကျင့်ခန်း (၄)

၁။ ကုလားထိုင်ပေါ်တွင် လက်ကိုဘေးချကာ မတ်မတ်ထိုင်ပါ။ သင့်ရဲ့ပခုံးကို သင့်ရဲ့နားရှိရာသို့ ဖြေးဖြေးချင်း ထိကပ်ပါ။ ထိုသို့ပြုလုပ်စဉ် အသက်ရှုသွင်းပါ။

၂။ ထိကပ်လျှက် အနေအထားဖြင့် ခဏနားပါ။ ထို့နောက် ပြန်ဖြေလျှော့ပါ။ ထိုသို့ပြုလုပ်စဉ် အသက်ရှုထုတ်ပါ။


လေ့ကျင့်ခန်း (၅)

၁။ ယခင်လေ့ကျင့်ခန်းများကဲ့သို့ပင် ထိုင်နေသောအနေအထားမှ သင့်ရဲ့နားနှင့် သင့်ပခုံးစွန်းကို ထိမိအောင်တဖြေးဖြေးချင်း ကြိုးစားပါ။ ထိုသို့ပြုလုပ်စဉ် အသက်ရှုသွင်းပါ။

၂။ နောက်တဘက်သို့ ထိမိအောင် လုပ်ပေးပါ။ ထိုသို့လုပ်စဉ် အသက်ရှုထုတ်ပါ။ ပြီးလျှင် တည့်မတ်သော အနေအထားဖြင့် ခဏနားပါ။

လေ့ကျင့်ခန်း (၆)

၁။ ထိုင်ခုံပေါ်တွင် ပုံမှာပြထားတဲ့အတိုင်းမတ်မတ်ထိုင်ပြီး ထိုင်ခုံအစွန်းတဘက်ကိုကိုင်ထားပါ။ ထို့နောက် အခြားတဘက်စွန်းသို့ ကိုယ်ကို ဆန့်လျှက် အနေအထားဖြင့် ဖြေးဖြေးချင်း စောင်းပါ။ ပြီးလျှင်ပြန်တည့်ပြီး ခဏနားပါ။

၂။ အခြားတဘက်သို့ ဖြေးဖြေးချင်းစောင်းပါ။


လေ့ကျင့်ခန်း (၇)

၁။ ကုလားထိုင်ပေါ်မှာ တည့်မတ်စွာနေရာယူထားပါ။ ထို့နောက် သင့်ရဲ့ခါးကို တဘက်သို့ ခါးကျောများ တင်းလာသည်ကို ခံစားရသည် အထိ လှည့်ပါ။

၂။ပုံမှန်အနေအထားသို့ ပြန်လာ၍ ခဏနားပါ။ ပြီးလျှင် အခြားတဘက်သို့လှည့်ပါ။


လေ့ကျင့်ခန်း (၈)

၁။ ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ကာ သင့်ရဲ့ခြေထောက်များကို ကြမ်းပြင်နှင့် အသေအချာ ထိကပ်ထားပါ။ သင့်ရဲ့ဦးခေါင်းက ဒူးနှစ်လုံးကြားထိရောက်သည် အထိ သင့်ရဲ့ ကိုယ်ခန္ဓာကို ဖြေးဖြေးချင်းရှေ့သို့ ကိုင်းပါ။ ထိုသို့ပြုလုပ်ခြင်းက သင့်ကျောရိုးရှိ ကြွက်သားများကို ဆန့်တန်းစေပါလိမ့်မယ်။

၂။ ထို့နောက် နဂိုအတိုင်း တည့်မတ်စွာ နေရာပြန်ယူပါ။

လေ့ကျင့်ခန်း (၉)

၁။ ဒီလေ့ကျင့်ခန်း အတွက်ကတော့ တည့်မတ်စွာရပ်နေဖို့လိုပါလိမ့်မယ်။ ထို့နောက် ခါးကျောကို ဆန့်ကာ သင့်ရဲ့ လက်ဖျားနဲ့ ခြေဖျားကို ထိကပ်မိအောင် တဖြေးဖြေးချင်း ကွေးပေးပါ။ ဒီအချိန်မှာ သင့်ရဲ့ ဒူးနှစ်ဘက်ကိုလည်း ကွေးမပစ်လိုက်ပဲ ဆန့်တန်းထားဖို့လိုပါလိမ့်မယ်။

၂။ သင့်ရဲ့ ပေါင်ကျောနောက်ဖက်နဲ့ ကျောရိုးတလျှောက် ဆန့်တန်းလာတာကို အာရုံစိုက်ထားပေးပြီး ခဏနားပါ။ ပြီးရင် နောက်တကြိမ်အတွက် ပြန်နေရာယူပါ။

လေ့ကျင့်ခန်း (၁၀)

၁။ဒီလေ့ကျင့်ခန်းကတော့ သင်တနေ့တာလုပ်ရမဲ့ လေ့ကျင့်ခန်းတွေထဲက နောက်ဆုံး လေ့ကျင့်ခန်းလေးတခုဖြစ်ပါတယ်။ အကျောလေးတွေ ဖြေလျှော့ရင် ၅မိနစ် ၁၀မိနစ်လောက်လမ်းလျှောက်ပေးဖို့ပါပဲ။ လမ်းလျှောက်နေစဉ်မှာပဲ သင့်ရဲ့ ကျောဘက်နဲ့ ပခုံးမှာရှိတဲ့ ကြွက်သားတွေကို အာရုံစိုက်ပြီး ဖြေလျှော့ပေးပါ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့တကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို သွေးလျှောက်အား ကောင်းစေပြီး သင့်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း တခုစီကို ၁၀ခါ မှ ၁၅ ခါ ပြုလုပ်ပါ။

သင်လေ့ကျင့်ခန်းလုပ်စဉ် သတိထားရမဲ့အချက်တွေကတော့ နာကျင်လာမယ်ဆိုရင် ၊ သင့်ရဲ့ လုပ်ဆောင်နေတဲ့ အကြိမ်ရေ ကိုလျှော့ချပေးပါ။ မခံမရပ်နိုင်အောင် ဆိုးရွားလာမယ်ဆိုရင် တော့ သင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို ရက်အနည်းငယ် ရပ်ဆိုင်းထားလိုက်ပြီး သင့်ရဲ့ မိသားစုဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ဖို့ပါပဲ။

Sunday, April 11, 2010

Lesser Cardamon (ဖာလာဖြူ)









ပုံသဏ္ဌာန် : အပင်-- နှစ်ကြာခံ အမြဲ စိမ်းလန်းသော အပင် ဖြစ်သည်။ ပတဲကော ပင်နှင့် ဆင်ဆင် တူသည်။မြေအောက် ပင်စည် ရှိသည်။ အစုလိုက် ဘေးဘက် သို့မဟုတ် မတ်မတ် ထောင်၍ ထွက်တတ်သည်။အရုံ တစ်ရုံ၌ ၅ ပေ မှ ၁၂ ပေ အထိ မြင့်နိုင် သည်။
အရွက်--ရွက်လွှဲ ထွက်သည်။ ရှည်မျော မျော ပုံ ရှိ၍ အလျား ၂-၃ ပေ ရှည်သည်။ရွက်ပြား အကျယ် ၆ လက်မ မှ ၈ လက်မ ထိ ကျယ်၍ အစိမ်း ရင့်ရောင် ရှိသည်။
အပွင့်-- အသီး တောင့်မှာ ရှည်မျော မျော သို့မဟုတ် သုံးမြှောင့်ပုံ ဆန်ဆန် ဖြစ်သည်။ များသော အားဖြင့် သုံးထောင့် ပုံ ရှိပြီး အရှည်လိုက် မြောင်းများ ရှိသည်။အကန့် ၃ ကန့် ရှိ၍ အကန့် ထဲတွင် စူးရှ မွှေးကြိုင်သော အစေ့ ကလေး များ ပါရှိသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ
: အစေ့။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ
: မြန်မာ နိုင်ငံ ပူပြင်း စွတ်စို သော တောင်ပေါ် ဒေသရှိ သဘာဝ အရိပ်ရသော တောင်ကြား လျှိုမြောင် ကုန်းစောင်း များတွင် ပေါက်ရောက် သည်။ အမြင့်ပေ ၂၅၀၀-၄၀၀၀ တွင် အကောင်း ဆုံး စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ မိုးရေချိန် ၆၀-၁၅၀ လက်မ အတွင်း နှင့် အပူချိန် ၆၀ ဒီဂရီ ဖာရင်ဟိုက် မှ ၉၅ ဒီဂရီ ဖာရင်ဟိုက် ကို နှစ်သက်သည်။မြန်မာ နိုင်ငံ ၌ ပေါက်ရောက်သော ဖာလာ မျိုးများ အနက် ဖာလာကြီး၊ ဖာလာ ချဉ်ပေါင် များကိုသာ အလေ့ကျ အနေနှင့် အများ အပြား တွေ့ရှိ ရပြီး ဖာလာဖြူ ကို စိုက်ပျိုးပင် အဖြစ် စိုက်ပျိုး ရ၏။
ပေါက်ရောက်ပုံ-- စိုက်ပျိုးပင် ဖြစ်သည်။
စိုက်ပျိုးပုံ-
(က)မြေအမျိုးအစား-- မြေဆွေး သြဇာ ထက်သန်ပြီး အစို ဓာတ် များများ ထိန်းနိုင်သည့် မြေမျိုး ကို နှစ်သက် သည်။ရေ၀ပ် ခြင်း ကို လုံးဝ မကြိုက်၍ တောင်စောင်း ဆင်ခြေလျှော ဖြစ်ရန် လိုသဖြင့် တောင်စောင်း လျှိုစောင်း များကို ရွေးချယ် ရမည်။
(ခ)ပျိုးထောင်ခြင်း-- အစေ့ ကို လည်းကောင်း၊ အတက် ကို လည်းကောင်း ယူ၍ စိုက်ကြ သည်။ အစေ့ ကို စိုက်က အပင် ပေါက်နှုန်း ကောင်းစေရန် အသီးခူး ပြီးလျှင် ချက်ချင်း စိုက်ရမည်။ ၁ ပေ အမြင့် ရှိ ပျိုးဘောင်များ ကို ပြုပြင်၍ မြေဆွေး ထူထူ ခင်းပြီး ကောင်းစွာ ခြောက်သွေ့ ၍ ပြာဖြင့် ပွတ်ထားသော အစေ့ များကို လက်နှင့် ကြဲပြီး လျှင် ထွန်ခြစ် နှင့် ဆွဲပေး ရမည်။ ပျိုးဘောင် တွင် ရေထုတ်မြောင်း နှင့် အရိပ်စင် များ ပြုလုပ်ပေး ရမည်။ အပင် ပေါက်ရန် ၂-၃ လကြာသည်။အတက် ဖဲ့၍ စိုက်ပါက အတက် ကလေး များအား ချိုးဖဲ့ ၍ စိုက်ရသည်။အတက် တစ်ခုလျှင် အပိုင်း ၂၀ ခန့် ရသည်။မြေမှ ဖော်ပြီးပြီး ချင်း ချက်ချင်း စိုက်ရန် လိုသည်။
(ဂ)စိုက်ပျိုးခြင်း-- တစ်ပင် နှင့် တစ်ပင် ၁၀ ပေ ခွာ စိုက်သင့် သည်။ မြေထဲ၌ အစိုဓာတ် ရှိနေရန် လိုသည်။အတက် စိုက်ရာ၌ မြေသြဇာ များများ ဖို့ပေး ရမည်။တစ်ကျင်း လျှင် အတက် ၃ ပိုင်း ၄ ပိုင်း ထည့်သင့် သည်။
(ဃ)ပြုစုဂရုစိုက်ခြင်း--လိုအပ်က လေကာပင် များ စိုက်ပေး သင့်သည်။အပေါ်ယံ မြေကို မကြာ မကြာ ဆွပေး သင့်သည်။အစိုဓာတ် အမြဲ ရှိနေရန် လိုအပ်သည့် အတွက် ရေကို ဂရုစိုက် သွင်းပေး ရမည်။အသီး ကို တော တိရစ္ဆာန် များနှင့် ကြွက်များ ကြိုက်နှစ် သက် သောကြောင့် ယင်းအန္တရာယ် ကို ကြိုတင် ကာကွယ် ထားသင့်သည်။
(င)ဆွတ်ခူးခြင်း--မျိုးစေ့ ချပြီး ၃-၄ နှစ် ကြာက ပန်းစ ပွင့်သည်။ မျိုးအောင် ပြီး ၃-၄ လ ကြာက အသီးကို တပို့တွဲ၊ တပေါင်း နှင့် တော်သလင်း၊ သီတင်းကျွတ် လများတွင် ခူးရသည်။ပွင့်တံရှိ အသီးများ အနက် သုံးပုံ နှစ်ပုံ ခန့် ရင့်စပြု ချိန်၌ အညှာ ပါ ပါအောင် ခူးပေးရ သည်။လက်နှင့် ဆွဲ မခူးဘဲ ကတ်ကြေးနှင့် ခူးသင့်သည်။ ၁၀ ရက် တစ်ကြိမ် ခန့် ခူးသင့် သည်။ ရရှိ သည့် အသီးများကို စင်ကြယ်အောင် ဆေးကြောပြီး အခြောက် လှန်း၍ အစေ့ကို ရယူရသည်။
အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ ဖာလာသည် ခါး၏။ အေး၏။ ထက်မြက်၏။ မွှေး၏။ ဦးခေါင်း ကို စင်ကြယ်စေ၏။ လေကို နိုင်၏။ ဆီးပူ၊ ဆီးနည်း၊ ချောင်းဆိုး၊ပန်းနာ၊မြင်းသရိုက်၊ လည်ချောင်း နာခြင်းနှင့် ကျောက်တည် စသော ဆီးအိမ်၌ ဖြစ်သော ရောဂါ များကို ပျောက်ကင်း စေ၏။ သွေးလေ ချုပ်ခြင်း၊ ချွေးမထွက်ခြင်း၊ မူးဝေ ခြင်းတို့ ကို ချမ်းသာစေ တတ်၏။
အသုံးပြုပုံ-
အစေ့--
၁။ ဖာလာစေ့ ကို အနည်းငယ် ည နံနက် အချိန်မှန် စားပါက ခေါင်းကိုက် ရောဂါ ပျောက်၏။
၂။ဖာလာစေ့ ကို လှော်၍ မုတ္ထကျီးဆေး နှင့် စားသော် ဆီးပူ ရောဂါ ပျောက်၏။
၃။ဖာလာစေ့ နှင့် ပိတ်ချင်းမြစ် တို့ကို အမှုန့်ပြု၍ ထောပတ်နှင့် ရောလျက်သော် နှလုံးရောဂါ ပျောက်၏။
၎။မီးယပ် ငုပ်ခြင်း၊ ထိမ်ချန်ခြင်း နှင့် မီးယပ်သွေး ဆုံးနာများ အတွက် ဖော်စပ်သော မီးယပ်ဆေး တွင် ဖာလာကို ထည့်သွင်း အသုံးပြု၏။
၅။ကျောက်ငန်း ကျောက်ရူး ရောဂါ အတွက် ဖော်စပ်သော ကျောက်ဆေး များတွင်လည်း ဖာလာကို သုံး၏။
၆။ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်း နာခြင်း စသော ရောဂါ များအတွက် ဖာလာစေ့ ကို ကြိတ်၍ ပျားရည် သို့မဟုတ် သကာနှင့် ရောလျက် ပေးရသည်။

Indian Trumpet Flower (ကြောင်လျှာ)





ပုံသဏ္ဌာန် : အပင်
ကြီးထွားမှု မြန်သောအပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အ၀ါရောင် ရှိသည်။
အရွက်
ရွက်ပေါင်း ဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများ မျက်နှာချင်းဆိုင်ထွက်၍ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ရင်းအနည်းငယ်ဝိုင်း ၊ သို့မဟုတ် သွယ်၍ ရွက်ဖျား ချွန်သည်။ အကြောထင်ရှားသည်။ ထိပ်ရွက် တစ်ရွက် ပါသည်။
အပွင့်
ခရမ်းရောင် အပွင့်များဖြစ်သည်။ ပန်းခိုင်ရှည်သည်။ ခေါင်းလောင်းပုံရှိပြီး အသားထူသည်။ ပွင့်ညှာရှည်၍ တုတ်သည် ။ နယုန် ၊ ၀ါဆို တွင် ပွင့်သည်။
အသီး
သီးတောင့် ရှည်ဖြစ်၍ ပြားပြီး အမွေးကလေးများရှိသည်။ တွဲလျားကျ၍ သီးသည်။ စိမ်းညိုရောင် ရှိသည်။ အတွင်းသား ထူသည်။ အစေ့တွင် အတောင်ပိါသည်။ တန်ဆောင်မုန်းလတွင် သီးသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ
: အခေါက် ၊ အရွက်၊ အသီး ၊ အမြစ် ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ
: မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏ ၊ စပ်၏ ၊ ကြေလွယ်၏ ၊ နှုတ်ကို မြိန်စေ၏ ။ နှလုံး ၊ လည်ပင်းကို အကျိုးပြု၏ ။ ၀မ်းမီးကို တောက်စေသည်။ လေ သလိပ်ကို နိုင်သည်။ မြင်းသရိုက် ၊ ၀မ်းသက် ၊ အဖျား ၊ အစာမကြေ ၊ နူနာ ၊ ပျို့အန် ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေသည်။
အသုံးပြုပုံ-
အခေါက်
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။
၎ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
အရွက်
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏ ။
အသီး
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။
၎ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
အမြစ်
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

Leucaena glauca Benth (ဘောစကိုင်း)







ပုံသဏ္ဌာန် : အပင်---- ပင်လတ် တစ်မျိုး ဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင် ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။
အရွက်---ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။
အပွင့် ---- ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဍာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။
အသီး-- သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ
: အခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ
: မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။
သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်--- မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။
အသုံးပြုပုံ-
အခေါက်
၁ ။ အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
၂ ။အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏ ။
အစေ့
၁ ။ အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။
ပဉ္စငါးပါး
၁ ။ ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။
အရွက်နှင့် အသီးခွံ
၁ ။ အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ၀မ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။

Leucaena glauca Benth (ဘောစကိုင်း)







ပုံသဏ္ဌာန် : အပင်---- ပင်လတ် တစ်မျိုး ဖြစ်၏ ။ အမြင့် ၁၅ ပေမှ ၂၅ ပေခန့် ထိ မြင့်သည်။ အကိုင်း ဖြာသည်။ အခေါက် ကြမ်းပြီး မွဲခြောက်ခြောက် မီးခိုး ညိုရောင် ပေါ်တွင် အစိမ်းရောင် အကွက်ကလေးများ ရှိသည်။
အရွက်---ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မျော ရှိသည်။ ထိပ်အနည်းငယ် ချွန်ပြီး ရွက်ရင်း ရွဲ့စောင်း ၍ ခပ်ကျဲကျဲ မျက်နှာချင်း ဆိုင် ထွက်သည်။
အပွင့် ---- ပန်းခိုင် ထီးထီး ဖြစ်သည်။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်လေး များစုပြုံ၍ ဘောလုံးသဏ္ဍာန် ပွင့်၏ ။ (နန်းလုံးကြိုင် ပွင့် နှင့်တူသည်။) အပွင့် အဖြူရောင် ရှိသည်။ တစ်နှစ် ပတ်လုံး ပွင့်သည်။
အသီး-- သီးတောင့် ရှည်မျိုး ဖြစ်၍ ပါးပြီး ပြားသည်။ အသီး တွင်း၌ အညိုရောင် ပြောင်ချောသော အစေ့ ၁၅ စေ့ အထိ ရှိသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ
: အခေါက် ၊ အစေ့ ၊ ပဉ္စငါးပါး ၊ အရွက် နှင့် အသီးခွံ ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ
: မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက်သည်။
သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်--- မြန်မာ့ ဆေးကျမ်း များ အလိုအရ ဘောစကိုင်းသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ လေကို ကြေစေ၏ ၊ အဆိပ်ကို နိုင်၏ ။
အသုံးပြုပုံ-
အခေါက်
၁ ။ အခေါက် ကို ကိုယ်တွင်း ၌ နာကျင် ကိုက်ခဲသော ရောဂါ အတွက် အတွင်းဆေး အဖြစ် အသုံးပြု သည်။
၂ ။အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏ ။
အစေ့
၁ ။ အစေ့ကို အကိုက်အခဲ အဖော အရောင် ပျောက်ရန် လိမ်းဆေး အဖြစ် ဖော်စပ် အသုံးပြုသည်။
ပဉ္စငါးပါး
၁ ။ ဘောစကိုင်း ကို အဆိပ်ဖြေ ဆေးအဖြစ် အသုံးပြု ရာ၌ ထင်ရှား၏။ ဘောစကိုင်း ငါးပါး သို့မဟုတ် အမြစ် ကို ကြိတ်၍ ထောပတ် နှင့် ရောပြီး သောက်ခြင်း ၊ ကိုက်ခဲ ရာ၌ လိမ်းကျံ ခြင်း ဖြင့် မြွေဆိပ် ပြေ၏။
အရွက်နှင့် အသီးခွံ
၁ ။ အရွက် နုကလေးများ နှင့် အသီးခွံ ကို ပြုတ်၍ တို့စားခြင်းဖြင့် ၀မ်းမှန် စေသည်။ ဒူလာ ကိုက်ခဲခြင်း ကိုလည်း ပျောက်စေသည်။