Saturday, June 19, 2010
- အနတ္တလက္ခဏသုတ် in english
ဧဝံ မေ သုတံ...
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော
ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည်
ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။
The introduction of Anattalakkha Sutta:
At one time, Buddha was staying in Isipatana, the Deer
park, near the township of Varanasi. There the the Bhagava addressed
the group of five Bhikkhus 'O! Bhikkhus, and the Bhikkhus answered, "
Bhante" , then the Bhagava spoke thus: -
- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -
ရူပံ ဘိက္ခဝေ အနတ္တာ...
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ
သံဝေတၱယ်။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ
ရူုပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို
ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။
ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌
တောင့်တမှုကို ရလည်းမရ။
"Matter, Bhikkhus, is neither the self nor a living
entity" If matter, Bhikkhus, were the self, then matter would not tend
to sickness, and one could say of matter, "Thus let matter happen to me
this way (in favorable condition), let matter not to happen to me this
way (in unfavorable condition)". But, Bhikkhus in as much as matter is
not the self, which is why matter tends to sickness. And one cannot
say of matter, "Thus let matter be thus for me, let matter not be thus
for me."
- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝေဒနာ အနတ္တာ...
ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ
သံဝေတၱယ်။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ
ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။
ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည်
ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည်
အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။
"Feeling, Bhikkhus, is neither the self nor a living
entity" If feeling, Bhikkhus, were the self, then feeling would not
tend to sickness, and one could say of feeling, "Thus let feeling
happen to me this way (in favorable condition), let feeling not to
happen to me this way (in unfavorable condition)". But, Bhikkhus in as
much as feeling is not the self, which is why feeling tends to
sickness. And one cannot say of feeling, "Thus let feeling be thus for
me, let feeling not be thus for me."
- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -
သညာ အနတ္တာ...
သညာ စ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ သညာ အာဗာဓာယ သံဝေတၱယ်။
လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ
ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ
ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊
ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့
မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည်
အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏
သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။
"Perception, Bhikkhus, is neither the self nor a living
entity" If perception, Bhikkhus, were the self, then perception would
not tend to sickness, and one could say of perception, "Thus let
perception happen to me this way (in favorable condition), let
perception not to happen to me this way (in unfavorable condition)".
But, Bhikkhus in as much as perception is not the self, which is why
perception tends to sickness. And one cannot say of perception, "Thus
let perception be thus for me, let perception not be thus for me."
- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -
သင်္ခါရာ အနတ္တာ...
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ
သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ
အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ
သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ
အဟေသုန္တိ။
သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊
ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန်
သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည်
အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည်
ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု
သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။
"Mental formation, Bhikkhus, is neither the self nor a
living entity" If mental formation, Bhikkhus, were the self, then
mental formation would not tend to sickness, and one could say of
mental formation, "Thus let mental formation happen to me this way (in
favorable condition), let mental formation not to happen to me this way
(in unfavorable condition)". But, Bhikkhus in as much as mental
formation is not the self, which is why mental formation tends to
sickness. And one cannot say of mental formation, "Thus let mental
formation be thus for me, let mental formation not be thus for me."
- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝိညာဏံ အနတ္တာ...
ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ
သံဝေတၱယ်။ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ
အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န
စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။
ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို
ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။
ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌
တောင့်တမှုကို ရလည်း မရ။
"Consciousness, Bhikkhus, is neither the self nor a
living entity" If consciousness, Bhikkhus, were the self, then
consciousness would not tend to sickness, and one could say of
consciousness, "Thus let consciousness happen to me this way (in
favorable condition), let consciousness not to happen to me this way
(in unfavorable condition)". But, Bhikkhus in as much as consciousness
is not the self, which is why consciousness tends to sickness. And one
cannot say of consciousness, "Thus let consciousness be thus for me,
let consciousness not be thus for me."
- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ
ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။
နော ဟေတံ ဘန္တေ။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည်
မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော
ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည်
ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
What do you think of this, Bhikkhus? Is matter permanent
or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent,
is that suffering or happiness? Suffering, Bhante. Then, Bhikkhus what
is impermanent, suffering, and subject to change, is it fitting to
regard it thus, "This is mine, this is I, this is the self for me?" Not
fitting, Bhante.
- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ
နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။
မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊
ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
Is feeling permanent or impermanent? Impermanent, Bhante.
And Bhikkhus, what is impermanent, is that suffering or happiness?
Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and
subject to change, is it fitting to regard it thus, "This is mine, this
is I, this is the self for me?" Not fitting, Bhante.
သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ
ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု
တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။
မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊
ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်
လော။ မသင့်လျော်ပါ အသျှင်ဘုရား။
Is perception permanent or impermanent? Impermanent,
Bhante. And Bhikkhus, what is impermanent, is that suffering or
happiness? Suffering, Bhante. Then, Bhikkhus what is impermanent,
suffering, and subject to change, is it fitting to regard it thus,
"This is mine, this is I, this is the self for me?" Not fitting,
Bhante.
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊
ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ
နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။
မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည်
ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု
ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
Is mental formation permanent or impermanent?
Impermanent, Bhante. And Bhikkhus, what is impermanent, is that
suffering or happiness? Suffering, Bhante. Then, Bhikkhus what is
impermanent, suffering, and subject to change, is it fitting to regard
it thus, "This is mine, this is I, this is the self for me?" Not
fitting, Bhante.
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊
ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ
နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။
မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊
ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
Is consciousness permanent or impermanent? Impermanent,
Bhante. And Bhikkhus, what is impermanent, is that suffering or
happiness? Suffering, Bhante. Then, Bhikkhus what is impermanent,
suffering, and subject to change, is it fitting to regard it thus,
"This is mine, this is I, this is the self for me?" Not fitting,
Bhante.
- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊
သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ
ဒဋ္ဌဗ္ဗံ။
ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ်
ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို
ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု
ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
Therefore, Bhikkhus, being impermanent, suffering and
subject to change, whatever matter there is, be it past, future or
present, inward or outward, gross or subtle, low or lofty, far or near,
matter of all kinds should be regarded by right wisdom, " This is not
mine, this I am not, this is not the self for me."
- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ
နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊
အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊
ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
Therefore, Bhikkhus, being impermanent, suffering and
subject to change, whatever feeling there is, be it past, future or
present, inward or outward, gross or subtle, low or lofty, far or near,
feeling of all kinds should be regarded by right wisdom, " This is not
mine, this I am not, this is not the self for me."
- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ
မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း
ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း
ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊
ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။
Therefore, Bhikkhus, being impermanent, suffering and
subject to change, whatever perception there is, be it past, future or
present, inward or outward, gross or subtle, low or lofty, far or near,
perception of all kinds should be regarded by right wisdom, " This is
not mine, this I am not, this is not the self for me."
- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ
နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း
ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊
ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
Therefore, Bhikkhus, being impermanent, suffering and
subject to change, whatever mental formation there is, be it past,
future or present, inward or outward, gross or subtle, low or lofty,
far or near, mental formation of all kinds should be regarded by right
wisdom, " This is not mine, this I am not, this is not the self for
me."
- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ
နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း
ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း
ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည်
ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ
မှန်ကန်သော ပညာဖြင့် ရှုရမည်။
Therefore, Bhikkhus, being impermanent, suffering and
subject to change, whatever consciousness there is, be it past, future
or present, inward or outward, gross or subtle, low or lofty, far or
near, consciousness of all kinds should be regarded by right wisdom, "
This is not mine, this I am not, this is not the self for me."
- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ
နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ
ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ
ပဇာနာတိ။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်
ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊
သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော်
စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊
(ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊
ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊
ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ်
မရှိတော့ပြီဟု ဟောတော်မူ၏။
So seen, Bhikkhus, the well taught noble disciple is
disgusted with matter, disgusted with feeling, disgusted with
perception, disgusted with mental formation, disgusted with
consciousness. So being disgusted, he is dispassionate. Through
dispassion, he is free from craving. When he is freed, he knows that it
is freedom. Further he knows that birth is ended. The Holy life has
been lived. What was to be done has been done. Nothing further has to
be done for this noble path.
- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ
အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။
အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍
ဝမ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော်
ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
This is what the Buddha had said and the group of five Bhikkhus was delighted and rejoiced at what the Buddha had explained.
After this explanation was done, the minds of five Bhikkhus were freed
from Asava; ( four Asava: desire, craving, wrong belief, ignorance).
Here ends the Anattalakhana sutta.
သာသနာအတွက် အထောက်အပံ့ဖြစ်စေရန် စိတ်တိုင်းကျ
အသုံးပြုနိုင်ပါသည်။
Ref: http://www.dhammaweb.net/notes/view.php?id=103
လေးစားစွာဖြင့်
ိကိုစိုးမင်း ( ကျီးသဲ)
Thursday, June 10, 2010
သမ္ဗုဒ္ဓေ (၆) မျိုး ဘု၇ားရှိခိုး
တောင်ကျွန်း သမ္ဗုဒ္ဓေဘု၇ားရှိခိုး
သမ္ဗုဒ္ဓေ အဌဝီသဉ္စွဒွါဒသဉ္စ သဟဿကေ
ပဉ္စသတ သဟဿာနိ၊ နမာမိသိ၇သာမဟံ အပ္ပကာဝါဠုကာ ဂင်္ဂါ ၊အန န္တာ နိဗ္ဗုတာ ဇိနာ။တေသံဓမ္မဉ္စ ၊ သံဃဉ္စ ၊ အာဒေ၇န နမာမဟံ ၊နမက္ကာ၇ာ နုဘာဝေန ၊ ဟိတွာ သဗ္ဗေဥပဒ္ဒဝေ ၊ အနေက အ န္တ၇ာ ယာပိ၊ဝိနဿန္တု အသေသတော။
အဌဝီသံ - သုံးပါးဘဝ သုံးလောကတွင် ဥာဏေ၇ာင်ဖိတ် အောင်ဘိသိက် နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ၊ တန်ဆောင်ပမာ ဥာဏ်ေ၇ာင်ဝါဖြင့်  သစ္စာ ပွင့်  လင်း တ၇ား မင်း တို့  ကို လည်း ကောင်း ၊ ဒွါ ဒသဉ္စ သဟဿကေ - နိဗ္ဗာန် ကိန်းအောင်း စက်မွေ့  လျောင်း သည့် တစ်သောင်း နှစ်ထောင်ကုန်သော ။ သမ္ဗုဒ္ဓေစ - လေ၇ာင်ပမာ ဥာဏ်ေ၇ာင်ဝါဖြင့် သစ္စာလင်း ထိန် မြတ် မု နိန် တို့  ကို လည်း ကောင်း ၊အဟံ အကျွန်ုပ် သည် ၊ သိ၇သာ - ဦးခေါင်း ၇တနာ မြတ်အင်္ဂါ ဖြင့်  ၊ နမာမိ - ရိုသေညွတ် ကျိုး လက်စုံ မိုး ၍ ရှိခိုး ပါ၏ ။
ဂင်္ဂါ- ဂင်္ဂါယ- ဂင်္ဂါ မြစ်တွင်း ၌၊ ဝါဠုကာ -ရှိကြကုန် သော သဲ တို့  သည် ။အပ္ပကာ -နည်း ကြ ကုန်သေး၏ ။ နိ ဗ္ဗုတာ - ဘုံ ဇာတ် သိမ်း ၍ ငြိမ်း အေး တော် မူကြ ကုန်ပြီး သော ၊ ဇိနာ- နှောင့် ယှက် ဖန်လာ မာ၇် ငါးဖြာ ကို အ၇ိယာ မဂ် ဘုန်းေ၇ာင် စက် ဖြင့် ချိုး ဖျက်လွယ် ကူ အောင် တော် မူသော ဘု၇ားရှင် အပေါင်းတို့  ကား၊ အန န္တာ - သင်္ချာ ဂဏန်းေ၇ တွက်မှန်း လည်း ဆုံးခန်းတိုင်မြောက် မေ၇ာက် နိုင်ကြ ကုန်။ တေဇိန စ - ထို ဘု၇ား ရှင် တို့  ကို လည်းကောင်း ၊တေသံ - ထို ငါး သိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ် ဆူ ကုန်သော ၊ ဘု၇ား ရှင် တို့  ၏ ၊ ဓမ္မဥ္စ-တ၇ားတော် မြတ် ကို လည်း ကောင်း ၊ သံ ဃဥ္စ - တပည့်  သား သံ ဃာ တော် မြတ် ကို လည်းကောင်း ၊အဟံ - အကျွန်ုပ် သည် အာဒေ၇ အာဒ၇ံ - ရို သေစွာ ၊ နမာမိ - ရိုသေညွတ် ကျိုး လက်စုံ မိုး ၍ ရှိခိုး ပါ၏ ။
နမက္ကာရာနုဘာဝေန-ရှိခိုးကန်တော့ရသော ပဏာမကုသိုလ်ကံ စေတနာတို့ ကြောင့်၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ- ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ - ပယ်ဖျောက်၍် အနေကအန္တရာယာပိ-များပြားလှသောအန္တရယ်အပေါင်းတို့ သည်လည်း၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနဿန္တု -ကင်းစင်လွင့်ပျောက်ပါစေသတည်း။
ဗုဒ္ဓါအနုန္နာ မရိယာ သုသင်္ခေယေ ။
(ဗုတ်ဓါ အနန်နာ မရိယာ သုသင်ခယေ ။ )
ဗုဒ္ဓါ အနုန္နာ သုဟလာ ဓိသင်္ခေယေ ။
(ဗုတ်ဓါ အနန်နာ သုဟလာ ဓိသင်ခယေ။ )
ဗုဒ္ဓါ ရိယောဃေ ပကု လက္ခကပ္ပကေ။
(ဗုတ်ဓါ ရိယောဃေ ပကု လက်ခကပ်ပကေ။)
ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။
(ဝန်ဒါမိ တေ ဇိရနိရက်ကမေ အဟံ။)
သက်တမ်းရင့်သီဟိုဠ်သမ္ဗုဒ္ဓေဂါထာနိဿရ
သုသင်္ခယေ- ဘုရားအဖြစ် ပါရမီိပုည ဖြည့်ခဲ့ရသော ခုနှစ်သင်္ချေတွင်း ၊
အနုန္နာ မရိယာ - ဗြဟ္မဒေဝ ဘုရားစလျက်ရေတွက်ရကိန်း တစ်သိန်းနှစ်သောင်းငါးထောင်ကုန်သော၊ဗုဒ္ဓါ-သုံးလူ့ သခင်ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ ဓိသင်္ခယေ- နှုတ်တော်မြွက်ကာ ၊ပါရမ်ီမြတ်ဖြည့်ခဲ့အပ်သော ကိုးသင်္ချေတွင်း၊ အနုန္နာသုဟလာ - ဂေါတမလျှင် အစတည်လျှက် စဉ်ရေတွက်သော် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ကုန်သော။ ဗုဒ္ဓါ-သစ္စာသိမြင် ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ ဃေ-ပါရမီဆယ်ထွေ ဖြည့်ခဲ့ပေသော လေးဖြာမည်ရင်း သင်္ချေတွင်း ၊ ရိယာ - တစ်ကျိပ် နှစ်ဆူကုန်သော၊ ဗုဒ္ဓါ- ဘုရားရှင်တို့ သည်၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ လက္ခကပ္ပကေ-ကမ္ဘာတစ်သိန်းတွင်း၊ပကု-ပဒုမုရဘုရားမှ ဂေါတမတိုင် ရေတွက်ခဲ့သော် တစ်ကျိပ်ခြောက်ဆူကုန်သော၊ ဗုဒ္ဓါ-ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ တေဇိနိရက္ကမေ - တစ်သိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို ကို၊ အဟံ- အကျွန်ုပ်သည်၊ အာဒရံ -ရိုသေစွာ၊ ဝန္ဒာမိ- ရိုသေပန်ထွာ ရှိခိုးပါ၏။
အရှေ့  ကျွန်းသမ္ဗုဒ္ဓေဂါထာ
(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ သဗ္ဗတေဇံ သဗ္ဗဂုဏံ။
(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ သပ်ဗတေဇံ သပ်ဗဂုဏံ။)
သဗ္ဗသုခံ လဘတုမေ။
(သပ်ဗသုခံ လဘတု မေ။)
ဆဝိဆာယာ ဆယီစ ဆာယာ။
(ဆဝိဆာယာ ဆယီစ ဆာယာ။)
(ခ) ပဉ္စဗုဒ္ဓါ မဟာတေဇံ၊ သဗ္ဗညုတ ဥာဏဝရံ ။
(ပင်စဗုတ်ဓါ မဟာတေဇံ၊ သပ်ဗညုတ ညာဏသရံ။)
သဗ္ဗသတ္တရှု သဗ္ဗဘယာ၊ ဝိနသန္တု အသေသတော။
(သပ်ဗသတ်တရူ သပ်ဗဘယာ၊ ဝိနတ်သန်တု အသေသတော။)
အရှေ့ ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ
(က) သဗ္ဗတေဇံ - ဘုန်းတန်ခိုးအာနုဘော်တို့ နှင့်ပြည့်စုံတော်မူသော၊ သဗ္ဗဂုဏံ - ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော၊ အဋ္ဌဝီယံ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ - လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်တင်ပေါ်သိမြင်တော်မူပြီးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အာနုဘာဝေန - အာနုဘော်ကြောင့် ၊ မေမမ- ဘုရားတပည့်တော်အား ၊ သဗ္ဗသုခံ- ချမ်းသာမှုအလုံးစုံကို ၊ လဘတု - မုချမသွေ ရရှိပါစေသတည်း။
(ခ) သဗ္ဗညုတ ဥာဏဝရံ - သိစရာအမှန် တစ်စမကျန် သိမြင်တော်မှုပေထသော၊ မဟာတေဇံ- ကြီးကျယ်သော တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မှုသော၊ ပဉ္စဗုဒ္ဓါ- ဘဒ္ဒကမ္ဘာ ပွင့်တော်မူမည့် ငါးဆူသောဘုရားရှင်တို့ ၏၊ အာနုဘာဝေန- တန်းခိုးရှိန်စော် အာနုဘော်အားဖြင့် ၊ သဗ္ဗသတ္တရူ- ခပ်သိမ်းသော ရန်အပေါင်းတို့ သည်၊ သဗ္ဗသတ္တရူ- ခပ်သိန်းသော ရန်အပေါင်းတို့ သည်၊ သဗ္ဗဘယာ- အလုံးစုံသော ဘေးအပေါင်းတို့ သည်၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနသန္တု- ကင်းစင်လွင့်ပျောက်ပါစေသတည်း။
၎။အနောက်ကျွန်းသမ္ဗုဒ္ဓေပါထာ
(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ ဒွါဒသဉ္စ ဣမေဗုဒ္ဓါ။
(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ ဒွါဒသင်စ အိမေဗုတ်ဓါ။)
ဧကတ္တိံသစ ဣမေဗုတ်ဓါ၊ ဒွတ္တိံသစ မဟာဗုဒ္ဓါ။
(အေကတ်တိန်သ သပ်ဗေ ဗုတ်ဓါ၊ ဒွတ်တိန်သစမဟဗုတ်ဓါ။)
(ခ) ပဉ္စဝီသာ ဗုဒ္ဓါ သန္တိ ၊ တေတ္တိံသ ဗုဒ္ဓဘာဝေနာ၊
(ပင်စဝီသာ ဗုတ်ဓါ သန်တိ၊ တစ်တိန်သ ဗုတ်ဓဘာဝေနာ၊)
ဧတေ ဗုဒ္ဓေ ဗုဒ္ဓဂုဏေ၊ နမောမိ သိရသာ မဟံ။
(အေတေ ဗုတ်ဓေ ဗုတ်ဓဂုဏေ၊ နမာမိ သိရသာ မဟံ။)
(ဂ) တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ
(တေသံ ဓမ်မင်စ သံဃင်စ၊ အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
(နမက်ကာရာ နုဘာဝေန၊ ဟိတ်တဝါ သပ်ဗေ အုပတ်ဒဝေ။)
အနေက အန္တရာယာပိ၊ ဝိနသန္တု အသေသတော။
(အနေက အန်တရာယာပိ၊ ဝိနတ်သန်တု အသေသတော။)
အနောက်ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ
(က) အဠဝီယံ - နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ- လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်ထင်ပေါ်သိမြင်တော်မှုပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏၊ ဒွါဝီသံ- နှစ်ကျိတ်ရှစ်ဆူကုန်သော၊ ဣမေဗုဒ္ဓါ စ -မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် လည်းကောင်း၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဧကတ္တိံ ဗုဒ္ဓါစ- သုံးကျိပ်တစ်ဆူကုန်သော မြတ်စွာဘုရားတို့ သည်လည်းကောင်း၊ ဒွတ္တိံသ- သုံးကျိပ်နှစ်ဆူကုန်သော၊ မဟာဗုဒ္ဓါစ - မြတ်စွာဘုရားတို့ သည်လည်းကောင်း၊
(ခ)ပဉ္စဝီသာ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊ ဗုဒ္ဓါစ- မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတို့  သည်လည်းကောင်း၊ တေတ္တိံသ ဗုဒ္ဓဘာဝေနာ စ - သုံးဆယ့်သုံးဖြာသော ဗုဒ္ဓဘာဝနာတို့  သည်လည်းကောင်း၊ သန္တိ - သုံးဘုံသူအား အကျိုးများဖို့ ထင်ရှားမသွေ ရှိတော်မူကြလေကုန်၏။ ဧတေဗုဒ္ဓါ စ - ထိုမြတ်စွာဘုရားတို့ သည်လည်းကောင်း၊ ဧတေဗုဒ္ဓဂုဏေစ - ထိုမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ သည်လည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ- ဦးနှိမ်မာန်လျော့ ကန်တော့ပါ၏။
(ဂ)တေသံ- မဂ်ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်တည်းဟူသော ဆယ်ပါးသော တရားတော် မြတ်သည်လည်းကောင်း၊ သံဃဉ္စ- သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ အာဒရေန- ကြည်ညိုရိုသေသောအားဖြင့်၊ နမာမိ- ဦးနှိမ်မာန်လျော့ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။
နမက္ကာရာနုဘာဝေန-ရှိခိုးကန်တော့ရသော ပဏာမကုသိုလ်ကံ စေတနာတို့ ကြောင့်၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ- ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ - ပယ်ဖျောက်၍် အနေကအန္တရာယာပိ-များပြားလှသောအန္တရယ်အပေါင်းတို့ သည်လည်း၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနသန္တု -ကင်းစင်လွင့်ပျောက်ပါစေသတည်း။
၅။မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာ
(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ
(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ ဒွါဒသင်စ သဟတ်သကေ။)
ပဉ္စသတ သဟဿနိ၊ ဂင်္ဂါယံ စဏ္ဏဝါလုကေ။
(ပင်စသတ သဟတ်သာနိ၊ ဂင်ဂါယံ စန်ဏဝါလုကေ။)
(ခ) ပရာဇေတွာ မဟာဖုလ္လေ၊ နမာမိ သိရသော မဟံ၊
(ပရာဇစ်တဝါ မဟာဖုန်လေ၊ နမာမိ သိရသော မဟံ၊)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ
(တေသံ ဓမ်မင်စ သံဃင်စ၊ အာဒရေန နမာမဟံ)
(ဂ) နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
(နမက်ကာရာ နုဘာဝေန၊ဟိတ်တဝါ သပ်ဗေ အုပတ်ဒဝေ)
အနေက အန္တရာယာပိ၊ ဝိနသန္တု အသေသတော။
(အနေက အန်တရာယာပိ၊ ဝိနတ်သန်တု အသေသတော။)
မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ
(က) အဋ္ဌဝီသံ- နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ- လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်ထင်ပေါ် သိမြင်တော်မူပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏၊ ဒွါဒသဉ္စ သဟဿကေ-နိဗ္ဗာန်ကိန်းအောင်း စက်မွေ့ လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ- လရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင်မြတ်ဘုန်းခေါင်တို့ ကို လည်းကောင်း၊ ပဉ္စသတ သဟသာနိ- သောင်းတိုက်စကြာဝဋ္ဌာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ- နေရောင်ပမာ ဥာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင် မြတ်မုနိန်တို့  ကို လည်းကောင်း၊ ဂင်္ဂါယံ-ဂင်္ဂါမည်လျှင်း မြစ်အတွင်း၌၊ စုဏ္ဏဝါလုကေ-သဲလုံးတို့ ကို၊
(ခ)ပရာဇေတွာ- ရှုံးစေပြီး၊ ဗဟုဖုလ္လေ- ဂင်္ဂါမြစ်ထဲငွေသောင်သဲတို့ထက် လွန်ကဲများစွာ ပွင့်တော်မူပြီးကြကုန်သော၊ သမ္ဗုဒ္ဓေစ- မြတ်စွာဘုရားတို့ ကိုလည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ သိရသာ- ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့်၊ နမာမိ- ရိုသေမြတ်နိုး ရှိခိုးကန်တော့ပါ၏။ တေသံ-ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မှုကြပြီးကုန်သော မြတ်စွာဘု၇ားတို့  ၏၊ ဓမ္မဉ္စ- မဂ်ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်တည်းဟူသော ဆယ်ပါးသောတရားတော်မြတ် သည်လည်းကောင်း၊ သံဃဉ္စ-သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ သံဃဉ္စ-သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ အဟံ-ဘုရားတပည့်တော်သည်၊ အာဒရေန-ကြည်ညိုရိုသေသောအားဖြင့်၊ နမာမိ-ဦးနှိမ်မာန်လျော့ ရှိုခိုးကန်တော့ပါ၏အရှင်ဘုရား။
နမက္ကာရာနုဘာဝေန- ရှိခိုးကန်တော့ရသော မဏာမကုသိုလ်ကံစေတနာတို့ ကြောင့်၊ သဗ္ဗေ-အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ-ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ-ပယ်ဖျောက်၊ အနေကအန္တရာယာပိ- များပြားလှသော အန္တရယ် အပေါင်းတို့ သည်လည်း၊ အသေသတော- ကြွင်းကျန်တစိမရှိသောအားဖြင့်၊ ဝိနသန္တု- ကင်းစင်လွင့်ပျောက်ပါစေသတည်း။
၆။အောင်သမ္ဗူဒ္ဓေဂါထာ
(က) သမ္ဗုဒ္ဓေ အဌဝီသတိ၊ မမ ဂစ္ဆတိ ပုရတော။
(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ မမ ဂစ်ဆတိ ပုရတော။)
ပဉ္စ ဗုဒ္ဓါ မဟာတေဇာ၊ မမ သီသေ နိသေသေတိ။
(ပင်စ ဗုတ်ဓါ မဟာတေဇာ၊ မမ သီသေ နိသေသေတိ။)
(ခ) ဒိဗ္ဗတီတံ မံ ရက္ခန္တု၊ ဟောတု မေ ဇယမင်္ဂလဂံ္ဂ၊
(ဒိတ်ဗတီတံ မံ ရက်ခန်တု၊ ဟောတု မေ ဇယမင်ဂလက်ဂံ၊)
သဗ္ဗေပိ မေ စ နမာမိ၊ ဂုဏေ အာပတ္တိ သမ္ဗုဒ္ဓေ။
(သပ်ဗေပိ မေ စ နမာမိ၊ ဂုဏေ အာပတ်တိ သမ်ဗုတ်ဓေ။)
အရိယာနဉ္စ သဗ္ဗေသံ ၊ သာဝကာနဉ္စ သဗ္ဗသော။
(အရိယာနင်စ သပ်ဗေသံ၊ သာဝကာနင်စ သပ်ဗသော။)
အောင်သမ္ဗုဒ္ဓေဂါထာနိဿရ
(က) အဋ္ဌဝီသံ- နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-လေးသစ္စာမှန် ရွှေဥာဏ်သခင် မြတ်စွာဘုရားတို့ သည်၊ မမ- ဘုရားတပည့်တော်သည်၊ ပုရတော-ရှေ့ ၊ ဂစ္ဆတိ-ကြွရောက်ရွင်ပြုံး သီတင်းသုံးတော်မူတော်မူပါစေသတည်း၊ မဟာတေဇော- ကြီးကျယ်မြင့်မြတ်သော တန်ခိုးရှိတော်မူပါကုန်သော၊ ပဉ္စဗုဒ္ဓါ- သံ,ဂုံ,ပ,မ,ယျ ငါးဆူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ သည်၊ မမ-တပည့်တော်၏၊ သီသေ- အမြတ်ထိပ်တင် ဦးခေါင်းပြင် နိသေသေတိ- မြကြည်ရွှင်ပြုံး သီတင်းသုံးတော်မူပါစေသတည်း။
(ခ)ဒိဗ္ဗတီတံ-ဒိဗ္ဗတီတာနိ-ရောင်ခြည်ခြောက်သွယ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ သည်၊ မံ- ဘုရားတပည့်တော်ကို၊ ရက္ခ န္တု-ဘေးရန်ကင်းပျောက် စောင့်ရှောက်တော်မူကုန်ကြ ပါစေကုန်သတည်း ။ အာပတ္တိ ဂုဏေ-ဂုဏ်တော်ထင်ရှား မြင့်မားပြည့်စုံခြင်းသို့  ရောက်တော်မူပြီးကုန်သော၊သဗ္ဗေပိ- အလုံးစုံလည်းဖြစ်ကုန်သော၊ ဣုမေ သမ္ဗုဒ္ဓေစ-ထိုဂုဏ်များရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ကိုလည်းကောင်း၊ သဗ္ဗသော- အလုံးစုံကုန်သော၊ သာဝကာနဉ္စ- အဂ္ဂသာဝကအပေါင်းတို့ ကိုလည်းကောင်း၊ နမဿာမိ-ဦးနှိမ်မာန်လျော့ ကန်တော့ပါ၏။ ဧတေန သစ္စဝဇ္ဇေန- နက်မှန်သောသစ္စာစကားကြောင့်၊ မေ မမ -တပည့်တော်အား၊ အဂံ္ဂ- မြတ်သော၊ ဇယမင်္ဂလံ-အောင်မြင်ခြင်းကောင်းကျိုးမင်္ဂလာအဖြာဖြာသည်၊ ဟောတု-စင်စစ်မသွေ ပြည့်စုံပါစေသတည်း။
သမ္ဗုဒ္ဓေ(၆)မျိုး ဘုရားရှိခိုးပြီး၏။
သမ္ဗုဒ္ဓေ (၆)မျိုး ရွတ်ဆိုရခြင်းအကျိုးသွား
သမ္ဗုဒ္ဓေဘုရားရှိခိုးသည် အန္တရာယ်က ကင်းရှင်း ဘေးရန်မှန်သမျှဝေး၏။ အတိုက်အခိုက် အနှောက်အယှက်မှန်သမျှလွှင့်စင်၏။ မိမိ၏စီးပွား၊ သားမယား၊ စည်းစိမ် အိုးအိမ်ဥစ္စာ၊ အသက်ဇိဝိတိနြေ္ဒ ရန်အပေါင်းမှပယ်ရှင်း၏။
သူခိုး ဓါးပြများလုယက်၊တိုက်ခိုက်မှုမှကင်းရ အချုပ်၊ နှောင်အဖွဲ့ ၊ ထောင် ၊ ရုံး ၊ ဂတ် ၊ အမှုအခင်းဘေးမှလွတ်မြောက်၏။ ကိုယ်စိတ်ချမ်းသာစွာ အိပ်စက်ရခြင်း၊ ကောင်းသောအိမ်မက် မက်ခွင့်ရခြင်း စသောအကျိုးများသည် မန္တန်၏စွမ်းပကားဖြစ်၏။
သမ္ဗုဒ္ဓေဂါထာတော်ကြီးကို စောင့်ရှောက်ကုန်သော ဂါထာစောင့်ပုဂ္ဂိုလ်များ၊ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတို့ အား အခက်အခဲ, အကြပ်အတည်း ရှိတိုင်းအဓိဌာန်ပြု စောင့်ရှောက်မှုကို တောင်းခံကြပါလေ။ မသွေမုချ တောင်းတိုင်းပြည့်ဝကြပါစေသတည်း။
Saturday, June 5, 2010
သမ္ဗုဒ္ဓေဂါထာတော်
ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာမဟံ။
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။
Sunday, February 7, 2010
စိန္တာမဏိ မန္တန်ပါဠှိ
စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။
စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မ ရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။
စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။
စိန္တာမဏိ ဂါထာတော် ရွတ်ဖတ်ရခြင်း အကျိုး
ဤ စိန္တာမဏိ ဂါထာတော် ကို ရွတ်ဆိုခြင်းဖြင့် အကြံ အစည် အောင်မြင်စေတတ်သည် ။ရာထူးဌာနန္တရရရှိစေတတ်သည် ။ လူ ၊ နတ် တို့ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည် ။ မိမိ တို့ ၏ ပစ္စည်းဘဏ္ဍာ၊ ရတနာ၊ ရွှေ ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးဝှက် ယူငင်မရနိုင်ဘဲအကြိတ် အခဲ အမြဲတည်ရှိခြင်း ၊ လိုချင်တောင့်တ သော ပစ္စည်း များရရှိတတ်ခြင်း အကျိုးများကိုခံစားရရှိနိုင်ေ
သဘာဝအလျောက် ဖြစ်တတ်သည့် ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးစေသည့် ဂါထာတော်
သဘာဝအလျောက် ဖြစ်တတ်သည့် ဘေးဥပါဒ် အန္တရာယ်များ
ကင်းဝေးစေသည့် ဂါထာတော်
ယင်းကဏ္ဍကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင်များ အတွက် အလွယ်တကူ ကျက်မှတ်စေလိုသော စေတနာဖြင့် စီစဉ်ထားခြင်း ဖြစ်၏။ ဗုဒ္ဓဘာသာဝင် တစ်ယောက် အတွက် “ ဗုဒ္ဓွေါ မေ သရဏံ အညံ နတ္ထိ = ဘုရားမှ လွဲလျှင် ကိုးကွယ်ရာ အားထားရာမရှိပေ”၊ သို့သော် လူသားတို့သည် စီပွားရေး လူမှုရေး လုပ်ငန်းတို့ဖြင့် ဌာနအသီးသီး ဒေသအရပ်ရပ်သို့ လှည့်ပတ်သွားလာ၍ နေကြရ၏။ အန္တရာယ်ထူပြောသော ဒေသကိုလည်း မလွှဲသာ မရှောင်သာ သွားကြရ၏။ တစ်ခါတစ်ရံ အန္တရာယ်များသော အရပ်၌ နေထိုင်ကြရ၏။ ယင်းအချိန်အခါမျိုးတွင် ပုထုဇဉ်သဘာဝ စိတ်အားငယ်တတ်ကြမည် ဖြစ်ပေ၏။
ထိုအချိန်မျိုးတွင် စိတ်အားတက်စရာ အားကိုးစရာများကို ရှာတတ်ကြ၏။ ဘာသာရေးဟူသည် ယင်းသို့ စိတ်အားငယ်သည့်အခါ ဘာသာတရားသည် အားကိုးစရာ အစစ်ဖြစ်သည်ကို တွေ့ကြရပေ၏။ အန္တရာယ်များလှသော လူသားများအတွက် အားကိုးရာတစ်ရပ် အနေဖြင့် ဗုဒ္ဓမန္တန်များကို စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါ၏။
ယခုဖော်ပြမည့် ဗုဒ္ဓမန္တန်များမှာ ပိဋကတ်စာပေလာ ဂါထာ စုဏ္ဏိယများ နှင့် ရှေးဆရာတော်ကြီးများ ရေးသားစပ်ဆိုတော်မူခဲ့သော ရတနာသုံးပါးဆိုင်ရာ ဂါထာနှင့် စုဏ္ဏိယများသာ ဖြစ်ပေ၏။ အချိန်များများပေး၍ ပိဋကတ်တော်လာ ပါဠိတော်များကို မရွတ်ဖတ် မသရဇ္ဈာယ်နိုင်ပါက အကျဉ်းချုပ် မန္တန်များကို ရွတ်ဖတ်ကြရန် ဖြစ်ပေ၏။
“နမောတဿ” အန္တရာယ်ကင်း မန္တန်မှာလည်း ဘုရားရှိခိုးပင်ဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်၏။ ယင်းသို့ ဘုရားရှိခိုးသော ပဏာမစေတနာသည်ပင် အန္တရာယ်ကင်း၍ ကျန်းမာ ချမ်းသာခြင်းကို ဖြစ်စေနိုင်သည်မှာ သံသယဖြစ်ဖွယ် မလိုတော့ပေ။ “သဝေမပါ ကိုးဂါထာ”မှာလည်း သရဏဂုံပါဠိပင် ဖြစ်၏။ စိတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ နှုတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ သဗ္ဗဇယမင်္ဂလာ ဂါထာတော် စသော ဂါထာများမှာလည်း ဘုရားဟောသော ပါဠိတော်များမှ ထုတ်နုတ်ထားခြင်းပင် ဖြစ်၏။
ဤဂါထာ ပါဠိများကို ရှေးအစဉ်အဆက်ဆက်ကပင် အန္တရာယ်ကင်းအနေအားဖြင့် ရွတ်ဖတ်ပွားများခဲ့ကြ၏။ ယုံကြည်ခဲ့ကြ၏။ ယုံကြည်သည့်အတိုင်းလည်း လက်တွေ့ အကျိုးခံစားရသူများ အများအပြားပင် ရှိခဲ့၏။ အောင်ခြင်းရှစ်ပါးဂါထာ၊ သမ္ဗုဒ္ဓေဂါထာတို့မှာလည်း ဘုရားဂုဏ်တော်နှင့် စပ်၍ ရှေးဆရာတော်များ ရေးသားထားခဲ့ရာ ယနေ့တိုင် အစဉ်အလာအားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြပေ၏။
ထို့ကြောင့်ပင် ဗုဒ္ဓမန္တန်များကို သီခြား ဖော်ပြထားခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓကို ယုံကြည်သော သဒ္ဓါတရားရှိသူများအဖို့ ဤဂါထာများကို ရွတ်ဖတ် သရဇ္ဈာယ်ရခြင်းသည် သမာဓိတည်ငြိမ်မှုဖြင့် ရွတ်ဆိုနေခိုက်မှာပင် စိတ်ချမ်းသာမှုကို အပြည့်အဝ ခံစားကြရမည် ဖြစ်ပေ၏။ စိတ်၏ စွမ်းအင်၊ သဒ္ဓါတရား၏ စွမ်းအင် သတ္တိကြောင့် အန္တရာယ်ကင်းနိုင်ခြင်းကိုကား သံသယဝင်ဖွယ် မလိုတော့ပေ။
ဤအကျိုးတရားများကို ရယူလိုသူများအတွက် အခက်အခဲ မရှိစေရန် တစ်စုတပေါင်းတည်း ဖြစ်စေရန် စီစဉ် တင်ပြထားခြင်း ဖြစ်ပေသတည်း။ (အကယ်၍များ အလွတ်ရွတ်ဖတ်ခြင်း မတတ်နိုင်သူများ အဖို့ မိတ္တူပွားကာ ကြည့်ပြီးရွတ်ဆိုခြင်း၊ နေအိမ်တွင် ကပ်ထားခြင်းဖြင့်လည်း အကျိုးရှိနိုင်ပေသည်ဟု ဆိုရပါမည်။)
စက်ကြီး (၁၃)ပါး ဂါထာ ပါဠိတော်
သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃစက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ - ဒူရေ၊ သွား ဟုံ ဟုံ။
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။
ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။
ကျေးဇူးရှုင် လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်း ဂါထာတော်များ
ဗုဒ္ဓေါ စ မင်္ဂလော လောကေ ၊ ဒေ၀ဣန္ဒ ဗြဟ္မိဿရော ။
ဗုဒ္ဓံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။
၂။
ဓမ္မော စ မင်္ဂလော လောကေ ၊ သဗ္ဗပါပ ၀ိနာသကော ။
ဓမ္မံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။
၃။
သံဃော စ မင်္ဂလော လောကေ ၊ ဘယဝေရ ၀ိနောဒနော ။
သံဃံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။
၎။
ဧတံ ခေါ မင်္ဂလံ ခေမံ ၊ ဧတံ မင်္ဂလ မုတ္တမံ ။
ဧတံ မင်္ဂလ မာဂမ္မ ၊ သဗ္ဗပါပါ ပမုစ္စရေ ။
၅။
ဧတံ ခေါ သရဏံ ခေမံ ၊ ဧတံ သရဏ မုတ္တမံ ။
ဧတံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။
၆။
ဧတံ ခေါ ရတနံ ခေမံ ၊ ဧတံ ရတန မုတ္တမံ ။
ဧတံ ရတန မာဂမ္မ ၊ သဗ္ဗဒေါသာ ပမုစ္စရေ ။
( ၁ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဗုဒ္ဓေါစ-မြတ်စွာဘုရားသည်သာလျှင်
ဒေ၀ဣန္ဒဗြဟ္မိဿရော-ဘုန်းတန်ခိုး
ဗုဒ္ဓံ သရဏံ-ဘုရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
( ၂ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဓမ္မောစ-မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
သဗ္ဗပါပ၀ိနာသကော-ဆိုးဝါးညစ်ညမ်း ကြမ်းတမ်းယုတ်မာ မကောင်းစွာသော မိစ္ဆာဓမ္မ ဟူသမျှတို့ကို မြူမျှမကျန် ပယ်လှန်ဖျက်ဆီးတော်မူနိုင်ပါပေ၏
ဓမ္မံ သရဏံ-တရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
( ၃ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ သံဃောစ-မြတ်ဘုရား၏ တပည့်သားသံဃာတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်း အများတပည့်သားအစုတွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
ဘယဝေရ၀ိနောဒနော-ခပ်သိမ်းသောဘေး
သံဃံ သရဏံ-သံဃာတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
( ၄ ) ခေါ-စင်စစ်။ ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ မင်္ဂလာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော မင်္ဂလာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
( ၅ ) ခေါ-စင်စစ်။ ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ကိုးကွယ်ရာကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
( ၆ ) ခေါ-စင်စစ်။ ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ရတနာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ရတနာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။
မှတ်ချက်။
ဖော်ပြပါ အန္တရာယ်ကင်းဂါထာတော်များသည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်ခဲ့သော ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ်-မှ နိဂုံးဂါထာဖြစ်ပါသည်။
Saturday, February 6, 2010
ပဌာန်းပစ္စယုဒ္ဒေသပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၂။ အရမ္မဏ ပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေဝနပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ဝိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ဝိဂတပစ္စယော
၂၄။ အဝိဂတပစ္စယောတိ။
ဆုတောင်း
ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါေ
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိ
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကို
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါေ
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါေ
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါေ
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။
Sunday, January 31, 2010
သဂါထာသုတ်-
သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူစဉ်...
ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
ရဟန်းတို့ လွန်ပြီး {အတိတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိကုန် သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။
ရဟန်းတို့ နောင် {အနာဂတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။
ရဟန်းတို့ ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
ရဟန်းတို့ ဥပမာသော်ကား ...
မစင်ကျင်ကြီးသည် မစင်ကျင်ကြီးနှင့် တပေါင်းတည်း တသားတည်းဖြစ်၏၊
ကျင်ငယ်သည် ကျင်ငယ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တံတွေးသည် တံတွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပြည်သည် ပြည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
သွေးသည် သွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။
ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
လွန်ပြီး {အတိတ်} အခါ၌လည်း။ပ။
နောင် {အနာဂတ်} အခါ၌လည်း။ပ။
ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တ သားတည်း ဖြစ်ကုန်၏။
ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
ရဟန်းတို့ လွန်ပြီး {အတိတ်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန် သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။
ရဟန်းတို့ နောင် {အနာဂတ်}အခါ၌လည်း။ပ။
ရဟန်းတို့ ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
ရဟန်းတို့ ဥပမာသော်ကား ...
နို့ရည်သည် နို့ရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ဆီသည် ဆီနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ထောပတ်သည် ထောပတ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပျားရည်သည် ပျားရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တင်လဲသည် တင်လဲနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။
ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊
လွန်ပြီး {အတိတ်}အခါ၌လည်း။
နောင် {အနာဂတ်} အခါ၌လည်း။
ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသောနှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှ နောက်၌
ဤဂါထာတို့ကို မိန့်တော်မူ၏-
{{ရဟန်းတို့ တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာတောကြီးသည် ပေါက် ရောက် ဖြစ်ပေါ်လာ၏၊ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ် သော သစ်တုံးကို တက်စီးမိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ ပျင်းရိသော သူကို အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူသော် မှလည်း နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်ညံ့သော လုံ့လရှိသော ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။
ဆိတ်ငြိမ်ရာသို့ ကပ်ကုန်သော, ဖြူစင်ကုန်သော, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော, ဈာန်ဝင်စားလေ့ရှိကုန်သော, ထက်သန်သော လုံ့လရှိကုန်သော, ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော်နေထိုင်ရာ၏}} ဟု (မိန့်တော်မူ၏)။
၆ - သဂါထာသုတ်၊ ဒုတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။
Saturday, January 30, 2010
နှစ်ကျိပ်ရှစ်ဆူ ဘုရားများ
သောအပနာပ၊ သုသုပီ
အဓံသိတိ၊ ဖုဝိသိဝေ
ကကောကဂေါ၊ နမာမဟံ။ ။
တံ-တဏှင်္ကရာ မြတ်စွာဘုရား
မေ-မေဓင်္ကရာ မြတ်စွာဘုရား
သ-သရဏင်္ကရာ မြတ်စွာဘုရား
ဒီ-ဒီပင်္ကရာ မြတ်စွာဘုရား
ကော-ကောဏ္ဍည မြတ်စွာဘုရား
မံ-မင်္ဂလ မြတ်စွာဘုရား
သု-သုဓန မြတ်စွာဘုရား
ရေ-ရေ၀တ မြတ်စွာဘုရား
သော-သောဘိတ မြတ်စွာဘုရား
အ-အနောမဒဿီ မြတ်စွာဘုရား
ပ-ပဒုမ မြတ်စွာဘုရား
နာ-နာရဒ မြတ်စွာဘုရား
ပ-ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား
သု-သုမေဓါ မြတ်စွာဘုရား
သု-သုဇာတာ မြတ်စွာဘုရား
ပီ-ပီယဒဿီ မြတ်စွာဘုရား
အ-အတ္တဒဿီ မြတ်စွာဘုရား
ဓံ-ဓမ္မဒဿီ မြတ်စွာဘုရား
သီ-သိဒ္ဓတ္ထ မြတ်စွာဘုရား
တိ-တိဿ မြတ်စွာဘုရား
ဖု-ဖုဿ မြတ်စွာဘုရား
ဝိ-၀ိယသီ မြတ်စွာဘုရား
သိ-သိခီ မြတ်စွာဘုရား
ဝေ-ဝေဿဘူ မြတ်စွာဘုရား
က-ကကုသန် မြတ်စွာဘုရား
ကော-ကောဏဂုံ မြတ်စွာဘုရား
က-ကဿပ မြတ်စွာဘုရား
ဂေါ- ဂေါတမ မြတ်စွာဘုရား
နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ
နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ
တံမေသဒီ ၊ ကောမံသုရေ ၊သောအပနာပ၊ သုသုပီ ၊
အဓံသိတိ၊ဖုဝိသိဝေ ၊
ကကောကဂေါ။နမာမဟံ။ ။
ဘုရားရှိခိုး ဂါထာအဆုံးတွင် ..... (( တဏှင်္ကရာ အစ ဂေါတမအဆုံး နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားသခင်အားလုံးတို့အား ရှိခိုးပါ၏။ )) ဟုဆိုပြီး ကန်တော့ပါ။
( အထက်ပါ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာကို (၉)ခေါက် ရွတ်၍ ဆွမ်း၊ပန်း။ရေချမ်း၊ဆီမီး စသည်တို့ ကို ကပ်လှူပူဇော်ပြီး ပုတီးစိပ်ပါ။ မေတ္တာပို့ပါ။ အမျှဝေပါ။ ကြုံတွေ့နေရသော အခက်အခဲအပေါင်း ၊ ဒုက္ခအပေါင်းမှ အမြန်ဆုံး လွတ်မြောက်ရပါလိုကြောင်း ဆုတောင်းပါ။ ဖြစ်ချင်တာမှန်သမျှ ဖြစ်ရမည် ဟူသော ဆန္ဒကို ပြင်းပြစွာ အာရုံပြုလျက် ဆုတောင်းပါ။ သင်မုချအောင်မြင်ပါလိမ့်မည်။)
စိတ်အေးချမ်းသာ “ ၀ ” ကိုးလုံး ဂါထာ
စိတ်အေးချမ်းသာ “ ၀ ” ကိုးလုံး ဂါထာ
ဝရိသာရော ၊ ၀ရစေတော ၊ ၀ရံဒေတု ၊
ဝရေဟိမေ ၊ ၀ရံ ၀ရံ ။ ။
( ၎င်းစိတ်အေးချမ်းသာ “ ၀ ” ကိုးလုံးဂါထာ အား နေ့စဉ်မနက်စောစော မည်သည့်အစားအသောက်မှ မသုံးဆောင်မှီ သက်စေ့ ရွက်ပြီးမှ မိမိတို့၏ လုပ်ငန်းများအား လုပ်ကိုင်ကြပါ။ စိတ်အေးချမ်းသာ သာယာပါလိမ့် မည်။ )
Thursday, January 28, 2010
လိုတရ ဂါထာတော်
သာမည ဆရာတော်ဘုရားကြီးမှ အထူးပေးသော “ လိုတရ ဂါထာတော် ”
“ သိဒ္ဓိဘုရား ၊ နားမှာဗြဟ္မာ ၊ လက်မှာသိကြား ၊ ခါးမှာဘီလူး ၊ ဒူးမှာခြင်္သေ့ ၊ ခြေမှာနင်္ဂါး ၊ ကိုယ်မှာ ဂဠန်၊ အစောင့်ထား၏ ။ ကကုသ ၊ ဂေါဏဂုံ ၊ ကဿပ ၊ ဂေါတမ ၊ အရိမေတ္တယျ ၊ ဒီပင်္ကရာ မြတ်စွာဘုရားကို ၊ ကိုးကွယ်ပါ၏ ။ ဓါတ်တော်ဝင် ၊ မဟာဝင် ၊ ဧရာဝင် ၊ မဟာဝိနယော ၊ ဗောဓိရှစ်တန် ၊ ညဏ်တော် (၁၈)ပါး ၊ဘုရား ၊ တရား၊ သံဃာတော်နှင့် ရွှေအဆင်းအလား ၊ ဦးခေါင်းတော်က မြင့်မိုရ်တောင် ၊ မျက်လုံးတော်က ပုလဲရောင်သွယ် ၊ သွားတော်က ၀ရဇိန် ၊ လည်တော်ကသံချောင်း ၊ မဏိဗောဓိရွှေညောင်ပင်က ၊ ပွင့်တော်မူပါ၏။ လေးသင်္ချေ ၊ ကမ္ဘာတစ်သိန်း ၊ ပါရမီဖြည့်လာသော ဘုရား ၊ သားတော် သမီးတော်တို့ကို ၊ ဆင်းရဲဒုက္ခ ၀ဋ်ဆင်းရဲမှ လွတ်ကင်းအောင် ၊ ချမ်းသာသုခဘ၀သို့ရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါ အရှင်ဘုရား ။ ”
ချမ်းသာလိုလျှင် - ၁၂ ခေါက်
အမှုကင်းရှင်းလိုလျှင် - ၉ ခေါက်
ပစ္စည်းပျောက်လျှင် - ၃ ခေါက်
နေထိုင်မကောင်းလျှင် - ၇ ခေါက်
ခရီး၊ စစ်တိုက်လျှင် - ၅ ခေါက်
မာန်လည်ဆရာတော် ၏ ဂုဏ်တော်ကိုးပါး အဖွင့်
ဣတိပိ သော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါတိ။
၁။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-အသို့ ၀ါသနာနှင့်တကွ ကိလေသာတို့မှ ဝေးကြီးဝေးတော်မူပြီးသော အကြောင်း၊ အရိယာမဂ် သယမ္ဘူဉာဏ် လက်နက်ဖြင့် ကိလေသာရန်သူတို့ကို သတ်တော်မူပြီးသောအကြောင်း၊ သံသရာစက်၏ အကန့်ကို ပယ်ဖျက်ခုတ်ဖျတ်တော်မူပြီးသောအကြောင်း စသည်တို့ကြောင့်လည်း။ အရဟံ-အရဟံ မည်တော်မူ၏။
၂။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ အလုံးစုံသောတရားတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်တော်ဖြင့် ကိုယ်တော်တိုင်သာ ဆရာမရှိ ပွင့်သိတော်မူပြီးသော အကြောင်း၊ စက္ခုသည် သည်းခံအောင့်ချိနိုင်ခဲသော ဆင်းရဲအတိ သဘောရှိသော ဒုက္ခ၊ ရှေးဘ၀၌ စက္ခုကို အလိုရှိသော တဏှာဟူသော သမုဒယ၊ ထိုဒုက္ခ သမုဒယ ခပင်းတို့၏ ကြွင်းမဲ့စင်စစ် အသစ်တဖန် မဖြစ်ပြန်ခြင်း နိရောဓ၊ ထိုနိရောဓသို့ ရောက်စေတတ်သော မဂ္ဂဟူ၍ စက္ခုကို သစ္စာလေးပါးသို့ တင်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာ ဆရာမရှိ သိတော်မူခြင်း၊ ဤအတူ သောတ ဃာန ဇိဝှါ ကာယ၊ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ စ၍ ပဋိလောမ အနုလောမအားဖြင့် ပဋိစ္စသမုပ္ပါဒ် ၁၂-ပါး တို့ကို အသီးသီးထုတ်၍ သစ္စာလေးပါးသို့ တင်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာ ဆရာမရှိ သိရှိတော်မူခြင်း စသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
၃။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏ ၁၅-ပါး လွန်မြတ်သောဉာဏ်တရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း။
( တနည်း ) ပုဗ္ဗေနိဝါသ ၀ိဇ္ဇာဉာဏ်၊ ဒိဗ္ဗစက္ခု ၀ိဇ္ဇာဉာဏ်၊ အာသ၀က္ခယ ၀ိဇ္ဇာဉာဏ်-ဟု ဆိုအပ်သော ၀ိဇ္ဇာသုံးပါး၊ ၀ိပဿနာ ဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ပုဗ္ဗေနိဝါသ ဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ စေတောပရိယဉာဏ်၊ အာသ၀က္ခယဉာဏ်ဟုဆိုအပ်သော ၀ိဇ္ဇာရှစ်ပါး။
သဒ္ဓါ, သတိ, ဟိရီ, သြတ္တပ္ပ, ၀ီရိယနှင့်, သုတ, ပညာ, ဟူသော သူတော်ကောင်းတရား ၇-ပါး၊ သီလသံဝရ, ဣန္ဒြိယဂုတ္တ, ဘောဇနမတ္တညူ, ဇာဂရိယာနုယောဂ-၄-ပါး၊ ရူပါဝစရ ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ဟုဆိုအပ်သော စရဏ ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
၎။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ကောင်းမွန်တင့်တယ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော အရိယာမဂ်၏ သွားခြင်းဖြင့် ဘေးမရှိရာ နိဗ္ဗာန်ပြည်မြတ် ခေမာရပ်သို့ မကပ်မငြိ သွားတော်မူတတ်သောအကြောင်း၊
မကောင်းသော သဘာဝ ဒုက္ခတရားတို့၏၄င်း, သင်္ခါရပ၀တ္တိတို့၏၄င်း, တစုံတခုမျှမရှိသဖြင့် စင်စစ်ကောင်းမွန်သော နိဗ္ဗာန်ရပ်သို့ ကြွသွားတော်မူတတ်သောအကြောင်း၊
ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင်တိုင်အောင် ကာလပတ်လုံး သုံးဆယ်သော ပါရမီတို့ကို ဖြည့်တော်မူခြင်း သမ္မာပဋိပတ်ဖြင့် သတ္တလောက၏ အကျိုးစီးပွားကိုသာ ပြုတော်မူလျက် အယုတ်တရား လေးပါးသို့ မလားမငြိ သတိမကပ် ကြွလာတော်မူသောအကြောင်း၊
ဟုတ်မှန်သော အကျိုးရှိသော သူကားနှစ်သက် မနာလိုသော စကား၊
ဟုတ်မှန်သော အကျိုးရှိသော သူလည်းနှစ်သက် နာလိုသော စကား၊ နှစ်ခွန်းကိုသာ ပြောဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း။ သုဂတော-သုဂတ မည်တော်မူ၏။
၅။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ဒုက္ခ သမုဒယ နိရောဓ နိရောဓုပါယ အကျိုးတို့ဖြင့် သိအပ်ပြီးသောလောက ရှိတော်မူသော အကြောင်း၊
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ ဟူသော ၁-ပါးသောလောက၊ ၂-ပါးသော နာမရူပလောက၊ ၃-ပါးသော ဝေဒနာလောက၊ ၄-ပါးသော အာဟာရလောက၊ ၅-ပါးသော ဥပါဒါနက္ခန္ဓလောက၊ ၆-ပါးသော အဇ္ဈတ္တိကာယလောက၊ ၇-ပါးသော ၀ိညာဏဌိတိလောက၊ ၈-ပါးသော လောကဓံလောက၊ ၉-ပါးသော သတ္တာဝါသလောက၊ ၁၀-ပါးသော အာယတနလောက၊ ၁၂-ပါးသော အာယတနလောက၊ ၁၈-ပါးသော ဓာတုလောက၊ ဤသင်္ခါရလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူခြင်း၊
အလုံးသောသတ္တ၀ါတို့၏ အလိုအာသယကိုသိတော်မူခြင်း၊ ကိလေသာတို့ကို သိတော်မူခြင်း၊ စရိုက်ကို သိတော်မူခြင်း၊ နှလုံးသွင်းအဓိမုတ္တိကကို သိတော်မူခြင်း၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းသောသတ္တ၀ါ၊ များသောသတ္တ၀ါ၊ ထက်သောဣနြေ္ဒရှိသော သတ္တ၀ါ၊ နုသောဣနြေ္ဒရှိသောသတ္တ၀ါ၊ ကောင်းသောအခြင်းအရာရှိသော သတ္တ၀ါ၊ မကောင်းသော အခြင်းအရာရှိသော သတ္တ၀ါ၊ တရားကို သိလွယ်သောသတ္တ၀ါ၊ တရားကို သိခဲသောသတ္တ၀ါ၊ ကျွတ်ထိုက်သော သတ္တ၀ါ၊ မကျွတ်ထိုက်သော သတ္တ၀ါ၊ သတ္တလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူခြင်း မြေထုရေထု လေထုဆင့်ကာ စကြ၀ဠာမြင့်မိုရ် ယုဂန္ဓိုရ်စသော တောင် ၇-တန်၊ သတ္တရဗ္ဘာန် သီတာ ၄-ဖြာ ကျွန်းကြီး၊ သစ်ကြီး ၇-ပင်၊ ၄-ပြင်သောင်းရပ် တခုသော လောကဓာတ်မှ စ၍ အနန္တလောကဓာတ်လုံး အဆုံးမရှိသော မဟာဝိသယခေတ်ဟူသော ဤသြကာသလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူသောအကြောင်းကြောင့်လည်း။ လောက၀ိဒူ-လောက၀ိဒူ မည်တော်မူ၏။
၆။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့အတုမရှိ မယဉ်ကျေးသေးသော အပလာလနဂါးမင်း၊ စူဠောဒရနဂါးမင်း၊ မဟောဒရနဂါးမင်း၊ အဂ္ဂသိခနဂါးမင်း၊ အရ၀ါဠနဂါးမင်း၊ ဓနပါလဆင်မင်း၊ အစရှိကုန်သော တိရစ္ဆာန်ယောက်ျား။
သစ္စကနိဂဏ္ဍပုတ္တ အမ္ဗဋ္ဌလုလင်၊ ပေါက္ခရသာတိပုဏ္ဏား၊ သောဏဒန္တပုဏ္ဏား၊ ကူဋဒန္တပုဏ္ဏား၊ အစရှိကုန်သော လူယောက်ျား။
အာဠာဝကဘီလူး၊ သုစိလောမဘီလူး၊ ခရလောမဘီလူး၊ သိကြား မဃ၀၊ ဗကဗြဟ္မာ အစရှိကုန်သော နတ်ယောက်ျားတို့ကို ဆုံးမတော်မူနိုင်သော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏။
၇။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့မျက်မှောက်ဖြစ်သော ဒိဋ္ဌဓမ္မိကအကျိုး, တမလွန်ဖြစ်သော သမ္ပရာယိက အကျိုး, နိဗ္ဗာန်ဟူသော ပရမတ္ထအကျိုးတို့ဖြင့် နတ်လူဗြဟ္မာတို့ကို ထိုက်သည့်အားလျော်စွာ ဆုံးမတတ်သော အကြောင်း၊ ရှေ့ဆောင်လှည်းမှူးသည် လှည်းသားအပေါင်းတို့ကို ခိုးသူဓားပြရှိသော စောရကန္တာရ၊ သားရဲရှိသော ၀ါဠကန္တာရ၊ အစာအာဟာရ မရှိသော ဒုမ္ဘိက္ခကန္တာရ၊ ရေမရှိသော နိရုဒကကန္တာရ တည်းဟူသော ၄-ပါးသော ကန္တာရခရီးခဲမှ ထုတ်ဆောင်ကယ်တင်၍ ဘေးမရှိရာ ခေမာဘူမိ အရပ်သို့ ကောင်းစွာရောက်စေသကဲ့သို့ နတ်လူဗြဟ္မာတို့ကို ဇာတိကန္တာရ၊ ဇရာကန္တာရ၊ ဗျာဓိကန္တာရ၊ မရဏကန္တာရ တည်းဟူသော သံသရာကန္တာရ ခရီးမှ နိဗ္ဗာန်ခေမာ ဘေးမဲ့ရာသို့ ကောင်းစွာထုတ်ဆောင် ကယ်တင်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀ မနုဿာန မည်တော်မူ၏။
၈။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဟု ဆိုအပ်သော သစ္စာ ၄-ပါးတို့ကို ကိုယ်တော်လည်း သိတော်မူတတ် သူတပါးကို သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ-ဗုဒ္ဓမည်တော်မူ၏။
၉။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ လောကီ လောကုတ္တရာ ချမ်းသာကို လွန်စွာဖြစ်စေတတ်သော ဒါန သီလ အစရှိသော အထွတ်အထိပ်သို့ ရောက်သော ဘုန်းတော် ပါရမီတော် ရှိတော်မူသောအကြောင်း။
ခပ်သိမ်းသော သတ္တ၀ါတို့၏ လွန်စွာပူပန်ခြင်းကို ပြုတတ်သော အသိန်းမက များလှတုံစွာ ကိလေသာတို့ကို၎င်း၊ အကျဉ်းအားဖြင့် ဒေ၀ပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်-ဟု ဆိုအပ်သော မာရ်ငါးပါးတို့ကို၎င်း ချိုးဖဲ့ဖျက်ဆီးတော်မူတတ်သောအကြောင်း။
စိတ်တော်၌ လွန်စွာ အစိုးရတော်မူခြင်း ကိုယ်တော်ကို ပရမာဏုမြူကဲ့သို့ သိမ်မွေ့သည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း အဏိမာဟူသော ဘုန်းတန်ခိုး။
ကောင်းကင်၌ သွားခြင်းစသောအားဖြင့် ပေါ့ပါးလျင်မြန်သည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း လဃိမာမည်သော ဘုန်းတန်ခိုး။
စကြ၀ဠာအားလုံးကို ဖုံးလွှမ်းခြင်း စသည်ဖြင့် အပိုင်းအခြားမရှိ ကိုယ်၏ကြီးမားသည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း မဟိမာမည်သော ဘုန်းတန်ခိုး။
အလိုရှိရာအရပ်သို့ ခဏချင်းရောက်နိုင်ခြင်း၊ လက်တော်ဖြင့် နေလကို လှမ်းမီကိုင်နိုင်ခြင်း ပတ္တိမာ-ဟူသော ဘုန်းတန်ခိုး။
အဓိဋ္ဌာန်စသည်၏ အစွမ်းဖြင့် အလိုရှိအပ်သော အမှုကိစ္စကို ပြီးစေနိုင်ခြင်း ပါပကမ္မဟူသော ဘုန်းတန်ခိုး။ ခပ်သိမ်းသော သတ္တ၀ါတို့ကို အလိုသို့ လိုက်ပါစေနိုင်သော အစိုးရသည်၏ အဖြစ် ဤသိတာ-ဟူသော ဘုန်းတန်ခိုး။
ရေမီးအစုံ တန်ခိုးအထူးကို ဖန်ဆင်းခြင်း၌ အလိုရှိတိုင်းပါအောင် လျင်မြန်စွာ လေ့လာနိုင်ခြင်း ၀သိတာဟူသော ဘုန်းတန်ခိုး။
ထိုထိုပြုသမျှ အမှုတို့၌ မိမိအလိုအတိုင်း ပြီးဆုံးခြင်းသို့ ရောက်စေနိုင်ခြင်း ယထာကာမ ၀သာယိတာ ဟူသော ဘုန်းတန်ခိုး။
ဤရှစ်ပါး အကျိုးရှိသော ဣဿရိယဘုန်းတော်၊
လောကုတ္တရာ ကိုးပါးဟု ဆိုအပ်သော ဓမ္မဘုန်းတော်၊
အလွန်စင်ကြယ်စွာသော ကျော်စောခြင်းဟု ဆိုအပ်သော ယသဘုန်းတော်၊
အလွန်တင့်တယ်သော ရူပကာယ ကိုယ်တော်၏ ကျက်သရေဟုဆိုအပ်သော သိရီဘုန်းတော်၊
တောင့်တတိုင်း ပြီးစီးနိုင်သော အလိုတော်ဟုဆိုအပ်သော ကာမဘုန်းတော်၊
ခပ်သိမ်းသော သတ္တ၀ါတို့၏ ဆရာ၏အဖြစ်သို့ ရောက်ကြောင်း ကောင်းသောသမ္မာဝါယာမဟု ဆိုအပ်သော ပယတ္တဘုန်းတော်၊
ဤခြောက်ပါးသော ဘုန်းတော်နှင့် ပြည့်စုံတော်မူသောအကြောင်း စသည်ကြောင့်လည်း။ ဘဂ၀ါ-ဘဂ၀ါ မည်တော်မူ၏။
ဣတိ ဣမေဟိ န၀ဟိ ဂုဏေဟိ-ဤ ၉-ပါးသော ဂုဏ်တော်မြတ် ဂုဏ်တော်ကြီးတို့နှင့် ၊ သမန္နာဂတံ-ပြည့်စုံတော်မူသော၊ တံ ဗုဒ္ဓံ-ထိုမြတ်စွာဘုရားကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရား။
သားကောင်းမိခင် အစွမ်းထက်ဂါထာတော်
ယော မေ အယံ ဘန္တေ၊ ကုစ္ဆိဂတော ကုမရကော ၀ါ၊ ကုမာရိကာ ၀ါ၊ သော ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဥပါသကံ တံ ဘဂ၀ါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။
ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကုစ္ဆိဂတော-၀မ်း၌တည်သော၊ ယော အယံ ကုမာရကော ၀ါ-အကြင်သတို့သားသည်၎င်း၊ ယာ အယံ ကုမာရိကာ ၀ါ-အကြင်သတို့သမီးသည်၎င်း၊ အတ္ထိ-ရှိ၏၊ သော-ထိုပဋိသန္ဓေသားသည်၊ ဘဂ၀န္တံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်မြတ်ကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ ဘဂ၀ါ-မြတ်စွာဘုရားသည်။ တံ-ထိုပဋိသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့မှစ၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ-ဆည်းကပ်ခြင်းသို့၊ ဂတံ-ရောက်သော၊ ဥပါသကံ-ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု-မှတ်တော်မူပါဘုရား။
( သားကောင်းမိခင် ဖြစ်လိုသော်)
ဂေါတမရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် ဗောဓိရာဇကုမာရ မင်းသားသည် သရဏဂုံသုံးပါးကို ဆောက်တည်ခြင်းမရှိကြောင်း သတင်းဖြစ်ပွားသည်။ ထိုအခါ ဗောဓိရာဇကုမာရ မင်းသားက မိမိသရဏဂုံ ဆောက်တည်ပြီးဖြစ်၍ ထပ်မံဆောက်တည်ရန် မလိုကြောင်း မိမိ၏မိခင်သည် မိမိအား ပဋိသန္ဓေရှိနေစဉ်ကပင် အောက်ပါပါဠိတော်အတိုင်း မြတ်စွာဘုရားထံမှောက်နှင့် သာဝကသံဃာတော်များထံမှောက်သို့ သရဏဂုံ ဆောက်တည်ပေးခဲ့ကြောင်း ပြောကြားသည်။ ဤစကားသည် ဟုတ်မှန်ကြောင်းကို ရှင်တော်မြတ်ဘုရားက မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရ သုတ်တော်တွင် ဟောကြားတော်မူခဲ့သည်။ ဗောဓိရာဇကုမာရ မင်းသားသည်လည်း အန္တရာယ်ကင်းစွာဖြင့် အသက်တရာ့နှစ်ဆယ် ရှည်ခဲ့သည်။
(ဆဋ္ဌမူ စာမျက်နှာ ၂၇၇-ဗောဓိရာဇကုမာရသုတ် နံပါတ်-၅)
သစ္စာပန္နက် အောင်ရှစ်ချက် ဂါထာ
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော-ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော-ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနဲ့ အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော-အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-ထိုအောင်စက်သခင် ဘုရားရှင်သည်။
မေ-အောင်ဆုလိုငြား တပည့်တော်အား။
ဇယံ-အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု-ကရာဏာရှေ့ထား၍ ပေးသနားတော်မူပါ့ အရှင်ဘုရား။
ဤဂါထာသည် ဇယ-အောင်ခြင်း-ဟု ရှစ်ကြိမ်တိတိ ပါ၍ အောင်ရှစ်ချက်ဂါထာ-ဟု အမည်တွင်သည်။ လူသားတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကျန်းမာရေး ပညာရေး စသည့် လူမှုရေးရာ ကိစ္စအဖြာဖြာအတွက် သွာလာလှုပ်ရှားနေကြရသည်။ လှုပ်ရှားလုပ်ကိုင်ရသည့် ကိစ္စတိုင်းကိုလည်း အောင်မြင်လိုကြသည်။
ဤအောင်ရှစ်ချက် ဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ အောင်သင့် အောင်ထိုက်သော အရာမှန်သမျှကို ကိုယ်တော်တိုင် အောင်မြင်၍ အောင်မြင်မှုကို ရယူလိုသူများကိုလည်း အောင်မြင်စေပုံကို ဖော်ညွှန်းထားသော ဂါထာဖြစ်သည်။ ယင်းဖော်ညွှန်းချက် အနက်အဓိပ္ပါယ်ကို အလေးအနက်အာရုံယူ၍ ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင် မိမိတို့ဆောင်ရွက်နေသော လူမှုကိစ္စအ၀၀ အောင်မြင်ရုံမျှမက ကိလေသာ တရား အားလုံးကိုပါ အောင်မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်အောင်မြင်နိုင်သည်။
ခလုတ်မထိဆူးမငြိ ဂါထာတော်
သဗ္ဗေ မဂ္ဂါ ၀ိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
လောကာနာယကော-လောကထွတ်ထား မြတ်စွာဘုရားသည်။
ဂစ္ဆန္တေ-ထိုထိုဤဤ ဒေသစာရီ ကြွချီတော်မူလတ်သော်။
ပါသာဏာစေ၀-ကျောက်လွှာကျောက်ချပ်တို့သည်၎င်း။
သက္ခရာစ-ကျောက်စရစ်ခဲတို့သည်၎င်း။
ကထလာစ-အိုးခြမ်းကွဲ အိုးခြမ်းပဲ့ အစအနတို့သည်၎င်း။
ခါဏုကဏ္ဍကာစ- သစ်ငုတ် ဆူးငြောင့်တို့သည်၎င်း။
သဗ္ဗေ-အလုံးစုံသော ထိခိုက်ရှနာဖွယ် မှန်သမျှတို့သည်။
မဂ္ဂါ-ရှင်တော်ဘုရား ကြွလာရာလမ်းမှ။
ဝိ၀ဇ္ဇန္တိ-တိမ်းရှောင်ဖယ်ရှားကြလေကုန်၏။
ဧတေန သစ္စ၀ဇ္ဇေန-ဤမှန်ကန်သော သစ္စာစကားကြောင့်။
မေ-အကျွန်ုပ်၏။ ဂမနံ-သွားလာရခြင်းသည်။ သမိဇ္ဈတု-ပြည့်စုံပါစေသတည်း။
ဤဂါထာတော်အရ ဘုရားရှင်ကြွရာလမ်းမှ ကျောက်ချပ်၊ ကျောက်လွှာ၊ ကျောက်စရစ်၊ အိုးခြမ်း၊ ဆူးငြောင့်ခလုတ် စသည့် အနှောက်အယှက်ဟူသမျှတို့ ရှောင်ကွင်းသွားကြခြင်းသည် ဘုရားရှင်၏ ပါရမီတော်၊ ကံတော်တို့၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်သည်ကို နှုတ်မြွက်၍ သစ္စာပြုပါက မိမိသွားလေရာရာ၌ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီး ချောမောစွာ ရောက်ရှိနိုင်သည်။
မိမိတို့ စားဝတ်နေရေးအတွက် အမြဲသွားလာ လှုပ်ရှားနေကြရာ၌ ခရီးစဉ် ချောမောအောင် အမြဲ ရွတ်ဖတ်ပူဇော်သင့်ကြသည်။
(ကျမ်းကိုး-ဗုဒ္ဓဘာသာလက်စွဲကျမ်း)
ထွတ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး
သံဃော မေ ရက္ခတု ဒိနေ ၊ သုခီ ဒီဃာယုကော ဘ၀ ။
မာရာဠ၀က နာဠာဂြိံ ၊ အင်္ဂုလိ စိဉ္စ သစ္စကံ ။
နန္ဒောပနန္ဒဗြဟ္မဉ္စ ၊ ဇယော ဇယတု မင်္ဂလံ ။
၁။ ဗုဒ္ဓေါ-မြတ်စွာဘုရားသည်။ မေ-အကျွန်ုပ်အား၊ နိစ္စံ-အမြဲမပြတ်။ ရက္ခတု-စောင့်ရှောက်တော်မူပါစေသတည်း။
ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ မေ-အကျွန်ုပ်အား။ သဒါ-အခါခပ်သိမ်း။ ရက္ခတု-စောင့်ရှောက်တော်မူပါစေသတည်း။
သံဃော-သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ မေ-အကျွန်ုပ်အား။ ဒိနေ-နေ့တိုင်း။ ရက္ခတု-စောင့်ရှောက်တော်မူပါစေသတည်း။
အဟံ-အကျွန်ုပ်သည်။ သုခီ-ချမ်းသာခြင်းရှိသည်။ ဒီဃာယုကော-အသက်ရှည်ခြင်း ရှိသည်။ ဘ၀-ဘ၀ါမိ-ဖြစ်ရပါလို၏။
၂။ မုနိန္ဒော-မြတ်စွာဘုရားသည်။ မာရာဠ၀က နာဠာဂြိံစ-မာရ်နတ်မင်း၊ အာဠာဝက ဘီလူး၊ နာဠာဂိရိဆင်ကို၎င်း။
အင်္ဂုလိံစ-အင်္ဂုလိမာလကို၎င်း။
စိဉ္စသစ္စကဉ္စ-စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုလ်ကို၎င်း။
နန္ဒောပနန္ဒဗြဟ္မဉ္စ-နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကို၎င်း။
ဇယော-အောင်မြင်ခြင်းသည်။ (ဟောတိ ယထာ-ဖြစ်သကဲ့သို့)
တထာ-ထို့အတူ။ မေ-အကျွန်ုပ်အား။ မင်္ဂလံ-အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။
ဇယတု-အောင်မြင်ပြီးစီးပါစေသတည်း။
ဤဂါထာသည် ထွတ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး ဖြစ်သည်။ ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အောင်မြင်မှုအမျိုးမျိုး လက်တွေ့ခံစားရသည်။ ရန်အမျိုးမျိုး အောင်နိုင်သည်။
( ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ-မှ)
ကိုးပါးဂုဏ်တော်ရှိပူဇော်၍
* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
* ထူးစွာအများ ၊ ပူဇော်ထားအပ်
* တရားမြတ်ကြောင့်
* အရဟံ မည်ထိုက်ပါပေသည်။
သမ္မာသဗ္ဗုဒ္ဓေါ
* လုံးစုံအကြောင်း ၊ တရားပေါင်း၏
* အကြွင်းမရှိ ၊ သိတော်မူကြောင်း
* အကြောင်းကြောင့်ပင်
* သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။
ဝိဇ္ဇာစရဏ သမ္ပန္နော
* ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
* စရဏာတစ်ဆယ့်ငါး
* ပြည့်စုံငြားကြောင့်
* ၀ိဇ္ဇာစရဏ သမ္ပန္နော
* မည်ထိုက်ပါပေသည်။
သုဂတော
* ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
* ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
* သုဂတော မည်ထိုက်ပါပေသည်။
လောက၀ိဒူ
* သတ္တလောက ၊ သင်္ခါရနှင့်
* သြကာသလောက ၊ သုံးပါးမကကို
* ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
* လောက၀ိဒူ မည်ထိုက်ပါပေသည်။
အနုတ္တရောပုရိဿဓမ္မသာရထိ
* လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
* ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
* အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
* မည်ထိုက်ပါပေ၏
သတ္တာဒေ၀မနုဿာနံ
* လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
* ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
* သတ္တာဒေ၀မနုဿာနံ
* မည်ထိုက်ပါပေ၏
ဗုဒ္ဓေါ
* သစ္စာလေးပါး ၊ မြတ်တရားသိ
* အကြောင်းငြိ၍
* ဗုဒ္ဓေါ မည်ထိုက်ပါပေ၏
ဘဂ၀ါ
* ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
* ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
* ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
* ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
* ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။
ခလုတ်မထိ ဆူးမငြိနိုင်သော ဂါထာ
သဗ္ဗေ မဂ္ဂါ ၀ိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
လောကာနာယကော-လောကထွတ်ထား မြတ်စွာဘုရားသည်။
ဂစ္ဆန္တေ-ထိုထိုဤဤ ဒေသစာရီ ကြွချီတော်မူလတ်သော်။
ပါသာဏာစေ၀-ကျောက်လွှာကျောက်ချပ်တို့သည်၎င်း။
သက္ခရာစ-ကျောက်စရစ်ခဲတို့သည်၎င်း။
ကထလာစ-အိုးခြမ်းကွဲ အိုးခြမ်းပဲ့ အစအနတို့သည်၎င်း။
ခါဏုကဏ္ဍကာစ- သစ်ငုတ် ဆူးငြောင့်တို့သည်၎င်း။
သဗ္ဗေ-အလုံးစုံသော ထိခိုက်ရှနာဖွယ် မှန်သမျှတို့သည်။
မဂ္ဂါ-ရှင်တော်ဘုရား ကြွလာရာလမ်းမှ။
ဝိ၀ဇ္ဇန္တိ-တိမ်းရှောင်ဖယ်ရှားကြလေကုန်၏။
ဧတေန သစ္စ၀ဇ္ဇေန-ဤမှန်ကန်သော သစ္စာစကားကြောင့်။
မေ-အကျွန်ုပ်၏။ ဂမနံ-သွားလာရခြင်းသည်။ သမိဇ္ဈတု-ပြည့်စုံပါစေသတည်း။
ဤဂါထာတော်အရ ဘုရားရှင်ကြွရာလမ်းမှ ကျောက်ချပ်၊ ကျောက်လွှာ၊ ကျောက်စရစ်၊ အိုးခြမ်း၊ ဆူးငြောင့်ခလုတ် စသည့် အနှောက်အယှက်ဟူသမျှတို့ ရှောင်ကွင်းသွားကြခြင်းသည် ဘုရားရှင်၏ ပါရမီတော်၊ ကံတော်တို့၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်သည်ကို နှုတ်မြွက်၍ သစ္စာပြုပါက မိမိသွားလေရာရာ၌ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီး ချောမောစွာ ရောက်ရှိနိုင်သည်။
မိမိတို့ စားဝတ်နေရေးအတွက် အမြဲသွားလာ လှုပ်ရှားနေကြရာ၌ ခရီးစဉ် ချောမောအောင် အမြဲ ရွတ်ဖတ်ပူဇော်သင့်ကြသည်။
(ကျမ်းကိုး-ဗုဒ္ဓဘာသာလက်စွဲကျမ်း)
မေတ္တာသုတ် ပါဠိတော်
၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။
၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊
၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။
၆။ ယေ ကေစိ ပါဏဘူတ္ထိ၊ တဿာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ။ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိ မာဏံ။
ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အသမ္ဗာ ဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓမာဟု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယဂေဒံ၊ နဟိ ဇာတုဂ္ဂ မ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
-------------------------------
“မေတ္တာသုတ် အနက်အဓိပ္ပါယ်”
၁။ ယဿ အကြင်မေတ္တာသုတ် ပရိတ်တော်၏
၂။ အာနုဘာဝတော အစွမ်းရှိန်စော် အာနုဘော်တော်ကြောင့်
၃။ ယက္ခာ နတ်အများတို့သည်
၎။ ဘီသနံ ကြောက်မက်ဖွယ်အာရုံမျိုးကို
၅။ နေ၀ဒေဿန္တိ မပြနိုင်ကြကုန်
၆။ ယမှိစေ၀ အကြင်မေတ္တသုတ်ပရိတ်တော်၌သာလျှင်
၇။ ရတ္တိံဒိဝံ နေ့ညမပြတ် အခါခပ်သိမ်း
၈။ အတန္ဒိတော ပျင်းရိခြင်းမရှိပဲ
၉။ အနုယုဉ္ဖန္တော ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်
၁၀။ သုခံ ချမ်းချမ်းသာသာ သုပတိ အိပ်စက်ရ၏
၁၁။ သုတ္တော အိပ်ပျော်သည် ရှိသော် ကိဉ္စိ တစ်စုံတစ်ခုသော
၁၂။ ပါပံစ အိပ်မက်ဆိုးကိုလည်း န ပဿတိ မမြင်မက်ရ။
၁၃။ ဧ၀မာဒိ ဂုဏူပေတံ ဤသို့ အစရှိသော အကျိုးဂုဏ်နှင့် ပြည့်စုံသော
၁၄။ တံပရိတ္တံ ထို မေတ္တသုတ် ပရိတ်တော်ကို
၁၅။ ဟေ အို သူတော်ကောင်းတို့
၁၆။ မယံ ငါတို့သည်
၁၇။ ဘဏာမ ရွတ်ကြကုန်စို့ (မေတ္တသုတ် အမွှန်း)
၁၈။ သန္တံ ငြိမ်သက်သော
၁၉။ ပဒံ နိဗ္ဗာန်ကို
၂၀။ အဘိသမေစ္စ ထွင်းဖောက်သိမြင်၍
၂၁။ ၀ိဟရိတုကာမေန နေခြင်းငှာ အလိုရှိသော
၂၂။ အတ္ထကုသလေန အကျိုးစီးပွား၌ လိမ္မာသောသူသည်
၂၃။ ယံကရဏီယံ အကြင်ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည် ပြုသင့်သောအမှု ပြုရာသောမဂ်ကိစ္စ
၂၄။ အတ္ထိ ရှိ၏
၂၅။ တံ ထို သိက္ခာသုံးရပ် အကျင့်မြတ်ကို
၂၆။ ကရဏီယံ ပြုကျင့်ထိုက်ပေ၏
၂၇။ သက္ကောစ စွမ်းနိုင်သူသည်၎င်း
၂၈။ ဥဇူစ ဖြောင့်မတ်သူသည်၎င်း
၂၉။ သုဟုဇူစ အလွန်ဖြောင့်မတ်သူသည်၎င်း
၃၀။ သုဝစောစ ဆိုဆုံးမလွယ်သူသည်၎င်း
၃၁။ မုဒုစ နူးညံ့ပျော့ပျောင်းသူသည်၎င်း
၃၂။ အနတိမာနီစ မာန်ထောင်လွှားခြင်း မရှိသူသည်၎င်း
၃၃။ အဿ ဖြစ်ရာ၏
၃၄။ သန္တုဿကောစ တင်းတိမ်ရောင့်ရဲ လွယ်သူသည်၎င်း
၃၅။ သုဘာရောစ အမွေးအမြူလွယ်သူသည်၎င်း
၃၆။ အပ္ပကိစ္စောစ နည်းပါးသောကိစ္စရှိသူသည်၎င်း
၃၇။ သလ္လဟုက၀ုတ္တိစ ပေါ့ပါးသောအဖြစ်ရှိသူသည်၎င်း
၃၈။ သန္တိန္ဒြိယောစ ငြိမ်သက်သော ဣနြေ္ဒိရှိသူသည်၎င်း
၃၉။ နိပကောစ ရင့်ကျက်သောပညာရှိသူသည်၎င်း
၄၀။ အပ္ပဂဗ္ဘောစ ကြမ်းတမ်းရိုင်းပျခြင်းမရှိသူသည်၎င်း
၄၁။ ကုလေသု အိမ်သားအိမ်သူ လူတို့၌
၄၂။ အနနုဂိဒ္ဓေါစ တွယ်တာမက်မောခြင်း မရှိသူသည်၎င်း
၄၃။ အဿ ဖြစ်ရာ၏
၄၄။ ယေန အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်
၄၅။ ၀ိညူ ပညာရှိဖြစ်ကုန်သော
၄၆။ ပရေ သူတစ်ပါးတို့သည်
၄၇။ ဥပ၀ဒေယျုံ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏
၄၈။ ဒုဒ္ဒံ ယုတ်ညံ့သော
၄၉။ တံ ထိုဒုစရိုက်မျိုးကို
၅၀။ ကိဥ္စိ အနည်းငယ်ကလေးမျှကိုပင်
၅၁။ နအာစရေ မပြုမကျင့်ရာ
၅၂။ သဗ္ဗေသတ္တာ သတ္တ၀ါမှန်သမျှတို့သည်
၅၃။ သုခိနောဝါ ကိုယ်၏ ချမ်းသာခြင်း ရှိကုန်သည်၎င်း
၅၄။ ခေမိနောဝါ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်၎င်း
၅၅။ ဟောန္တု ဖြစ်ကြပါစေကုန်သတည်း
၅၆။ အန၀သေသာ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော
၅၇။ ယေတသာဝါ အကြင်ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခတို့သည်၎င်း
၅၈။ ယေထာဝရာဝါ အကြင် မထိတ်လန့်တည်တံ့ ခိုင်မြဲသော ရဟန္တာတို့သည်၎င်း
၅၉။ ယေဒီဃာဝါ အကြင်ခန္ဓာကိုယ် ရှည်လျား သတ္တ၀ါများတို့သည်၎င်း
၆၀။ ယေမဟန္တာဝါ အကြင်ခန္ဓာကိုယ်ကြီးမား သတ္တ၀ါများတို့သည်၎င်း
၆၁။ ယေမဇ္ဈိမာဝါ အကြင် မတို မရှည် မကြီး မငယ် အရွယ်အလတ်စား သတ္တ၀ါများတို့သည်၎င်း
၆၂။ ယေရဿကာဝါ အကြင် ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါများတို့သည်၎င်း
၆၃။ ယေအဏုကာဝါ အကြင်သေးငယ်မှုံမွှား သတ္တ၀ါများတို့သည်၎င်း
၆၄။ ယေထူလာဝါ အကြင် ၀ိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်၎င်း
၆၅။ ယေဒိဋ္ဌာဝါ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်၎င်း
၆၆။ ယေအဒိဋ္ဌာဝါ အကြင် မမြင်ဘူးသော သတ္တ၀ါတို့သည်၎င်း
၆၇။ ယေဒူရေ၀သန္တိ အကြင်အဝေးရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း
၆၈။ ယေအ၀ိဒူရေ၀သန္တိ အကြင်အနီးအရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း
၆၉။ ယေဘူတာဝါ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသား ဖြစ်ကြသော ရဟန္တာတို့သည်၎င်း
၇၀။ ယေသမ္ဘဝေသီဝါ နောင်ဖြစ်ရမည့် ဘ၀ကိုရှာ အကြင်ပုထုဇဉ်သေက္ခ သတ္တ၀ါတို့သည်၎င်း
၇၁။ ယေကေစိ အလုံးစုံကုန်သော
၇၂။ ပါဏဘူတာ သတ္တ၀ါတို့သည်
၇၃။ အတ္ထိ ရှိကုန်၏
၇၄။ က္ကုမေပိသဗ္ဗသတ္တာ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်၎င်း
၇၅။ သုခိသတ္တာ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်
၇၆။ ဘ၀န္တု ဖြစ်ကြပါစေကုန်သတည်း
၇၇။ ပရော တစ်ပါးသူတစ်ယောက်သည်
၇၈။ ပရံ သူတစ်ပါးဟူ အခြားသူ တစ်ယောက်ကို
၇၉။ နနိကုဗ္ဗေထ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်
၈၀။ ကတ္ထစိ တစ်စုံတစ်ခုသော အရပ်၌
၈၁။ ကိဉ္စိ တစ်စုံတစ်ယောက်သော
၈၂။ နံ ထိုသူတစ်ပါးကို
၈၃။ နာတိမညေထ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်
၈၄။ ဗျာရောသနာယ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့်၎င်း
၈၅။ ပဋိဃသညာယ ဒေါသစိတ်ဖြင့်၎င်း
၈၆။ အညမညဿ အချင်းချင်း၏
၈၇။ ဒုက္ခံ ဆင်းရဲခြင်းကို
၈၈။ နက္ကုစ္ဆေယ အလိုမရှိပါစေလင့်
၈၉။ မာတာ မွေးသမိခင် ကျေးဇူးရှင်သည်
၉၀။ နိယံပုတ္တံ မိမိရင်နှစ် သားရင်းဖြစ်သော
၉၁။ ဧကပုတ္တ တစ်ဦးတည်းသော သားကို
၉၂။ အာယုသာ မိမိအသက်ဖြင့်သော်ပင်
၉၃။ အနုရက္ခေယထာ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်ဘိသကဲ့သို့
၉၄။ ဧ၀မ္ပိ ဤအတူလည်း
၉၅။ သဗ္ဗဘူတေသု အလုံးစုံသော သတ္တ၀ါတို့၌
၉၆။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော
၉၇။ မာနသံ မေတ္တာစိတ်ကို
၉၈။ ဘာဝယေ အကြိမ်ကြိမ်အခါခါ ပွားများရာ၏
၉၉။ ဥဒ္ဓံ အထက်လောက အရူပဘ၀၌၎င်း
၁၀၀။ အဓော အောက်ပြည်လောက ကာမဘ၀၌၎င်း
၁၀၁။ တိရိယံ အလယ်လောက ရူပဘ၀၌၎င်း
၁၀၂။ သဗ္ဗလောကသ္မိံ အလုံးစုံသောလောက၌
၁၀၃။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော
၁၀၄။ မေတ္တံ မေတ္တာနှင့်ယှဉ်သော
၁၀၅။ မာနသံ စိတ်ကို
၁၀၆။ အသမ္ဗာဓံ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို
၁၀၇။ အဝေရံ ဒေါသဟူဘိ အတွင်းရန်လည်း မရှိသည်ကို
၁၀၈။ အသပတ္တံ နှိပ်စက်ရန်မူ အပရန်လည်း မရှိသည်ကို
၁၀၉။ ကတွာ ပြု၍
၁၁၀။ ဘာဝယေ ပွားများရာ၏
၁၁၁။ တိဋ္ဌံဝါ ရပ်လျှက်သော်၎င်း
၁၁၂။ စရံဝါ သွားလျှက်သော်၎င်း
၁၁၃။ နိသိန္နောဝါ ထိုင်လျှက်သော်၎င်း
၁၁၄။ သယာနောဝါ အိပ်လျှက်သော်၎င်း
၁၁၅။ ယာဝတာ အကြင်မျှလောက်
၁၁၆။ ၀ိတမိဒ္ဓေါ အိပ်ချင်ငိုက်မျည်းခြင်းမရှိသည်ကို
၁၁၇။ အဿ ဖြစ်ရာ၏
၁၁၈။ အထ ငိုက်မျည်းခြင်းကင်း ထိုအချိန်အတွင်း၌
၁၁၉။ ဧတံသတိံ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို
၁၂၀။ အဓိဋ္ဌေယျ စွဲမြဲမကွာ ဆောက်တည်ရာ၏
၁၂၁။ က္ကုဓ ဤဘုရားသာသနာတော်၌
၁၂၂။ ဧတံ ထိုမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို
၁၂၃။ ဗြဟ္မံ ထူးမြတ်သော
၁၂၄။ ၀ိဟာရံ နေခြင်းမျိုးဟူ၍
၁၂၅။ အာဟု မြတ်စွာဘုရားတို့ ဟောကြားတော်မူကုန်ပြီ
၁၂၆။ သော ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည်
၁၂၇။ ဒိဋ္ဌဉ္စ အတ္တဒိဋ္ဌိသို့လည်း
၁၂၈။ အနုပဂ္ဂမ္မ မစွဲယူ မကပ်ရောက်မူ၍
၁၂၉။ သီလ၀ါ လောကုတ္တရာသီလရှိသူတည်း
၁၃၀။ ဒဿနေန သောတာပတ္တိမဂ်ဥာဏ်ဖြင့်
၁၃၁။ သမ္ပန္နော ပြည့်စုံသူသည် (သမနော ဖြစ်လျှက်)
၁၃၂။ ကာမေသု ၀တ္ထုအာရုံ ကာမဂုဏ်တို့၌
၁၃၃။ ဂေဓံ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို
၁၃၄။ ၀ိနေယျ တစ်စမကြွင်း အရှင်းပယ်ရှားပြီးသော်
၁၃၅။ ဇာတု စင်စစ်ဧကန် အမှန်ပင်
၁၃၆။ ပုန နောက်ထပ်တစ်ဖန်
၁၃၇။ ဂမ္ဘသေယျံ ပဋိသန္ဓေ တည်နေခြင်းသို့
၁၃၈။ နဧတိ မရောက်ရတော့ပေ။
မေတ္တာသုတ်ပြီး၏ ။