Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Wednesday, February 3, 2010

စိတ်ဓါတ်ရင့်ကျက်ခိုင်မာဖို့ အခက်အခဲများကို ကျော်လွှားစို့......


.....လူသားတိုင်းရဲ့ ဘ၀တွေမှာ အခက်အခဲ အကျပ်အတည်းဆိုတာ
မကြုံဖူးကြတဲ့သူ မရှိသလောက်ဘဲထင်ပါတယ်.အမိဝမ်းကေ
န ပြင်ပလောကကြီးကို
ရောက်ဖို့ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ကြိုးစားခဲ့ရတယ်.
.....ပညာသင်တဲ့အရွယ် ကျောင်းသားဘ၀မှာလည်း အဆင့်(၁)ရဖို့. အမှတ်အများဆုံးရဖို့.
လိုင်းကောင်းကောင်းရဖို့အရေး ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ အခက်အခဲမျိုးစုံကို
ကျော်ဖြတ်ပြီး ပန်းတိုင်အရောက် လှမ်းခဲ့ရပါတယ်.
.....လုပ်ငန်းခွင်ထဲရောက်တော့လည်း ပေးအပ်တဲ့တာဝန်ကို အကောင်းဆုံးဖြစ်အောင်
တာဝန်ကျေပြွန်အောင် အခက်အခဲ ဘယ်လောက်ရှိရှိ. အကျပ်အတည်း ဘယ်လိုကြုံကြုံ.
လုပ်ငန်း အဆင်ပြေပြီးမြောက်ရေးအတွက် စီမံခန့်ခွဲကြရပြန်တယ်.
.....အိမ်မှာပင်စင်ယူပြီး တရားဓမ္မနဲ့ အရိုးထုတ်တော့မယ်ဆိုတဲ့အရွယ်ကျပြန်တော့လည်း
သားရေး.သမီးရေး.မြေးအရေး.တရားထူးရအောင် ကျင့်ကြံအားထုတ်ဖို့အရေး အခက်အခဲ
အကျပ်အတည်းကနေ လွတ်မြောက်တယ်မရှိပါဘူးနော်.
.....ပဋိသန္ဓေနေသည်မှသည် သေသည့်အချိန်ထိ လူ့ဘ၀မှာ ရှင်သန်နေထိုင်သမျှ ကာလပတ်လုံး
စားဝတ်နေရေး.ပညာရေး.လူမှုရေး.ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲမျိုးစုံကို ကြုံတွေ့ကြရတာ
ဓမ္မတာပါဘဲနော်.
.....ဒီလိုအခက်အခဲတွေကြုံတဲ့အခါမှာ ခံနိုင်ရည်ရှိဖို့ မိမိမှာ စိတ်ဓါတ်စွမ်းအင်တွေ.ခွန်အားတွေ ရှိနေဖို့ လိုအပ်ပါတယ်.
ဒါမှသာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာပါ.အားကောင်းတဲ့ စိတ်စွမ်းအင်တွေရရှိဖို့အတွက် ငယ်စဉ်ကျောင်းသားဘ၀ကတည်းက
မိမိရဲ့စိတ်ကို ပြုစုပျိုးထောင်လာရပါမယ်. စိတ်စွမ်းအားဖြည့်စာပေတွေ. စိတ်ကိုနူးညံ့သိမ်မွေ့စေပြီး ကိုယ်ကျင့်တရားကို
ခိုင်မာစေတဲ့ ဘာသာရေးစာပေတွေ. ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများရဲ့ အတ္ထုပတ္တိတွေကို လေ့လာမှတ်သားခြင်းဖြင့်
မိမိရဲ့စိတ်ကို ရင်ကျက်တည်ငြိမ်စေအောင်ပြုလုပ်ရမှာဖြစ်ပါတယ်.



.....ဒီလိုအခက်အခဲ အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ဆရာမကြီးဒေါ်ပတ္တမြားခင်ရဲ့ ´အတိတ်လမ်းကို ပြန်လျှောက်ခြင်း´
ဆိုတဲ့ကိုယ်တိုင်ရေးအခန်းဆက်ဝတ္ထုထဲက မိခင်မေတ္တာနဲ့ အခက်အခဲ.အကျပ်အတည်းလေးတွေကြုံတဲ့အခါ ထားရှိရမယ့်
စိတ်သဘောထားလေးကို နှစ်သက်လို့ ကမ္ဘာသစ်မှာ သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်.


.....ဆရာမကြီးရဲ့ မိခင်မေတ္တာနဲ့ ကြုံရတဲ့ အကျပ်အတည်းတွေအပေါ် အမြင်လေးပါ......

.....ဘ၀မှာ မိသားစုအတူနေကြရတဲ့အချိန်က တန်ဖိုးအရှိဆုံးပါဘဲ.ငယ်ရွယ်စဉ်မှာသာ ကိုယ့်မျက်စိအောက်မှာ
ထားနိုင်တာနော်.အရွယ်ရောက်လာရင် သူ့ဘ၀သူလျှောက်ကြရတော့မှာလေ.သူတို့ဘ၀ရဲ့ အောင်မြင်ရေး.
တိုးတက်ရေး.ကြီးပွားရေးအတွက်ဖြစ်လို့ ဘယ်လောက်ဘဲချစ်ချစ်.မတားသာဘဲ စွန့်လွတ်နိုင်ဖို့ကြိုးစားရတာ
မိခင်ဘ၀မှာ အခက်ခဲဆုံးအရာဘဲဖြစ်မယ်ထင်ပါရဲ့.



.....`မေတ္တာဆိုတာ ပေတံနဲ့တိုင်းတာလို့မရဘူး´ လို့ပြောကြပေမဲ့ ကိုယ်ချစ်မြတ်နိုးသူအတွက် ဘယ်လောက်
အနစ်နာခံနိုင်သလဲ? အဲဒီအတိုင်းအတာနဲ့တိုင်းတာကြည့်ရင် ထားရှိတဲ့မေတ္တာရဲ့ထုထည်ကို သိနိုင်တာပါဘဲနော်.



.....အခက်အခဲ.အကျပ်အတည်းကြုံတဲ့အခါ စိတ်ဓါတ်မကျဖို့တော့ အရေးကြီးပါတယ်.
အကျပ်အတည်းက တဆစ်ချိုးလမ်းတွေပါ. အပေါ်လည်းရောက်နိုင်တယ်. အောက်လည်းကျနိုင်တယ်.
ရှေ့လည်းတိုးနိုင်တယ်. ကိုယ့်ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်.
.....အကျပ်အတည်းဆိုတာ တကယ့်လောကဓံနဲ့ နပမ်းလုံးရခြင်း. မျက်နှာချင်းရင်ဆိုင်ရခြင်းမို့ ကိုယ့်ရဲ့
အရည်အသွေး အစစ်ဆေးခံရတဲ့ပွဲလို့ ပြောရင်လည်းရပါတယ်.ဒါကိုရအောင်ကျော်လွှားနိုင်ရင် ပိုပြီး
စိတ်ဓါတ်ရင့်ကျက်ခိုင်မာမှုရလာနိုင်တာမို့ သတ္တိရှိရှိနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းမျိုးပါဘဲတဲ့.

.....ခက်ခဲကြုံမူ မညည်းညူနှင့် အဆင်ပြေမှုသာ အမြဲကြုံပါက ဘယ်မှာ ဘ၀အဓိပ္ပါယ်ရှိမည်နည်း.


သူငယ်ချင်းတို့လည်း နှစ်သက်မယ်လို့ထင်ပါတယ်.


.....လောကဓံဒီလှိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပါစေ.....

ဖြောင့်မတ်တည်ကြည်ခြင်းမှသည် အောင်မြင်ကြီးပွားရေးလမ်းကြောင်းပေါ်သို့...



…ဆရာဖေမြင့်ဘာသာပြန်ဆိုထားတဲ့ ဘ၀အောင်မြင်ရေးဆိုင်ရာစာစုများမှ ဖြောင့်မတ်တည်ကြည်သူ (သို့မဟုတ်) သစ္စာ.သမာဓိ.သတ္တိရှိသူတစ်ယောက်ဖြစ်ဖို့ အောင်မြင်ကြီးပွားရေးဖော်မြူလာစာစုလေးကို ကြိုက်နှစ်သက်လို့ ကောက်နုတ်ပြီး မျှဝေပေးလိုက်ပါတယ်.

…ဆရာ့ရဲ့စာတွေကို ဖတ်ရတာဟာ အားအင်သစ်.ခွန်အားသစ်တွေနဲ့ စိတ်ဓါတ် တက်ကြွရွှင်လန်းမှုကိုရရှိစေပါတယ်. နေ့စဉ်ကြုံတွေ့ နေကြတဲ့ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ဖို့အတွက် လူတစ်ဦးတစ်ယောက်မှာ ရှိသင့်တဲ့ .ရှိရမယ့်အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဖြောင့်မတ်တည်ကြည်မှု.သစ္စာ.သမာဓိ.သတ္တိရှိမှုဆိုတာတွေကို ကျွန်မတို့ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာ
ဆရာ့စာထဲကနေလေ့လာကြည့်ကြရအောင်နော်.



…လူတစ်ယောက်အရည်အသွေးမြင့်တယ်ဆိ
ုတာ ဥာဏ်ထက်မြက်တာလား. ၀ီရိယကောင်းတာလား. ပညာရပ်တစ်စုံတစ်ရာ ကျွမ်းကျင်တတ်မြောက် တာလား. ဒါတွေကလည်း အရည်အသွေးကောင်းတွေ ဖြစ်တာမှန်ပါတယ်.ဒါပေမဲ့ ဒီအရည်အသွေးတွေက တစ်စုံတစ်ခုသော အတိုင်းအတာအထိသာ တိုးတက်စေပါမည်. ထိပ်ဆုံးအဆင့်အထိ တက်မည့်ပုဂ္ဂိုလ်မျိုး. အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရန် တာဝန်ကိုယုံကြည်အပ်နှင်းခြင်း ခံရမည့် ပုဂ္ဂိုလ်မျိုးဖြစ်ရန်အတွက်မူ ထူးခြားသောအရည်အသွေး. Integrity ရှိရပေမည်။ Integrity ဟူသည် အလျော့အပျက်မရှိ. အလုံးစုံတည်ရှိမှု (Wholeness)ဟူ၍ ဆိုရပါမည်.



*** မိမိဘာသာပြည့်စုံညီညွတ်သောသူ. တစ်ယောက်တည်းကွဲပြားပိုင်းခြား မနေသူ.


...ဖြောင့်မတ်တည်ကြည်သူ.စိတ်ဓါတ်ကြံခိုင်ပြည့်ဝသူ.အဂတိလေးပါး မလိုက်စားသူ.သစ္စာ.သမာဓိ.သတ္တိရှိသူကို Integrity ရှိသောသူဟူ၍ မှတ်ယူ နိုင်ပါသည်. ထိုသူမျိုးသည် တစ်ခုကိုတွေးပြီး တစ်ခုကိုမပြော.မုသားစကားကို သူမဆို. တစ်ခုကို ယုံကြည်ထားပြီးနောက်တစ်ခုကို သူမလုပ်. သူသည်မိမိမူဝါဒ များနှင့် ဆန့်ကျင်ကွဲလွှဲနေတတ်သူမျိုးမဟုတ်. ယင်းသို့ အတွင်းပဋိပက္ခများ ကင်းစင်နေခြင်းကြောင့်ပင် သူ၏မူလစွမ်းအားတွေသည် ပို၍ရှင်းလင်းကြည်လင်လာသည်.
ထိုအခါသူလုပ်ကိုင်ဆောင်ရွက်သမျှသည်လည်း ထမြောက် အောင်မြင်လာရသည်.

(၁) မိမိဂုဏ်သိက္ခာကို အမြင့်မားဆုံးအဆင့်၌ ထိန်းထားခြင်း…

…နာမည်ကျော် အမေရိကန် စာရေးဆရာကြီးမတ်တွိန်းသည် စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ရာမှ ရှိသမျှဥစ္စာဆုံးရှုံးပြီး ကြွေးတစ်ပုံဖြင့် ကျန်ရစ်လေသည်. အလုပ် ကြိုးစားလုပ်၍ ကြွေးဆပ်သော်လည်း သုံးနှစ်ကြာသည့်အထိ ကြွေးမကြေနိုင်. သူသည် တိုင်းပြည်က လေးစားကြည်ညိုသော. စာဖတ်သူတို့ ချစ်ခင် နှစ်သက်သော စာရေးဆရာဖြစ်၍ သတင်းစာတစ်စောင်က ဦးဆောင်ပြီး ရန်ပုံငွေ အများအပြားကောက်ခံပေးခဲ့သည်. ၄င်းရန်ပုံငွေကို လက်ခံပါက ကြွေးဝန်ထုတ်ကြီး ပေါ့သွားမည်. သို့သော်မတ်တွိန်းသည် စေတနာရှင်တို့၏ ကူညီငွေအားလုံးကို ငြင်းပယ်ပြီး (၇)လမျှအကြာတွင် သူ၏စာအုပ်သစ်တစ်အုပ် အရောင်းစွံသွားသဖြင့် ကြွေးမြီအားလုံးကို ပေးဆပ်နိုင်ခဲ့ပေသည်. မတ်တွိန်း ကား သူတစ်ပါးဝိုင်းဝန်းကယ်တင်ခြင်းခံရသူအဖြစ်သို့ အရောက်မခံဘဲ မိမိ၏ ဂုဏ်သိက္ခာကို အမြင့်မားဆုံးအဆင့်၌ ထိန်းထားနိုင်ခဲ့သည်.


(၂) မိမိ၏ အရည်အသွေးအဆင့်အတန်းကို အမြင့်ဆုံးအဆင့်၌ ထိန်းထားနိုင်ခြင်း…

…ဖြောင့်မတ်တည်ကြည်သူတို့သည် ရိုးဂုဏ်ကို တန်ဖိုးထားသည်. သို့သော် ရိုးသားရုံသက်သက်ဖြင့်ပြီးသည်ဟုမယူဆ. မိမိကိုယ်ကို လေးစားဖို့. တန်ဖိုးထားဖို့. မိမိ၏အရည်အသွေးအဆင့်အတန်းကို အမြင့်ဆုံးအဆင့်မှာ ထိန်းထားနိုင်ဖို့. အထူးအာရုံစိုက်သည်. ရိုးသားမှုနှင့်တွဲကာ ဂုဏ်သိက္ခာကိုပါ တန်ဖိုးထားကြခြင်းဖြစ်သည်.အမေရိကန်ဗိသုကာသိပ္ပံ၌ ဗိသုကာဆရာကြီး ဖရန့်လွိုက်ရိုက်က တည်ကြည်ခိုင်ခန့်တဲ့. ကိုယ်ပိုင်အရည်အသွေး တစ်သမတ်တည်း ပေးနိုင်တဲ့သူဟာ ဂုဏ်သိက္ခာရှိတဲ့လူဘဲလို့ ပြောကြားခဲ့တယ်.



(၃) အမှန်အမှားခွဲခြားတတ်သည့်ဥာဏ်နှင့် အမှန်ဖက်မှရပ်သည့် အသိ စိတ်ဓါတ်ရှိခြင်း...

…ခရစ်ယန်သာသနာသမိုင်း၌ အထင်ရှားဆုံးပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ မာတင်လူသာသည် သေဒဏ်စီရင်ခံရမည့်အချိန်အထိ သူ့ရန်သူများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လျက် သူကိုင်စွဲဖြန့်ချီခဲ့သည့် သူယုံကြည်သော ဘာသာရေးအယူအဆ များကို လုံးဝရုပ်သိမ်းနိုင်မည်မဟုတ်ကြောင်း ပြတ်သားစွာဆိုခဲ့သည်.
…အမှန်တရားကို သိနေတဲ့ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ဆန့်ကျင်တဲ့အလုပ် တစ်ခုဟာ ကျက်သရေမရှိဘူး. လုံခြုံမှုလည်းမရှိနိုင်ပါဘူး. ကျွန်တော့် ရပ်တည်ချက်ဟာ ဒီအတိုင်းပါဘဲ. ဒီအပြင်ဘာမှ ကျွန်တောမပြောင်းလဲနိုင်ပါဘူး. ဘုရားသခင် ကျွန်တော်မျိုးအား စောင့်ရှောက်တော်မူပါဟူ၍…

(၄) ယုံကြည်ချက်နောက်မှာ သတ္တိပါခြင်း…

…မိမိယုံကြည်သည့်အရာကို အခိုင်အမာဆုတ်ကိုင်နိုင်ရန် သတ္တိလိုကြောင်း မာတင်လူသာ ဥပမာဖြင့် သိနိုင်ပါသည်. သတ္တိဟူသည် မာတင်လူသာလောက် ကြီးကျယ်သည့် ပုဂ္ဂိုလ်ကြီးမျိုးမှာသာ ရှိနိုင်သည်မဟုတ်. တကယ်ဖြောင့်မတ် တည်ကြည်သူမှန်လျှင် လိုအပ်သည့်နေရာ၌ တစ်ယောက်တည်းရပ်ဝံ့စမြဲ. အမှားမြင်လျှင် ထောက်ပြ၀ံ့စမြဲပင်ဖြစ်သည်။

(၅) ဘယ်သူမှအတင်း ခိုင်းစေမှုမပြုနိုင်သောအရာကို နာခံရွက်ဆောင်ခြင်း…

…ဖြောင့်မတ်တည်ကြည်သောသူသည် မည်သည့်ပုဂ္ဂိုလ်မှ အတင်းတိုက်တွန်း စေခိုင်း၍ မရနိုင်သည့်အရာတွေကို မိမိသတ်မှတ်ချက်ဖြင့်. မိမိအသိ စိတ်ဓါတ်ဖြင့် မိမိဘာသာလိုက်နာသွားစမြဲဖြစ်သည်. ဥပမာပြရလျှင်
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ဗိုလ်မှူးကြီးတစ်ယောက် သေဘေးမှ လွတ်မြောက်နိုင်သည့် အခွင့်အရေးရှိပါလျက် ၄င်း၏ဆာဂျင်နှင့်အတူ အသေခံ၍ တိုက်ပွဲဝင်ခဲ့သည့် ရဲဘောရဲဘက်စိတ်. သေအတူရှင်မကွာ စိတ်ဓါတ်မျိုးပင်တည်း.

(၆) ရဲဝံ့ခြင်း…

…ဖြောင့်မတ်တည်ကြည်မှုနှင့် ဒွန်တွဲကာ ရဲဝံ့ပြတ်သားမှုလည်း ရှိလာစမြဲပင်. အခွင့်အလမ်းရှိသည့်အရာအတွက် စွန့်စားအားထုတ်ရဲလာသည်. မိမိ အရည်အသွေးကို အားစမ်းစိန်ခေါ်လာသည့်အရာများအား ရင်ဆိုင်ကြုံတွေ့ ရဲလာသည်. မိမိအတွက် တိုးတက်မှုရှိစေမည် အတွေ့အကြုံသစ်ကို ရွှေးချယ် ရဲလာသည်.ကိုယ့်အားကိုယ်ကိုးစိတ်. ကိုယ်စွမ်းကိုယ်စကို ယုံကြည်စိတ်များ အမြဲပြည့်ဝနေပေသည်.

(၇) စွဲမြဲခိုင်မာခြင်း…

…မယိမ်းမယိုင်သော စိတ်ထားနှင့် ရဲဝံ့ပြတ်သားသောစိတ်များကြောင့်ပင် မိမိ ရွှေးချယ်ပြီးသည့်အရာကို မဆုတ်မနစ် လုပ်တတ်လာခြင်းဖြစ်သည်. ဦးတည် ရည်မှန်းချက်တစ်ခုချထားပြီး ယင်းရည်မှန်းချက်ထမြောက်အောင်မြင်ရေး အတွက် တစ်ချောင်းတည်းသောစိတ်ဖြင့် ကျားကုတ်ကျားခဲ လုပ်ကိုင်မည်.
…ဘယ်တော့မှ လက်မမြောက်နောက်မဆုတ်နဲ့တဲ့. ၀င်စတန်ချာချီက ဆိုခဲ့သည်. *ဘယ်တော့.ဘယ်တော့.ဘယ်တော့မှ နောက်မဆုတ်နဲ့*. ဧရာမ ကြီးကျယ်တဲ့ကိစ္စဖြစ်စေ.သေးသေးမွှားမွှားအလုပ်ဖြစ်စေ. ဂုဏ်သိက္ခာရှိ. ကျိုးကြောင်းဆင်ခြင်မှုလည်းရှိတဲ့ ကိုယ့်ယုံကြည်ချက်အတွက်ကလွှဲလို့ ဘယ်အရာအတွက်မှ အလျော့မပေးနဲ့. သူကိုယ်တိုင်လည်း သူ့စကားအတိုင်း *လက်မမြောက်နောက်မဆုတ်တတ်သူတစ်ဦးဖြစ်ခဲ့သည်*.



(၈) တည်ငြိမ်အေးဆေးခြင်း…

…ဖြောင့်မတ်တည်ကြည်သောပုဂ္ဂိုလ်များသည် ကြည်လင်အေးချမ်း၍ တုန်လှုပ် ခြင်းကင်းမဲ့တတ်ကြသည်. သူတို့သည် သမာဓိအားကောင်းသူများဖြစ်ရာ အလုပ်အကိုင် အကြံအစည်၌ အနှောက်အယှက် အဟန့်အတားသာမက မတရား ရင်ဆိုင်ကြုံတွေ့ရလျှင်ပင် ဣနြေ္ဒမပျက် ရှိတတ်ကြသည်.

…ဖြောင့်မတ်တည်ကြည်မှု.သစ္စာ.သမာဓိ.သတ္တိရှိမှုတို့ကို နေ့ချင်း.ညချင်း လွယ်လင့်တစ်ကူတော့ရမလာနိုင်ပါ. တဖြည်းဖြည်းလေ့ကျင့်ပျိုးထောင် ယူရပါမည်.

…အသေးအမွှားဟုထင်ရသည့်ကိစ္စများများမှ စတင်ကာ ဖြောင့်မတ်တည်ကြည်မှုကို တကယ်အလေးအနက် လေ့ကျင့်ပျိုးထောင်ပါက ယင်း၏စွမ်းအားအရှိန်အ၀ါတွေကို သင်တွေ့ထိမိပြီး ထိုစွမ်းအားကပင် သင့်အား တည်ကြည်မှု လမ်းကြောင်းပေါ်သို့ ဆွဲဆောင်ခေါ်ငင်သွားလိမ့်မည်. လောက၌ တန်ဖိုးထားအပ်.ရယူပိုင်ဆိုင်အပ်သော အရာတိုင်းလိုပင် အကျိုးအပေါက်.အလျော့မပျက် မခံတတ်သည့်သဘောသဘာဝ ရှိကြကြောင်း သင်သိမြင်လာပေမည်.

…အောင်မြင်မှုဆိုသည်ကို ဘယ်သူတွေ ဘာပေတံတွေနဲ့ပဲ တိုင်းတာကြပါစေ. အကယ်၍ သင်သာ ဖြောင့်မတ်တည်ကြည်သူတစ်ဦးဖြစ်အောင် အားထုတ်မည်. သစ္စာ.သမာဓိ.သတ္တိရှိသူတစ်ဦးဖြစ်အောင် တည်ဆောက်နိုင်မည်ဆိုပါက မုချမသွေ အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး သင်ဖြစ်ရပေမည်. ဒါဟာလုံးဝ မလွဲချော်နိုင်သည့် အောင်မြင်ကြီးပွားရေးဖော်မြူလာဘဲဖြစ်ပါသည်.

…အောင်မြင်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ…

အတွေးမှန်ဖြင့် အောင်ပွဲခံပါ....

`သူများတွေဘာတွေးတယ် ဆိုတာ မေ့ထားလိုက်


အရေးကြီးတာက ခင်ဗျားဘာကို တွေးသလဲဆိုတဲ့ အချက်ပဲ


ခင်ဗျား ကိုယ်ကို ခင်ဗျား ယုံကြည်ဖို့ပဲ´


(နီးကိုလပ် ဘက်ဖယ်)



အမြဲတမ်း စိုးရိမ်ပူပန်တတ်သူသည် ဘ၀အားမာန်နှင့် ဘ၀ပျော်ရွှင်မှုကင်းမဲ့တတ်ကြသည်ဟု ကမ္ဘာကျော်စိတ်ပညာရှင်တစ်ဦးက ပြောဖူးသည်။


အဓိကအချက်မှာ `အတွေး´ဖြစ်သည်။ မှန်သောအတွေးကို မတွေးဘဲ မှားသောအတွေးကို တွေးသောကြောင့် ဖြစ်သည်။ အတွေးမှားလျှင် ကိုယ်အား စိတ်အားကို ယုတ်လျော့စေသည်။ မှားသော အလုပ်ကို
လုပ်မိစေသည်။


နေ့စဉ်နေ့သစ် ထွန်းလာတိုင်း ကျွန်ုပ်တို့အတွက် အခွင့်အလမ်းသစ်တွေပေါ်ထွန်းလာသည်။ ကျွန်ုပ်တို့ နှစ်သက်ရာ အလုပ်ကို အစမှလည်း ပြန်စနိုင်သည်။ အတိတ်က ဆုံးရှုံးခဲ့သည့်တိုင်အောင်
ပစ္စုပန်တွင်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်နိုင်သည်။ သို့သော် အောင်မြင်မှု၊
မအောင်မမြင်မှုသည် အရာတစ်ခုပေါ်တွင်သာ တည်၏ ။ ယင်းအရာကား အခြားမဟုတ် `အတွေး´ ဖြစ်၏


ကျွန်ုပ်တို့ကိုယ်ကြိုက်သလိုတွေးနိုင်သည်။ ရွေးနိုင်သည်။ ကျွန်ုပ်တို့သည်စိတ်ဓ်ါတ်နိုင်ငံတော်၏ အကြွင်းမဲ့အာဏာပိုင်အရှင်သခင်များ ဖြစ်သည်။ ဘယ်ပတ်ဝန်းကျင်၊ ဘယ်အခြေအနေကမှ
ကျွန်ုပ်တို့အား မချုပ်ချယ်နိုင်၊ မတားဆီးနိုင်။


တို့ကြောင့် မိတ်ဆွေသည် ကျန်းမာလိုလျှင်၊ စိတ်ချမ်းသာလိုလျှင်၊ ကြီးပွားတိုးတက်လိုလျှင်၊ အောင်မြင်လိုလျှင် အတွေးမှန်ကန်ရမည်။ အတွေးမှန်ဖို့အတွက် ကြောက်ခြင်း၊
စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကို ရာသက်ပန် မောင်းထုတ်ရပစ်ရမည်။
ယင်းတို့သည် မိတ်ဆွေအတွက် ရန်သူအတွေးများ ဖြစ်ကြသည်။
ခွန်အားနှင့်သတ္တိတို့ကိုလုယူကြသည်။ တက်နိုင်လျှင် မိတ်ဆွေတို့အား
လူရာမ၀င်နိုင်သည့်အခြေအနေမျိုးသို့ပင် ပို့ဆောင်ကြလိမ့်မည်။ အဆုံးစွန်ပြောရလျှင်
မိတ်တွေအနေဖြင့် ကိုယ့်အသက်ကို ရန်ပြုသည့် အထိပင် ဖန်တီးကြလိမ့်မည်။



ကပ်ရောဂါများ ဖြစ်ပွားသော အခါ လူတော်တော်များများသည် ဘာရောဂါမျှမဖြစ်ဘဲ သေးဆုံးသွားကြသည်။ အမှန်မှာ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်ကြောင့်သေကြရခြင်းဖြစ်သည်။
အတွေးစိတ်ကော်းလျှင် ကိုခနာကောင်းသည်။ အတွေးစိတ်မကောင်းလျှင် ကိုယ်ခနာလည်းမကောင်း၊


မိမိစိတ်ကျန်းမာရေးအတွက် စိတ်မချမ်းသာဖြစ်နေခြင်း၊ စီးပွားရေး အတွက် စိတ်ဓါတ်ကျနေခြင်းသည် `ဘယ်သူမပြုမိမိမှု´ ပင်ဖြစ်သည်။ မိမိကြဲသော မျိုးစေ့မှထွက်လာသော အသီးအပွင့်ကို
ရရှိခြင်းပင်ဖြစ်၏။


လူ့ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်အတတ်နိုင်ဆုံးလှအောင်ပြုပြင်ပါ။ ပထမအနေနှင့် အတွေးလှပါစေ၊ အလိုဆန္ဒလှပါစေ၊ အလုပ်လှပါစေ၊ ဒုတိယအနေနှင့် ခနာကိုယ်ကို ဂရုစိုက်ပါ။ သပ်ရပ်ပါစေ၊
သန့်ရှင်းပါစေ၊ စနစ်တကျရှိပါစေ၊ သင့်တင့်လျောက်ပတ်တဲ့ ၀တ်စားဆင်ယင်မှု
ဖြစ်ပါစေ။ဒီနည်းနဲ့သာလျှင် လူ့ဘ၀မှာ အပြည်ဝဆုံး တိုးတက်ပြီး အပြည့်ဝဆုံး
အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်လိမ့်မည်။



အလုပ်နှင့်မိသားစုရေးပြသာနာများကြောင့် သောကဖြစ်ခြင်း၊ သူတစ်ပါးအောင်မြင်ကြီးပွားမှုအတွက် မနာလိုခြင်း၊ ၀န်တိုခြင်း၊ ဒေါသဖြစ်ခြင်း၊ မုန်းတီးခြင်း၊ ရန်လိုခြင်း၊ အတိတ်ကအမှားအတွက် စိတ်မချမ်းသာခြင်း၊
စိတ်ဓါတ်ကျခြင်း၊ ကိုယ်ကိုယ့်ကိုလျှော့တွက်ခြင်း၊ သံသယ၀င်ခြင်း၊ အခြားသူများ
အထင်သေးမည်ကို ကြောက်ခြင်း၊ ဆုံးရှုံးမည်ကို စိုးရိမ်ခြင်း၊ ရောဂါဖြစ်မည်ကို
ကြောက်ခြင်း၊ သေမည်ကို ကြောက်ခြင်းတို့ကြောင့် တန်ဖိုးရှိသော
ပုဂ္ဂိုလ်ပေါင်းများစွာ သေဆုံးသွားခဲ့ကြပြီ။



တို့ကြောင့် သောကစိတ်၊ ကြောက်စိတ်တို့ဖြင့် မိမိ၏စွမ်းအားကို ဖျက်ဆီးမပစ်ပါနှင့် ကြီးပွား တိုးတက်ချင်လျှင် အတွေးသန့်ရှင်းရမည်။ အတွေးမှန်ရမည်။ မသန့်ရှင်းသော အတွေး၊ မမှန်သော အတွေးသည်
မိမိ၏ရန်သူဖြစ်သည်။ ရန်သူက မိမိအား မသတ်ခင် မိမိက အလျင်သတ်ပါ။


လူများစွာတို့သည် အတွေးမမှန်သောကြောင့် ဆင်းရဲနေကြသည်။ ရှုံးနိမ့်နေကြသည်။ ကျန်းမာရေးညံ့နေကြသည်။


ဘ၀တိုက်ပွဲသည်းလည်း ထိုအတိုင်းပင်ဖြစ်၏။ အောင်ပွဲခံချင်လျင် အောင်စိတ်မွေးပါ။ အောင်တွေး တွေးပါ။ မိမိတို့သည် အတွေးစိတ်၏လမ်းညွှန်ရာဘက်သို့ သွားနေကြသည်။ အောင်ပွဲသို့သွားလျှင်
အောင်လိမ့်မည်။ ရှုံးပွဲသို့သွားလျှင် ရှုံးလိမ့်မည်။



လူတိုင်းလူတိုင်းသည်း အတွေးမှန်၊ အလုပ်မှန်ကာ ရည်မှန်းချက်အတိုင်း ဘ၀အောင်ပွဲခံကြရန်သာရှိတော့သည်။ ။

သင် သူ့ကို တကယ်ချစ်တယ်ဆိုရင်

သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် …….


၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။

၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။

၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။

၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)

၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။

၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။

၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။

၈။ သူ့အပ်ါကို တန်ဖိုးထားပါ။

၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။

၁၀။ သူ့အတွက် အချိန်ပေးပါ။

၁၁။ သဘောထားကြီးပါ။

၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ
ကို မမေ့မပျောက်အောင် မှတ်သားပါ။

၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။

၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။

၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။

၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။

၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။

အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်။

ကလေးစိတ်

ကလေးစိတ်အကြောင်းကို စရေးဖြစ်တာကတော့ တနေ့က အစ်မတစ်ယောက်နဲ့ Gtalk မှာ စကားပြောနေတုန်း ကျွန်တော်က သူ့ကို ဆရာဝန်တွေမှာ ကလေးစိတ်ရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ သူက အံ့သြပြီး ကလေးစိတ်ဝင်နေရင် သူငယ်ပြန်မှာပေါ့ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က အဲဒါကို ပြောတာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ စိတ်ဓာတ်ကို အသက်ကြီးသွားလည်း လက်မလွှတ်လိုက်ဖို့ လိုတယ်ဆိုတာကို ပြောတာလို့ ပြန်ပြောလိုက်တယ်။ အဲဒီ ကလေးစိတ်နဲ့ ပတ်သက်ပြီး စာရေးချင်တာနဲ့ အခု ဆောင်းပါးကို ရေးလိုက်တာပါ။

ကလေးစိတ်ဆိုတာ ဘာကို ပြောတာလဲ။

ကျွန်တော်တို့ လူရယ်လို့ ဖြစ်လာပြီး အသက် ၂ နှစ် အရွယ်ဝန်းကျင်လောက်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ဘာကိုမှ မသိဘူး။ မသိတဲ့အတွက်လည်း အရာရာကို သိချင်တယ်။ စူးစမ်းချင်တယ်။ လေ့လာချင်တယ်။ တစ်ခုခုအသစ်ကို မြင်ရင် လက်နဲ့ ကိုင်ကြည့်လိုက်ရမှ။ စားစရာဆိုလည်း စားကြည့်လိုက်ရမှ။ သိပြီဆိုရင် ရရှိလာတဲ့ အသိကို မှတ်ဥာဏ်အဖြစ် သိမ်းထားလိုက်တယ်။ လူကြီးတွေကပြောတယ်။ အဲဒီအရွယ်က ထိန်းရတာ အခက်ဆုံးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သိချင်တာ မသိရရင် လိုချင်တာ မရရင် လုပ်ချင်တာ မလုပ်ရရင် ဂျီကျနေတာ မပြီးတော့ဘူးတဲ့။ ပိုက်ဆံရှိတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးဆိုရင်တော့ လိုချင်တာ ရတာပေါ့။ ဆင်းရဲတဲ့ မိသားစုဆီမှာ မွေးဖွားလာသူကတော့ လူကြီးတွေက ရိုက်တန်ရိုက် ခြောက်တန်ခြောက်နဲ့ အငိုတိတ်အောင် လုပ်တာပေါ့။

အဲဒီလိုနဲ့ အသက်တွေလည်း ကြီးလာကော ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခံယူချက်တွေ ရပ်တည်ချက်တွေ ဟာ လူတိုင်းလူတိုင်းဆီမှာ အမြစ်တွယ်လာပါတော့တယ်။ ကောင်းတာဆိုးတာ တော်တာညံ့တာ ခဏထား၊ ကိုယ်သိတာကိုပဲ အမှန်လို့ အများက ယူဆတတ်ကြတယ်။ ကလေးတုန်းကလောက် မေးခွန်းတွေ မမေးတော့ဘူး။ မသိချင်တော့ဘူး။ မစူးစမ်းတော့ဘူး။ လိုအပ်တာ အကုန်သိပြီလို့ ထင်တယ်လေ။ ဘွဲ့လေးတစ်ခုလောက်ရပြီ။ အလုပ်လုပ်လို့ရပြီ။ အိမ်ထောင်ပြုလို့ရလောက်ပြီ ဆိုရင် အများစုက ကျေနပ်သွားကြပြီ။ လောကကြီးကို မေးခွန်းတွေ ဆက်မထုတ်တော့ဘူး။ လူတန်းစေ့ နေနိုင်ပြီလို့ ယူဆကြလေ့ရှိတယ်။

ကလေးစိတ်ရှိနေရင် ဘာဖြစ်နိုင်လဲ။

မည်သူမဆို ကလေးတစ်ယောက်ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်ကို ပစ်ပယ်လိုက်မယ်ဆိုရင် အသိဥာဏ်ပညာတွေ ဆက်လက်တိုးတက်ဖို့ ဆိုတာ သိပ်မဖြစ်နိုင်တော့ပါဘူး။ အတွေ့အကြုံတွေ ရလာရင်လည်း အချိန်တွေအကြာကြီး နေမှ လူပန်းစိတ်ပန်းဖြစ်ပြီးမှ ရမယ်။ အဲဒါတောင် အကုန်လုံး အသုံးချတယ်အုံးမှာ မဟုတ်ဘူး။ ကိုယ်သိလာတဲ့ အသိတွေ ကိုယ်သင်လာတဲ့ပညာတွေကို ဒီအတိုင်း ဘာမှ မစဉ်းစား ဘဲ လက်မခံသင့်ပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်တယ်ဆိုတာက ကိုယ်သိလာတဲ့ အသိပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ဥပမာ။ ။ မနက်ဖြန် အရှေ့ကနေ နေထွက်မယ်ဆိုတာ လူတိုင်း လက်ခံထားတဲ့ ခန့်မှန်းချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပဲ နေက အရှေ့ကနေထွက်လာတာ ကမ္ဘာတည်ကတည်းက ဆိုတော့ လူတိုင်းလူတိုင်း မစဉ်းစားဘဲ လက်ခံလိုက်ကြတယ်။ ဘာဖြစ်လို့ နေကအရှေ့က ထွက်တာလဲ ဆိုတာ၊ အနောက်ကကော နေထွက်နိုင်လားဆိုတဲ့ မေးခွန်းတွေကို သိပ္ပံပညာရှင်တွေက မေးခွန်းထုတ်ခဲ့ပြီး အဖြေကို ရအောင် ရှာခဲ့လို့သာ သိပ္ပံပညာဟာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင်တစ်ယောက် ထူးချွန်ဖို့ ဆိုတာ တစ်ရာမှာ တစ်ယောက် မလွယ်ပါဘူး။ အိုင်းစတိုင်းတို့ ဂယ်လီလီယို တို့လို ကလေးတစ်ယောက်ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်နဲ့ မေးခွန်းထုတ်ခဲ့ကြတဲ့ ရူပဗေဒ ပညာ၇ှင်တွေ သာ မရှိခဲ့ရင် ကမ္ဘာကြီးဟာ ကျောက်ခေတ်ကနေ တက်အုံးမှာ မဟုတ်သေးပါဘူး။ ဘာသာရေးဆိုရင်လည်း အာဏာ ပါဝါရှိသူတွေရဲ့ လှိမ့်လုံး ညာလုံးတွေရဲ့ အောက်မှာ လူတွေ မျောနေကြအုံးမှာပါ။ ကမ္ဘာကြီးဟာ စကြာဝဋ္ဌာ ရဲ့ အလယ်မှာ ရှိနေအုံးမှာ ဖြစ်သလို တစ်ခြားဂြိုလ်တွေကလည်း ကမ္ဘာကို ပတ်နေတယ်လို့ ယုံကြည်နေကြအုံးမှာပါ။

လူကြီး ဖြစ်သွားရင် ဘာတွေ ပြောင်းသွားတတ်လဲ။

တကယ်တော့ ကျွန်တော်တို့ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်တွေကို တုံးသွားအောင် လုပ်တာက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ အများကြီး ဆိုင်ပါတယ်။ မြန်မာ့ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်လာရင် လူကြီးတွေက အမေးအမြန်းမခံပါဘူး။ ဒါက အများစုကို ပြောတာပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာကို ပြောရရင် ကလေးမီးဖွားပြီး မိခင်တွေကို နနွင်းတွေ သုတ်လိမ်းပြီး ခြင်ထောင်ထဲမှာ အလင်းရောင်နဲ့ လေကောင်းလေသန့်ပေးမတွေ့ဘဲ ထားတာတွေ အနာကျက်အောင် အိုးပူကပ်တာတွေ ကလေးမွေးလို့မရရင် ဗိုက်ပေါ်ကနေ တွန်းချတာတွေဟာ အခုထက်ထိ မြန်မာနိုင်ငံမှာ ရှိနေပါသေးတယ်။ လူကြီးတွေက ပြောတာပဲ ဆိုပြီး လက်ခံထားကြတယ် ထင်ပါတယ်။ အဲဒီလိုနဲ့ ခေတ်အဆက်ဆက် ကြာလာတော့ ဓလေ့လို့ ဖြစ်လာပုံရတယ်။ နောက်ပိုင်း ခောတ်မှီသူတွေကတော့ အဲဒါတွေကို လက်မခံတော့ဘူး။ နယ်မှာတော့ အခုထက်ထိ ၇ှိပါသေးတယ်။

မြန်မာ့လူ့ဘောင်မှာဆိုရင် အမေးအမြန်းထူတာကို မကြိုက်ကြဘူး။ ကလေးတွေက မေးရင်လည်း လူကြီးတွေက သူတို့မသိတာဆိုရင် အရှက်ကွဲမှာ ကြောက်တာနဲ့ ကလေးကို မေးရကောင်းလားဆိုပြီး ဆူလိုက်မဲလိုက် လုပ်တတ်ကြတယ်။ အဲဒီအခါမှာ ကလေးရဲ့ စူးစမ်းချင်တဲ့ စိတ်ကလေးက အညွှန့်ကျိုးပြီး မတိုးတက်လာတော့ပါဘူး။

ကျွန်တော်စဉ်းစားမိသလောက်ကတော့ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ လူ့ပတ်ဝန်းကျင်တွေမှာ ပေါက်တတ်ကရ ဓလေ့တွေ အမြစ်တွယ်နေကြပြီး လူတွေကလည်း မေးခွန်းမထုတ်ဘဲ လက်ခံလေ့ရှိကြတယ်။ အဲဒီလူ့ဘောင်ကနေ ပေါက်ဖွားလာတဲ့ လူမျိုးစုတွေဟာလည်း မေးရမှန်းမသိ စူးစမ်းရမှန်းမသိ ဖြစ်နေတတ်တယ်။ ဒီမှာက အသက်ကြီးတွေလုပ်နေရင် ဘာလုပ်လုပ် ရိုသေသမှုကို definition အဖွင့်မှားပြီး လက်ခံနေကြတာကိုး။ မြန်မာလူငယ်တွေ နိုင်ငံရပ်ခြားမှာ ပညာသင်တော့မှ ကိုယ့် ဦးနှောက် ဘယ်လောက် သံချေးတက်နေပြီဆိုတာ သိလာကြတာပါ။ ဒါက အရင်က ဖြစ်ရပ်ပါ။ အခုတော့ Globalization ကို အကြောင်းပြုပြီး မြန်မာတွေလည်း မေးတတ်မြန်းတတ်လာပါပြီ။ ဒါပေမယ့် သူများတွေကို မှီဖို့ဆိုရင် အခုထက် အများကြီး မေးခွန်းထုတ်ရအုံးမှာ ဖြစ်သလို စူးစမ်းတဲ့စိတ်လည်း အခုထက် အများကြီး မွေးဖို့ လိုပါသေးတယ်။

ကလေးစိတ်ကျန်နေအောင် ဘယ်လိုလုပ်ရင်ရလဲ။

အဓိက တ၇ားခံက ကိုယ့်ကို ပျိုးထောင်ပေးတဲ့ လူကြီးတွေနဲ့ ဆိုင်တော့ သူတို့ကို အရင် ပြင်ရမှာပေါ့။ ကလေးတွေ မေးရင် မေးပါစေ။ ကိုယ့်ဆီမှာသာ အဖြေပေးနိုင်အောင် ကြိုးစားထား။ ကိုယ်မသိရင်လည်း မသိတဲ့အကြောင်း ကို ရိုးရိုးသားသားနဲ့ ကလေးကို ပြောပြပါ။ ကလေးဆိုတာ တသက်လုံးညာလို့ရတာမှ မဟုတ်တာ။ သူစဉ်းစားတတ်လာတဲ့အရွယ်ရောက်ရင် ရိုးသားတဲ့ မိဘကိုပဲ လိုချင်မှာပေါ့။ မိမိကို ငယ်ငယ်တုန်းက ပေါက်တတ်ကရတွေ ပြောတဲ့မိဘကို ဘယ်လိုချင်ပါ့မလဲ။ ကလေးတွေက အထင်သေးလည်း မတတ်နိုင်ဘူးလေ။ ကိုယ်မှ တကယ်မသိတာ။

အမေးအမြန်းထူတဲ့ ကလေးတွေကို တွေ့ရင် ချီးကျူး ထောပနာပြုပါ။ သူတို့ရဲ့ စူးစမ်းတဲ့ စိတ်ဓာတ်အပင်လေးတွေကို ပေါင်းသင်ရေလောင်း ပြုလုပ်ပေးပါ။ အဲဒါမှ မေးတယ်မြန်းတယ်ဆိုတာ ကောင်းတယ်လို့ သူတို့ ခံယူသွားမှာပေါ့။

ကိုယ့်ပတ်ဝန်းကျင်က အားမပေးလို့ မစူးစမ်းတတ်ရင်လည်း အားမငယ်ပါနဲ့။ ရေကောင်းမြေကောင်းကို ပြောင်းလိုက်ရင် ကိုယ်လဲ စပ်စု ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကို ပတ်ဝန်းကျင်က လုံလောက်တဲ့ ပန့်ပိုးမှုမရနိုင်ဘူးထင်ရင် ချက်ချင်းထွက်သွားတာ အကောင်းဆုံးပါပဲ။

Sunday, January 31, 2010

သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?

တစ်ယောက်ထဲ ဘတ်စ်ကား ဒါမှမဟုတ် ရထားစီးတဲ့အချိန် သင်အမြဲလုပ်တတ်တဲ့ အပြုအမှုတစ်ခုက

(၁) နားကျပ်နားထောင်တတ်တယ်

သင့်အပြင်ပန်းသဏ္ဍာန်က အေးတိအေးစက်ရှိပေမယ့် သင့်အတွင်းစိတ်က ဖော်ရွေသူဖြစ်တယ်။ တခြားလူကို အရင်စမိတ်ဆက်ဖို့ သင်ဝန်လေးတတ်သူဖြစ်တယ်။ သင့်အကြောင်းမသိသူက သင့်ကို မဖော်ရွေသူ အေးစက်စက်နိုင်လွန်းသူလို့ ထင်မှတ်တတ်တယ်။ ဒါပေမယ့် ရင်းနှီးတဲ့လူရှေ့မှာ သင်ဟာ စကားတွေ အများကြီးဖောင်ဖွဲ့တတ်သူဖြစ်တယ်

(၂) စာအုပ် သို့မဟုတ် စာရွက်စာတန်း ဖတ်နေတတ်တယ်

သင်ဟာ ကုတ်ကမြင်းဖြစ်တယ်။ ရင်းနှီးသူ၊ မရင်းနှီးသူရှေ့မှာ သင်ဟာအိနြေ္ဒတခွဲသားနဲ့ ဟန်ဆောင်တတ်သူဖြစ်တယ်။ ဒါကြောင့် အဖွဲ့အစည်း၊ အပေါင်းဖော်ကြားမှာ သင်ဟာလျှစ်လျှူရှူ ခံရတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှေ့ရောက်ရင် သင့်နဂို စကားများတတ်တဲ့ အကျင့်က ပေါ်လာတတ်တယ်။

(၃) အပြင်ကိုငေးမောနေတတ်တယ်

ကိုယ်နဲ့အကျင့်စရိုက် နည်းနည်းတူတယ်လို့ထင်ရင် ဘယ်သူငယ်ချင်းမျိုးမဆို သင်လက်ခံ စကားပြောနိုင်သူဖြစ်တယ်။ တစ်ဖက်သားနဲ့ သူငယ်ချင်းလုပ်ဖို့ ဝန်မလေးတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူမဟုတ်တဲ့ သူငယ်ချင်းမျိုးကို သင်ဘယ်တော့မှ သင့်ခံစားချက်၊ သင့်ကိုယ်ရေးကိုယ်တာကို ရင်မဖွင့်ပြတတ်ဘူး။ များသောအားဖြင့် တခြားလူရင်ဖွင့်တာကိုပဲ သင်နားထောင်လေ့ရှိတယ်။ သင်နဲ့ ပေါင်းဖက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကတောင် သင့်ရဲ့ တကယ့်စိတ်ကိုသိဖို့ဆိုတာ မလွယ်လှဘူး။

(၄) အိပ်နေတတ်တယ်

သူငယ်ချင်းတွေကြားမှာ သင်ဟာ ပျော်တော်ဆက်ဖြစ်တယ်။ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သင်ဟာ ဒဲ့ဒိုးနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်တယ်။ သိပ်ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒါပေမယ့် ဒီလိုပြုမှုတတ်တဲ့ သင်က လုံးဝပျော်ပျော်ရွှင်ရွှင်နေတတ်သူလို့ မဆိုနိုင်ပါဘူး။ လူတွေကိုနောက်ပြောင်တာနဲ့ ကိုယ်လည်းပျော်ရွှင်မှုတွေရမယ်လို့ သင်ထင်နေလို့ဖြစ်တယ်။

ကျွန်မက အပြင်ကို ငေးမောနေတတ်သူပါ။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အဖြေကို ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဗို့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်....

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

(၁)
ပိုက်ဆံချေးတာမကြိုက်သူ


သင်ဟာ တစ်ဘက်သားကို ၈ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာအရာရာOKဆိုတဲ့ အမျိုးစားထဲကဖြစ်တယ်။ တစ်ဘက်သားကို ထောက်ခံအားပေးတတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ မျက်နှာအပျက်မခံသူဖြစ်တယ်။ အရောင်းအဝယ်မဖြစ်သည့်တိုင် ထောက်ထားညှာတာစိတ် သင့်မှာရှိတယ်။ ပိုက်ဆံပေးမချေးတာနဲ့ အခင်အမင်ပျက်တဲ့ သူငယ်ချင်းမျိုး သင့်ဆီမှာမရှိဘူး။

(၂) ကားချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၂ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာ မျက်နှာပုပ်နဲ့ အေးစက်သူဖြစ်တယ်။ တစ်ဘက်သားကို အလိုမကျရင် မျက်နှာဆူပုပ်ပြတတ်တဲ့ ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တစ်ဘက်သားကို အလွယ်တကူ အထင်လွဲစေတယ်။

(၃) လက်ဝတ်ရတနာချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၄ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားပြောစကားကို နားမလည်သလိုလို ဒါမှမဟုတ် အလုပ်များချင်ဟန်ဆောင်ပြီး ရှောင်ထွက်သွားတတ်သူဖြစ်တယ်။ တစ်ဘက်သားအထင်လွဲမှာကိုလည်း စိုးရိမ်တတ်သူဖြစ်တယ်။ တစ်ဘက်သားကို ဘယ်လိုငြင်းဆန်ရမှန်းမသိလို့ ရှောင်ဖယ်တတ်သူလည်းဖြစ်တယ်။

(၄) အိမ်မွေးတိရစ္ဆာန်ချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၉၉% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြေရှင်းနည်းကို သင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မေတ္တာနဲ့ သည်းခံစိတ်ရှိသူဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အခက်အခဲကို ဖြေရှင်းတတ်သူဖြစ်တယ်။

သင်္ချာနဲ့လောဂျစ်



တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။ သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့ မြန်မြန်ရွတ်လိုက်...

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟု လူတို့ဆိုစမှတ် ပြုကြသည်။

၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။ ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။ ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။


တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။


ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊ ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။
" တပေါင်းလဖွဲ့"


ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။


တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။


Tabaung


It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

Saturday, January 30, 2010

သရဏဂုံအကြောင်းသိကောင်းစရာ

တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေးကို
မျှဝေပေးလိုက်ပါတယ် ..


ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း
အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ
ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ
တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို
နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ
ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့
ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။


သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါ တယ်။
ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို
ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့
ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂)
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ
ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို
ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင်
ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စသည်ကို
သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို
ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို
ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။

လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက်
မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ =
မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့
မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး
ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့
လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့
အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ
ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသိမှ ကျေးဇူးများပါတယ်။

သုံးကြိမ်ဆိုတာလဲအထူးလေးနက်စေချ င်လို့ပါ။တစ်ကြိမ်တစ်ခါဆိုတာကော့စိတ်မပါလက်မပါ၊
ဝတ်ကျေတန်းကျေဆိုတာလဲဖြစ်နိုင်ယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ
သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့
သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ဘာသာရေး ကိစ္စတွေမှာ
သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့
ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့
ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ သရဏ=
ကိုးကွယ်ရာလို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို
သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို
သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။

မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊
ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့
ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊
သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို
အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။

ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့
ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ ၊ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကိ
(လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ဝိပဿနာကမ္မဋ္ဌာန်းအားထုတှ်ရရှိတဲ့မဂ်စိတ်လေးပါးကိုရတဲ့
အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့
နှစ်မျိုးရှိပါတယ်။

လောကီသရဏဂုံဆောက်တည်တဲ့အတွက်ယခုဘဝမှာကြောက်ရွံ၊ထိတ်လန့်ခြင်းကင်းတယ်။
စိတ်ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘ
ုံမရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ၎ပါးကတော့
ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို
ရရှိခံစားနိုင်ပါတယ်။

လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊
နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး
နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို
ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ
ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ
အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ
ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။
သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက
ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့
ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့
သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊
နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင်ငရဲဘုံမှာ ဒုက္ခပေါင်းစုံ
မရှုမလှခံစားနေရပါတယ်။

ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို
ကိုးကွယ်ဆည်းကပ်လို့ရော
အကျိုးကျေးဇူးရှိပါ့မလားလို့သံယစိတ်တွေဝင်တဲ့အခါမှာလည်းသရဏဂံညစ်နွမ်းပါတယ်။
ဒါဟာလဲဗုဒ္ဓဘာသာဝင်တို့သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းဖြူစင်
လတ်ဆက်နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့
လိုအပ်ပါတယ်။လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊
သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက်
ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။
၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာဝေနပစ္စည်းဆိုတာ ရှိပါတယ်။
ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့
ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား
ကြီးမားလာပါတယ်။ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံက
ိုအထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊
သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ
ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင်
လူ့ပြည်မှာသရဏဂုံတည်သူ၊ပွာများ သူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊အရောင်အဝါ၊
အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားများထက် လွန်ကဲတယ်လို့
တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက
မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော် ကသေရည်၊သေရက်
နေ့စဉ်ရက်ဆက်သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက်
သူ့ကိုသရဏဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က
နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက်ဘုရားရှင်ရဲ့ဆွေတော်၊
မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ
ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့
ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။
သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ
အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။

ဘုရားရှင်က…."သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက
သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြော့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့
ဂုဏ်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ
ရတနာသုံးပါးကို အသက်စွန့်၍ယုံကြည်ခြင်းဌါ
စွမ်းနိုင်တဲ့အဝေစ္စပဿဒဟုဆိုအပ်ဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း
ဒီအကြောင်းများကြောင့် သေရည်၊သေရက်သောက်တဲ့ အကုသိုလ်ကံဟာ
သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ "

သရဏဥပါသကာကိုတစ်ဖက်သားက“သရဏဥပါကာ..သင်ဘုရားကိုဘုရားမဟုတ်ဘူး၊ရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့
ပြောရင်ပြော၊မပြောရင်သင့်ခေါင်းဖြတ်မယ်လို့”ဆိုခဲ့ရင်တောင်
သရဏဥပါသကာကသင်..ငါ့ခေါင်းကိုဖြတ်ချင်ဖြတ်ပါ။
ကျွှန်ုပ်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့မပြောဝံ့ဘူးလို့
ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်အင်မတန်စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့
ဟောကြားတော်မူခဲ့ပါတယ်….

“ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”

အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း
စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ
စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင်
တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းဌါ စွမ်းနိုင်လို့ရှိရင်
တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့
ဟောတော်မူခဲ့ပါတယ်။

ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့
စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို
မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့
မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည်
သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို
တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို
ရေးသားတင်ပြလိုက်ရပါတယ်။

“ တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”

၁။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၎။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစ္ဆာမိ။

( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။

အနက်အဓိပ္ပါယ်

၁။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၎။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ - တရားတော်မြတ်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊
သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။


တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊
မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။

အယူတပါးများ - ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။

ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး ၊ ဆရာသောင်းလွင် - ဘီအေ

စွန့်လွှတ်ခြင်းနဲ့ရွေးချယ်ခြင်း

အမေရိကန်က မိုက်ကယ်လို့ခေါ်တဲ့လူငယ်တစ်ယော
က်ဟာ တရုတ်ပြည်ကို လာရောက်လည်ပတ်စဉ်မှာ တရုတ်မလေး ဟွမ်လိကို မြင်မြင်ချင်း ချစ်ခင်သွားပါတယ်။

၂နှစ်လောက်ပိုးပန်းပြီးတဲ့နောက် နောက်ဆုံးမှာ ဟွမ်လိက သဘောကျသွားပြီး သက်သောင့်သက်သာလုပ်နေရတဲ့ သူမရဲ့အလုပ်ကိုထွက်လို့ မိုက်ကယ်နဲ့ အမေရိကားကို လိုက်သွားပါတော့တယ်။

မထင်မှတ်ထားမိတာက ပျားရည်စမ်းကာလကျော်ကာစပဲရှိသေးတယ်၊ မိုက်ကယ်က သူမကို အလုပ်ထွက်လုပ်ဖို့ တောင်းဆိုပါတယ်။ ‘‘ဒါလင်ရယ်၊ ကျွန်မရှင့်အတွက် အလုပ်ကလည်းထွက်ခဲ့တယ်။ ပြီးတော့ မွေးရပ်မြေကိုစွန့်ပြီး အမေရိကန်ကို လိုက်လာခဲ့တယ်။ ကျွန်မရှင့်အတွက် စွန့်လွှတ်ခဲ့တာတွေကို နားလည်ခံစားပြီး ကျွန်မကို ၃၊၄နှစ်လောက် ရှာကျွေးပါဦးလား’’ လို့ ဟွမ်လိက ချွဲလိုက်ပါတယ်။

‘‘ဘာပြောတယ်။’’ မိုက်ကယ် အရမ်းအံ့အားသင့်သွားတယ်။ ‘‘ဒါကို ‘စွန့်လွှတ်’ တယ်လို့ ဘယ်ပြောလို့ဖြစ်မလဲ။ ဒါ မင်းရဲ့ ရွေးချယ်မှုကွ။ အာလုံးကို မင်းလိုလိုချင်ချင်နဲ့ လုပ်ခဲ့တာမဟုတ်ဘူးလား။’’

ဒီစကားလည်းကြားရော ဟွမ်လိဟာ မူးမေ့မတတ်ဖြစ်သွားပါတယ်။ သူတော့ လူကဲခတ်မှားပြီလို့ ထင်လိုက်မိတာပေါ့။ နေရာစိမ်းလူစိမ်းတွေနဲ့ အမေရိကားမှာ အလုပ်မလုပ်နိုင်ဘူးလို့ ခေါင်းမာမာနဲ့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်ကြောင့် နောက်၃၊၄လအကြာမှာ မိုက်ကယ်က ကွာရှင်းပြတ်စဲဖို့ ပြောပါတော့တယ်။

ကွာရှင်းပြတ်စဲပြီးနောက်မှာ ဟွမ်လိဟာ အချိန်တော်တော်ကြာအောင် စိတ်ဓါတ်တွေကျဆင်းခဲ့ပါတယ်။ မိုက်ကယ် သူမအတွက် ခွဲပေးခဲ့တဲ့ပစ္စည်းတွေ သုံးလို့ကုန်သွားတဲ့အခါမှာတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ သူများအလုပ်ကို မလုပ်လို့မရတော့ပါဘူး။ မမျှော်လင့်ထားမိတာက တဖြည်းဖြည်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ကောင်းကောင်းရပ်တည်လာနိုင်တာကိုပါ။ ငွေလည်းတဖြည်းဖြည်းနဲ့ ပြန်စုမိလာပါတော့တယ်။

အဲဒီဒေသရဲ့ ဓလေ့စရိုက်နဲ့လူတွေအကြောင်းနားလည်လာတော့မှာပဲ အမေရိကန်လူမျိုးတွေစိတ်ထဲမှာ တစ်ဖက်သားရဲ့ရွေးချယ်မှုကိုလေးစားတယ်ဆိုတဲ့ အပြောပဲရှိပြီး တစ်ဖက်သားရဲ့စွန့်လွှတ်မှုကို ကျေးဇူးတင်တယ်ဆိုတဲ့ အပြောမျိုး မရှိဘူးဆိုတာကို သူမသဘောပေါက်လာပါတယ်။

ဒါကြောင့် ရွေးချယ်မှုတွေပြုလုပ်တဲ့အခါ ကိုယ့်ရဲ့စိတ်ထဲကစစ်မှန်တဲ့ဆန္ဒအတိုင်း လုပ်ဖို့လိုပါတယ်။ တစ်ဖက်သူက ကိုယ့်ကိုကျေးဇူးတင်လွန်းတဲ့အတွက် ကိုယ့်ရွေးချယ်မှုရဲ့ နောက်ဆက်တွဲရလဒ်တွေကို လုံးဝ တာဝန်ယူမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့အတွက်ပြောရရင်လည်း သဘောတရားက အတူတူပဲမဟုတ်ပါလား။

သဘောတရား။ ။ မိမိရွေးချယ်မှုအတွက် တခြားလူကို တာဝန်မခံခိုင်းဖို့ပါ။ မဟုတ်ရင်လည်း တခြားလူကို ကိုယ့်အပေါ်တာဝန်မယူဘူးလို့ သွားပြီးအပြစ်မတင်ဖို့ပါ။ ဒါ့အပြင် မိမိဖာသာရွေးချယ်နိုင်မှုနဲ့ လွတ်လပ်မှုကို ဘယ်တော့မှ မစွန့်လွှတ်ဖို့ပါ။ သို့မှသာ ချမ်းသာခြင်းအစစ်ကို လက်ပိုင်ရရ ဆုပ်ကိုင်နိုင်ကြမှာပါ။