Monday, February 1, 2010

EC,EP အခြေခံ waveform

ပုံမှန်တွေ့နေကျ INDUCTOR လေးတွေကတော့ ဒီပုံစံလေးတွေပါ။
အလယ်မှာတော့ လေထုအပြင်အခြားကြားခံတွေပါရှိေ
နနိုင်ပါတယ်ခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Capacitor လို့မှတ်မသွားပါနဲ့ဦးခင်ဗျ။
ဒါလေးတွေတွေ့လို့လဲ Resistor လို့ မမှတ်လိုက်ပါနဲ့ဗျ။
ဒါလေးတွေကတော့ Transformer တွေပဲလို့လည်း မထင်ပါနဲ့ဗျာ။ (အစွန်းလေးတွေကြည့်သိနိုင်ပါတယ်ခင်ဗျ။)
ဒီလိုပုံစံချစ်စရာလေးလည်း ထုပ်ပိုးထားတတ်ပြန်ပါတယ်။
ပေါက်တိပေါက်ရှာ ဒီလို ပေတီးပေစုတ်လေးတွေလည်းရှိပါသေးတယ်။ inductance နည်းနည်းလေးတွေပေါ့ဗျာ။
ပုံတွေကိုတော့ Google image ကလျှောက်ရှာထားတာပါခင်ဗျ။

ကျွန်တော် အောက်ကပုံအတိုင်းပဲ ဆားကစ်လေးဆောက်ပြီး ပေးတဲ့ Voltage နဲ့ ဖြစ်ပေါ်လာမယ့် Current တွေကို တိုင်းပြလိုက်ပါတယ်ခင်ဗျ။
ဒီနှစ်ပုံကို တိုင်းတာ WAVE ထုတ်ရာမှာ Voltage နဲ့ Current ဖြစ်တာကြောင့် အဆင်မပြောတာတွေရှိနိုင်ပါတယ်။ Current ဟာ သိသိသာသာ မမြင်နိုင်လောက်အောင် သေးနေမယ်ဆိုရင် Current တိုင်းရာ Probe(ထောက်တံ) အရောင်အရ wave ပေါ်ရာရဲ့ ၀ဲဖက်က A B တို့ကို ရွေးပြီး တစ်ခုချင်းကို အနိမ့်အမြင့် ညှိနိုင်ကြောင်းပါခင်ဗျ။ Inductor ကို General မှာလွယ်လွယ်ကူကူ ရှာလို့ ရနိုင်ပါတယ်ခင်ဗျာ။

အပေါ်ကနှစ်ပုံမှာတော့ Voltage ထွက်စနဲ့ Current ထွက်စဟာ အချိန်တစ်ခုတည်းဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ ကွာလာပါတယ်။ လုံလောက်တဲ့ မျှခြေ(ပုံမှန်ချိန်) တစ်ခုမှာတော့ အောက်ကပုံအတိုင်း တိုင်းတာရပါတယ်ခင်ဗျ။
ပုံထဲမှာ Current ဟာ Voltage စချိန်နောက် (ပန်းရောင်မြှားပြအစနေရာ) မှ စတင်မြင့်တယ်လို့ ထင်လာရပါတယ်။ တနည်းအားဖြင့် Current ဟာ နောက်ကျတယ်လို့ လွယ်လွယ်ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လွယ်လွယ်လို့ ပြောနိုင်သလဲဆိုတော့ အရမ်းနောက်ကျလွန်းတော့လည်း စောတယ်လို့ ပြောလို့ ရသွားနိုင်တယ်လေ။ တစ်ပတ် (1 cycle)ပြီး တစ်ပတ်(1 cycle) စဉ်ဆက်မပြတ်တဲ့ Wave တွေကိုးခင်ဗျ။

ခုဆိုရင်တော့ ကျွန်တော်တို့ရတဲ့ လျှပ်စစ်မှာ Current နောက်ကျတာစောတာ ရှိနေနိုင်ပြီလို့ တွေးလို့ ရနိုင်လောက်ပါပြီခင်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကို လျှပ်စစ်အားပေးတဲ့ Generator တွေမှာ inductance ကို ဖြစ်စေတဲ့ wire ကြိုးခွေတွေ ပါနေလို့ပေါ့ခင်ဗျ။ Generator ပေါ်က name-plate မှာ Ø ဆိုတာလေးကို တွေ့ဖူးနိုင်ပါတယ်ခင်ဗျ။ အပေါ်ကပုံမှာတော့ 30' နီးပါးနောက်ကျနေတဲ့ Current ကိုတွေ့ရပါတယ်ခင်ဗျ။

တွေ့ရလွယ်တဲ့ မြင်နေကျ inductor လေးတွေ လျှောက်ရှာကြစို့ဗျာ ...


wave တွေကို အမျိုးမျိုးပြင်ကြ (ညှိကြ)ရာမှာ Capacitor လို Voltage ကို သိုလှောင်သလို Current ကို သိုလှောင်တတ်တဲ့ inductor ဆိုတာလည်း ရှိသေးကြောင်းပါခင်ဗျာ။
အရင်ပို့စ်တွေမှာ ပြတားတဲ့ ဆားကစ်လေးကိုပဲ Inductor လေးတပ်လို့ ပြင်ပြလိုက်ပါတယ်။
ပုံထဲမှာ မူလ output က အစိမ်းရောင်ပါ။ အ၀ါရောင်က Capacitor နဲ့ပြင်ထားတာကိုပြပြီး၊ အပြာနုလေးကတော့ Inductor ကပြင်ပေးတာပါ။
Capacitor က အထပ်လိုက်ဆင့်ထားတဲ့ ဇလားချက်လေးတွေနဲ့တူပြီး၊ Inductor ကတော့ ရစ်ခွေထားတဲ့ ပိုက်လိုင်းလေးတွေနဲ့ တူပါတယ်။
နန်းကြိုးခွေတွေကို အစီအရီရစ်လုံးထားတာဟာ inductor ကိုရည်ညွှန်းပါတယ်။ Resistance ကိုဖြစ်စေတဲ့ ကြားခံမပါလို့ Voltage ကို မဖြစ်စေတော့ Current ကိုသာ ပြောင်းလဲဖြစ်တည်စေပါတယ်။
အကယ်၍သာ သူ့အခွေအလည်မှာ Resistance ကိုဖြစ်စေတဲ့ Iron Core လို အူထည်ထည့်တော့ သံလိုက်စွမ်းအင်တွေဖြစ်စေလာပါ
တယ်။ သံလိုက်စွမ်းအင်ကိုပဲ နောက်ထပ်နန်းကြိုးနဲ့ မျှယူခွဲဝေတော့ ကျွန်တော်တို့ ပြောခဲ့တဲ့ Transformer တွေဖြစ်လာတယ်ပေါ့ဗျာ။ ဒါကလည်း Current နဲ့ Voltage ကွဲကွာလို့ မရတဲ့ ဆက်စပ်မှုတွေပါ။


အပေါ်ကပုံလေးကတော့ DC အထွက်ကို ချောမွေ့အောင်လုပ်ခြင်းကို ပြပါတယ်။ Capacitor လေးကြောင့်ဖြစ်စေ Inductor လေးကြောင့်ဖြစ်စေ Charging လုပ်ပြီး Rechargingလုပ်တာတွေဖြစ်စေပါတယ်။ အဲဒီအမြင့်လေးကိုပဲ RIPPLE VOLTAGE (သို့) RIPPLE CURRENT လို့ခေါ်တာပါ။ ပုံထဲမှာတော့ အစိမ်းနဲ့အပြာရဲ့ ထိပ်စထိပ်ဆုံးဟာ ထက်အောက်လွှဲတဲ့ RIPPLE တွေပေါ့ခင်ဗျာ။
အကယ်၍များ မတည်မငြိမ်ဖြစ်နေတဲ့ ၁၀ ဗို့မှာ ၁ ဗို့စာလောက်ကို RIPPLE ဖြစ်စေချင်တယ်။ (1V စာကိုပဲ အလှုပ်အရှားရှိစေချင်တယ်ဆိုရင်)
အောက်က ဖေါ်မြူလာလေနဲ့ တွက်နှိုင်ပါတယ်။
ကျွန်တော့်နမူနာမှာတော့ ဒိုင်အုပ်နှစ်လုံးစာအလျော့ကြောင့် 12V ပေးပြီး 10V ကျန်ခိုင်းလိုက်ပါတယ်။ Output Current ကလည်း 10A ခန့်ပေါ့ဗျာ။ frequency က 50 ထားလိုက်တော့ 10% Ripple တန်ဖိုးအတွက် C က 83mF ပါ။ အောက်မှာ ပုံနဲ့တကွ ဆွဲပြထားပါကြောင်း။


--

Bridge rectifier ကို အသေးစိတ်မယ်ဆိုရင်
ပေးတဲ့ Source က wave က
အပေါ်က ဒိုင်အုပ်တစ်လုံးခံစားရမယ့် wave က
Source ထဲက ဒိုင်အုပ်ကို သွားနှုတ်လိုက်တော့ အောက်က wave ရဲ့ ရှေ့တစ်ခြမ်းကို ရပါတယ်ခင်ဗျ။
အွန်လိုင်းက ec ဆိုဒ်တစ်ခုမှာတော့ ဒီလို သရုပ်ဖေါ်ပါတယ်ခင်ဗျ။


BRIDGE အချို့ကိုဖေါ်ပြလိုက်ပါတယ်ခင်ဗျ။


သူ့မှာ လွဲလို့မရတဲ့ အစွန်းတွေပါတာကြောင့် AC နဲ့ DC အစွန်းတွေကိုပြထားလေ့ရှိပါတယ်ခင်ဗျ။



ull wave မှာတော့ DC average အားဖြင့် ၂ ဆ ရကြောင်း အောက်က ဆားကစ်လေးနှစ်ခုကို ယှဉ်ပြီးသိနှိုင်ပါတယ်။ ဒါ့ကြောင့်လည်း DC ကို လိုချင်တော့ half wave ကို မသုံးပဲ full wave ကိုပဲ ရအောင်ထုတ်သုံးတာပေါ့ခင်ဗျာ။ဒါပေမယ့်လည်း full wave ချင်းတူတာတောင်မှ ဒီနည်းကို မသုံးကြပါဘူး။ အများသုံးတဲ့ နည်းလေးရှိပါသေးတယ်။ သူကတော့ ဆားကစ်လေးတိုင်း (ဥပမာ LED လက်နှိပ်ဓာတ်မီးလေးတွေ ကစ ဓာတ်ခဲအားသွင်းတာတွေအဆုံး) အသုံးများတဲ့ ဒိုင်အုပ် ၄ လုံးနဲ့ DC ထုတ်နည်းပါ။
အပေါ်မှာ ပြတဲ့ နည်းကို ဘာလို့ မသုံးတာလဲ ဆိုတာကတော့ ရှင်းပါတယ်။ သူက ac တန်ဖိုး နှစ်ခုတူ အစွန်းနှစ်ခုရမှ ဖြစ်မှာလေ။ ခက်ခဲတာပေါ့ဗျာ။ ac ထုတ်ပေးတဲ့ အစွန်း တစ်ခု ရှိယုံမျှနဲ့ full wave ထုတ်နိုင်လေးက ရှိနေတာကိုးဗျ။

FULL WAVE ဖြစ်ပေါ်လာပုံကို ရှင်းချင်လို့ ကျွန်တော် ဒီဆားကစ်လေး ကြိုးစားတည်ဆောက်လိုက်ပါတယ်။ ပုံထဲကအတိုင်း ၄ နေရာကို တိုင်းပါတယ်။
ထရန်စဖေါ်မာရဲ့ နှစ်ဖက်စွန်းအထွက်တွေကို တိုင်းတော့ ဒီလိုရပါတယ်။တစ်ခုချင်းကို DIODE က FORWARD ကိုသာဖြတ်စေတော့ အောက်ကအတိုင်း ဖြတ်ပြီးသား နှစ်ခုကို ရတာပေါ့ဗျာ။သူတို့နှစ်ခုကို ပေါင်းမှတော့ FULL WAVE ကိုရပြီပေါ့ခင်ဗျာ။

ဒိုင်အုတ်တစ်လုံးနဲ့တင်မကဘဲ နောက်ထပ်တစ်လုံးတိုးပြီး ချိတ်ဆက်ကြည့်ကြပါစို့ဗျာ။
အောက်က ဆားကစ်လေးကို ကြည့်ပါ။ ရလာမယ့် wave တွေက အောက်က အတိုင်းပါ။ကျွန်တော်တို့ လိုချင်တာလေးကတော့ အောက်က wave လေးပါ။ သူ့ကိုတော့ ဆာကယ်အပြည့် အလုပ်လုပ်လို့ FULL WAVE လို့ခေါ်ပါတယ်။ AC မှ DC ကိုစစ်ယူလို့ RECTIFIER လို့ ခေါ်ပါတယ်။ TRANSFORMER မှာ အလယ်မှာ GROUND ချထားလို့ FULL WAVE RECTIFIER WITH CENTER-TAPPED TRANSFORMER လို့ခေါ်ကြပါသေးတယ်။

အောက်ကပုံလေးနှစ်ပုံကို ယှဉ်ကြည့်ပါ။ သတိထားမိဖို့ မလွယ်တဲ့ အခြေခံသဘောတရားတွေပါ။
သူ့ရဲ့ အချိုးက တစ်ဝက်ချိုးပါ။ ၂၂၀ ကို ၁၀၀ ရဖိုရှိရာမှာ တစ်ခြမ်းအတွက် ၅၅ ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုလေး ဟိုဘက်ဒီဘက်အစွန်းလေးတွေကို သုံးတဲ့အခါမှတော့ နဂိုတန်ဖိုးရဲ့ ၂ ဆကိုရပါတယ်။
ဒီသဘောတရားကို တစ်ခါက ကျွန်တော် လက်တွေ့အသုံးချဖူးပါတယ်။
မန္တလေးမှာ သူငယ်ချင်းတစ်ယောက်က PhD thesis အတွက် Control System တစ်ခုတည်ဆောက်ဖို့ PLC လေးတစ်လုံးမှာဝယ်လာပါတယ်။ ၀ယ်ပြီးတော့ ကျွန်တော့်ဆီပြေးလားတယ်လေ။ run အောင်လုပ်တဲ့ဗျ။ ကျွန်တော်လည်း သူဝယ်လာမှ ဒီလိုသေးတဲ့ PLC လေးတစ်လုံးကို မြင်ဖူးတာပါ။ အရွယ်အစားကတော့ လက်သီးတစ်ဆုပ်စာပါ။

PLC လေးက အလုပ်လုပ်ဖို့ DC 24V ကျွေးရပါမယ်တဲ့။ အဖြတ်အတောက်လုပ်မှာက AC 220V ပါ။ INPUT ၄ ခုနဲ့ OUTPUT ၅ ခုထင်ပါတယ်။
ကွန်ပျုတာနဲ့ ချိတ်ဆက်ပြီး PROGRAM ရေးပါတယ်။ PROGRAM က သူ့ကို ၀ယ်တည်းက ပါလာပြီးသားပါ။ နှစ်သိန်းလောက်ကျတယ်ထင်ပါတယ်။ ကျွန်တော် အစမ်းရေးပြီးစမ်းတာက ON/OFF မှန်မမှန်ပါ။ ကျွန်တော့်တာဝန်က သူ့ကို POWER ပေးဖို့ပေါ့ဗျာ။

ဒါနဲ့ပဲ မန္တလေးက မျိုးသိန်းအီလက်ထရောနစ်ဆိုင်တန်းတွေဖက်ဆီလှမ်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ AC 220V ကနေ AC 24 V TRANSFORMER လေးဝယ်မယ်ပေါ့ဗျာ။ ပြီးရင် DI0DE လေး ၄ လုံး ( 1A လောက်နိုင်ရင်ရပါတယ်။ သူ့ပစ္စည်းရဲ့လိုအပ်ချက်မှာ mA လောက်ပဲတောင်းတယ်ထင်ပါတယ်။) ၀ယ်မယ်။ CAPACITOR 50V ကို CAPACITANCE များများ ၀ယ်မယ်။ REGULATOR IC လေးတစ်လုံးဝယ်မယ် ပေါ့ဗျာ။

စိတ်ကူးထဲမှာတော့ အိုကေပါတယ်။ ဆိုင်လည်းရောက်ရော လစ်တာပါပဲ။ AC 24V က ၀ယ်မရဘူးလေ။ ရှိတာက ထရန်စဖေါ်မာသေးလေးမှာ တစ်ဖက်က AC ရေးထားတယ်။ တစ်ဖက်မှာ 0V 9V 9V 12V 12V ဆိုပြီးအထွက် ၅ ခုရေးထားတာလေးတွေတွေ့တယ်။ ထူးပါဘူးလေဆိုပြီး ၀ယ်ခဲ့တာပေါ့ဗျာ။ အဆောင်ရောက်တော့ ကြံရာမရတော့ဘူးဗျ။ ဒါနဲ့ HOBBY ELECTRONICS က စာအုပ်လေးလှန်ရှာဖတ်တော့ အပေါ်က ထရန်စဖေါ်မာမှာ 12V နှစ်စွန်းကို သုံးပြီး 24V ရနှိုင်ပါတယ်လို့ပါတယ်။

Center-Tapped တည်ဆောက်ပုံကို ကျွန်တော်ကြိုးစားတည်ဆောက်ပြလိုက်ပါတယ်။
လက်ဝဲဘက်မှာ အပေါ်မှ အောက်ကို လက်ဝဲရစ်ပတ်လိုက်ပါတယ်။ ယာဘက်မှာတော့ ရစ်ပတ်ပုံပြောင်းလိုက်ပါတယ်။ ပတ်မယ့်ကြိုးကို နှစ်ချောင်းပူးပြီး အပေါ်မှအောက်ကို လက်ယာရစ်ပတ်ချလိုက်ပါတယ်။ ပြီးတော့ ကြိုးနှစ်ချောင်းရဲ့ အပေါ်က အစွန်းနဲ့ အောက်ကအစွန်းကိုပေါင်းလိုက်ပါတယ်။ (တစ်ချောင်းတည်းမဖြစ်ဖို့လိုပါတယ်။)
အဲဒီအခါမှာ ယာဘက်က အစွန်းနှစ်ဖက်မှာ မတူညီတဲ့ အစွန်းနှစ်ဖက်နဲ့ ကွဲပြားဆန့်ကျင်တဲ့ Current Direction တွေထွက်လာပါတယ်။ (ပေါင်းထားတဲ့အစွန်းကို Ground ချရင်ပေါ့ဗျာ။)

ကျွန်တော် ဆော့ဖ်ဝဲနဲ့ စမ်းပြပါ့မယ်။ပုံထဲက အထွက် wave နှစ်ခုမှာ အပေါ်ဖက်အစွန်းအတွက် wave ဟာ မူရင်း အကျွေး wave အတိုင်းရပေမယ့် အောက်ဖက်အစွန်းအတွက် wave ကတော့ မူရင်းအကျွေး wave နဲ့ ဆန့်ကျင်ဘက်ကိုရပါတယ်။
အလယ်က အစွန်းကိုမသုံးဘဲဆိုရင်ရော ဘယ်လိုရမလဲနော်။


အောက်ကပုံလေးတွေကို ကြည့်ပါ။ လက်ဝဲနဲ့လက်ယာကို ၅ ပတ်နဲ့ ၁၀ ပတ် ပြောင်းပတ်ထားပါတယ်။ လွယ်လွယ်နဲ့ မှတ်သားနှိုင်ပါတယ်။
မြင်နေကျပုံလေးတွေ ရှာတွေ့လို့ ကူးယူဖေါ်ပြလိုက်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ Center-Tapped တည်ဆောက်ပုံကို လေ့လာကြပါစို့။



များသောအားဖြင့် transformer တွေဟာ သံပြားအထပ်ထပ်မှာ ကော်ရည်သုတ်ထားတဲ့ ကြေးနီကြိုးကိုရစ်ပတ်လေ့ရှိပါတယ်။ သံပြားကိုတော့ ခံနှိုင်ရည် ဗို့အားပေါ်မှာ မူတည်ပြီး ဧရိယာကို ဆုံးဖြတ်လေ့ရှိပြီး၊ အမ်ပီယာ အနည်းအများအလိုက် ကြိုးအတုတ်အသေးကို ဆုံးဖြတ်လေ့ရှိပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ရစ်ပုံပါ။ အောက်က ပုံလေးနှစ်ပုံရဲ့ ထူးခြားချက်ကို ကြည့်ပါ။
ပထမပုံကိုလေ့လာပါ့မယ်။
လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ယာဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျတော့ အောက်မှ အထက်ကို စီးပါတယ်။အောက်ကပုံလေးကို ကြည့်ပါ။

လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ဝဲဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျလည်း အထက်မှ အောက်ကို စီးပါတယ်။

Current

TRANSFORMER တွေရဲ့ အခန်းကဏ္ဍရောက်ရှိလို့လာပါပြီ။
ပထမဆုံးအနေနဲ့ ဘယ်လိုနေရာတွေမှာအဓိကသုံးတယ်ဆို
တာကို ပြပါ့မယ်။ အောက်က ဆားကစ်ကိုကြည့်ပါ။
ကျွန်တော်တို့ရဲ့ အနီအနက် လိုင်းကြီးပေါ့ဗျာ။ မီးစက်/စက်ရုံဝမှာ ဖန်သီးလေးတစ်လုံးထွန်းထားမယ်။ အဲဒီဖန်သီးလေးနဲ့ အဝေးတစ်နေရာမှာ ဖန်သီးလေးတစ်လုံး တပ်ဆင်ထားပါတယ်။ သူတို့ နှစ်လုံးဟာ ဝေးနေတော့ ကြိုးထဲမှာ resistance 1k စီရှိတယ်ဆိုပါစို့။ (ကြိုးတစ်ဖက်ကို 500 ပေါ့ဗျာ။)
ဒုတိယဖန်သီးဟာ မူလစက်ရုံက ပေးတာရဲ့ တစ်ဝက်ပဲရတော့တယ်လေ။ ac220V အထွက်ဟာ ac110 ပဲရတော့တယ်။ ကျွန်တော်ဟာ နောက်တစ်လုံးထပ်ချိတ်ချင်တယ် မီးကိုလည်း အပြည့်အ၀လင်းချင်တယ်ဆိုရင် ဗို့ ၂ ဆမြှင့်မယ့် transformer လေးတပ်လိုက်မယ်ဆိုရင် တတိယဖန်သီးဟာ စက်ရုံက ပေးတဲ့ မီးအားအတိုင်းပြန်ရပါလိမ့်မယ်။ အောက်က ဆားကစ်လေးကို ဆန်းစစ်နိုင်ပါတယ်။
(lamp က display အောက်မှာပါ။ ဒီဆားကစ်မှာ resistance 1k စီထားရှိပါတယ်ခင်ဗျ။)တစ်ဝက်ပဲရတော့တာကို waveforms အားဖြင့်
မြှင့်ပြီးတဲ့ အခါမှာတော့


--

ကျွန်တော်တို့ အောက်က ဆားကစ်လေးဆောက်ကြပါစို့။ TRANSFORMER ကို အောက်က ပုံလေးအတိုင်း အရင်ရှာပါခင်ဗျ။
ဆင်ရမယ့် ဆားကစ်နှစ်ခုက အောက်မှာပါ။
ထွက်လာမယ့် WAVEFORMS တွေက အောက်က အတိုင်းပါ။ဒီဆားကစ်ကို အသေးစိတ်ကြစို့ရဲ့ဗျာ။

CAPACITOR ပုံလေးတွေကို GOOGLEIMAGE ကနေ ရှာဖွေတင်ဆက်လိုက်ပါတယ်ခင်ဗျာ။
သူ့ရဲ့တည်ဆောက်ပုံက ဒီလိုလေးပါတဲ့ခင်ဗျ။
အတွေ့နည်းတဲ့ VARIABLE RESISTOR ကတော့ ဒီလိုပုံလေးပါ။ သူ့ကိုတော့ ရေဒီယိုမှာ TURNING လုပ်ဖို့ (လိုင်းချိန်ဖို့)သုံးလေ့ရှိပါတယ်။

EC,EP အခြေခံ waveform တိုင်းတာနည်းများ

EC,EP အခြေခံ waveform တိုင်းတာနည်းများ


နမူနာ run လိုမယ့် waveform နဲ့ DC-average ကိုအောက်ကပုံလေးအတိုင်း တိုင်းတာနိုင်ပါတယ်။


အီလက်ထရေနစ်ပစ္စည်းတွေကို အကြမ်းဖျဉ်းခွဲမယ်ဆိုရင် 1-layer 2-layer 3-layer 4-layer မှသည် layer များစွာတိုင်ရှိနေပါတယ်။
ဥပမာ
1-layer ဟာ Resistor ပါ။
2-layer ဟာ diode ပါ။ နှစ်လွှာရှိလို့ ကြားမှာ အဆက် junction တစ်ခုရှိပါတယ်။ 1N4001 လိုဟာမျိုးပေါ့။
3-layer ဟာ transistior ပါ။ 2-layer တွေပေါင်းထားတာပါ။ သုံလွှာရှိလို့ ကြားမှာ အဆက် နှစ်ခု ဥပမာ 2N1893 တို့လို ဟာမျိုးပါ။
4-layer ဟာ thyristor မျိုးပါ။ scr လိုမျိုးပေါ့။
ဆက်ပြီးတော့ transistor နှစ်လုံးပေါင်းပြီး Opamp တွေဖြစ်လာတယ်။ Opamp တွေကို RS flip-flop တွေနဲ့ပေါင်းပြီး 555 IC တွေ ဖြစ်လာတယ်။

အခြေခံကတော့ layer တွေကို semiconductor တွေနဲ့ ဖွဲ့စည်းထားပါတယ်။ semiconductor ဆိုတာ outermost shell က electron အရေအတွက်ကို လိုနေအောင် ပိုနေအောင် ဒြပ်စင်တွေပေါင်းထားတာပါ။ ပိုနေတာကို n-type လိုနေတာကို p-type ပေါ့ဗျာ။ outermost-shell မှာ အီလက်ထရွန် ၄ လုံးရှိတဲ့ Ge အက်တမ်တွေ အလယ်ခေါင်မှာ outermost-shell မှာ အီလက်ထရွန် သုံးလုံးရှိတဲ့ lb ထားတော့ အလယ်က ဒြပ်စင်မှာ ၈ လုံးပြည့်ဖို့ ၁ လုံးလိုရာက positive ပြီး p-type ဖြစ်လာတယ်။ ၅ လုံးဟာထားတော့ e ပိုပြီး n-type ဖြစ်လာပါတယ်။ အောက်မှာ သူတို့ နှစ်မျိုးပုံလေးတွေပါ။
ဘာလို့ ပေါင်းတာလဲဆိုတော့ metal တွေက လျှပ်စစ်စီးတယ် nonmetal တွေက မစီးစေဘူး။ နှစ်ခုကြားမှာဆို ဖြောင့်ဖြောင့်မစီးတော့ဘူးပေါ့။ အဲလို တားအောင်လုပ်ရင်းက လျှပ်တားစေ တဲ့ resistor ဆိုတာဖြစ်လာပါတယ်။
[/COLOR]
ဒီတစ်ခါတော့ တိုင်းမယ့် မီတာလေးပါ။ အောက်ပုံအတောင်း Double-click ခေါက်ရင် Ohm ဆိုတာလေးရွေးပေးလိုက်ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ohm meter လေးပေါ့။






















ကဲခုဆို တိုင်းခံဖို့ resistor လေးလည်းရပြီ။ တိုင်းစရာမီတာလေးလည်း ရပြီ။ စတိုင်းကြပါစို့ဗျာ။
အောက်က ပုံလေးအတိုင်းပဲ အနီရောင် tool ကနေ ကြိုးဆက်မယ်။ အပြာရောင်လမ်းအတိုင်း Ground ယူမယ်။ ပြီးရင် အစိမ်းရောင် tool အတိုင်း run မယ်ဆိုရင် အဖြေက ၁၀၀၀ တဲ့။ အစတည်းက 1k ကိုး ၁၀၀၀ ပေါ့။



စိတ်ကြိုက်တန်ဖိုးကိုတော့ double-click ခေါက်ပြီး ပြင်ယူနိုင်ပါတယ်။ တိုင်းတာကတော့ Delta-star connection တွေအတွက်လည်းရပါတယ်။ ကျွန်တော်ကတော့ လျှောက်ကလိထားပါတယ်။
ပုံလေးတွေအရဆိုရင် အောက်ကပုံလေးတွေက တွေ့နေကျ resistors တွေပါ။ ဒီခါမှာတော့ DC-voltage Source တွေဆီကူးကြပါစို့ဗျာ။

(ကျွန်တော့်စိတ်ကူနဲ့ ဒီလိုတွေ ပုံဖေါ်ကြည့်တယ်ခင်ဗျ။)

Voltage ဆိုတာ အမြင့်တစ်ခုထိရောက်အောင် ပင့်တင်ထားတဲ့ ရေလှောင်ကန်နဲ့တူပါတယ်။ ရေထွက်ပေါက်ကိုဖွင့်လိုက်ရင် မြင့်ရာကနေ နိမ့်ရာကိုစီးပါတယ်။ စီးတဲ့ရေကို Current လို့ခေါ်ပါတယ်။ မြင့်နေတဲ့အပိုင်းကို (+) စွန်းလို့ခေါ်ပါတယ်။ အနိမ့်ဆုံးပိုင်းကို Ground မြေကြီးလို့ခေါ်ပါတယ်။

သူတို့ရေထွက်ပိုက်ကနေ အောက်ထိဖေါက်ချမယ့် လမ်းကြောင်းရေပိုက်ကိုတော့ လျှပ်စီးကြောင်း လို့ခေါ်ပါတယ်။ စီးဆင်းစေပြီ ဆိုတာနဲ့ သူ့ကို ပတ်လမ်း Circuit လို့ခေါ်ပါတော့တယ်။

ဒီတိုင်းကြီးသာဖွင့်ချရင် short လို့ခေါ်ပါတယ်။ အောက်ကပုံလေးက short Circuit လေးပါ။ ခဏလေးနဲ့ကုန်သွားမှာပေါ့။
ဖြည်းဖြည်းပဲကုန်အောင် လမ်းတစ်နေရာမှာ စီးလမ်းကို ကြပ်ထားတာကို Resistor လို့ခေါ်ပါတယ်။
နည်းနည်းကျဉ်းလေး များများစီးလေ၊ များများကျဉ်းလေးနည်းနည်းသွားလေမို့ (I) နဲ့ (R) က ပြောင်းပြန်အချိုးကျပါတယ်။ နမူနာလေးပေါ့ဗျာ။စီးလမ်းမှာပဲ အ၀တ်စလို ရေမြုပ်လေးလို ရေစုပ်တာလေးနဲ့ဆို့ထားတာကို လျှပ်သို Capacitor လို့ခေါ်ပါတယ်။ သူ့သဘာဝကို ပြောရမယ်ဆိုရင် ပထမ လာထိတဲ့ ရေကို အ၀တ်စပြည့်အောင် စုပါတယ်။ အောက်ကို စိမ့်စေပါတယ်။ သူ့ထဲကို ရေမ၀င်သည့်တိုင် သိုထားတာကို ပြန်ထုတ်နိုင်ပါတယ်။
နောက်ပိုင်းမှာ သက်သက်ပြောကြတာပေါ့ဗျာ။

လျှပ်စစ်စီးဆင်းပုံကို အသေးစိတ်လိုပါသေးတယ်။

DC Source တွေက များသောအားဖြင့် ဓာတ်ခဲက ရတာပေါ့ဗျာ။ DC Generator တွေကနေရတာတွေ Rectifier Circuit တွေကရတာတွေအပြင် ရှောက်သီးကနေလည်း ရပါသေးတယ်။


လျှပ်စစ်စီးဆင်းပုံကို အသေးစိတ်လိုပါသေးတယ်။

DC Source တွေက များသောအားဖြင့် ဓာတ်ခဲက ရတာပေါ့ဗျာ။ DC Generator တွေကနေရတာတွေ Rectifier Circuit တွေကရတာတွေအပြင် ရှောက်သီးကနေလည်း ရပါသေးတယ်။


Electronic Term အရ ခွဲခြမ်းစိတ်ဖြာရမယ်ဆိုရင် (-) Terminal အနှုတ်စွန်း ဆိုတာ အဲဒီဘက်မှာ အီလက်ထရွန်ပိုအောင် ဓာတုဗေဒနည်းအရ လုပ်ထားတာပါ။ (+) Terminal အပေါင်းစွန်းဆိုတာ အီလက်ထရွန်လိုအောင်လုပ်တာပါ။

လိုနေတဲ့ အပေါင်းစွန်းဟာ သူနဲ့ကပ်ရပ် အက်တမ်ကနေ အီလက်ထရွန်ကို ဆွဲဖြည့်ပါတယ်။ အဆွဲခံရတဲ့ အက်တမ်က တစ်ခါသူနဲ့ ဆက်လျှက် အက်တမ်ဆီကဆွဲပြန်ပါတယ်။ နောက်ဆုံးမှာတော့ ကြိုးတစ်လျှောက်ဆွဲရာကနေ အနှုတ်စွန်းနားကပ်သွားပါတယ်။

ဒီလိုနည်းနဲ့ အီလက်ထရွန်တွေဟာ အနှုတ်စွန်းကနေ အပေါင်းဆီကို အက်တမ်တွေကို ဖြတ်လို့ စီးဆင်းပါတော့တယ်။ အများထင်သလို အနှုတ်ဘက် အီလက်ထရွန်က အပေါင်းဆီကို မရောက်ပါဘူး။ ကပ်ရပ်လေးတွေဆီ ခုန်ခုန်ကူးရင်း ပတ်လမ်းသဖွယ်ဖြစ်သွားတာပါ။

ဒီလိုအဆွဲခံနိုင်ဖို့ အီလက်ထရွန်စီးရာလမ်းဟာ အီလက်ထရွန် လွယ်လွယ်ရွေ့နိုင်တဲ့ Metal တွေဖြစ်ရပါမယ်။ Metal တွေရဲ့အက်တမ်ဟာ Outermost Shell မှာ electron နည်းပြီး ရွေ့လျားလွယ်တဲ့ Transient State မှာ ရှိနေလို့ပါ။

ဒါ့ကြောင့် အီလက်ထရွန်ဟာ အနှုတ်ကနေအပေါင်းကို စီးတယ် ဆိုရပါမယ်။ ဒီသဘာဝကို မစိတ်ဖြာခင်က Current ဟာ (+) မှ (-) ကို စီးတယ် သတ်မှတ်ပြီးသားဆိုတော့ အီလက်ထရွန်စီးဆင်းမှုနဲ့ Current စီးဆင်းမှုဟာ ဆန့်ကျင်ဘက် ကျနေပါတော့တယ်။ အောက်မှာပုံလေးနဲ့ နမူနာပြထားပါတယ်။

ကဲဗျာ ကျွန်တော်တို့ ပရိဂရမ်လေးနဲ့ တိုင်းကြပါစို့ဗျာ။
အောက်ကပုံလေးတွေအတိုင်း DC Source ယူလိုက်ပါခင်ဗျာ။ဒီပုံလေးဖြစ်အောင် အဆင့်လိုက်လေးသွားကြစို့ဗျာ။

၁။ battery နဲ့ Ground ကတော့ ထူးပြောစရာမရှိပါဘူး။ အပြာလမ်းကြောင်းအစမှာ Double Click ခေါက်မယ် ဆွဲလာမယ် ချချင်တဲ့ နောရာမှာ Left Click နဲ့ ချလိုက်ယုံပါပဲ။
၂။ Resistor ကိုယူရာမှာတော့ Double Click ခေါက်ပြီးယူလာပါမယ်။ ချချင်တဲ့နေရာမှာ Right Click သုံးချက်ဆင့်ခေါက်ပါ။ ပြီးမှ Left Click နဲ့ချပါ။
ဒီနေရာမှာ Resistor ကို ထောင်တာများ Right Click တစ်ချက်နဲ့ ထောင်တာပဲလို့ ပြောနိုင်ပါတယ်။ မတူလို့ပါခင်ဗျာ။ တကယ့်သဘာဝမှာတော့ Resistor မှာတော့ အပေါင်းအနှုတ်စွန်းခွဲထားတာ မရှိပါဘူး။ ပရိုဂရမ်မှာတော့ မှားနေပြီး အပေါင်းအနူတ်ရှိနေပါတယ်။ တိုင်းတဲ့ အခါ Current က အနှုတ်နဲ့ထွက်နေပါတယ်။ အဲလို မဖြစ်အောင် တစ်ပတ်စာ Right Click နှစ်ချက်ပိုခိုင်းရခြင်းဖြစ်ပါတယ်။
၃။ ပစ္စည်းတွေချပြီးရင် အနီရောင်အုပ်ပြထားတဲ့ Tool နဲ့ ပစ္စည်းစွန်းတွေဆက်ပါ့မယ်။ တိကျချင်ရင် ထောင့်ချိုးလို့ရပါတယ်။ လွယ်လွယ်ကတော့ ပထမအစွန်းကလစ်ပြီး ဒုတိယအစွန်းမှာ သွားကလစ်ရင် ပြီးတာပါပဲခင်ဗျာ။
၎။ အစိမ်းရောင်ပြထားတဲ့ Tool နဲ့ နှိပ် Run နိုင်ပါပြီ။ခင်ဗျာ။

Run တဲ့အခါ ထောက်တံ Probe လေးပေါ်လာပါတယ်။ A နေရာမှာ (V) လို့ပြတယ်။ ကလစ်ရင် အောက်မှာ Voltage တန်ဖိုးပြပါတယ်။ shift Key လေးနှိပ်ပြီး B နေရာ(Resistor ရဲ့ အစွန်းနှစ်ဖက်) ကို သွားရင် (I) လို့ပြပါတယ်။ ကလစ်ရင် အောက်မှာ Current တန်ဖိုးပြပါတယ်။ ပစ္စည်းရဲ့ အလယ် C မှာတော့ (P) ကိုပြပြီးနေပါတယ်။ shift ကိုမလွှတ်သေးပဲ ထပ်ကလစ်ပြန်ရင် အောက်မှာ Power တန်ဖိုးပြနေပြန်ပါတယ်။ D ကတော့ DC Source ရဲ့ Power ပါ။
ဒီပုံလေးအတိုင်းအတူတကွ တိုင်းတာနိုင်ပါပြီခင်ဗျာ။


ဒီပုံလေးက အရှင်းဆုံး resister series circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။

Ohm Law အရ V1=I1R1, V2=I2R2, V3=I3R3
ကြိုးတစ်ချောင်းတည်းမှာမို့ Current မျှစီးတာကြောင့် I တူပါတယ်။
Is=I1=I2=I3
Source ကပေးသမျှကို ကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။

Voltage ဟာ Direction ရှိပြီး value ရှိတာကြောင့် vector တစ်ခုပါပဲ။
Vector A =Vector B +Vector C + Vector Dဒါ့ကြောင့် Vs=V1+V2+V3
V=IR ဖြစ်တာရယ် I တူတာရယ်ကြောင့်
Vs=I1R1+I2R2+I3R3=I (R1+R2+R3)=I R equivalent
R equivalent =R1+R2+R3 ဒါ့ကြောင့် Resistor တွေ series ချိတ်ထားရင် အားလုံးပေါင်းရတယ်လို့ ဖြစ်လာပါတော့တယ်။

အပေါ်က နမူနာမှာ ပေးတာက ၁၂ ဗို့ ခွဲယူမှာက ၂ အုမ်း ၄ အုမ်းနဲ့ ၆ အုမ်း အချိုးက ၂:၄:၆= ၁:၂:၃ ဒါ့ကြောင့် V1က ၃ ဗို့ဆို V2 က ၆ ဗို့ V3 က ၉ ဗို့ပါ။ ကျောင်းသားများဟာ ဖေါ်မြူလာပဲကျက်ပြီး တွေးကြတာရှားပါတယ်။
Voltage Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။

Voltage Division Formula
Vs, R1, R2, R3 ကိုပေးတယ် V2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် ဗို့အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ ဒါ့ကြောင့် R2/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Voltage နဲ့ ယှဉ်လိုက်ရင်ရပါပြီ။

V2=Vs(R2/(R1+R2+R3))
V1=Vs(R1/(R1+R2+R3))
V3=Vs(R3/(R1+R2+R3))

ဒါ့ကြောင့် Voltage Division မှာ လိုချင်ရာ R ကိုတည်တယ်လို့ အလွယ်မှတ်ကြပါတယ်။

နောက်တစ်ခုသတိထားရမှာက တကယ်ရှိတဲ့ V1=2V, V2=4V, V3=6V ပါ။ Is=I1=I2=I3 ပါ။
IL နဲ့ Is ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ IL=-Is ပါ။ IR ဟာ Is နဲ့ လားရာတူလို့ IR=Is ပါ။
VR နဲ့ V3 ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ VR =-6V ပါ။ V2 နဲ့ VL ဟာလည်း ဆန့်ကျင်ဘက်ကျနေလို့ VR=-4V ပါ။

တိုင်းခိုင်းတာ ဘယ်လိုပဲတိုင်းခိုင်း တိုင်းခိုင်း မူလတန်ဖိုးတွေကို သေချာသိမှသာလျှင် wave form သဘာဝများကို နားလည်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။


ဒီပုံလေးက အရှင်းဆုံး resister parallel circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။Ohm Law အရ I1=V1/R1, I2=V2/R2, I3=V3/R3
ကြိုးတစ်ချောင်းကနေ သုံးမွှာခွဲစီးတော့ သုံးမွှာပေါင်းက မူလ ပေးတဲ့တန်ဖိုးကို ပြန်ရပါ့မယ်။

Source ကပေးသမျှကို Current ကိုကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။
Is=I1+I2+I3

ဒါ့ကြောင့် Vs=V1=V2=V3=V ဒါကို အပေါ်က equation မှာ
Vs/Z=V1/R1+V2/R2+V3/R3
Vs(1/Z)= V(1/R1+1/R2+1/R3)

V တူလို့

1/Z=1/R1+1/R2+1/R3

ဒါ့ကြောင့် parallel ကို တိုင်းရင် ပြောင်းပြန်တိုင်းရပါတယ်။ အလွယ်နည်းကတော့
R1 နဲ့ R2 parallel ပေါင်းတာ Rt ရမယ်ဆိုရင်
Rt=(R1.R2)/(R1+R2) ပါ။ ၁၀ အုမ်းနှစ်ခု parallel ရင် 100/20=5 ရလို့ တန်ဖိုးတူနှစ်ခုရဲ့ parallel ဟာ သူ့ တစ်ဝက်ပါ။ပေးတာက ၂ အမ်ပီယာ ခွဲယူမှာက ၂၀ အုမ်း ၂၀ အုမ်းနဲ့ ၁၀ အုမ်း အချိုးက ၂၀:၂၀:၁၀= ၂:၂:၁ တားဆီးမှုများလေ စီးဆင်းမှုနည်းလေ မိုလို့ ပြောင်းပြန်အချိုးကျပါတယ်။ ခွဲရတာကတော့ အမ်ပီယာအရ ၁:၁:၂ ပါ။ မူလ ၂ အမ်ပီယာကို ပြန်ခွဲတော့ ၀.၅:၀.၅:၁ ရပါတယ်။

၂ အမ်ပီယာကို တွက်ချင်ရင် R တွေကို ပေါင်းကြည့်တော့ ၂၀ နဲ့ ၂၀ နဲ့ အပြိုင်ပေါင်းတော့ တစ်ဝက် ၁၀ ရပါတယ်။ တစ်ခါရတဲ့ ၁၀ နဲ့ ကျန်တဲ့ ၁၀ အပြိုင်ထပ်ပေါင်းတော့ တစ်ဝက် ၅ အုမ်းရပါတယ်။

အားလုံးပေါင်းလို့ရတဲ့ R ကို (တနည်းအားဖြင့် source ကနေခံစားရတဲ့ R တွေ L တွေ C တွေ ပေါင်းရတဲ့ တန်ဖိုးကို) impedance Z လို့ခေါ်ပါတယ်။ Inductor နဲ့ Capacitor တွေ အခန်းမှာ ထပ်ကြုံမှာပါ။
Is=Vs/Z=10V/5 Ohm= 2 A ပါ။

Current Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။

  • Current Division Formula
Is, R1, R2, R3 ကိုပေးတယ် I2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် Current အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ သူက များလေ နည်းရလေမို့ သူ့အချိုးက ပြောင်းပြန်ပါ။ သူမဟုတ်တဲ့ တခြား R တွေနဲ့ အားလုံးပေါင်းအချိုး (R1+R3)/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Current နဲ့ ယှဉ်လိုက်ရင်ရပါပြီ။
  • I2=Is((R1 parallel R3)/(R2+R1 parallel R3))
  • I1=Is((R2 parallel R3)/(R1+R2 parallel R3))
  • I3=Is((R1 parallel R2)/(R1 parallel R2+R3))
တစ်ခါက အင်တာဗျူးတစ်ခုမှာ ကြုံဖူးတာပါ။ ဆရာက မေးတယ်။

ဆရာ။ ။ဟဲ့ကျောင်းသား parallel ဆို voltage တူတယ်ဆိုတာ ဟုတ်လား
ကျောင်းသား။ ။ဟုတ်ကဲ့ တူပါတယ်။

ဆရာ။ ။ဒါဆို လက်ဆွဲမီးစက်လေးက voltage ဘယ်လောက်ထွက်လဲ။
ကျောင်းသား။ ။၂၂၀ဗို့ထွက်ပါတယ်ဆရာ။

ဆရာ။ ။ဒါဆို မီးလုံးတစ်ထောင်အပြိုင်ချိတ်မယ်ကွာ။ voltage တူ ၂၂၀ဗို့ အတူရမလား။
ကျောင်းသား။ ။ဟုတ်ကဲ့ အပြိုင်ပဲ ဆရာ တူမှာပေါ့ခင်ဗျ။

ဆရာ။ ။ဒါဆို ဒီမီးစက်ကလေးနဲ့ မီးလုံးတစ်ထောင်သုံးလို့ရမလား။
(ကျောင်းသားတွေနေပါတယ်။ ပြီးမှ ဖြေးဖြေးဖြေတယ်)
ကျောင်းသား။ ။ဟုတ်ကဲ့ ရလောက်မှာပေါ့ဆရာတဲ့။

ဆရာ။ ။ဒါဆို ဒီမြို့မှာ ဘာလို့ မီးစက်ကြီးတွေ ရှိနေတာလဲ။ ဓာတ်အားပေးရုံကြီးတွေ ဘာလို့ ဆောက်နေလဲကွ။

အဲလိုမေးရင်းက တပည့်လေး ငိုတော့ မလို ဖြစ်သွားပါတော့တယ်။
(ဒီလိုချိတ်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘာဖြစ်မလဲ စမ်းဖြေရှင်းကြည့်ကြပေါ့ဗျာ။)

ဒီနေရာမှာ မပြောမဖြစ်လိုလာတဲ့ Power သဘောထားပါ။ အောက်က series နဲ့ parallel ပတ်လမ်းနှစ်ခုကို ကြည့်ပါ။ Source က ပေးတဲ့ P=VI=(IR)I=IsquareR ဟာ ကျန်တဲ့ ပစ္စည်းတွေက ရသမျှ ပစ္စည်းတွေအားလုံးပေါင်းနဲ့ တူနေပါတယ်။

voltage နဲ့ Current မှာ တကယ့်မူရင်းက Current က မှ fundamental quantity ပါ။ Voltage ဟာ Current ကို Resistant နဲ့ မြှောက်လို့ပါ။ power ဆိုတာကလည်း V နဲ့ I မြှောက်တာလေ။ အဓိကကတော့ Current ပါပဲ။

အောက်က Circuit နှစ်ခုကို ယှဉ်ကြည့်ပါ။ parallel ဆိုတော့ voltage တူပေမယ့် power ကွာလာပါတယ်။

လက်ဝဲဘက်က circuit မှာ resistor နှစ်ခုဟာ 10V နဲ့ပြိုင်လို့ ၁၀ ဆီရပါတယ်။ သူတို့မှာ စီးတဲ့ Current က 10V/1Ohm=10A ဆီပါ။ သူတို့ နှစ်ခု 10 V ရအောင် Source Battery က 2A ထုတ်ရတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါ့ကြောင့် Source ရဲ့ Power ဟာ 2Ax10V=200W ဖြစ်ပါတယ်။

လက်ယာဘက်က circuit မှာ resistor ၅ ခုဟာ 10V ဆီရဖို့ Current 1 A စီသုံးရပါတယ်။ Source ကတော့ အားလုံးပေါင်း 5A ထုတ်ပေးရမှာမို့ Source ရဲ့ ပါဝါဟာ 5Ax10V=500W ဖြစ်ရပါမယ်ခင်ဗျာ။
power ကို watt(W) နဲ့မဟုတ်ဘဲ KVA နဲ့ဖေါ်ပြကြပါသေးတယ်။ သူတို့ နှစ်ခုက မတူပါဘူးခင်ဗျာ။ နောက်ပိုင်းမှာ အလိုလို ပါလာမှာပါခင်ဗျ။

လောလောဆယ်ကတော့ 100W အိမ်သုံးမီး 220V မှာဆို Current က 100W/220V=0.45A လောက်လိုပါမယ်ဆိုတာလောက် သိထားကြစို့ဗျာ။ နောက်နေ့မှာ KCL KVL ဘက်ဆက်ချဲ့ကြစို့ဗျာ။


အောက်ထိ တစ်ဆင့်ခြင်း ဆင်းကြတာပေါ့ဗျာ။

ပေးထားတဲ့ပုံကို မြင်ရလွယ်အောင် လက်ဝဲဖက်မှာ Source တစ်ခုပဲ ထားပြီး ကျန်တာတွေကို ထောင်လိုက်ပါမယ်။
5Ω 10Ω နဲ့ 5Ω သုံးလုံးကို Series ပေါင်းပါ့မယ်။ 20Ω ရလာပါ့မယ်။
အဲဒီ 20Ω ကို ဘေးက 20Ω နဲ့ parallel ပေါင်းတော့ 10Ω ရပါ့မယ်။
ရတဲ့ 10Ω ကို ကျန်နေတဲ့ 20Ω နှစ်လုံးနဲ့ Series ပေါင်းတော့ 50Ω ရပါ့မယ်။
ပေးတာက 50V ယူမှာက 50Ω ဆိုတော့ Current က 1A ပေါ့ဗျာ။
ရတာကလည်း တစ်ခုတည်းမို့ 50V ရတယ်ပေါ့ဗျာ။

ရတဲ့ Current 1A ကိုသုံးပြီး KCL (Kirchhoff's current law) ပတ်မယ်ဗျာ။ ရတဲ့ Voltage 1V ကိုသုံးပြီး KVL (Kirchoff's Voltage Law) ပတ်တာပေါ့ဗျာ။

အလယ်က Roll က KCL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပါဘူး။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Current Division သဘောနဲ့ကွဲသွားပါ့မယ်ခင်ဗျ။
သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။

ပစ္စည်းတွေကြား ကြိုးဆက်တဲ့ နေရာလေးကို node လို့ခေါ်ပါတယ်။ ပုံမှာ node X နဲ့ node Y ဆိုပြီးရှိပါတယ်။

  • Kirchoff က ပြောတာက node တွေ ၀င်သမျှ current တွေဟာ ထွက်သမျှ current တွေနဲ့တူပါတယ်တဲ့။
X မှာ 1A ၀င်ပြီး (0.5A+0.5A) နှစ်ခုထွက်သွားပါတယ်။ equation အရ အ၀င်ကို (-) အထွက်ကို (+) နဲ့ရေးပါတယ်။
-1A+0.5A+0.5A=0A
node Y မှာလည်း အတူတူပါပဲခင်ဗျ။

အပေါ်ပုံက KVL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပေမယ့် Voltage ကတော့ ခွဲယူရပါတယ်။
Voltage Division သဘောတရားအရ ခွဲရပါ့မယ်။ 20V 10V နဲ့ 20V ဆိုပြီး အသီးသီးခွဲရပါမယ်။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Voltage ကတော့ အပြိုင်မိုလို့ တူဆဲပါခင်ဗျ။

သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။ ပိတ်နေတဲ့ ပတ်လမ်း တစ်ဝိုက်စာကို Loop လို့ခေါ်ပါတယ်။ ပုံမှာ i1 loop နဲ့ i2 loop ဆိုပြီး နှစ်ခုရှိပါတယ်။
  • Kirchoff က ပြောတာက loop တွေမှာ ရှိတဲ့ voltage ကို direction တစ်ခုအရပေါင်းရင် 0 ရတယ်တဲ့။
I1 loop မှာ ပေးတဲ့ Source ကို (-) ဘက်စွန်းက စတွေ့ပါတယ်။ ဒါ့ကြောင့် -50V ပါ။ အပေါ်က 20Ω ကို (+)စွန်းနဲ့စတွေ့ပါတယ်။ ဒါ့ကြောင့် +20V ပါ။ ယာဘက်က 20Ω ကို (+)စွန်းမှာစတွေ့လို့ +10V ပါ။ အောက်ဘက်က 20Ω ကိုလည်း (+)စွန်းမှာစတွေ့လို့ +20V ပါ။
အားလုံးကိုပေါင်းရင်
-50V+20V+10V+20V=0V ဆိုတဲ့ KVL equation ရလာပါတယ်။
ယာဘက်က loop ကိုပတ်မယ်ဆိုရင်
-10V+2.5V+5V+2.5V=0V ဆိုပြီးရလာပါ့မယ်ခင်ဗျာ။

Electronics ဖြစ်ပေါ်လာပုံ



Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။
သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။
အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
  1. အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
  2. ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
  3. လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
  4. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
  5. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
  6. မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။


(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။

လျှပ်စစ် ဆိုင်ရာ viva အမေးနှင့် အဖြေ

ဖြေ-၁၆။ station တစ်ခုနှင့် တစ်ခုအကြား ဝါယာကြိုးများကို မသုံးဘဲ ရေဒီယိုလှိုင်းများ ဖြင့် အသုံးချ ဆက်သွယ်သော စံနစ်ကို ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ဟုခေါ်သည်။

မေး-၁၇။ (Electronics) အီလက်ထရောနစ် ဆိုသည်မှာ အဘယ်နည်း။
ဖြေ-၁၇။ အီလက်ထရွန် အပါအဝင် အခြား လျှပ်စစ်ဓာတ် သယ်ဆောင်သော အရာများ၏ အပြုအမူနှင့် သဘော သဘာဝတို့ကို လေ့လာ၍ အသုံးချသော သိပ္ပံ ဘာသာရပ်ခွဲ တစ်ခုကို အီလက်ထရောနစ် ဟု ခေါ်သည်။

မေး-၁၈။ (radio-chain) ရေဒီယို ဆက်ကြောင်း ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၈။ ရေဒီယို အချက်ပြ လှိုင်းများ ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း စသည်တို့ကို ပြုလုပ်နိုင်သော ပြီးပြည့်စုံသည့် စနစ် တစ်ခုကို radio-chain ဟုခေါ်သည်။

မေး-၁၉။ (radio broadcasting) ရေဒီယို အသံလွှင့်ခြင်း ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၉။ အများပြည်သူများ အိမ်သုံး ရေဒီယို အသံဖမ်းစက်များဖြင့် ဖမ်းယူ နားဆင် နိုင်စေရန် ရေဒီယို အစီအစဉ်များ ထုတ်လွှင့်ပေးသော စံနစ်ကို ရေဒီယို အသံလွှင့်ခြင်း ဟု ခေါ်သည်။

မေး-၂၀။ (broadcasting methods) အသံလွှင့်ခြင်း နည်းလမ်းများကို ဖေါ်ပြပါ။
ဖြေ-၂၀။ များသော အားဖြင့် AM(amplitude modulation) နှင့် FM(frequency modulation) နည်းလမ်းများကို အသုံးပြုသည်။ ရုပ်မြင်သံကြားနည်းပညာတွင်မူ ၄င်း နည်းစနစ် ၂ မျိုးလုံးကို အသုံးပြုရသည်။

မေး-၂၁။ radio propagation ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၂၁။ ရေဒီယို လှိုင်းများကို ဖြန့်ကျက်လွှင့်ထုတ်သော ဖြစ်စဉ်ကို radio propagation ဟု ခေါ်သည်။

မေး-၂၂။ radio wave propagation နည်းလမ်းများကို ဖေါ်ပြပါ။
ဖြေ-၂၂။ ground, sky, direct နှင့် ground-reflected waves ဟူ၍ ရေဒီယို လှိုင်းများကို ခွဲခြား ထုတ်လွှင့် နိုင်သည်။

မေး-၂၃။ ground waves ဆိုသည်မှာ အဘယ်နည်း။
ဖြေ-၂၃။ ကမ္ဘာမြေကြီးတစ်လျောက် ရေဒီယိုလှိုင်းများကို ထုတ်လွှင့်ခြင်း ဖြစ်သည်။ ထိုလှိုင်းများသည် ရေဒီယို အသံလွှင့်ခြင်းကို ၄၀၀ ကီလိုမီတာ အထိ ပြုလုပ်နိုင်ပြီး frequency 300 မှ 3000KHz အကြား အသုံးပြုနိုင်သည်။