Sunday, April 11, 2010

(အကောင်းဆုံးဖေါမက်ချနည်း)

ကွန်ပျူတာနည်းပညာ (အကောင်းဆုံးဖေါမက်ချနည်း)

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။
ထုတ်လို့ မရတော့တာမျိုး … Virus ကိုက်သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။
အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ …….USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။

၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား … ။

၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ..ရောက်ရင် ညဘက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် …။
အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။



၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။



၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။



၅။ အားလုံးပြီးရင် OK ပေါ့ ...။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် … ။

ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။


Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer


ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This


Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes


Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

Download Links:

Autoruns
Process Explorer
HiJack This
Malware Bytes Anti Malware

Copy & Paste , Ctrl + C / V ကိုသတိထားရန်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။
ဒါကိုအင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ပေါင်းပြီး ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၄င်း webpage မှာမြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက် သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကိုတော်တော်နဲ့ မဖတ်တတ်ပါဘူး။ yes or no ဆိုရင် " yes" လိုက်တာပဲ။ allow or disallow ဆိုရင် "allow" လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security

2. Press custom level

3. In the security settings, select disable under Allow paste operations via script.

ဒါဆိုရင် လုံခြုံသွားပါပြီ။

ကမ္ဘာပထမဆုံး Laptop with Wireless Charging

ကမ္ဘာပထမဆုံး Laptop with Wireless Charging



Dell ကနေပြီးတော့ ကမ္ဘာပထမဆုံး Wireless Charging လုပ်နိုင်တဲ့ Laptop ကိုထုတ်လိုက်ပြီဖြစ်ပါတယ်။အံ့သြငေးမောရလောက်တဲ့ Laptop မျိုးမဟုတ်ပေမဲ့ တခြား Laptop တွေမှာမပါရှိသေးတဲ့ သတိထားမိလောက်တဲ့ Features သစ်တွေတော့ ပါလာခဲ့ပါတယ်။ဘယ် PC Maker မှမစဉ်းစားသေးတဲ့ Wireless Charging ကို Dell ကချပြလိုက်တာပါပဲ။Design ကလဲ ပါးပါးလျလျလေးနဲ့ Screen Size 16 inches ရှိတယ်လို့ဆိုပါတယ်။ Laptop နဲ့အတူ Laptop Stand လေးကိုပါ သယ်ဆောင်သွားဖို့တော့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Laptop Stand ကနေတဆင့် Charging လုပ်တာကြောင့်ပါပဲ။ ဘာပဲပြောပြော ကြိုးရှုပ်တဲ့ Laptop တွေ တစ်ခေတ်ကုန်သွားဖို့ လမ်းစလို့ ယူဆရတဲ့အတွက် ၀မ်းသာစရာပါပဲဗျာ …. ကျနော့်စိတ်ထင် နောက် ၅နှစ် ၆နှစ်လောက်ဆိုရင် ဒီလို ရှင်းရှင်းလင်းလင်း Laptop လေးတွေ ဈေးသက်သက်သာသာနဲ့ ဈေးကွက်ထဲမှာ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေကြောင်းပါ။


( ခုတော့ $2000 ၀န်းကျင်လို့ဆိုပါတယ်ဗျာ )


Computer သမားများအတွက် မမြင်ရသော အန္တရာယ်

လေဆာပရင်တာကို အဓိကသုံးနေကြသူ ကွန်ပျူတာသမားများရဲ့ အနီးဝန်းကျင်မှာ အသံမပေး၊ ကိုယ်ထင်မပြဘဲ တဖြည်းဖြည်းဒုက္ခပေးနေတဲ့ ဘေးဆိုးအန္တရာယ်တွေ ရှိပါတယ်လို့ သြစတြေးလျနိုင်ငံ ကွင်းစလန်နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက သတိပေးလိုက်ပါတယ်။ အဲဒါက လေထဲမှာ ပျံ့လွင့်နေတဲ့ အလွန်သေးငယ်တဲ့ တိုနာမင် အမှုန်အမွှားတွေဖြစ်ပါတယ်။ ၎င်းဟာ အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်ကို ဒုက္ခပေးပြီး ကျန်းမာရေးချွတ်ယွင်းလာကာ ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။ ဘာနဲ့ တူသလဲဆိုတော့ “ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် စီးကရက်သောက်သူအနားမှာ နေသလိုပဲ” လို့ နှိုင်းပြပါတယ်။
Computer နဲ့ပတ်သက်တဲ့ သုတေသီတို့ကလည်း တိုနာမင်အိမ်(toner cartridges) အသစ်ကို သုံးတဲ့အချိန်နဲ့ ဂရပ်ဖစ်တွေ၊ ပုံတွေကို ပရင့်ထုတ်တဲ့အချိန်များမှာ တိုနာမှုန့်ပိုပြီးထွက်တယ်လို့ ဆိုပါတယ်။ လေဆာပရင်တာလိုပဲ တိုနာမင်အမှုန့်သုံးတဲ့ မိတ္တူကူးစက်တွေလည်း ဒီလို အန္တရာယ်ပေးနိုင်ပါတယ်။ ၎င်းအတွက် သုတေသနပညာရှင်တွေက ဒီလို ခွဲခြားရေးပါတယ်။
1. အိုဇုန်း(Ozone)
အိုဇုန်းကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ ရေးကြပါတယ်။ ကွန်ပျူတာနယ်ပယ်အတွက်တော့“မိတ္တူကူးစက်နဲ့ လေဆာပရင်တာများမှာ မြင့်မားတဲ့ လျှပ်စစ်ဗို့အားနှင့် အလုပ် လုပ်နေတဲ့ အချိန်အတွင်း ထုပ်လုပ်လိုက်တဲ့ ဓါတ်ငွေ့တစ်မျိုးလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ၎င်းကို သင့်အနေနဲ့ ပြင်းပြင်းထန်ထန်ရှူလိုက်ခြင်းသည် အဆိပ်ငွေ့ကို ရှူနေသလိုဖြစ်နေတယ်။ အနံက မွှေးသလောက် အဆိပ်က ပြင်းထန်ပါတယ်။ အိုဇုန်းတွေ များလာရင် ပတ်ဝန်းကျင်မှာ အပူရှိန်တွေတတ်လာပြီး လေထုအတွင်း အစိုဓါတ်များလာပါတယ်။ လူသားတွေအတွက် မျက်စိ၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ကို ဒုက္ခပေးပြီး အရေပြားရောဂါဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ချင်ခြင်း၊ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ မျိုးပွားခြင်းလုပ်ငန်းစဉ်ကို ထိခိုက်ခြင်းများ ဖြစ်ပေါ်စေတယ် လို့ဆိုပါတယ်။ မျက်နှာ၊ လည်ပင်းနဲ့ အသားအရေကို ယားယံစေခြင်းကို ဖြစ်စေပါတယ်။ အဲဒီ့ အိုဇုန်းတွေဟာ နိုက်ထရိုဂျင် အောက်ဆိုက်နဲ့ အချိုးကျ ရောစပ်မိရင် လူသားတို့ရဲ့ နာဗ်ကြောကို ထိခိုက်စေပါတယ်။
2. ပျံ့လင့်နေသော အော်ဂ်နစ်ဓါတ်ပေါင်းများ(Organic compounds)
မိတ္တူကူးနေတဲ့ အချိန်၊ လေဆာပရင်တာသုံးနေတဲ့ အချိန်မှာ အော်ဂ်နစ်ဓါတ်ပေါင်းတွေ ထွက်နေတတ်ပါတယ်။ အဲဒီမှာ decane ခေါ် အယ်လ်ကိန်းဟိုက်ဒရိုကာဗွန်နဲ့ ထရိုင်ကလို ရိုအီသိန်း(1, 1, 1- tri chloroethane) ခေါ် ဟိုက်ဒရိုကာဗွန်ဓါတ်ပေါင်းတွေက အသားအရေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ နောက် isooctane နဲ့ toluene ဓါတ်ပေါင်းတွေက မေပန်းခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးခြင်း၊ အိပ်ချင်ခြင်း၊ လည်ချောင်းနဲ့ မျက်စိကို စပ်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ Xylene က အမျိုးသမီးများ ရာသီ သွေးဆင်းခြင်းကို မမောက်ကမဖြစ်စေတတ်ပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ Benzene ဆိုတဲ့ အော်ဂ်နစ်ဓါတ်ပေါင်းကလည်း မီးလောင်လွယ်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
3. ဆယ်လီနီယံနဲ့ ကက်မီယံ ဆာလ်ဖိုက်(Selenium and cadmium sulphide)
တစ်ချို့ မိတ္တူကူးစက်များမှာ ဆယ်လီနီယံဒြပ်စင်နဲ့ ကယ်မီယံဆာလ်ဖိုက်တွေ စိမ့်ဝင်နေတဲ့ ဓါတ်သားပါတဲ့ ဒရမ်ကို သုံကြပါတယ်။ အဲဒီစက်ကို သုံတဲ့အခါ ဒရမ်က အလွန်ပူလာပြီး အဆိုပါ ဓါတ်သားပါတဲ့ ဓါတ်ငွေ့တွေထွက်လာပါတယ်။ ၎င်းဟာ လည်ချောင်းကိုယားယံစေတယ်။ သိပ်များရင် အန်ချင်တာနဲ့ အရေပြားမှာ မိတ်လိုလို၊ အင်ပျဉ်လိုလို အဖုအပိမ့် အနီကွက်တွေ ထတာမျိုးဖြစ်စေပါတယ်။ ဒရမ်ကို သန့်ရှင်းရေး လုပ်သူတွေသတိထားပါ။
4. နိုက်ထရိုဂျင်အောက်ဆိုက်(Nitrogen oxide)
မိတ္တူကူးစက်နဲ့လေဆာပရင်တာတို့ရဲ့ လျှပ်စစ်ခတ်မှု(spark) တွေကနေနိုက်ထရိုဂျင်အောက်ဆိုက် ဓါတ်ငွေ့ ကို ဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ ၎င်းဟာ လူကို ထုံထိုင်းစေပါတယ်။
5. ကာဗွန်မိုနောက်ဆိုက်(Carbon monoxide)
Toner cartridge ထဲက အနက်ရောင်ကာဗွန် အမှုန့်များဟာ ပူလာတဲ့အခါ ကာဗွန်မုနောက်ဆိုက်ဓါတ်ငွေ့ တွေကို ထွက်စေပါတယ်။ ၎င်းဟာ ခေါင်းကိုက်ခြင်း၊ အိပ်ချင်ခြင်းနဲ့ များရင် သတိလစ်ခြင်းအထိဖြစ်စေနိုင်ပါ တယ်။ သွေးခုန်နှုန်းကို တိုးစေပြီး အိမ်ထောင်သည်အမျိုးသမီးများကို သန္ဓေသားကို ထိခိုက်စေပါတယ်။ ဒီအချက်တွေကို လေ၀င်လေထွက် ကောင်းမွန်တဲ့ နေရာတွေမှာ အလုပ် လုပ်ခြင်းဖြင့် ရှောင်နိုင်ပါတယ်။
6. တိုနာ (Toners)
တိုနာမင်မှုန့်သည် အခြေခံအားဖြင့် ပလတ်စတစ် အစေး၊ ကော်စေ့နဲ့ အနက်ရောင်ကာဗွန်အမှုန့် အရောအနှောတွေလို့ ဆိုပါတယ်။ ကာဗွန်အမှုန့်ကို အန္တရ်ာရှိတဲ့ အဆိပ်မှုန့်လို့ အများက သိကြပါတယ်။ ကိုင်တွယ်ရင် လက်အိတ်သုံးသင့်ပါတယ်။ ပြီးရင် လက်ကို စင်အောင်ဆေးရပါမယ်။ မျက်စိ၊ လျှာတို့နဲ့ မထိတွေ့အောင် သတိထားပါ။ အထူးသဖြင့် စက်ပြင်သူတွေ သတိထားသင့်ပါတယ်။
7. အခြားဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များ
ခရမ်းလွန်ရောင်ခြည် (Ultraviolet light)
မိတ္တူကူးနေစဉ် အဖုံးကို ဖွင့်လိုက်ခြင်းဖြင့် အဲဒီက အလွန်စူးရှတဲ့ အလင်းရောင်ကိုမြင်ဖူးပါလိမ့်မယ်။ ၎င်းဟာ ခရမ်းလွန်ရောင်ခြည်ဖြစ်ပြီး မျက်စိကို ကြိမ်းစပ်စေပါပြီး မြင်ရတဲ့ အခါများရင် (သို့) ကြည့်တဲ့ အကြိမ်များရင် ထိခိုက်စေပြီး အသားအရေကို လောင်စေပါတယ်။

Files တွေမှာ ပိုးရှိမရှိ ကြည့်ရုံနဲ့ သိနိုင်မလား

Files တွေမှာ ပိုးရှိမရှိ ကြည့်ရုံနဲ့ သိနိုင်မလား
သင့်ကွန်ပျူတာထဲမှာရှိတဲ့ အမျိုးအစားစုံလင်လှတဲ့ file တွေကို ဗိုင်းရပ်(စ်) ကပ်ငြိနေနိုင် ပါတယ်။ ဗိုင်းရပ်(စ်) စစ်ပေးတဲ့ software တွေ ပိုမိုကောင်းမွန်လာတယ်ဆိုပေမဲ့ တစ်ချို့  ဗိုင်းရပ်(စ်) တွေဆို Anti virus Program တွေက ကောင်းစွာ မစစ်ဆေးပေးနိုင်ပါ။ သင့်အနေနဲ့  file တစ် file ဟာ ဗိုင်းရပ်(စ်) ကမ်ငြိနေတယ်လို့ သံသယရှိရင် အဲဒီ file ကို ဒီ Virus Total ၀င်ပြီးတော့ upload လုပ်ပြီးစစ်ဆေးနိုင်ပါတယ်။ ဒီ virus total search engine မှာ နာမည်ကြီး Antivirus Company တွေပူးပေါင်းပါဝင်ပါတယ်။

USB Storage Device မှာ Data ၀င်ရောက်ရေးသားခြင်းကို ပိတ်ထားမယ်

Windows XP မှာ USB Storage devices ကိုလွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ ဒီ usb devices တွေဟာ OS မှာပုံသေထည့်သွင်းထားတဲ့ drivers ကို ချိတ်ဆက်ပြီးတော့အလုပ်လုပ်ကြပါတယ်။ သူ့ကို စက်မှာ တပ်ဆင်လိုက်ပြီးတော့ သင်လိုရာ Data တွေ Pictures တွေ software တွေအပါအ၀င် Video files တွေကို လွယ်ကူစွာ ထည့်သွင်းသိုလှောင်ထားနိုင်ပါတယ်။ ဒီလို သုံးရအဆင်ပြေ သယ်ဆောက်ရလွယ်တဲ့ ဒီ usb devices တွေမှာ လုံခြံရေးဆိုင်ရာ အားနည်းချက်တွေရှိနေပါတယ်။ ဒီအားနည်းချက်ကို လုပ်ငန်းသုံး နက်ဝပ် တည်ဆောက်ထားတဲ့သူတွေနဲ့ အိမ်သုံး နက်ဝပ် အသုံးပြုတဲ့သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ဘာအားနည်းချက်လဲဆိုတော့ သင်ရဲ့ usb devices ကို pc မှာထိုးထည့်လိုက်တာနဲ့ အဲဒီ pc မှာ စက်တွေ နက်ဝပ်တွေကို ဒုက္ခပေးမယ့် Virus,Spyware, Adware တွေဟာ အလိုအလျောက် သင့် usb devices ထဲကို ၀င်ရောက်ရေးသားကြမှာဖြစ်ပါတယ်။ အဲဒီကနေ တဆင့် မထင်မှတ်ပဲ တစ်ခြားစက်တွေကိုလည်း ၀င်ရောက်ခြင်းဖြင့် ပျံ့နှံမှုကိုပိုမိုလျင်မြန်စေမှာဖြစ်ပြီး အချိန်နဲ့ငွေတွေ ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ဒါကြောင့် သင့်ရဲ့ စက်ကို တခြားလူတစ်ယောက် ၏ usb devices ကိုလာထိုးပြီးဆိုတာနဲ့ ဖတ်လို့ပဲရပြီး ရေးလို့မရအောင် ကာကွယ်ထားလို့ရပါတယ်။ဆိုလိုတာက usb devices ထဲမှာ Virus ရှိလည်း သင့်စက်ထဲကို ကူးစက်ပြန့်ပွားမှာ စိုးရိမ်ပူပန်စရာမလိုတော့ပါ။
ပထမအဆင့်

1. Start --- > Run --- > regedit

2. HKEY_LOCAL_MACHINE\SYSTEM\ CurrentControlSet\Control key ကိုသွားပါ။
3. StroageDevicesPolices ဆိုတဲ့ sub key ကိုရွေးပါ။ ( မတွေ့ရှိခဲ့လျှင် right click New --- > Key ကိုရွေးပါ အမည်ကို StorageDevicesPolices ဟုရိုက်ပါ။)
ဒုတိယအဆင့်
4. ညာခြမ်းတွင် right click New --- > Dword Value ကိုရွေးပါ။
5. အမည်ကို WriteProtect ဟုရိုက်ပါ။
6. WriteProtect ကို pointer ထောက် right click --- > Modify ကိုရွေးပါ။
7. Value ကို 1 ဟုပြောင်းပေးပါ။
Exit and Restart.
အဆင်ပြေကြပါစေ။