Sunday, April 11, 2010

CD/DVD ကူးရင် အဆင်ပြေအောင်

ကျွန်တော် itmen blog ထဲက ဖတ်ပြီးလုပ်တာ အရမ်းအဆင်ပြေတယ်ဗျာ ဘာမှမတတ်သေးတဲ့ ကျွန်တော့်အဖို့တော့ အရမ်းဆင်ပြေတယ်
virus file ပါလို့ပဲဖြစ်ဖြစ်၊ ကူးမရ ရွှေ့မရတဲ့ file တွေ့နဲ့တွေလို့ပဲဖြစ်ဖြစ် file error တတ်လဲ ဆက်ကူးပေးတယ်ဗျာ
window က ပါတဲ့ xcopy utility ကို command prompt ကနေသုံးနည်းတဲ့
ဒီလို ကျွန်တော်တို့ CD Drive က E ဆိုပါတော့။ Partation C , D , E ကိုဆိုလိုခြင်းဖြစ်ပါသည်။
CD ခွေထဲကနေ hard disk (D:) ထဲကိုကူးမယ်ပေါ့ဗျာ။ ဒီတော့အရင်ဆုံးitmen ပြောသလို D: ထဲမှာ aquartz ဆိုတဲ့ folder လေးအရင်ဆောက်လိုက်တယ်ဗျာ
> Run box ကနေ cmd လို့ ရိုက်ပြီး Ms DOS cmmand pormpt ထဲကို ၀င်လိုက်ဗျာ။
>>E: ဆိုပြီး enter နှိပ်လိုက် ပြီးတော့
> xcopy /c /s *.* D:\aquartz (ကြားထဲမှာ space တွေပါတယ်နော်) လို့ ရိုက် enter ခေါက်လိုက်ဗျာ။ တတ်နိုင်သလောက် သူအကုန်ကူးသွားတာ တွေ့ပါလိမ့်မယ်။

How to Maintain a Virus Free Computer


ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံးဖြစ်အောင် ထိန်းသိမ်းသုံးစွဲလို့ ရနိုင်မလား ….???

အဲဒီလို မေးခွန်းမျိုးနဲ့ ကြုံရင် ကျွန်တော်အနေနဲ့တော့ ယေဘူယ အားဖြင့် ရနိုင်တယ်လို့ ဆိုပါရစေ။ ဒါပေမဲ့ လိုက်နာရမဲ့ အချက်လေး (၉) ချက်လောက် လိုက်နာလိုက်မယ်ဆိုရင်တော့ သာမန်ယူဇာတစ်ယောက် သုံးစွဲရန် သင့်လျှော်တဲ့ ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံး ဖြစ်လာနိုင်ပါတယ်။ ဘာမှ အပန်းမကြီးတဲ့ အချက်လေးတွေကို လိုက်လာလိုက်ခြင်းဖြင့် မိတ်ဆွေရဲ့ ကွန်ပျူတာကို ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံးအဖြစ် ပျော်ရွှင်ချမ်းမြေ့စွာ သုံးစွဲကြပါစို့… ကဲ စလိုက်ရအောင်။ ။

၁။ ပထမဆုံး အချက်အနေနဲ့က Antivirus ကောင်းတာ သုံးစွဲဖို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကွန်ပျူတာ တစ်လုံးက Antivirus ကောင်းတာကြီး သုံးစွဲပြီး Update မပေးရင်လည်း ဘာမှ သိပ်ပြီးတော့ ထူးခြားမှာ မဟုတ်ပါဘူး။ ထိုအတွက် Update ကို အမြဲ ပေးနိုင်အောင် ကြိုးစားပေးပါ။ အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာ ဖြစ်ပါက Antivirus ကို Automatic Update ထားပေးထားပါ။

၂။ အခြား USB thumb/pen drives ၊ extra harddisk တွေကို သုံးစွဲရမှာလည်း စွပ်မသုံးပဲ Virus Scan ဖတ်ပြီးမှ သုံးစွဲဖို့။ ပြီးလျှင် ထို drives တွေကို ဖွင့်ရာမှာလည်း Double click ဖြင့်မနှိပ်ပဲ right click နှိပ်ပြီးမှ open (သို့) explore တို့ဖြင့် ဖွင့်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ autorun ဖြင့် ထို drive ထဲမှ အန္တရာယ်ရှိတဲ့ .exe ဖိုင်တွေကို Auto အလုပ်မလုပ် နိုင်စေရန် ဖြစ်ပါတယ်။

၃။ တခြား တစ်နေရာမှ Harddisk တစ်လုံးကို မိမိကွန်ပျူတာမှာ တပ်ဆင်တော့မယ်ဆိုလျှင် ကွန်ပျူတာ ဖွင့်ဖွင့်ခြင်း ချက်ချင်း မသုံးစွဲပဲ Virus Scan ဖတ်ပြီးမှသာ စတင်သုံးစွဲပါ။

အခု အပေါ်က ၃ချက်ကတော့ LAN (သို့) အင်တာနက် ချိတ်ဆက်ထားခြင်းမရှိတဲ့ ကွန်ပျူတာတွေအတွက် ပြည့်စုံသလောက် ရှိပါတယ်။

၎။ ဗိုင်းရက်စ် ပြန့်ပွားမှုရဲ့ 90% လောက်က အင်တာနက်မှ တဆင့်ဖြစ်သည့်အတွက် အင်တာနက် သုံးစွဲရာတွင် အောက်ပါအချက်လေးများကို လိုက်နာ ဆောင်ရွှက်ပေးပါ။website တစ်ခုဖွင့်ရာတွင် အလိုအလျှောက် ထက်မံပွင့်လာတတ်သည့် pop-up windows မျိုးမှ မည်သည့်အရာကိုမှ သွားရောက်မစမ်းသပ်ပဲ ချက်ချင်း ပိတ်လိုက်ပါ။ သင့်အတွက် အကျိုးရှိမည့်အရာ တစ်ခုမှ ပါလာလိမ့်မယ် မဟုတ်ပါ။ ဆိုးကျိုးသာ ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ သင့်အနေနဲ့ မိတ်ဆွေတစ်ဦးကပေးတဲ့ (သို့) Google.com တို့လို Search Engine တွေက ရှာပေးတဲ့ သင့်မသိတဲ့ အင်တာနက် စာမျက်နှာများကို ဖွင့်ရာတွင် AVG LinkScanner လို ဆော့ဝဲလ်မျိုး ရမ်းပေးခြင်း။ (သို့) browser တွင် WOT လို အန္တာရာယ်ရှိသော website များကို ချက်ချင်း ကြည့်ခွင့်မပေးသည့် plugin လေးများ အသုံးပြုသင့်ပါသည်။

၆။ အီးမေးလ် အသုံးပြုတဲ့ လူတွေအနေနဲ့ အမြဲ ကြုံတွေနေရတာကတော့ Spam mail တွေပါပဲ။ ဘာမှန်းမသိ ဘယ်ကမှန်းမသိတဲ့ မေးလ်တွေ အမြဲဝင်လာတတ်ပါတယ်။ ဒီနေရာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးလ်တွေ့တိုင်း ၀င်မဖတ်ပါနဲ့။ ပေးတဲ့ Links ကလေးတွေကိုလည်း သွားမနှိပ်မိပါစေနဲ့။

၇။ ဖြစ်နိုင်မည်ဆိုလျှင် သင့်ကွန်ပျူတာမှာ Antivirus အပြင် ကောင်းမွန်တဲ့ Anti-Spamware တစ်ခုလောက် run ထားပေးသင့်ပါတယ်။

၈။ အီးမေးလ် (သို့) အင်တာနက်မှ သင်ဒေါင်းလုပ်ချထားသည့် ဖိုင်များကိုလည်း ဖြစ်နိုင်လျှင် ချက်ချင်းမဖွင့်ပဲ Virus Scan ဖတ်ပြီးမှ စတင် အသုံးပြုပေးပါ။

၉။ မိုက်ခရိုဆော့လ်မှ ၀င်းဒိုးအတွက် အခါအားလျှော်စွာ ထုတ်ပေးတတ်သည့် update ဖိုင်များကို ဒေါင်းလော့ချပြီး သွင်းထားပေးပါ။ အကယ်၍ သင်က ၀င်းဒိုးအခွေအစစ်ကို ၀ယ်ယူသုံးစွဲသူ ဖြစ်ပါက အပန်းမကြီးတဲ့ Automatic Update လေးကို အမြဲဖွင့်ထားလိုက်ပါ။

Virus ရန်က ကင်းဝေးအောင်ဒါတွေဆောင်


Antivirus တင်ထားရပါမယ်

ဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် မရှိမဖြစ် ရှိရမယ့်ဟာကတော့ Antivirus ပါပဲ။ ဘယ် Antivirus ကပိုကောင်းတယ်ဆိုပြီး အမျိုးမျိုး ပြောနေကြတာလည်း ကြားဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ recommended လုပ်ချင်တာကတော့ Kaspersky Antivirus 7.0 ပါ။ ဘာဖြစ်လို့ ညွှန်းတာလဲဆိုတော့ 2006 နဲ့ 2007 အတွက် အကောင်းဆုံးဆု ရထားလို့ပါ။ ဒါပေမဲ့ Kaspersky က Blacklist လည်း ခဏခဏ ပေါ်တယ်။ Update လည်း မလုပ်တတ်ဘူး ဘာညာစသည်ဖြင့် ညည်းတာတွေကိုလည်း ပြန်ကြားရပါတယ်။ Blacklist မဖြစ်အောင်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂရုစိုက်ရပါမယ်။ Kaspersky ရဲ့ သဘောက Update လုပ်လိုက်ရင် ရှိပြီးသား Key လေးတွေ Blacklist ဖြစ်ဖြစ် သွားတတ်ပါတယ်။ အဲဒီအခါမှာ http://www.kavkiskey.com/ ကိုသွားပြီး Key တော်တော်များများကို download ဆွဲချရပါတယ်။ ပြီးတော့မှ တစ်ခုချင်း ထည့်စမ်းကြည့်ရပါတယ်။ Blacklist မဖြစ်တဲ့ Key ကတော့ အမြဲတမ်းပါလာလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနည်းကို သုံးနေပါတယ်။

တပတ်တစ်ခါ Update လုပ်ပါ

Antivirus တင်ပြီးပြီဆိုပြီး ပေါ့နေလို့လည်း မရသေးပါဘူး။ ဗိုင်းရပ်စ်တွေကို အထင်မသေးပါနဲ့။ အချိန်တိုင်း အသစ်တွေ ပေါ်နေပါတယ်။ ကိုယ့် Antivirus က 1 ရက်နေ့ Update ဆိုရင် 2 ရက်နေ့မှာ ထွက်လာတဲ့ ဗိုင်းရပ်စ်ကို ယောင်လို့တောင် သိမှာမဟုတ်ပါဘူး။ ဒါကြောင့် Antivirus ရဲ့ database ကို တပတ်တခါ update လုပ်ပေးရပါ့မယ်။ Kaspersky အတွက်တော့ http://www.kaspeskylab.com/ မှာ ရနိုင်ပါတယ်။ သူပေးထားတဲ့ Update ဖိုင် သုံးမျိုးထဲက av-i386-cumul.zip ကို download ဆွဲချရင် ရပါတယ်။ မပျက်မကွက်ပဲ တပတ်တခါ update လုပ်နိုင်ရင်တော့ av-i386-weekly.zip ဖိုင်ကို download လုပ်ရင် ရပါတယ်။ weekly က cumulative ထက်စာရင် File size သေးတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ပျက်ကွက်ခဲ့ရင်တော့ မရပါဘူး။

Full Scan လုပ်ပါ

Update လုပ်ပြီးတိုင်း Computer ကို Full Scan လုပ်ပါ။ အချိန်ပေးရတယ်လို့ထင်ရင် ညအိပ်ရာဝင်ခါနီးမှာ command ပေးပြီး ပစ်ထားလို့ ရပါတယ်။

Autorun Killer သုံးပါ

မြန်မာပြည်မှာတော့ ဗိုင်းရပ်စ်အများစုဟာ Memory Stick တွေကနေ ပြန့်ပွားကြတာ များပါတယ်။ ကူးစက်တဲ့ဗိုင်းရပ်စ် တော်တော်များများကလည်း Memory Stick ကို ကွန်ပျူတာမှာတက်လိုက်တာနဲ့ ဗိုင်းရပ်စ်အလုပ်လုပ်အောင် autorun.inf ဖိုင်မှာ ၀င်ရေးထားတာ များပါတယ်။ အဲဒီ autorun.inf ကို အလုပ်မလုပ်နိုင်အောင်သာ တားနိုင်မယ်ဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ် မ၀င်နိုင်ပါဘူး။ အဲဒီအတွက် http://www.cpe17.com/ မှာ Free ရနိုင်တဲ့ CPE17 Autorun Killer ကို သုံးပါ။ သူက Removable Disk နဲ့ Drive မှန်သမျှမှာ ပါလာတဲ့ autorun.inf ကို အလုပ်မလုပ်နိုင်အောင် တားပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ autorun.inf မှာ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ရဲ့ executable file တွေကို ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Memory Stick ကို လုံးဝမဖွင့်သေးခင် Antivirus နဲ့ Scan လုပ်ဖို့လည်း မမေ့ပါနဲ့။
Here is Autorun Killer Quick download link:
http://cpe17.com/yabb/Attachment/cpe17antiautorun1330.exe

System Restore ကို ပိတ်ထားပါ

ကြုံတွေ့ရသလောက် ဗိုင်းရပ်စ်အများစုဟာ Windows Partition အောက်က Restore ဖိုလ်ဒါအောင်မှာ သွားအောင်းကြတာ များပါတယ်။ အဲဒီ ဖိုလ်ဒါဟာ Windows ရဲ့ Function တစ်ခုဖြစ်တဲ့ System Restore ကို enable လုပ်ထားလို့ ပေါ်နေတာပါ။ System Restore ဟာ Windows System ကို အမှားလုပ်မိရင် Recover ပြန်လုပ်နိုင်အောင် ထည့်ပေးထားတာပါ။ ဒါပေမဲ့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ System Restore ကို ပိတ်ထားလိုက်ပါ။ My Computer မှာ Right Click နှိပ် Properties ရွေးပြီး System Restore ကို နှိပ်၊ Turn off System Restore ကို ရွေးလိုက်ရင် ပိတ်သွားပါပြီ။

ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားပါ

ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားရပါ့မယ်။ ဘယ်ဗိုင်းရပ်စ်အသစ်ထွက်လာသလဲ ဆိုတာ အမြဲနားစွင့်နေပါ။ အဲဒီ ဗိုင်းရပ်စ်က System ကို ဘာလုပ်ပစ်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလည်း စတာတွေကို လက်လှမ်းမီသလောက် လေ့လာပါ။ ကျွမ်းကျင်သူများဆိုရင် ကူးစက်ခံရတာနဲ့ အဲဒီ ဘာဗိုင်းရပ်စ်ဆိုပြီး ဒက်ကနဲ ပြောနိုင်ကြပါတယ်။

Spyware လည်း ကာကွယ်ရမယ်

Spyware တွေဟာလည်း သောင်းကျန်းတာပါပဲ။ အဲဒီအတွက် Spy Sweeper ဆိုတဲ့ Anti-Spyware Program ကို တင်ထားရပါမယ်။

Firefox ကိုသာသုံးပါ

ကိုယ့်ကွန်ပျူတာက အင်တာနက်ချိတ်ဆတ်ထားတယ်ဆိုရင် အင်တာနက်သုံးတဲ့အခါ Firefox ကိုပဲ သုံးပါ။ IE မှာ လုံခြုံရေးယိုပေါက်တွေ မြောက်မြားစွာ ရှိလို့ပါ။

Free ဆိုတိုင်း မယူပါနဲ့

အင်တာနက်သုံးပြီး Free တိုင်း မယူပါနဲ့။ Website တော်တော်များများက Free ထဲမှာ Adware တွေ၊ Malware တွေ ထည့်လွှတ်ကြတာ များပါတယ်။ နာမည်ကြီး Website တွေဆီကပဲ download လုပ်ပါ။ ပိုသေချာချင်တယ်ဆိုရင်တော့ McAfee Site Advisor ကို သုံးပါ။

" အင်တာနက် မြန်နှုန်း နှစ်ဆ မြှင်.မယ် "

" ပြုလုပ်နည်း "

(1) . Start Menu ( ကွန်ပြူတာ ဘယ်ထောင်.လေး တွင် ) ကို Click လိုက်ပါ ... ညာဖက်အောက်ဆုံး
မှာ Run ဆိုတာလေး တွေ.ရင် ထပ် Click ပါ.... Box လေးပေါ်လာမယ် ...

(2). Box လေးထဲမှာ gpedit.msc လို.ရိုက်လိုက်ပါ ... ပြီးရင် Ok (သို. ) Enter ပေးပါ ...

(3). Group Policy Box လေးပေါ်လာပါမယ် ... အဲထဲက ဘယ်ခြမ်းက Computer Configuration
ကို Expand ( + လိုဟာလေး ကို Click ခိုင်းတာပါ ခင်ဗျ ) ...

(4). Administrative Templates ကို Expand ထပ်ပေးလိုက်ပါ

(5). Network ကို Expand ထပ်လုပ်ပါ ...

(6). Qos Packet Scheduler ကို Double Click ( နှစ်ချက်ဆင်. နှိပ်ပါ ) ...

(7). ပြီးရင် ညာခြမ်းက Limit Reservable Bandwidth Limit ကို Double Click နှိပ်ပေးပါ ...

(8). Limited Reservable Bandwidth Properties Box မှာ Enable Option ရွေးလိုက်ပါ ...

(9). Bandwidth Limit ( % ) box မှာ 0 % ကို 50 % ပြောင်း ပြီး OK နှိပ်ပါ ...
ဒါဆို သူငယ်ချင်းတို. စက် သူများထက်တော. ပိုမြန်သွားပါမယ် ....

နောက် ကိုယ်သုံးနေတဲ. အင်တာနက်မြန်နှုန်း ကိုသိချင်ရင် အပေါ်ကပြောတဲ. Run ဆိုတဲ.နေရာ
မှာဘဲ ping www.igoogle.com -t လို.ရိုက်ထည်.လိုက်ပါ ... ကိုယ်သုံးနေတဲ. အင်တာနက်ရဲ. အမြန်တွေပေါ်
လာပါလိမ်.မယ် ... အပေါ်က ကျွန်တော်ပြောတာတွေ အကုန်လုံး လုပ်ပြီးရင် ping www.igoogle.com -t လေး
ကို နှစ်ခု ဖွင်.ထားပါတယ် ... အင်တာနက် နှုန်းများ မတူညီနေတာကို တွေ.ရပါလိမ်.မယ် ... Browser ကနေ
New Windows တခုဖွင်. ခါနည်းတိုင်း Refresh ( Key F5 ) ကိုခဏ လေးဖိထား ပေးလိုက်ပါ ... ပြီးမှ New
Windows ကိုဖွင်.ပါ ဒါဆို ရင် သူငယ်ချင်းတို. Loading တောင်မတွေ.တော.ဘဲ တန်းပွင်.သွားတာ တွေ.ရပါ
လိမ်.မယ် ....

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း...



ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.

၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။

၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။

၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။

၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration
ကိုသွားလိုက်ပါ။

၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။

၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ။

၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ။

၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်။

၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

internet sharing ဘယ်လို ခွဲသုံးမလဲ .




  • အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ် . ဒါက အလွယ်ကူဆုံး နည်းပါ . မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ် . notebook မှာ wireless ပါထားပြီးသားပါ . ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြပါ့မယ် .


ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ .


  • Start >> Setting >> Network Connections ကို သွားလိုက်ပါ . မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ . ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ . ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ .

  • Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer's internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ .


  • အဲ့လို အမှန်ခြစ်ပေးပြီးတာနဲ့ ပထမ wireless icon လေးဟာ အခုလို ပုံလေးပြောင်းသွားမှာပါ .
ပထမ တစ်လုံးက အင်တာနက် သုံးစွဲလို့ ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေဖြင့် ပထမအလုံးရဲ့ DNS ကို သိဖို့လိုအပ်ပါတယ် . အဲ့ဒါက ဒုတိယအလုံးမှာ ဖြည့်ရမှာမို့ပါ . wireless to wireless (notebook) မှာတော့ Notebook တော်တော်များများဟာ dns ကို auto config လုပ်ပေးပါတယ် . မလုပ်ပေးတော့လဲ လက်နဲ့ ရိုက်ထည့်ပေါ့ . တစ်ကယ်လို့ ဒုတိယတစ်လုံးက PC ဖြစ်နေပြီး lan card ဖြင့် ချိတ်လို့ DNS server address ကို မသိဘူး ဖြစ်နေတယ် . ဖြည့်မတတ်ဘူးဖြစ်နေရင် မခက်ပါဘူး . အောက်ကအတိုင်း ပထမတစ်လုံးရဲ့ dns address ကို ယူလိုက်ပါ .






ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ .
  • start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ


  • ပြီးရင် enter ခေါက်လိုက်ပါ .


  • အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ . အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ . ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ် . ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ . ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး . အခု ဒီမှာတော့ ကျွန်တော့် ip address နဲ့ dns ကို ကျွန်တော် photoshop နဲ့ ၀ါးပစ်လိုက်ပါတယ် . ဘာဖြစ်လို့လဲလို့ မေးရင်တော့ ဘာဖြစ်လို့ပေါ့နော် . အဟဟ .


ကဲ အခု ပထမအလုံးရဲ့ dns ကိုလဲသိပြီဆိုရင် ဒုတိယအလုံးမှာ သွားဖြည့်မယ်ဗျာ . သွားဖြည့်တဲ့နေရာမှ တစ်ချက်ကလေး သတိထားပေးပါ .



ဒုတိယတစ်လုံးမှာ ဖြည့်ရမှာက

  • IP address = "192.168.0.1" (ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = "192.168.0.0" ကနေ "192.168.255.255" အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ "0.0" ကနေ "255.255" အထိ ထည့်နိုင်ပါတယ်)
  • Subnet mask = "255.255.255.0" ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့ .
  • Dns : --. -- . -- . -- ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ .


  • အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ .


  • ကဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Autorun အားပြင်ဆင်ကြရအောင်ဗျာ .Virus မကိုက်အောင်ပေါ့

Removal Devices များမှ Virus များ Computer အတွင်းသို့ဝင်ရောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါ၍ အောက်ပါအချက်အနည်းငယ်ကိုလိုက်နာရုံဖြင့်မိမိတန်ဖိုးရှိလှစွာသော ကွန်ပြူတာလေးအား Virus ၀င်ရောက်မှု အန္တယ်မှ ရာနှုံး ပြည့်နီးပါးကာကွယ်နိုင်မည်ဖြစ်ပါသည်။
ဦးစွာ အားဖြင့် စကားခံရန်ရှိသည်မှာ ကျွန်တော်သည် Microsoft Platform ဖြစ်သော Microsoft Window XP အားဦးတည် အဓိက ထား၍ရေးသားပါသည်။
Microsoft Window Xp တွင် ပါဝင်သော Media Presentation Feature တစ်ခုဖြစ်သော Autoplay Feature သည် Virus ရေးသားသော သူများအတွက်အဓိက ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
Autoplay ၏အလုပ်လုပ် ပုံမှာ စကားလုံး အဓိပါယ်အရပင် အလိုအလျောက် အလုပ်လုပ် ခြင်းဟုအကြမ်းဖြင်းအားဖြင့် ဖွင့်ဆိုလျှင် သူ ဟာ ဥပမာအားဖြင့်
Cd တစ်ခွေ Autoplay ဖို့ရာ အခွေကတော့ Drive ထဲကိုသူ့ဘာသာသူပျံပြီးဝင်သွားမှ
ာတော့မဟုတ်ပါဘူး... အဲဒါဆိုရင် အဖြေကတော့ ကျွန်တော်တို့ Drive
ကို Open လုပ်ပြီး အခွေကို ထည့် .. Drive ကို Close လုပ်လိုက် တာနဲ့ Autoplay က စတင် အသက်ဝင်ပါတယ်။
Usb Thumb Drive တစ်ခုအလုပ်လုပ်ပုံကလည်းထို့နည်းတူပဲပေါ့... Usb Port မှာ Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီပေါ့..
ဟုတ်ပါပြီ ကျွန်တော်တို့ Autoplay ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဆက်ပြောကြည့်ပါမယ်.
Window Xp မှာဆိုရင် .. Media တစ်ခုကို Attach လုပ်လိုက်ပြီဆိုရင် အရင် ဆုံး( Hardware အချင်းချင်းဆက်သွယ်မှူ ..Firmware တွေအလုပ်လုပ်တာကိုတော့မပြောတော့ပါဘူး..)(မသိလဲမသိပါဘူး)
File တွေ Folder တွေရဲ့ Capacity အတွက် ရယ် Freespace အတွက်ရယ် Information ပြသဖို့အတွက် Drive ကို Overall Scan လုပ်ပါတယ် ..
Over all Scan လုပ်ရင်းနဲ့ Autoplay.inf ရယ် Autoplay.ini (စတဲ့ System အညွန်း File) တွေကိုတွေ့ရင် File ထဲကိုဝင်ဖတ်ပါတယ် အထဲပါတဲ့ Instruction အတိုင်း ကိုလိုက်နာပါတယ်
လိုက်နာလေ့ရှိတဲ့စာသားတွေကတော့ ဒီလိုပါ..
အရင်ဆုံး ဒီလို ကြေညာပါတယ်
[Autoplay]
ဒါက Optional declare ဖြစ်ပါတယ်..
အောက်မှာ တော့ Command Line တွေပါလာပါမယ်
High Level Language လိုပါပဲ အလွန်နားလည်လွယ်တဲ့ စကားလုံးလေးသုံးထားကြတာပါ...
Open= something.exe (Drive ကို Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်စေလိုတဲ့ Program ကိုညွန်းဆိုပါတယ်)
သဘောကတော့ ကျွန်တော်တို့ Drive ကို Attach လုပ်လိုက်တာနဲ့ ဒီ Program လေးက စတင်အလုပ်လုပ်ပါပြီ..
Virus ဆိုရင်တော့ ကိုက်သွားပြီပေါ့ဗျာ...
အဲဒီတော့ အဲဒါကို ကာကွယ်ရမှာ ဒီလိုပါ..
Run Box ထဲမှာ (Start Menu>>Run )
Gpedit.msc လို့ရိုက်ပြီး Enter ခေါက်ပါ..
အဲဒီက ဘယ်ဘက် Panel ထဲမှာ.. ComputerConfiguration ရယ် UserConfiguration ရယ် နှစ်ခုရှိပါတယ်..
နှစ်ခုလုံးထဲမှာ ၀င်ရှာပြီး Autoplay ကို ပိတ်ရပါမယ်
Admistrative Tamplate>>System ထဲမှာ TurnoffAutoplay ဆိုတာရှိပါတယ်..
အဲဒါကို Enable ပေးပြီး All Drive ကို ရွေးချယ်ပါ..
ရပါပြီ. သူ့ဘာသာသူ Autoplay တာကိုတော့ ပိတ်နိုင်သွားပါပြီ..
နောက်ထပ် Autoplay နိုင်တာတစ်ခုကတော့
ကျွန်တော်တို့ က Drive ထဲကိုဝင်မယ်ဆိုတဲ့ အချိန်မှာ Autoplay မှာပါ..
များသောအားဖြင့် ကျွန်တော်တို့ရင်းနှီးထားတာက Drive တစ်ခုကို Access လုပ်မယ်ဆိုရင် Double Click ခေါက်တာတို့ Right Click ခေါက်ပြီး Explore တို့ Open တို့နဲ့ဝင်တာပါပဲ..
ဟုတ်ကဲ့ Autoplay ကအဲဒီအချိန်မှာလည်း အလုပ်ဝင်လုပ်ပါသေးတယ်
ရေးထားတဲ့ပုံစံကတော့
Shell\explore = Explore (Right Click ခေါက်လိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ Menu မှ Option ကို Explore လို့ရေးလိုက်တာပါ တခြားစာရေးရင် Explore ပျောက်သွားပါမယ်)
Shell\explore\Command = virus.exe (Explore ကို Choice လုပ်လိုက်မယ်ဆိုရင် Run ပေးရမယ့် Program ကို Override လုပ်လိုက်တာပါ..)
Default မှာ Window Explore ကို ခေါ်ပေးရမှာဖြစ်ပါတယ် .. Override လုပ်လိုက်တဲ့ အချိန်မှာတော့ နောက်ဆုံးခိုင်းတဲ့ အမိန့်က အတည်ဖြစ်ပါတယ်.။
အဲဒီတော့ Drive တစ်ခုကို R Click ခေါက်လိုက်မယ်ဆိုရင် ပေါ်လာတဲ့ Menu ထဲက အပေါ်ဆုံး (သို့) Bold Letter နဲ့ရေးထားတဲ့ Command က Default Action ဖြစ်တဲ့ အတွက်
Double Click ခေါက်တဲ့ အချိန်မှာ အဲဒီ Command ကအလုပ်လုပ်ပါလိမ့်မယ်။
အဲဒါကိုကာကွယ်ဖို့နည်းလမ်း အကောင်းဆုံးကတော့ Double CLick မခေါက်ပါနဲ့ RightClick ကနေ ကလည်းမ၀င်ပါနဲ့လို့ပဲပြောစရာရှိပါတော့တယ်..
ဘယ်လိုဝင်မလဲဆိုတဲ့နည်းလမ်းမှာ အကောင်းဆုံးလို့ယူဆထားရတဲ့ နည်းလမ်းတစ်ခုက တော့ MyComputer ကိုဖွင့်ပါ..
View Menu မှာ Explore ကို Folder လို့ Check ပေးလိုက်ရင် ဘယ်ဘက်မှာ TreeView Panel ပေါ်လာပါမယ်...အဲဒီကနေပဲ
Single Click နဲ့ Click ခေါက်ပြီး Access လုပ်ပါလို့ အကြံပြုပါတယ်..
နောက်တစ်ခုဖြည့်စွက်ပြောချင်တာက Folder Option ထဲကနေပြီး Hide Extension For Known File Type
ဆိုတာလေးကို uncheck လုပ်ထားလိုက်ပါ..
ခုတွေ့တွေ့နေရတဲ့ Virus အများစုက Dirve တစ်ခုထဲမှာ ရှိတဲ့ Folder တွေကို Hide လုပ်လိုက်တယ်..
ပြီးရင် သူ့ကိုယ်သူ Icon ကို Folder ပုံပေးလိုက်တယ်.. နာမည်ကိုလဲဖျောက်လိုက်တဲ့
File ရဲ့ Name အတိုင်းပေးလိုက်ပါတယ်
အဲဒီမှာ User က သူ့Folder ထင်ပြီး Double Click ခေါက်လိုက်တာနဲ့ Virus က ပြန်လည် အသက်ဝင်သွားပါတယ်
ဒါကြောင့် Folder View ကနေ၀င်တာသည် သာ အကောင်းဆုံးဖြစ်နိုင်ပါတယ်
Folder View ထဲမှာ Folder တွေသာပြပါတယ် Folder ယောင်ဆောင်ထားတဲ့ Virus ဟာ File တစ်ခုဖြစ်တဲ့ အတွက် Folder View ထဲမှာ မပေါ်ပါဘူး
အဲဒီတော့ Virus တစ်ခါဝင်ပြီ်းတိုင်းမှာ
Search ကနေ ဒီလိုရှာပါ..
Search ကိုဖွင့်ပါ..
All file and Folder ကိုရှာမယ်လို့ရွေးချယ်ပါ..
ပြီးရင် အပေါ်က The Name of the file that you want to search .မှာ *.exe
ကိုရိုက်ထည့်ပါ..။
ပြီးရင် ရှာပါ...
Folder ပုံစံ နဲ့နောက်မှာ .exe ကိုတွေ့ရင် ဖျက်ပစ်ပါ..
Original Folder တွေကတော့ Hidden ဖြစ်နေတာဖြစ်တဲ့ အတွက် Folder Option ကိုပြန်ခေါ်ပြီး
Show Hidden Folder ကို Check လုပ်ပါ
Hide Operating File ဘာညာ ကို Uncheck လုပ်ပါ
Original Folder တွေကိုပြန်တွေ့ပါလိမ့်မယ်
Hidden Attribute ကိုဖျောက်တဲ့ Command ကတေါ့
Attrib -s -h -r D:\*.* /s /d
အဲဒီ Command မှာ D ကပြန်ဖေါ်ချင်တဲ့ File တွေ Folder တွေရှိတဲ့ Drive ရဲ့ Name ဖြစ်ပါတယ်..
အားလုံး အဆင်ပြေပါစေဗျာ..
Virus က အဓိက registry ကို ကိုင်တွယ်ပါတယ်..
ဒါကြောင့် registry ထဲက Autorun ပေးထားလို့ရတဲ့နေရာတွေကိုလေ့လာထားပါ..
Virus က အဲဒီနေရာတွေမှာ ၀င်ရေးချင်းအားဖြင့် Computer ဖွင့်တိုင်းမှာ သူတို့ ကို သူတို့ လန်းနေအောင်လုပ်ထားပါတယ်ပေါ့ဗျာ...
ဒါကြောင့် Virus သတ်ပြီးတိုင်းလဲ Registry ထဲမှာ သူတို့ရဲ့ Value တွေကို ပြန်ပြီး ဖျက်ပေးရပါမယ်။