Sunday, May 2, 2010

Google Docs ကို ဖိုင်သိမ်းဆည်းရန်နှင့် အီးမေးလ်ပို့ရန် သုံးခြင်း - Using Google Docs as File Storage and Sharing

Gmail တွင် 250 မီဂါဘိုက် (MB) အထိ အရွယ်အစားရှိသော ဖိုင်များကို ယခုအခါ အလွယ်တကူ ပေးပို့နိုင်ပြီ ဖြစ်သည်။ ထိုသို့ပေးပို့နိုင်ရန် အတွက် Gmail တွင် Log in ၀င်ပြီးသည့်အခါ Google Docs သို့ ထပ်ဝင်ပြီး ပေးပို့လိုသည့် ဖိုင်ကို တင်ပို့ (Upload) ရမည်။ ရလာသည့် Download Link ကို Gmail တွင် ပြန်ထည့်ကာ ပေးပို့ခြင်း ဖြစ်သည်။

ယခင်က Gmail တွင် အရွယ်ကြီးမားသည့် ဖိုင်များကို လက်မခံသော်လည်း ယခုအခါ Google Docs folder များတွင် မည်သည့်ဖိုင် အမျိုးအစားကို မဆို တင်ပို့ခြင်း (Upload), သိမ်းဆည်းခြင်း (Store) နှင့် စုစည်းခြင်း (Organize) များ ပြုလုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။
ယခင်က Google တွင် ဖိုင်များ သိမ်းဆည်းလိုပါက မိမိကိုယ်ကို အီးမေးလ်ပြန်ပို့ခြင်းဖြင့် သိမ်းဆည်းခဲ့ကြရာ အရွယ်အစား ကြီးမားသောဖိုင်များကို သိမ်းဆည်းရန်အတွက် အခက်အခဲများ ရှိခဲ့သည်။

ယခုအခါ ကျွန်တော်တို့၏ Google Docs folder များဆီသို့ 250 MB အထိ အရွယ်အစား ကြီးမားသော မည်သည့်ဖိုင် ကိုမဆို တင်ပို့ သိမ်းဆည်းနိုင်သည်။ Google Docs အကောင့်ပိုင်ရှင်တစ်ဦးအတွက် အခမဲ့နေရာ 1 GB ရရှိသည်။ ထို့ထက် ပို၍ လိုအပ်ပါက 1GB အတွက် တစ်နှစ်လျင် 0.25 ဒေါ်လာနှုံး၊ 4 GB အတွက် တစ်နှစ်လျင် 1 ဒေါ်လာနှုံး (4 GB = 1 USD/Year) ဖြင့် ၀ယ်ယူ အသုံးပြုနိုင်သည်။

ထို့ကြောင့် ကျွန်တော်တို့၏ ဖိုင်များကို အွန်လိုင်းပေါ်တွင် ပိုမိုလွယ်ကူစွာ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ အခြားသူများကိုလည်း အလွယ်တကူ ဝေမျှနိုင်သဖြင့် အရွယ်အစား ကြီးမားသော ဖိုင်များကို အီးမေးလ်မှ ပေးပို့ရန် အခက်အခဲရှိလာလျင် Docs ဆီသို့ ဦးစွာ တင်ပို့သိမ်းဆည်းပြီးမှ ပေးပို့နိုင်ပြီ ဖြစ်သည်။
Uploading  Tayardaw in WMA format

ဖိုင်များကို မူရင်းပုံစံ (Original Format) အတိုင်း သိမ်းဆည်းပေးထားမည် ဖြစ်ပြီး အင်တာနက်ရသည့် မည်သည့်နေရာမှမဆို အချိန်မရွေး အလွယ်တကူ ပြန်လည် ဒေါင်းလုတ် ရယူနိုင်မည်။
Finished Uploading Tayardaw
Uploading and exporting: Uploading any file - မည်သည့်ဖိုင်ကိုမဆို တင်ပို့သိမ်းဆည်းခြင်း
  1. Google Docs မှ Upload ခလုတ်ကို နှိပ်ပါ။
    Google Docs  Upload Button
  2. ကွန်ပျူတာ အတွင်းမှ ဖိုင်ကို တင်ပို့နိုင်ရန် အတွက် Select files ကို နှိပ်ပါ။ ပွင့်လာသည့် Browse ၀င်းဒိုးမှတဆင့် ဖိုင်များကို ရှာဖွေ၊ ရွေးချယ်ပြီး Google Docs သို့ တင်ပို့ပါ။ တစ်ခုထက် ပိုရွေးလိုပါက Shift သို့မဟုတ် Ctrl ခလုတ်များသုံးပြီး ဖိုင်များကို ရွေးပါ။ ဖိုင်တစ်ခုကို တင်ပို့နေရင်း နောက်ထပ်တစ်ခုကို ဆက်လက်တင်ပို့လိုပါက၊ (ဖိုင်တစ်ခုကို တင်ပို့လိုက်သည်နှင့် ပေါ်လာမည့်) Select more files ကို သုံးပြီး ထပ်မံရွေးချယ်ပါ။
    Selecting Files
  3. တင်ပို့ သိမ်းဆည်းလိုက်သည့် ဖိုင်ကို မပြောင်းလဲဘဲ မူရင်းအတိုင်း ထားနိုင်သလို၊ Google Docs ဖိုင်အဖြစ်သို့ ပြောင်းလဲခြင်းများလည်း လုပ်နိုင်သည်။ Google Docs သို့ ပြောင်းလဲထားပါက နောင်တွင် အွန်လိုင်းမှာပင် ပြင်ဆင်နိုင်မည်။ တင်ပို့လိုက်သည့်ဖိုင်တစ်ခုကို Google Docs အသွင်သို့ မပြောင်းဘဲ မူရင်းအတိုင်းထားလိုလျှင် ကြိုတင်ရွေးထားပေးသည့် Convert documents.... ကို အမှန်ခြစ် ပြန်ဖြုတ်ပေးရမည်။
    Unckeck Convert Documents
  4. အကယ်၍ တင်ပို့မည့်ဖိုင်ကို Folder တစ်ခုတွင် သိမ်းဆည်းလိုလျင် သက်ဆိုင်ရာ Folder ကို ရွေးပေးရမည်။ ထို့နောက် Start upload ကို ရွေးပါ။

ဖိုင်များကို Upload လုပ်သည့်အခါ သုံးထားသည့် ပမာဏကို ရာခိုင်နှုံးဖြင့် မြင်တွေ့နိုင်သည်။ အသေးစိတ် သိလိုပါက ညာဘက် အပေါ်ထောင့်ရှိ Settings ကို နှိပ်ပြီး ပေါ်လာသည့် စာမျက်နှာမှ Storage အပိုင်းတွင် ကြည့်နိုင်သည်။

File types and storage - ဖိုင်အမျိုးအစားများနှင့် သိမ်းဆည်းမှုမည်သည့်ဖိုင် အမျိုးအစားကို မဆို Google Docs တွင် တင်ပို့ သိမ်းဆည်းနိုင်သည်။ သို့သော် အောက်ပါ ဖိုင်အမျိုးအစား အချို့ကိုသာ Google Docs အသွင်သို့ ပြောင်းလဲ သိမ်းဆည်းနိုင်သည်။

Convertable file types

  • For spreadsheets: .xls, .xlsx, .ods, .csv, .tsv, .txt, .tsb
  • For documents: .doc, .docx, .html, plain text (.txt), .rtf
  • For presentations: .ppt, .pps

File size limitations for convertable files - ဖိုင်အမျိုးအစားနှင့် အရွယ်အစား ကန့်သတ်ချက်များ

  • Docs: doc ဖိုင် အသီးသီးအတွက် အကြီးဆုံး 500 ကီလိုဘိုက် (KB) နှင့် အထဲတွင် Embedded လုပ်ထားသည့် ပုံများအတွက် တစ်ပုံလျှင် အကြီးဆုံး 2 မီဂါဘိုက် (MB) ပမာဏ ကိုသာ Google Docs အဖြစ် ပြောင်းနိုင်သည်။
  • Spreadsheets: စာရင်းဖိုင် (Spreadsheet) ဖိုင်တစ်ခုလျှင် အများဆုံး 256 columns, 200,000 cells သို့မဟုတ် 100 sheets ကိုသာ Google Docs အဖြစ် ပြောင်းပေးသည်။ Rows အရေအတွက် အကန့်အသတ် မရှိပေ။
  • Presentations: .ppt နှင့် .pps ဖိုင်များကို 10 မီဂါဘိုက် (MB) သို့မဟုတ် 200 ဆလိုက် (Slides) အထိသာ Google Docs အဖြစ် ပြောင်းနိုင်သည်။ 2 မီဂါဘိုက် အထိ ပမာဏရှိသော ဖိုင်များကို တင်ပို့နိုင်သည်။
  • Stored files: သိမ်းဆည်းသော်လည်း Google Docs အဖြစ်သို့ မပြောင်းသည့် ဖိုင်များကို တစ်ခုလျှင် 250 MB အရွယ် အထိ တင်ပို့နိုင်သည်။ (အသေးစိတ် ကြည့်နိုင်ရန်)
  • ဖိုင်များ စုစုပေါင်းပမာဏ 1 ဂီဂါဘိုက် (GB) ထက် ကျော်လွန်သွားပါက မလိုသည်များကို ပြန်ဖျက်ပြီး Empty Trash (အမှိုက်ပုံးကို ရှင်းလင်းကာ) နေရာလွတ်များ ပြန်လည် ရရှိနိုင်သည်။
Finding your stored files - သိမ်းထားသည့်ဖိုင်များကို ရှာခြင်းFiles by Typeတင်ပို့ထားသည့် ဖိုင်တစ်ခုကို Google Docs အဖြစ် ပြောင်းလဲမထားပါက အလွယ်တကူပင်ရှာဖွေနိုင်သည်။ အသေးစိတ် ကြည့်လိုပါက Items by type > Files ထဲတွင် ရှာဖွေနိုင်သည်။

Google Docs အတွင်း သိမ်းဆည်းထားသည့် ဖိုင်တစ်ခုကို - Preview, Share, Print သို့မဟုတ် Download များ လုပ်နိုင်သည်။ ထို့အတူ မိမိ၏ ကွန်ပျူတာအတွင်းသို့ Download ပြန်ချပြီး လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ကာ Google Docs ဆီသို့ ပြန်လည် တင်ပို့နိုင်သည်။

ထိုမျှသာမကသေး အခြားသူများသို့လည်း အီးမေးလ်ဖြင့် အလွယ်တကူ ပေးပို့ ဝေမျှနိုင်မည် ဖြစ်ပေသည်။
Share as email  attachment
Sending as Mail  attachment
Google ၏ ဖိုင်သိမ်းဆည်းရေး ဆာဗာစနစ်မှာ Cloud Computing စနစ်ကို အခြေခံထားခြင်းကြောင့် ကမ္ဘာ၏ မည်သည့်နေရာမှ မဆို လျင်မြန်စွာ တင်ပို့ခြင်း၊ ပြန်ချခြင်း (Uploading/ Downloading) များ ပြုလုပ်နိုင်သဖြင့် Google မှ ယခုပေးထားသည့် အခမဲ့ သိုလှောင်ရန်နေရာ 1 GB သည် ကျွန်တော်တို့အတွက် လွန်စွာ အကျိုးများပြီး ကုန်ကျစားရိတ်မရှိသည့် ၀န်ဆောင်မှုတစ်ခု ဖြစ်လေသည်။


Reference -

http://googledocs.blogspot.com/2010/01/upload-and-store-your-files-in-cl...
http://docs.google.com/support/bin/answer.py?answer=50092
http://docs.google.com/support/bin/answer.py?answer=37603
http://en.wikipedia.org/wiki/Cloud_computing

Web Designer ဆိုတာ

Web Site တစ်ခုကို တွေ့တာနဲ့

  • ဒီဇိုင်းသမားက ၀က်ဆိုက်ရဲ့ အလှအပဒီဇိုင်းအပြင်အဆင်ကို ကြည့်ပြီးတော့
  • Developer တွေက ဒီဝက်ဆိုက်ကို ဘာlanguage နဲ့ရေးထားသလဲ ဘာ Feature တွေ ပါသလဲ၊ Website တည်ဆောက်ပုံ နည်းစနစ်တကျရှိရဲ့လား ဆိုတာကို အရင်ဆုံးကြည့်ပါတယ်။

ဝက်ဒီဇိုင်နာတစ်ယောက်အတွက် အဓိကကျပြီး အရေးကြီးဆုံးအချက်ကတော့ ၀က်ဆိုက်တွေကို စိတ်ပါဝင်စားစွာ လေ့လာတတ်ဖို့လိုပါတယ်။ ၀က်ဒီဇိုင်နာ ဖြစ်ပြီး ၀က်ဘ်ဆိုက်တွေကို မကြည့်ပဲ၊ ၀က်ဘ်ပေါ်မှာ ရှိမနေခဲ့ရင်တော့ ၀က်ဘ်ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

အခုကျနော်တို့ Web Designer တစ်ယောက်အတွက် လိုအပ်တဲ့အချက်ကလေးတွေ ပြောကြရအောင်..။ နောက်ပိုင်းမှာတော့ တချက်ချင်းစီ ပြည့်ပြည့်စုံစုံ ရှင်းလင်းဖော်ပြသွားပါမယ်။ ဒါလေးတွေကတော့ Web Design ကိုစတင်လေ့လာတာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပါ။

(၁) Sketch ပုံကြမ်းဆွဲခြင်း

ဝက်ဆိုက်တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ ပထမဆုံး ၀က်ဆိုက်ပုံစံကို (Sketch)ပုံကြမ်းလေးနဲ့ လျာထားရပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ Layout က Three Column Layout လား၊ Two Column Layout လား၊ ၀က်ဆိုက်မှာ ဘယ်နေရာမှာ ဘာတွေထည့်မှာလဲ၊ ဥပမာ-ပုံတွေနဲ့ စာတွေကို ဘယ်လိုထားမှာလဲ .. စသဖြင့် Website မှာ ပါဝင်မယ့် အကြောင်းအရာတွေ မှန်သမျှကို အကြမ်းဖျဉ်းလျာထားကြည့်ရပါတယ်။

ပုံ(၁)- Website Layout Sketch
ပုံ(၂)- Website Design Sketch

တချို့ကတော့ Header, Content, Sidebar, Footer စသဖြင့် လက်နဲ့ပဲ Sketch ဆွဲကြသလို၊ တချို့ကတော့ photoshop နဲ့ Web Site Mock up လေးတွေကို အသေအချာ လုပ်ကြပါတယ်။ အတော်အသင့်ကြီးမားတဲ့ ၀က်ဆိုက်တွေကိုတော့ Wireframe ဒါမှမဟုတ် Prototype ပုံစံတွေ အသေအချာဆွဲပြီးမှ ဒီဇိုင်းချ လုပ်ဆောင်ကြရပါတယ်။

ပုံ(၃)- Website Wireframe( Wireframe ပုံလေးတွေ ကြည့်ချင်သေးရင်တော့ ဒီမှာ ပါ။ )

အဲဒီတော့ ၀က်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အတွက် ပထမဦးစွာ ပုံကြမ်းလောင်းတတ်ဖို့လိုတယ်။ နေရာချခြင်း၊ လျာထားခြင်းတို့ လုပ်ဆောင်တတ်ဖို့လိုပါတယ်။

(၂) Photoshop


ပုံ(၄)- Photoshop Software

Photoshop က Photo ပိုင်းကို အဓိကထား ထုတ်ဝေတဲ့ Software ဖြစ်ပေမယ့် Web Design ပိုင်းမှာလဲ Photoshop က အဓိကကျတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်နေခဲ့ပါတယ်။ များသောအားဖြင့် ၀က်ဘ်ဒီဇိုင်းနာတွေက ၀က်ဘ်ဆိုက်ဒီဇိုင်းပုံစံအမျိုးမျိုးကို Photoshop နဲ့ပဲလုပ်ကြပါတယ်။ဟိုးအရင်က photoshop ထဲမှာ ဒီဇိုင်းဆွဲပြီး Slice Tool လေးနဲ့ ခွဲဖြတ် Save for Web နဲ့သိမ်းကြပါတယ်။ ပြီးမှ HTML ကုတ်တွေကို သုံးပြီး ၀က်ဆိုက်တစ်ခုဖြစ်မြောက်အောင် တည်ဆောက်ခဲ့ကြပါတယ်။ဒီဘက်ခေတ် ၀က်ဘ် 2.0 ခေတ်မှာတော့ Table base HTML coding Technique ကိုမသုံးကြတော့ဘဲ အများစုက xHTML နဲ့ Cascading Style Sheet လို့ခေါ်တဲ့ CSS ကို အသုံးပြုလာခဲ့ကြပါတယ်။ PSD to XHTML ဆိုတာ ခေတ်စားလာပါတယ်။ အဓိကကတော့ HTML နဲ့ Table တွေကို အသုံးမပြုတော့ဘဲ Tableless ဖြစ်ဖို့ရာ CSS ကို အသုံးပြုလာခဲ့ကြပါတယ်။

ဒါကြောင့် photoshop ကို ပစ်ပယ်ထားလို့ မရပါဘူး။ဝက်ဘ်ဆိုက်ဒီဇိုင်းပုံစံချခြင်း၊ လိုအပ်တဲ့ image များကို ဖြတ်တောက်ယူခြင်း၊ image တွေရဲ့ ဖိုင်ဆိုက်တွေ လျှောချခြင်း၊ ၀က်ဘ်ဆိုက်မှာ လိုအပ်တဲ့ ဓါတ်ပုံများ၊ စာလုံးဒီဇိုင်းများနဲ့ပတ်သက်ပြီး လုပ်ဆောင်ရန်အတွက် Photoshop ဆော့ဖ်ဝဲဟာ ၀က်ဘ်ဒီဇိုင်နာတွေ အဖို့ မရှိမဖြစ် လိုအပ်တဲ့ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ရာလဲ လိုပါတယ်။ အင်တာနက်မှာ ၀က်ဘ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး Photoshop Tutorial တွေ အများကြီး ရှိပါတယ်။ ဆော့ဖ်ဝဲကို ကျွမ်းကျင်စွာအသုံးပြုတတ်ရုံနဲ့ မလုံလောက်သေးပါဘူး။ စာလုံး font ဒီဇိုင်းတွေလုပ်ပုံလုပ်နည်း၊ Photoshop နဲ့ Website Layout Design တွေ လုပ်နည်း၊ Web Design နဲ့ ပတ်သက်ပြီး Photoshop Tutorial တွေ အများကြီး ရှိပါတယ်။ အဓိကထားလေ့လာသင့်ပါတယ်။

ဒီနေရာမှာ photoshop CS4 မှ CS3 မှ လေ့လာသင့်တာမဟုတ်ပဲ၊ CS,CS2 ကိုလေ့လာလဲ Web Design နဲ့ပတ်သက်ပြီး လုံလောက်ပါတယ်။ ပိုပြီး version မြင့်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုတတ်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဒါပေမယ့် CS,CS2 ဆိုလည်း ဖြစ်ပါတယ်။

(၃) HTML

HTML နဲ့ပတ်သက်ပြီး အခြေခံအားဖြင့် သိထားရပါမယ်။ HTML နဲ့ပတ်သက်ပြီး မသိရင်တော့ Coding မတတ်တဲ့ ဒီဇိုင်နာဖြစ်သွားမှာပေါ့။ Web Designer တစ်ယောက်က HTML နဲ့ပတ်သက်ပြီး သိကိုသိရပါမယ်။ HTML နဲ့ပတ်သက်ပြီး ကျောင်းတွေမှာ၊ သင်တန်းတွေမှာ အခြေခံအားဖြင့် သင်ပေးကြပါတယ်။ HTML ကိုသုံးပြီး Website တွေ တည်ဆောက်ပုံကို သင်ပေးပါတယ်။ ဒီနေရာမှာ HTML ကိုရေးသားတော့မယ်ဆိုရင် Software Tool တစ်ခုလိုလာပါပြီ။HTML ကို ဘယ်နေရာမှာ ရေးမလဲ။ တချို့က Dreamweaver ၊ Amaya၊ Kompozer စတဲ HTML Editor Software တွေကို အသုံးပြုပြီးရေးကြပါတယ်။ တချို့ကတော့ Notepad နဲ့ရေးကြပါတယ်။ Notepad++ နဲ့ရေးပါတယ်။ Dreamweaver ဆော့ဖ်ဝဲကို သုံးတတ်ဖို့အတွက် တချို့တွေကတော့ သင်တန်းတက်ကြပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ Notepad နဲ့ coding တွေကို ချရေးတာ အကောင်းဆုံးပါပဲ။


ပုံ(၅)- HTML Example


HTML ကိုစတင်လေ့လာသူအဖို့ အနည်းငယ်အခက်အခဲရှိပေမယ့် ရေးလိုက် Browser တွေနဲ့ ကိုယ်ရေးထားတာကို ပြန်စမ်းလိုက်၊ မှားရင်ပြန်ပြင်လိုက် ..ဒီလို လုပ်ခြင်းအားဖြင့် ပိုမိုလွယ်ကူလျင်မြန်စွာ တတ်ရောက်လာစေနိုင်ပါတယ်။ အဲဒီနောက် HTML ကနေတဆင့် XHTML ကို ဆက်လက်လေ့လာကြရပါမယ်။ အခုနောက်ပိုင်းမှာတော့ XHTML ကိုပဲ အသုံးပြုလာကြပါပြီ။ ဒါကြောင့် အခြေခံဖြစ်တဲ့ HTML ကိုလေ့လာပါမယ်။

HTML ကိုလေ့လာဖို့ရာ online မှာ HTML Tutorial ၀က်ဘ်ဆိုက်တွေ အများကြီးရှိပါတယ်။www.w3school.com, www.html.net, www.htmldog.com, www.tizag.com စတဲ့ Website တွေမှတဆင့် တဖြေးဖြေး လေ့လာသွားပါ။

စကားပြောမယ်ဆိုရင်.

စကားကောင်းအင်္ဂါ(၁၀)ပါး


၁။ ပြောသင့်သော အချိန်အခါ၌ ပြောခြင်း၊
၂။ ဟုတ်မှန်သော စကားကို ပြောခြင်း၊
၃။ တရားနှင့်စပ်သောစကားကို ပြောခြင်း၊
၎။ အကျိုးနှင့်စပ်သော စကားကို ပြောခြင်း၊
၅။ ချစ်ဖွယ်သော စကားကို ပြောခြင်း၊
၆။ ပြုံးခြင်း ရှေ့ထား၍ ပြောခြင်း၊
၇။ နှိုင်းချိန်၍ ပြောခြင်း၊
၈။ အလျင်တဆော အလောတကြီး မပြောခြင်း၊
၉။ ပြည်ကြီးတိုင်းလုံး စကားဖြင့် ပြောခြင်း၊
၁၀။ အက္ခရာဋ္ဌာန်ကရိုဏ်း ပီသစွာ ပြောခြင်း ။ ။


စကား(၅)ရပ်


၁။ စကားပြောသည့်အခါ လျှာလည်တိုင်း မြူးကွန့်၍ စကားအဖူးအညွန့်တွေ မထွက်စေနှင့်၊
၂။ လက်တွင်းရောက်ပြီးရတနာ ဘယ်ခါမှ မစွန့်ရ၊
၃။ စိတ်ထဲက ကြံသည်ကို မျက်နှာမှာ မပေါ်စေရ၊
၎။ ကိုယ်ကို ဣနြေ္ဒဖုံး၍ အပြုံးမလွတ်စေရ၊
၅။ မိမိကိုမြင်လျှင် အထင်းမှားချင် မှားကြပါစေ၊ သို့သော်
- ခြင်္သေ့လိုလည်း မဟောက်နှင့်၊
- ယုန်လိုလည်း မကြောက်နှင့်၊
- မြစ်လိုလည်း မကောက်နှင၊့်
- တောင်လိုလည်း မမောက်နှင့်၊
- တွင်းလိုလည်း မစောက်နှင့် ။ ။


စကားအရာ အင်္ဂါ(၄)တန်

၁။ တရားနှင့် ပတ်သက်သောစကား ပြောခြင်း
၂။ တရားမှကင်းသော စကားမပြောခြင်း
၃။ ချစ်ဖွယ်သောစကား ပြောခြင်း
၎။ ဟုတ်မှန်သော စကားပြောခြင်း။
(တစ်နည်း)
၁။ ကံ၊ ကတ္တား၊ တြိယာနှင့် ပြည့်စုံခြင်း
၂။ ချစ်နှစ်သက်ဖွယ်ရှိခြင်း
၃။ ဖြောင့်မှန်ခြင်း
၎။ တရားနှင့် ယှဉ်ခြင်း


စကား(၆)ခွန်း

၁။ ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးမရှိစကား။
၂။ ဟုတ်၏၊ သူကားမနာလို၊ အကျိုးမရှိစကား။
၃။ မဟုတ်၊ အကျိုးမရှိ၊ သူကနာလို၏။
၎။ ဟုတ်၏၊ နာလို၏၊ အကျိုးမရှိ။
၅။ ဟုတ်၏၊ အကျိုးရှိ၏၊ သူကား မနာလို။
၆။ ဟုတ်၏၊ အကျိုးရှိ၏၊ သူလည်း နာလို၏။
(အမှတ်စဉ် ၅၊ ၆ သာ ပြောဆိုရာသည်)


အကြောင်း(၃)ပါးညီသော စကား

၁။ ဒုဗ္ဘာသိတာ = မကောင်းသောစကားလည်း မဖြစ်စေရ၊
၂။ အန၀ဇ္ဇာစ = ရာဂအစရှိသော မပြစ်မှလည်း ကင်းခြင်း၊
၃။ အနိန္ဒ၀ဇ္ဇာစ = ပညာရှိတို့ ကဲ့ရဲ့ခြင်းမှ လွတ်ကင်းခြင်း ။


သုဘာသိတ၀ါစာ အင်္ဂါ(၅)ပါ

၁။ ကာလ = သင့်တင့်လျှောက်ပတ်သော ကာလ၌ ပြောဆိုခြင်း၊
၂။ သစ္စ = မှန်ကန်သော စကားကို ပြောဆိုခြင်း၊
၃။ သုခုမ = သိမ်မွေ့စွာ ပြောဆိုခြင်း၊
၎။ အတ္ထ = အကျိုးရှိသော စကားကို ပြောဆိုခြင်း၊
၎။ နဒုဗ္ဘာ = မကောင်းစကား မပြောခြင်း ။ ။

Saturday, May 1, 2010

ထူးခြားတဲ့သစ် သီး၊ ဥ၊ ပင်တွေ..





















ကိုယ်ဝန်ပျက်ကျတဲ့ ကလေးငယ်နဲ့တူတဲ့အသီး



သရဲမျက်နှာနဲ့ အမြစ်



ဆင်ခြေထောက်ရောဂါနဲ့တူတဲ့အသီး



ဒီအမြစ်ဟာ ရှည်လျှားပြီး ခရင် အရောင်ရှိပါတယ်။ အရသာကလည်း အလွန်ချိုပါတယ်လို့ ဆိုပါတယ် ။


အသဲနှလုံးပုံစံ သခွားသီး



ဒီ ( အသဲနှလုံးအချောင်းလေးတွေကို Tokyo Midtown , Roppongi မှာရှိတဲ့ စူပါမားကတ်မှာ ရနိုင်ပါတယ် ။



သခွားသီးကို အရွယ်ငယ်ငယ်လေးရှိနေစဉ် မှာပဲ အသဲနှလုံးပုံစံ (သို့မဟုတ် ) လိုချင်တဲ့ပုံစံကို စွပ်ပြီးကြီးထွားစေပါတယ် ။



သူတို့ကို လှီးကြည့်လိုက်မယ်ဆိုရင် ကြယ်ပုံစံများစွာနဲ့ အသဲနှလုံးပုံစံများစွာကို တွေရှိနိုင်မှာဖြစ်ပါတယ် ။



စားသောက်ဖို့သာမက ကလေးတွေအတွက်လည်း ကစားစရာတစ်ခုအဖြစ်ဖန်တီးနိုင်ပါတယ် ။ ဈေးနှုန်းကတော့ 258 yen ဖြစ်ပြီး ရိုးရိုးသခွားသီးတွေထက်စာရင် ဈေးအနည်းငယ် ကြီးပါတယ် ။ ဒါပေမယ့် သူတို့ဟာ လတ်ဆတ်ပြီး အရည်ရွှမ်းလှပါတယ် ။ ပုံစံကလည်း
ထူးခြားပြောင်မြောက်လွန်းလှ ပါတယ်။



အရသာရှိလှတဲ့ ပုဇွန်လုံးပုံစံ ဆလတ်ရွက်နဲ့ ကြယ်ပုံစံ အသဲနှလုံးပုံစံ သခွားသီးတွေက ဘယ်လောက်တောင်
ချစ်စရာကောင်းလိုက်ပါသလဲ ။




ထူးဆန်းတဲ့ သူယောင်ပင်




လူပုံစံနဲ့ အရမ်းကိုတူလွန်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။


လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် သောက်သုံးမှု အလေ့အထ ပုံစံ



1. ရေဗူးတစ်ဗူး စားပွဲ အနီးအနားမှာ အမြဲ ဆောင်ထားပါ။

လူအတော်များများက ဗိုက် နဲနဲ ဆာလာတဲ့အခါ အဆာပြေ သွားရည်စာတွေ စားတတ်ကြပါတယ်။ ရေဗူး တစ်ဗူးသာ ဆောင်ထားပြီး ပါးစပ်က စားချင်၊ ၀ါးချင်လာတိုင်း ရေ သောက်ပေးပါ။ လုံလောက်တဲ့ ရေဓာတ် ရနေတဲ့အတွက် အဆာလွန်ပြီး မစားမသောက်နိုင် ဖြစ်တာကို ကာကွယ်ပေးပါတယ်။ (အပူချိန် ခံနိုင်ရည် ရှိတဲ့ ရေဗူးကို ၀ယ်ပြီး ရေဖြည့်သောက်ပါ။ ရေသန့်ဗူးချည့် ၀ယ်သောက်နေပြီးမှ မင်းနည်းက ငွေကုန်လိုက်တာ ပြောခံနေရမှာ စိုးလို့ :-P )

2. ကော်ဖီသောက်နေကျ နေရာမှာ တစ်ဝက်လောက်ကို ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) ပြောင်းသောက်ပေးပါ။

နေ့တိုင်းလိုလိုမှာ ကျွန်တော်တို့ ကော်ဖီ၊ ဒါမှ မဟုတ် လ္ဘည့်ရည် ဘယ်နှစ်ခွက် သောက်သလဲ။ သောက်နေကျထက် တစ်ဝက်ကို လျှော့သောက်လိုက်ပါ။ အဲဒီ လျှော့လိုက်တဲ့ တစ်ဝက် နေရာကို ကာဖိန်းဓာတ်လွတ်တဲ၊့ ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) နဲ့ အစားထိုးလိုက်ပါ။ ကျန်းမာရေး ပညာရှင်တွေက ကာဖိန်းဓာတ်ကို တစ်ရက် 400 မီလီဂရမ်ထက် မပိုစေဖို့ တားမြစ်ထားပါတယ်။ အဲဒါက ကော်ဖီကြမ်း လေးခွက်၊ ဒါမှမဟုတ် အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီထုပ် ခုနှစ်ထုပ်နဲ့ ညီမျှပါတယ်။ (တော်သေးရဲ့၊ တစ်ရက်မှ coffeemix နှစ်ထုပ်ထက် ပို မသောက်ပေလို့)

3. နို့ဓာတ်ပါဝင်မှု များတဲ့ ကော်ဖီလိုမျိုး သောက်စရာတွေကို ရှောင်ပါ။

Cafe Latte လိုမျိုး နို့များတဲ့ ကော်ဖီကို မနက်ခင်းတိုင်း မက်မက်မောမော သောက်ဖြစ်နေသလား။ အင်း.. ဒါဆိုရင်တော့ အဲဒီ တခွက်ထဲနဲ့တင် ကိုယ်ခန္ဒာထဲမှာ နာရီဒိုင်ခွက်လေးကတော့ 300ကယ်လိုရီ မကဘူးလို့ အချက်ပြနေပြီ။ ဒီလိုဆိုရင်လဲ ကာဖိန်းဓာတ်မပါတဲ့ ချောကလက် ပူပူလေး တစ်ခွက်လောက်တော့ သောက်ပါရစေ။ အင်း.. ကောင်းပါပြီး ကာဖိန်းဓာတ် တော့မပါဘူး။ တစ်ခွက်ထဲနဲ့တင် 400ကယ်လိုရီ မက ပါတယ် ဆိုတော့ကာ.. ဆိုတော့ကာ....

4. တစ်ပါတ်မှာ လေးရက်တော့ အယ်လ်ကိုဟော လွတ်အောင် နေပါ။

အလုပ်ကပြန်တိုင်း ညဘက်တွေ အရက် သွားသောက်တတ်သလား။ ဒါမှမဟုတ်ရင်လဲ ၀ိုင် တစ်ပုလင်းလောက်ကို အဖော် တစ်ယောက်ယောက်နဲ့ အတူ စားကောင်းရုံ သောက်ဖြစ်နေသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖိအားပေးနေပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဒာ အလေးချိန်ကိုလဲ အယ်လ်ကိုဟောက မထိန်းသိမ်း ပေးနိုင်တော့ဘူး။ သူ့မှာ ကယ်လိုရီတွေ အများကြီး ပါနေတာကိုး။ (ဘီယာတစ်ပုလင်းမှာ၊ ဒါမှမဟုတ် ၀ိုင် ခွက်လတ် တစ်ခွက်မှာ 200ကယ်လိုရီ ပါဝင်ပါတယ်)။ နောက်ပြီး အယ်လ်ကိုဟောက ဒေါသစိတ်ကို ပိုဖိအားပေးသလို ဗိုက်ကိုလဲ ပိုပြီး ဆာလောင်စေပါသေးတယ်။

5. ဆိုဒါ အစား ရေကိုပဲ သောက်ပါ။

လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အထ ပုံစံ



1. နေ့စာစားချိန်မှာ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။

နေ့လည်နေ့ခင်းဘက်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် နေ့စာစားချိန်မှာ ကိုယ့် အလုပ်ခုံကနေ ထပြီး မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။ ဒါဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိနစ်နှစ်ဆယ်လောက် အလုပ်တွေရဲ့ အဝေး တွန်းပို့ ပေးလိုက်သလို စိတ်နဲ့ ခန္ဒာကိုယ်ကိုလဲ လန်းဆန်းစေပါတယ်။

2. အလုပ်ဆင်းချိန်တိုင်း လမ်းလျှောက်ကျင့် လုပ်ပါ။

အသွားအပြန် ပုံမှန်သွားလာ လှုပ်ရှားနေရတဲ့ ရုံးတက်ရက်တွေမှာ အလုပ်ဆင်းချိန်ရောက်တိုင်း လမ်းလျှောက်ပေးပါ။ ဘတ်စ်ကားနဲ့ ပြန်တဲ့သူကလည်း ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောင်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး လမ်းလျှောက်ပေးပါ။ ကိုယ်ပိုင်ကားနဲ့ ပြန်လာတဲ့သူ ဆိုရင်လဲ ကားများရပ်ရန်နေရာ ရောက်ရင် အိမ်နဲ့ ဝေးတဲ့ နေရာမှာ ကားကို ရပ်နား ထားခဲ့ပါ။



3. တပါတ်မှာတစ်ခါဖြစ်ဖြစ် ကျန်းမာရေး လေ့ကျင့်ခန်း သင်တန်း တစ်ခုခု တက်ပါ။

အလုပ်လုပ်တဲ့သူဖြစ်ဖြစ်၊ မလုပ်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်ရာ နေရာ တစ်ခုခုမှာ ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်း တစ်ခုခု သွားတက်နိုင်ဖို့ အဆင်ပြေချိန် တစ်ပါတ် တစ်ရက်တော့ ရှိမှာပါ။ (အားကစားရုံ တော်တော်များများမှာ နေ့စာစားချိန် အမြန်နည်းစနစ်နဲ့ ကျင့်ပေးတဲ့ လေ့ကျင့်ခန်းသင်တန်တွေ၊ ညနေပိုင်း အထူးသင်တန်းတွေ ရှိတတ်ပါတယ်) ကိုယ်လုပ်နိုင်မဲ့ သင်တန်းတစ်ခုခုကို ရှာဖွေပြီးတက်ပါ။ နောက် တစ်ပါတ်တစ်ခါ ပုံမှန် လေ့ကျင့်ပေး၊ ကစားပေးပါ။

4. တနင်္ဂနွေ နေ့လည်ခင်းတွေကို လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ဖြတ်သန်းပါ။

လူအတော်များများ မနှစ်သက်ချင်ကြတဲ့ စိတ်ပျက်ဖွယ် တနင်္လာနေ့ကို မရောက်ခင်မှာ ကျွန်တော်တို့ အာရုံတွေ ခွန်အားပြည့်ဝ လန်းဆတ်နေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းကတော့ တနင်္ဂနွေ နေ့ခင်းတွေမှာ လှုပ်ရှားတက်ကြွတဲ့ အစီအစဉ်တစ်ခုခု ဖန်တီးပေးခြင်းပါ။ ရေသွားကူးမလား၊ စကိတ်၊ စက်ဘီး စီးကြမလား၊ ပန်းခြံထဲမှာ သွားပြီး တော့ကစားမလား၊ ဒါမှမဟုတ် ရှုခင်းတွေ ကြည့်ရင်း အေးအေးလူလူ လမ်း လျှောက်နေမလား၊ အပါတ်စဉ်တိုင်း မရိုးရအောင် တစ်ခုခု ပြောင်းလဲ လှုပ်ရှားနေလို့ ရတယ်လေ။







5. တီဗွီ ကြော်ငြာ အစီအစဉ်တွေ လာနေချိန်မှာ လေ့ကျင့်ခန်း လုပ်ပါ။

တီဗွီကြည့်နေတုန်း ကြော်ငြာတွေ ၀င်လာတဲ့ အချိန်မှာ ဆိုဖာပေါ်ကနေ ထပြီး လေ့ကျင့်ခန်းတစ်ချို့ လုပ်ပေးပါ။ အကြောလျှော့တာမျိုး၊ ပုံမှန်လေး ပြေးတာမျိုး၊ ဒါမှမဟုတ် အလေးမတာမျိုး၊ တစ်ခုခုပေါ့။ တစ်ကြီမ်မှာ မိနစ် အနည်းငယ်ပဲ လေ့ကျင့်ခန်း လုပ်ဖြစ်ပေမဲ့ တီဗွီ အစီအစဉ် ပြီးသွားချိန်မှာ ကျွန်တော်တို့ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပြီးသွားခဲ့ပြီလေ။ နောက်ပြီး ကောင်းတာ တစ်ခုက လေ့ကျင့်ခန်း လုပ်နေတော့ ကြော်ငြာတွေ လာချိန်မှာ မုန့်ပဲ သွားရည်စာတွေ စားတဲ့ အကျင့်ကိုလဲ တားပြီးသား ဖြစ်ရော။

ကျွန်တော်တို့လို တစ်ပါတ်မှာ လေး၊ ငါးရက် လောက် ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ သူတွေအတွက်ကတော့ ပိုအကျိုးရှိမယ်ထင်တာပဲ။ တစ်နေကုန် ပြေးလွှား လှုပ်ရှားနေရတဲ့ သူတွေ အတွက်ကတော့ တစ်ချို့ အချက်လေးတွေ ရှောင်လို့ ရပါတယ်။ အသောက်အစား မလျှော့နိုင်သူတွေကတော့ မေတ္တာပို့ချင် ပို့နေမယ် ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်ဗျာ မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ဖြစ်မယ်ဆို ကျေနပ်ပါတယ်။

နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့

ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်

နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။ Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။

နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။ အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။

အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။

အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။