Sunday, January 17, 2010

နည်းပညာတစ်ချို့

Start Menu ကို အရှိန်မြှင့်လိုက်ပါ

မိမိ သုံးနေတဲ့ ကွန်ပျူတာကို
မြန်ဆန်စွာ အသုံးပြုနိုင်ရန် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Start Menu
အရှိန်မြှင့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်တိုင်း ပြုလုပ်ပါ-

၁) Start မှ Run ကို ဖွင့်ပါ။
၂) Run box တွင် regedit ကို ရိုက်ပါ။
၃) regedit box ပေါ်လာရင် HKEY_CURRENT_USER ကို ရွေးပါ။ ပြီးရင် Control Panel မှ Desktop ကို
ဖွင့်ပါ။
၎) ညာဘက်တွင် MenuShowDelay ဆိုတာကို ရှာပါ။ တွေ့ရင် Double Click လုပ်ပါ။
၅) Value Data (၁၀၀)ကို (၄၀၀)ပေးလိုက်ပါ။


Memory Stick ကောင်းမကောင်း စမ်းသပ်နည်း

စာဖတ်သူဆီမှာရှိတဲ့ Memory Stick ကောင်းမကောင်း စမ်းသပ်ချင်ရင်တော့ Check
Flash ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု ရှိပါတယ်။ install လုပ်စရာမလိုပါဘူး။
သူ့ကိုဖွင့်ပြီး Start ကို နှိပ်လိုက်ရုံပါပဲ။ တကယ်လို့များ Memory မှာ
error ရှိခဲ့မယ်ဆိုရင် အနီရောင်အတုံးလေးတွေ ပေါ်လာမှာပါ။ ဒါ့အပြင်
ဒီဆော့ဖ်ဝဲကို read speed နဲ့ write speed ကို တိုင်းတာဖို့အတွက်လည်း
အသုံးပြုနိုင်ပါသေးတယ်။

Download Check Flash

No comments:

Post a Comment