Friday, September 24, 2010

“အမေ”

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို
မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်
တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။
ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။
သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို
အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်
တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။
သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်
သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။
သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်
လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။
သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်
သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။
သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်
တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။
တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။
သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ
မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ
မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။
အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?
“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ၏ သြဝါဒ

မကောင်းတာကို
ကြောက်ပြီး
မကောင်းလုပ်သူကို
သနားလိုက်စမ်းပါ
မကောင်းတဲ့ သူကို
စိတ်ဆိုးလိုက်တာနဲ့
ကိုယ်ပါ
သနားစရာသတ္တ၀ါစာရင်း
ဝင်းသွားပြီ။
..............................
...............................................................................................................

အသက်အရွယ်ချင်း
မတူရင်.....
နေရာချင်း
မတူရင်.....
အဖြစ်ချင်း
မတူရင်......
အသိချင်း
မတူနိုင်ပါဘူး
ဒါလေးတော့
နားလည်သင်တာပေါ့
.............................................................................................................................................
ကဲ့ရဲ့ စရာတွေ့ရင်
ပါးစပ်ကို
တတွတ်တွတ်နဲ့
အမြဲဖွင့်တတ်ပေမယ့်
ချီးမွမ်းစရာ ကြုံရင်
သော့ခတ်ပြီး
အသေပိတ်ထားတတ်တယ်
.............................................................................................................................................
သူများတွေ
ဖတ်ချင်သလို
ဖတ်ကြပါစေ၊
ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိက
ကောင်းဖို့လိုတယ်
သူတို့ အကြိုက်
လိုက်ပြီး မရေးနဲ့
.............................................................................................................................................
အားလုံးကို
သိပါတယ်လို့
ပြောပေမယ့်
မဟုတ်တာကို
အဟုတ်လို့
သိနေခဲ့ရင်
အလကားပါပဲ

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ (၁၅-၁၂-၀၉) မှ (၁၇-၁၂-၀၉) ထိ
ကျင်းပအပ်သော ( ၂၅-၃၅ )
လူလတ်တရားစခန်းတွင်
ဟောကြားတော်မူသော ဘ၀စံအိမ်
တရားတော်များ

http://ifile.it/uvbwg50/BawaSanEain_01.mp3



http://ifile.it/502jvq1/BawaSanEain_02.mp3


http://ifile.it/q9dl7yu/BawaSanEain_03.mp3



http://ifile.it/jig69a7/BawaSanEain_0၄.mp3



http://ifile.it/u6ys1nf/BawaSanEain_0၅.mp3


http://ifile.it/3orknbq/BawaSanEain_0၆.mp3



http://ifile.it/9hs4guo/BawaSanEain_07.mp3



http://ifile.it/k8hxngr/BawaSanEain_08.mp3

ဝေးသွားတဲ့ အခါ..........

ဝေးသွားတဲ့ အခါ..........


ရင်ခုန်သံတွေ နှုတ်ဆိတ်
တိတ်တဆိတ်ကြေကွဲရုံမှတပါး
အခြားမရှိတော့ဘူးလား....ချစ်သူ....

မျှော်လင့် ခြင်းကင်းတဲ့  ဘဝ
ဒါဟာ.....ခဏလို့ 
နာကြင်ခြင်းဒဏ်၇ာတွေကို
မင်းအပြုံးနဲ့ ချွေးသိပ်
နှစ်သိမ့် နေမိသူသာအမှားလား.....

ဘဝမှာ အလွမ်းက တစ်ဖက်
မျှော်လင့်ခြင်း တစ်ဝက်နဲ့ 
ဆုံနိုင်ခွင့် ၇နိုး
အိမ်မက်ထဲထိတောင်တိုးပြီး
ရှာဖွေနေမယ့် သူပါ....
အချစ်စစ်တို့ မည်သည်
မဖြောင့် ဖြူး စတမ်း တဲ့။ ။
ချစ်သူ ………
တို့  နှစ်ယောက်အချစ်သာ စစ်မှန်စွာနဲ့ 
နှလုံးသားမျက်စိ မြင်နိုင်ပါ၏
ဆုံနိုင်ခွင့် က လက်တစ်ကမ်းဝယ် ………….

ငါ့  ၇ဲ့  အချစ်

ဘဝတစ်ကွေ့ မှာခဏတွေ့ ၇ ….
တစ်ဘဝမမေ့ကြ စတမ်း၇ယ်လို့ 
တည်ထားသစ္စာ ၇ှိငြားပါလည်း
ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ 
အငြိုးတစ်ကယ်မဲ့ ခဲ့ သူပါ ………..

ထား၇ာနေ စေ၇ာသွား….နေသားကျခဲ့ပေမယ့် 
ဝေစားကြဖို့ အထိတော့ သဘောထားမကြီးပေးတာလည်း
ငါဟာ ဝေသ န္တ၇ာ မဟုတ်ခဲ့ လေဘူး ……ချစ်သူ၇ယ် …….

ခန္တီတ၇ားကို ၇င်မှာထားလည်း ဥပေက္ခာတ၇ား
ခုထိငါ မပွားသေးတာ အပြစ်တဲ့ လား…….ချစ်သူ။ ။

ဒါပေမယ့် လေ ………..
ပုထုဇဉ်လူသား …ငါ …မုဒိတာတော့ ပွားခဲ့သူပါ……….
သောကကိုချွန်းအုပ် ဒေါသကို နှင်းထုတ်လို့ 
မင်းတို့ ပျော်စေ တောင်းဆုခြွေ မယ်…
စူဋ္ဌသုဘဒ္ဒါ တော့ ဒီဘဝမဖြစ်၇စေ။ ။

မေမေသို့

သို့ မေမေ

နေကောင်းရဲ့လား..

သတိရစွာနဲ့ ကျွန်တော်စာရေးလိုက်ပါတယ်

ကျွန်တော်တော့ နေကောင်းနေတယ်

ရာသီဥတုကတော့ အရင်လို

ပုံမမှန်တာ ပုံမှန်တုန်းပဲ။

ပူလိုက်၊ အေးလိုက်ပေါ့။



အိမ်ထဲမှာ အဲယားကွန်းတွေတပ်ထားပေမယ့်

ထစ်ခနဲရှိ အငွေ့ပျံချင်နေတဲ့ အရည်ပျော်အိပ်မက်တွေကို

ယပ်ခတ်ပေးနေရတာတော့ရှိတယ်။



ဒီမှာတော့

တစ်နှစ်ပြည့်သွားတိုင်း

ဖျက်မရတဲ့ အိုးမည်းတွေနဲ့အတူ

ကျွန်တော်လည်း သိုးမည်းတစ်ကောင် ဖြစ်နေပေါ့။



ဒါနဲ့..

ကျွန်တော် အရင်ကထက်

အရပ်ရော၊ လျှာပါ နည်းနည်းပိုရှည်လာတယ်.. သိလား



ကျွန်တော်ဟာ အေးခဲစွာနဲ့ ပျော်နေသူတစ်ယောက်ဆိုတာ

သူတို့ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး။



မေမေပို့ပေးတဲ့ အပင်တစ်ချို့လည်း

ကျွန်တော် စိုက်ထားတယ်

ဒီမြေမှာ နေဝင်နေထွက် ရိုးသားမှုက လွဲရင်

ကျန်တာ အပေါက် သိပ်မြန်တယ်



ပထမကမ္ဘာမှာက

ကျွန်တော်တို့တွေလို

အချိုမှုန့်ကို ဟင်းခတ်မယ့်အစား

စကားပြောတဲ့အခါနဲ့ အပြုံးတွေထဲကို ပြောင်းခတ်နေကြပြီ။



ပေါပေါများများတွေ့ရတာတော့

ရယ်ဒီမိတ် ပစ္စည်းရယ်၊ ပါးစပ်ပေါက်တွေရယ်ပဲ..

ရယ်ဒီမိတ် စရိုက်၊ ရယ်ဒီမိတ် ဒီပလိုမာ

ရယ်ဒီမိတ် ခေါက်ဆွဲခြောက်၊ ရယ်ဒီမိတ် ဆက်ဆံရေး ...

(မပြောကောင်း၊ မဆိုကောင်း ရယ်ဒီမိတ် ကဗျာတွေ လုပ်ရောင်းရင် ကောင်းမလားတောင် စဉ်းစားမိသေး)



အချိန်တော်တော်များများမှာ

ကိုယ့်ကိုယ်ကို ပြန်ကျပျောက်နေတာ သိပ်ဆိုးတယ် မေမေရယ်

စုန်ချင်တဲ့ စိတ်ကို ဇက်သပ်နေရတာ

လုံးလည်ချာလည်နဲ့..



ကြက်ခြေခတ်ဦးရေ မထူထပ်ခင်

အချိန်မှီ.. မျက်လုံးတွေကို ဘောင်ဆွဲခတ်နေရတာလည်း ပါတယ်။



လူမျှားချိတ်တွေကလည်း

အမျှားခံချင်စရာ ကာလာစုံပဲ

ပြာနန့်နန့်နဲ့ တစ်ခုဟာ ကျွန်တော့် အကြိုက်လေ

ဘာပဲဖြစ်ဖြစ်

ကွန်ပစ်တဲ့အထဲ ပါသွားတာထက်စာရင် တော်သေးတာပေါ့။



ချစ်သူတော့ မရှိသေးပါဘူး

ဒီမျောက်ဟာ အမြီးပဲ မပေါက်နိုင်ဘူးလို့

မေမေ ပြောတော့မယ်မလား

လူအချင်းချင်း ဆွဲဆောင်တဲ့အလုပ်မှာ ကျွန်တော် ညံ့ပေမယ့်

ရုပ်ရှင်ရုံတွေက လက်မှတ်တစ်စောင်ထဲလည်း ပေးဝယ်ပါတယ်ဗျ

တစ်ရေးနိုးတိုင်း

လက်ကလေးတစ်ခုကို ကိုင်ထားချင်တဲ့ ရောဂါကလွဲရင်

အားလုံး အဆင်ပြေပါတယ်။



ကျွန်တော် မှာလိုက်တဲ့စာအုပ်တွေရော ရှာလို့တွေ့ရဲ့လား

မေမေလည်း ပျော်အောင်နေနော်..



အဝေးက သား

ခန့်နေ