Showing posts with label ကွန်ပျူတာ နည်းပညာ. Show all posts
Showing posts with label ကွန်ပျူတာ နည်းပညာ. Show all posts
Sunday, May 2, 2010
Detecting suspicious Gmail account activity - သင့် Gmail account ကို တပါးသူ အသုံးပြုနေပါသလား
ကျွန်တော်တို့၏ Gmail account (User Name + Password) ကို တစ်ပါးသူတစ်ဦး သိရှိသွားသည်နှင့် ပြဿနာများ၊ ဆိုးကျိုးများမှာ ခန့်မှန်းမရနိုင်အောင် အမျိုးမျိုး ဖြစ်လာနိုင်သည်။ Gmail account များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကောင်းသည်ထက် ကောင်းလာစေရန် အမြဲတမ်း တီထွင်ကြံဆနေသည့် Google မှ အင်ဂျင်နီယာများက နောက်ထပ်လုံခြုံရေး နည်းလမ်းသစ်တစ်ခုကို ထပ်မံ ဖန်တီးပေးထားသည်။
Warning Message - သတိပေးချက်
ဤနည်းလမ်းသစ်က - Gmail Account တစ်ခု၏ သံသယဖြစ်ဖွယ်ရာ အသုံးပြုမှု (Login Activity) များကို စစ်ဆေးတွေ့ရှိသည့်အခါ ထို Account ပိုင်ရှင်ကို သတိပေးမည် - ဖြစ်သည်။ ကျွန်တော်တို့၏ Gmail Account တွင် သာမန်အခြေအနေမျိုး မဟုတ်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာသည်ကို တွေ့ရသည့်အခါ "Warning: We believe your account was last accessed from…" စသည့် စာတမ်းပါရှိသော သတိပေးချက်တစ်ခုကို Gmail က ဖော်ပြပေးမည်။ ထိုဖော်ပြချက်တွင် သက်ဆိုင်ရာ Gmail account ကို နောက်ဆုံးအသုံးပြုသွားသည့် နေရာဒေသနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါရှိမည်။ အောက်ပါပုံကို ကြည့်ပါ။
Detecting suspicious Gmail  account warning
အလုပ်လုပ်ပုံ - How its Work
ယခုကဲ့သို့ သတိပေးချက်ကို ဖော်ပြနိုင်ရန်အတွက် Gmail ၏ ဆော့ဖ်ဝဲစနစ်တွင် -
  • သက်ဆိုင်ရာ Account ၏ အင်တာနက်လိပ်စာ (Relevent IP Address)၊ အသုံးပြုမှု၊ အသုံးပြုခဲ့သည့် နေရာဒေသ - တို့ကို အလိုအလျောက် တိုက်ဆိုင် စစ်ဆေးသည်။
  • ယခုအချိန်တွင် Gmail Account တစ်ခုကို အသုံးပြုခဲ့သည့် နေရာဒေသကို (The specific geographical location) အတိအကျဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။
  • သို့သော် Gmail Account တစ်ခုဖြင့်
    • မကြာသေးမီက Gmail သို့ ၀င်ရောက်အသုံးပြုခဲ့သည့် တိုင်းပြည်က တစ်ခု၊
    • ယခု ထပ်မံ ၀င်ရောက်အသုံးပြုသည့် အခါ စစ်ဆေးတွေ့ရှိရသည့် တိုင်းပြည်က တစ်ခု -
  • စသည်ဖြင့် ကွဲပြားနေသည့် အခြေအနေမျိုးတွင် အထက်ပါအတိုင်း သတိပေးချက်များ ထွက်ပေါ်လာမည်။
သတိပေးချက်တွင် ပါရှိသည့် Details ခလုတ်ကို နှိပ်လိုက်သည်နှင့် Activity on this account ၀င်းဒိုးပေါ်လာမည်။ မကြာသေးမီက အသုံးပြုခဲ့သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Browser) ၊ တည်နေရာ၏ အင်တာနက်လိပ်စာ (Location, IP Address) စသည့် အချက်အလက်များကို မြင်တွေ့ရမည်။ နမူနာ ပုံများကို လေ့လာကြည့်ပါ။
Detecting Suspicious Account Warning  Detail
ဆက်လက်ဆောင်ရွက်ရန် - What to do (continue)
အကယ်၍ သင်၏ Gmail account ကို ခိုးယူ အသုံးပြုခံနေရသည်ဟု သံသယရှိလာသည်နှင့်
  • စကားဝှက်ပြောင်းလဲနိုင်ရန် (Change your password immediately) ပြုလုပ်ပေးထားသည်။
  • သို့မဟုတ် ယခုမြင်တွေ့ရသည့် သတိပေးချက်မှာ -
    • သင်ကိုယ်တိုင်က ခရီးသွားနေသဖြင့် အသုံးပြုနေသည့် တည်နေရာများ ပြောင်းလဲသွားခြင်း၊
    • သင့်ဇနီး/ခင်ပွန်း စသည့် သင့် Gmail Account ကို သိရှိအသုံးပြုနိုင်သူ တစ်ဦးက ခရီးသွားရင်း အသုံးပြုနေသဖြင့် တည်နေရာများ ပြောင်းလဲသွားခြင်း
  • စသည့် အကျိုးအကြောင်း ဆီလျော်သည့် ပြောင်းလဲမှုများ ဖြစ်ကြောင်း သိရှိနေပါက "Dismiss" ကို နှိပ်ပြီး ပေါ်နေသည့် သတိပေးချက်ကို ဖယ်နိုင်သည်။
ယခုဖော်ပြခဲ့သည့် နည်းစနစ်ကို Google Apps အသုံးပြုများလည်း မကြာမီအချိန်တွင် အသုံးပြုနိုင်ကြမည် ဖြစ်သည်။
ယခင်ရှိခဲ့ပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံးအခြေအနေ (Recent Account Activity) နှင့် Remote Sign Out အင်္ဂါရပ်များကိုလည်း ယခင်ရှိမြဲအတိုင်း Gmail စာမျက်နှာ၏ အောက်ခြေပိုင်းတွင် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ အောက်ပါပုံတွင် ကြည့်ပါ။
Gmail, Last account activity
သင်နှင့် သင်၏ အင်တာနက်လုံခြုံရေး - You and Your Internet Security
အထူး အရေးကြီးစွာ သိရှိနားလည်ထားရမည့် အချက်မှာ - အထက်ပါ သတိပေးချက်များသည် ကျွန်တော်တို့၏ Gmail Account များနှင့် သက်ဆိုင်သည့် သံသယဖြစ်ဖွယ် လှုပ်ရှားမှု (Suspicious Activity) များကို သတိပေးခြင်းများသာ ဖြစ်သည်။ အခြားသော အင်တာနက် လုံခြုံမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ကို အစားထိုးရန် မဟုတ်ပေ။
« Back to Sent Mail Archive Report spam Delete Move to Inbox Labels More actions ‹ Newer 7 of 537 Older › Top Five Gmail Account Secur
လုံခြုံမှုအဆင့် မြင့်မားတဲ့ စကားဝှက်တွေကို အသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ တကိုယ်ရေ အချက်အလက်များကို အကာအကွယ်ပေးရာမှာ အထောက်အကူပြုသည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းနဲ့ ရွေးချယ်နိုင်တဲ့ နည်းလမ်းများကို သိရှိခဲ့ကြပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ Gmail account တွေကို ပိုမိုလုံခြုံစေဖို့ အတွက် လုပ်စရာတွေ ကျန်နေပါသေးတယ်။
1. ပြန်ထွက်ရန် မမေ့ပါနှင့် - Remember to Sign out
Gmail ကို အသုံးပြုပြီးသည့် အခါတိုင်း ပြန်ထွက် (Sign out) ရန် အထူးဂရုစိုက်ပါ။ ညာဘက် အပေါ်ထောင့်ရှိ "Sign out" ကို နှိပ်လိုက်ရုံပါ။ တကယ်လို့ အများသုံး ကွန်ပျူတာ သို့မဟုတ် အင်တာနက်ကဖေးမှ ကွန်ပျူတာကို အသုံးပြုနေတာဆိုရင် နောက်ထပ်လုပ်စရာတွေ ကျန်ပါသေးတယ်။ သုံးနေတဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Cache ကို ရှင်းလင်းခြင်း၊ (Internet Explorer မှာဆိုရင် Clear All History)၊ Cookie များကို ရှင်းလင်းခြင်း စတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အခု ကိုယ်သုံးနေတဲ့ကွန်ပျူတာကို နောက်မှာ ဆက်သုံးတဲ့သူတွေ အနေက ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ခြေရမခံနိုင်မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ သုံးနေတဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲကို လုံးဝ ပိတ်လိုက်ပါ။
Clearing Recent History in Firefox
ကိုယ့်ရဲ့ ကိုယ်ပိုင်ကွန်ပျူတာနဲ့ အလုပ်လုပ်နေတာ ဆိုရင်တော့ ခဏတဖြုတ် အဝေးကို ထွက်သွားတဲ့အခါမျိုးတွေမှာ “စကားဝှက်ခံထားတဲ့ Screen Saver” (Password protected Screen Saver) တစ်ခုနဲ့ ကွန်ပျူတာကို “သော့ခတ်” (Lock) ထားခဲ့တာ အကောင်းဆုံးပါပဲ။ Microsoft Windows, Apple, Linux စတဲ့ ဘယ်လို ကွန်ပျူတာစနစ်မျိုးကိုပဲ သုံးနေပါစေ ကျွန်တော်တို့သုံးနေတဲ့ ကွန်ပျူတာ ဖန်သားပြင် (Computer Screen) ကို ခိုးကြောင်ခိုးဝှက် ကြည့်တတ်တဲ့ (ကြည့်ချင်တဲ့) သူတွေရဲ့ မျက်လုံးတွေ အောက်ကနေ ဘယ်လို ကာကွယ်မလဲ ဆိုတာကို ကောင်းကောင်း လေ့လာ အသုံးချသင့်ပါတယ်။
တကယ်လို့များ Sign Out လုပ်ဖို့ မေ့နေခဲ့တယ်ဆိုရင်တော့ နောက်ထပ် အခြားကွန်ပျူတာ တစ်လုံးကနေ Gmail ကို ပြန်ဖွင့်ပါ။ ပြီးတော့ Gmail ရဲ့ Remote Sign Out feature ကို သုံးပြီး အခြားနေရာတစ်ခုမှာ ပွင့်ကောင်း ပွင့်နေနိုင်တဲ့ သင့် Gmail account အသုံးပြုမှု (Sessions) တွေကို ပိတ်ပစ်လိုက်ပါ။
2. အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးပို့မယ်ဆိုရင် - Be Careful when you send Sensitive Information
သင့်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးလ်ကနေ ပို့တော့မယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်။ သင်ပို့လိုက်တဲ့ အီးမေးလ်တစ်စောင်မှာပါတဲ့ အကြောင်းအရာတွေဟာ ပို့လိုက်ပြီးပြီ ဆိုတာနဲ့ သင်ထိန်းချုပ်လို့ မရတော့ပါဘူး။ ပြောပြီးသွားတဲ့ စကားတစ်ခွန်းအတွက် “ကြမ်းကျွံရင် နှုတ်လို့ရ၊ စကားကျွံရင် နှုတ်လို့မရ”
ဆိုတဲ့ စကားပုံလိုပါပဲ။ ၂၁ ရာစုမှာတော့
  • “အီးမေးလ်ပို့ပြီးရင် အဲဒီ အီးမေးလ်ကို သင်ထိန်းချုပ်လို့ မရတော့ပါဘူး”
  • သင့်အီးမေးလ်ကို လက်ခံရတဲ့သူတွေက အဲဒီအီးမေးလ်မှာ ပါတဲ့ အကြောင်းအရာတွေကို ဘယ်လိုလုပ်မလဲ၊ ဘာတွေလုပ်မလဲ ဆိုတာကို သင်မသိနိုင်၊ မထိန်းချုပ်နိုင်တော့ပါဘူး။
  • သင့်အီးမေးလ်တွေကို
    • နောက်ထပ် အခြားသူတွေဆီကို ဆက်လက်ပေးပို့ ဖြန့်ဝေတာ (Forwarding Emails)၊
    • ဒါမှမဟုတ် လူအများအသုံးပြုတဲ့ နေရာ (Public place) တွေဖြစ်တဲ့ အွန်လိုင်း ဖိုရမ် (Online forums) တွေ၊ ဘလော့ခ် (Blogs) တွေမှာ ရေးတင်တာတွေ လုပ်လို့ ရသွားပါပြီ။
တကယ်လို့ သင်အီးမေးလ်ပို့ထားတဲ့ သူတွေက သင်အရမ်းကို ယုံကြည်ရ၊ စိတ်ချရတဲ့သူတွေ ဖြစ်နေမယ် ဆိုရင်တောင်မှ -
  • အဲဒီသူတွေရဲ့ Email Account တွေ အခိုးခံရတဲ့ အခါမျိုး၊ ဒါမှမဟုတ်
  • သူတို့ ကွန်ပျူတာတွေကို ဗိုင်းရပ်စ် (Computer Virus) ထိသွားတဲ့ အခါမျိုးတွေမှာ - သင့်ရဲ့ လျှို့ဝှက်ထားရမယ့် အကြောင်းအရာတွေ ပေါက်ကြားသွားနိုင်ပါတယ်။ အင်တာနက်မှာ အဲဒီလို ပြဿနာတွေ အများကြီးရှိနေတာကို မြင်ဖူး၊ ကြားဖူးကြပါမှာ။
အဲဒီအတွက်ကြောင့်
  • Credit Card နံပါတ်တွေ၊ ဘဏ်စာရင်း နံပါတ်တွေကို အီးမေးလ်ကနေ ဘယ်တော့မှ မပို့သင့်ပါဘူး။
  • တိုက်ရိုက် တယ်လီဖုန်းနဲ့ ဆက်ပြီးပို့တဲ့နည်းလမ်း၊ ဒါမှမဟုတ် လူခြင်းတွေ့ပြီး ပြောတဲ့နည်းလမ်း တွေကိုပဲ သုံးသင့်ပါတယ်။
Google Chrome clear browsing data
နောက်ထပ် အရေးအကြီးဆုံး အချက်တစ်ခုကတော့ -
  • သင့်ရဲ့ စကားဝှက်တွေကို ဘယ်တော့မှ သူများကို မပေးပါနဲ့။
  • ယခုအချိန်မှာ အရင်းနှီးဆုံးဆိုတဲ့သူတောင် အကြောင်းအမျိုးမျိုးကြောင့် အမုန်းဆုံးသူတွေ ချက်ချင်း ဖြစ်သွားနိုင်တာမို့ ကိုယ့်စကားဝှက်ကို ဘယ်သူ့မှ မပေးတာ အကောင်းဆုံးပါ။
  • ကိုယ်ကလည်း သူများဆီက စကားဝှက်ကို မတောင်းမိဖို့ အရေးကြီးပါတယ်။
  • Google ကလည်း သင့်ဆီကနေ - သင့်ရဲ့ စကားဝှက် (Password)၊
  • သင့်ရဲ့ Social Security Number နဲ့
  • အခြားသော တကိုယ်ရေ အချက်အလက် (Personal Information) တွေကို ဘယ်တော့မှ - တောင်းမှာ မဟုတ်ပါဘူး။
  • အဲဒီအတွက်ကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးလ်ကနေ ဘယ်တော့မှ မပို့တာ အကောင်းဆုံးပါပဲ။
3. အမြဲတမ်း ပုံဖျက်ပါ - Enable "Always use HTTPS"
သင့်အနေနဲ့ အင်တာနက်စာမျက်နှာတစ်ခုကို ကြည့်တဲ့အခါတိုင်း သင့်ကွန်ပျူတာဟာ သတင်းအချက်အလက်တွေကို အင်တာနက် ကနေတစ်ဆင့် ပေးပို့/လက်ခံဖို့ လိုအပ်ပါတယ်။ Google mail using httpsအဲလို ပေးပို့/လက်ခံကြတဲ့အခါ အချက်အလက်တွေကို “ပုံဖျက်” (Encrypt) ဖို့ လိုအပ်တဲ့ အခါမျိုးတွေမှာ HTTPS ကို အသုံးပြုပါတယ်။ သာမန် အသုံးပြုနေကြ HTTP ကို မသုံးတော့ပါဘူး။ အဲဒီအတွက်ကြောင့် သင့်ကွန်ပျူတာနဲ့ Gmail အသုံးပြုတဲ့အခါ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ လိပ်စာနေရာ (Address bar) မှာ HTTPS ကို သုံးထား/မထား စစ်ဆေးဖို့ လိုအပ်ပါတယ်။
HTTPS ကို သုံးထားတဲ့ အတွက် သင့်ကွန်ပျူတာနဲ့ Gmail ဆာဗာများကြားမှာ ရှိတဲ့ ဆက်သွယ်မှုဟာ ပုံဖျက် (Encrypt) ထားပြီးသား ဖြစ်နေပါပြီ။ HTTPS ကို Gmail ရဲ့ Login စာမျက်နှာမှာ Changing to HTTPS alwaysသုံးထားတာ သင်တွေ့ရမှာပါ။ ဒါ့အပြင် Gmail session တစ်ခုလုံးကိုလည်း HTTPS နဲ့ အကာအကွယ် လုပ်ထားချင်ရင် Settings ထဲက General အောက်မှာ "Always use HTTPS" ကို ရွေးထားလို့ ရပါတယ်။ HTTPS ကြောင့် သင့်ရဲ့ အီးမေးလ်ဟာ ပိုပြီးတော့ နှေးသွားမှာတော့ အသေအချာပါပဲ။ အဲဒီအတွက် သင့်အတွက် အဆင်အပြေဆုံး ဖြစ်နိုင်တဲ့ ရွေးချယ်မှုကို သင်ကိုယ်တိုင်ပဲ လုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ လုံခြုံမှု အထူးလိုအပ်ရင် HTTPS ကိုသုံးတာ အကောင်းဆုံးပါ။
4. အီးမေးလ်နှင့်အတူ ပါလာသည့်ဖိုင်များကို သတိထား - Be wary of unexpected attachments
ဗိုင်းရပ်စ် (Virus) များနှင့် အခြားအန္တရာယ်ရှိသည့် အရာများ (Malware) များမှ ကာကွယ်နိုင်ရန် အတွက်
  • သင့်ထံသို့ အီးမေးလ်နှင့်အတူ တွဲဖက် ရောက်ရှိလာသည့် ဖိုင်များ (Email attachment files) ကို Gmail က စစ်ဆေးပေးထား ပြီးပါပြီ။
  • သင်ကိုယ်တိုင် ဖွင့်ကြည့်တော့မယ့် အချိန်တိုင်းမှာလည်း နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပေးပါတယ်။
  • ထို့အတူပဲ သင်က အီးမေးလ်နဲ့အတု တွဲဖက် ပေးပို့လိုက်တဲ့ဖိုင်တွေကိုလည်း Gmail က စစ်ဆေးပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ အပြည့်အ၀ စိတ်ချရတဲ့ လုံခြုံရေး စနစ်ဆိုတာ မရှိတဲ့အတွက်၊ တကယ်လို့များ
  • သူငယ်ချင်း တစ်ယောက်ယောက်ဆီက အီးမေးလ်နဲ့အတူ ပါလာတဲ့ ဖိုင်တစ်ခုမှာ မျှော်လင့်မထားတဲ့ ဖိုင်တစ်ခုခုများ ပါရှိလာခဲ့မယ် ဆိုရင်၊
  • အဲဒီဖိုင်ကို ကိုယ်တိုင် မဖွင့်ခင်မှာ - ဘာဖိုင်တွေ ပို့လိုက်တာလဲဆိုတာ ပို့လိုက်တဲ့သူ အရင်ပြန်မေးဖို့ - သတိရှိရပါမယ်။
  • ပို့လိုက်တဲ့ ဖိုင်ကိုလည်း စိတ်မချဘူး၊ ပို့လိုက်တဲ့သူကိုလည်း မသိဘူး၊ မေးလ်ကလည်း တဆင့်ရောက်လာတာမျိုး (Forward Mail) ဖြစ်နေမယ်ဆိုရင်တော့ အဲဒီမေးလ်ကို တစ်ခါတည်း “ဖျက်” (Delete) လုပ်လိုက်တာ အကောင်းဆုံးပါပဲ။
5. Account Recory Information ကို အမြဲတမ်း Update လုပ်ပါ
သင့် Gmail Password ကို မေ့သွားသည့်အခါ၊ သို့မဟုတ် တစ်ယောက်ယောက်က သင်မသိဘဲ သင့် Gmail Account ကို အသုံးပြုခွင့် ရသွားသည့် အခါများမှာ - သင်ရဲ့ Account Recovery Information က အကူအညီပေးနိုင် ပါတယ်။ အဲဒါကြောင့် သင့် Gmail Account နှင့်သက်ဆိုင်တဲ့ Recovery Information များကို အမြဲတမ်း Up-to-date ဖြစ်နေအောင် လုပ်ထားဖို့ လိုပါတယ်။
  • Gmail မှာ Account Recovery လုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။
  • Gmail user တိုင်းဟာ လုံခြုံရေးဆိုင်ရာ မေးခွန်းများနဲ့ အဖြေများကို မဖြစ်မနေ ဖြေကြရပါတယ်။
  • အဲလို ရွေးတဲ့အခါမှာ - သင့်အတွက် မှတ်ရ အလွယ်ဆုံးနဲ့ အခြားသူတွေ အတွက် ခန့်မှန်းတွက်ချက်ဖို့ ၊ စုံစမ်းသိရှိဖို့ ခက်ခဲတဲ့ မေးခွန်းနဲ့အဖြေ - မျိုးကို ရွေးတတ်ဖို့လည်း လိုပါမယ်။
  • "What is my favorite color?" ဆိုတဲ့ သင့်အကြောင်းသိတဲ့ အချို့သူတွေ အတွက် အလွယ်တကူ ခန့်မှန်းလို့ရနိုင်တဲ့ မေးခွန်းနဲ့ အဖြေမျိုးကိုတော့ ဘယ်တော့မှ မရွေးသင့်၊ မသုံးသင့်ပါဘူး။
နောက်ထပ် Gmail က ဖန်တီးပေးထားတဲ့ Recovery လုပ်နိုင်တဲ့ နည်လမ်းတွေကတော့ Secondary Email Address နဲ့ သင့်ရဲ့ မိုဘိုင်း တယ်လီဖုန်းနံပါတ် (Mobile Phone Number) ကို Gmail မှာ ပေးထားခြင်းပါ။ မတော်တဆ စကားဝှက်မေ့သွားတဲ့ အခါတွေမှာ အဲဒီ အီမေးလ်လိပ်စာတွေနဲ့ ဖုန်းတွေကနေတဆင့် စကားဝှက်ကို အသစ်ပြန်သတ်မှတ်နိုင်တဲ့ (Password Reset) လမ်းကြောင်းတစ်ခုကို Gmail က သင့်ဆီကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။
သင်သာ အဓိက အရေးအကြီးဆုံး - You are the most Important Person
လူတိုင်းလူတိုင်းအတွက် တကိုယ်ရေလုံခြုံမှု (Personal Security) ဟာ အရမ်းအရေးကြီးပါတယ်။ အင်တာနက်သုံးရင် အွန်လိုင်း လုံခြုံမှု (Online Security) ကလည်း အရေးကြီးပါတယ်။ ယခုခေတ်မှာ လူတစ်ယောက်ကို ယုံကြည်အောင် အယုံသွင်း၊ အငိုက်ဖမ်း၊ လှည့်စားနည်းတွေက အွန်လိုင်းမှာရော၊ အပြင်ဘက်မှာပါ အမျိုးအစား စုံလင်များပြားလွန်းလှတာမို့ အရာရာတိုင်းကို သတိထားဖို့အတွက် သင့်မှာတာဝန်ရှိပါတယ်။ သင့်ရဲ့ လုံခြုံမှုအတွက် အရေးအကြီးဆုံးသူ၊ တာဝန်အရှိဆုံးသူ ကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ (You are the most Important and Responsible person for your Online/Off-line security.)
Choosing a smart password - အဆင့်မြင့် စ၀ာားဝှက်တစ်ခု ရွေးချယ်အသုံးပြုခြင်း
ကျွန်တော်တို့သည် မည်သို့သော စ၀ာားဝှက်များကို အသုံးပြုနေကြပါသနည်း။ ကျွန်တော်တို့၏ စကားဝှက်များမှာ - လွယ်ကူသလား ခက်ခဲသလား။ “ အဆင့်မြင့်သော စကားဝှက် ” (Smart Password) များကို အသုံးပြုနေပါသလား။ ကျွန်တော်တို့ ကိုင်တွယ် အသုံးပြုနေသော ကွန်ပျူတာ အင်တာနက် ၀က်ဘ်ဆိုက်နှင့် အခြားသော တကိုယ်ရေ အချက်အလက်များ အားလုံးကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ရန် အတွက် မည်သို့သော စကားဝှက်များကို အသုံးပြု နေကြပါသနည်း။
အင်တာနက် တစ်နေရာရှိ ကျွန်တော်တို့ မသိသော၊ အဆင့်မြင့် ကွန်ပျူတာ နည်းပညာများကို တတ်မြောက် ကျွမ်းကျင်သော၊ အခြားသော မသိနားမလည်သည့် အင်တာနက် အသုံးပြုသူများကို လှည့်စားပြီး ၄င်းတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချတတ်သော - အင်တာနက်လူဆိုးများ ကို “ဟက်ကာ” (Hacker) များဟု ကျွန်တော်တို့ သိကြသည်။ ၄င်း အင်တာနက်လူဆိုးများ အများဆုံး အသုံးပြုတတ်သည့် နည်းပညာမှာ Phishing ဟု အမည်ပေးထားသည့် ဖြားယောင်းသွေးဆောင် ကျုံးသွင်းသည့် နည်းပညာတစ်ခု ဖြစ်သည်။ Phishing ကို အင်တာနက်ရှိ မြန်မာ ဘလော့ခ် တစ်ခုတွင် အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
Phishing - အီးမေးလ်ကို အသုံးပြုပြီး အင်တာနက်သုံးသူ တစ်ဦးကို အင်တာနက်နေရာ ( Web site) အတု တစ်ခုသို့ ရောက်လာအောင် ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇ၀တ်မှု တစ်မျိုး။
အင်တာနက် လူဆိုးများသည် Phishing နည်း အမျိုးမျိုးကို အသုံးပြုကာ မသိနားမလည်သူများကို လှည့်စားပြီး စကားဝှက်များကို အရယူလေ့ ရှိတတ်ကြလေသည်။ ကျွန်တော်တို့သည် မိမိကိုယ်ကို အလှည့်စားခံနေရပြီဟု သံသယရှိလာသည်နှင့် -
  • အသုံးပြုနေသည့် စကားဝှက်များကို ပြောင်းလဲခြင်း၊
  • လုံခြုံမှုဆိုင်ရာ မေးခွန်းများ (Security Questions) ကို ပြောင်းလဲခြင်း၊
  • အီးမေးလ် လိပ်စာများ၏ ဒုတိယ လိပ်စာ (Secondary address) များကို ပြောင်းလဲခြင်း၊
  • နောက်ဆုံးပေါ် အင်တာနက်ကြည့် ဆော့ဖ်ဝဲများ ကို အသုံးပြုပြီး
စသည့် လုပ်ငန်းများကို ဆောင်ရွက်သင့်သည်။ Gmail ကို အသုံးပြုနေပါက သံသယ ဖြစ်ဖွယ် အီးမေးလ်များတွင် Gmail က အလိုအလျောက် ထည့်သွင်းပေးလေ့ ရှိသည့် Phishing Warning များကို သတိထား စောင့်ကြည့်သင့်သည်။
အင်တာနက်ပေါ်တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာသည်နှင့် အများဆုံးနှင့် ပထမဆုံး အကြံပြုလေ့ရှိသည့် နည်းလမ်းမှာ “စကားဝှက် အသစ်ပြောင်းလဲရန်” ဖြစ်လေသည်။ မည်မျှကောင်းမွန်သည့် စကားဝှက်ပင် ဖြစ်ပါစေ ကျွန်တော်တို့ အပေါ် ကျရောက် လာနိုင်သည့် လှည့်စားမှု (Scammed) များကိုတော့ အကာအကွယ် မပေးနိုင်ပေ။ သို့သော်လည်း
  • အားပျော့ချိနဲ့သည့် စကားဝှက်၊
  • အလွယ်တကူ ခန့်မှန်းတွက်ချက်နိုင်သည့် စကားဝှက် များကို အသုံးပြုခြင်းထက်၊
  • မိမိအတွက် ကောင်းစွာ မှတ်သားရန် လွယ်ကူပြီး၊
  • အခြားသူများ အလွယ်တကူ ခန့်မှန်းရန် ခက်ခဲသည့် စကားဝှက်မျိုးကို သုံးခြင်းသည်
  • အဆင့်မြင့်သည့် လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်သည်။
အောက်တွင်ဖော်ပြထားသည့် အကြောင်းအရာများသည် Gmail ရှိ လုံခြုံရေးပညာရှင်များ အများဆုံး တွေ့ရှိခဲ့သည့် ပြဿနာအချို့နှင့် စကားဝှက်များကို ပိုမို အားကောင်းလာစေရန် ပြုလုပ်နိုင်မည့် အကြံပြုချက်များ ဖြစ်သည်။
ပြဿနာ (၁) - စကားဝှက်များကို ၀က်ဘ်ဆိုက်များတွင် အဖန်ဖန် ပြန်လည် အသုံးပြုခြင်း Re-using passwords across websites
အင်တာနက်တွင် အီးမေးလ်၊ အွန်လိုင်း ဘဏ်စနစ် (Online Banking) ၊ လူမှုရေးရာ ကွန်ရက် (Social Networking) နှင့် ဈေးရောင်း ဈေးဝယ် ပြုလုပ်ခြင်း (Online Shopping) စသည့် အွန်လိုင်း ၀န်ဆောင်မှု အမျိုးမျိုး ထွက်ပေါ်လာသည်နှင့်အမျှ၊ ၄င်းဆိုက်များ အတွက် စကားဝှက်တစ်ခုစီကိုလည်း မဖြစ်မနေ အသုံးပြုရန် လိုအပ်လာသည်။ ထို့ကြောင့် အချို့သောသူများ အနေဖြင့် ၀က်ဘ်ဆိုက် အမျိုးမျိုးအတွက် ဖန်တီးထားသော Account အမျိုးမျိုးတွင် - တစ်ခုတည်းသော စကားဝှက်ကိုပင် အဖန်ဖန် ပြန်လည် အသုံးပြု လာတတ်ကြခြင်းမှာ မထူးဆန်းသလို ဖြစ်လာသည်။ တကယ်တော့ အလွန် အန္တရာယ်များသော လုပ်ဆောင်ချက် ဖြစ်သည်။
အကယ်၍ တစုံတစ်ယောက်က ၀က်ဘ်ဆိုက်တစ်ခုတွင် ကျွန်တော်တို့ အသုံးပြုထားသည့် စကားဝှက် တစ်ခုကို သိရှိသွားပါက ထိုသူအနေဖြင့် ကျွန်တော်တို့၏ အီးမေးလ်၊
လိပ်စာနှင့် အခြား အချက်အလက်များ အပါအ၀င် ငွေကြေးဆိုင်ရာ အကြောင်းအရာများ ကိုပင် ရရှိသွားနိုင်သည့် အလားအလာ ရှိနိုင်သည်။
အဖြေ (၁) - စကားဝှက် တစ်ခုချင်းစီကို အသုံးပြုခြင်း Use unique passwords
ကျွန်တော်တို့၏ Account များအတွက် - အထူးသဖြင့် အီးမေးလ်နှင့် အွန်လိုင်း ဘဏ်စနစ် တို့ကဲ့သို့ အရေးကြီးသော Account များအတွက် - သီးခြား စကားဝှက် တစ်ခုစီကို ထားရှိ အသုံးပြုခြင်းသည် အလေ့အကျင့်ကောင်း တစ်ခု ဖြစ်သည်။ ၀က်ဘ်ဆိုက် တစ်ခုတွင် အသုံးပြုမည့် စကားဝှက်တစ်ခုကို ဖန်တီးသည့် အခါတွင် -
  • ထိုဆိုက်နှင့် ဆက်စပ်နေသည့် စကားစုတစ်ခုခုကို စဉ်းစားကာ၊
  • ထိုစကားစု၏ အတိုကောက် စာလုံး (Abbreviation) သို့မဟုတ် အပြောင်းအလဲ (Variation) ကို -
  • စကားဝှက် အဖြစ် ပြောင်းလဲ အသုံးပြုနိုင်သည်။
  • ထိုဆိုက်တွင် အမှန်တကယ် သုံးထားသော စကားလုံးများကို စကားဝှက်အဖြစ် တိုက်ရိုက် မသုံးပါနှင့်။
  • ထိုစကားစုသည် ရှည်လျားပါက စကားလုံး တစ်လုံးခြင်းစီ၏ ပထဆုံး အက္ခရာများ သို့မဟုတ် နောက်ဆုံး အက္ခရာများကို ထုတ်ယူ အသုံးပြုနိုင်သည်။
  • ထိုစကားလုံးများကို ပိုမိုလုံခြုံ စိတ်ချရသည့် အခြေအနေရရှိနိုင်ရန် အတွက် - အချို့သော စကားလုံးများကို အကြီးအသေး ပြောင်းခြင်းအချို့စာလုံးများကို ကိန်းဂဏန်းများ သို့မဟုတ် သင်္ကေတများ အဖြစ် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။
  • ဥပမာ - ကျွန်တော်တို့၏ အွန်လိုင်း ဘဏ်စနစ်အတွက် ၀က်ဘ်ဆိုက်တွင် သုံးထားသည့် စကားစုမှာ - "How much money do I have?" ဖြစ်ပါက စကားဝှက်ကို "#m$d1H4ve?" ဟု ဖန်တီး နိုင်သည်။
  • (မှတ်ချက် - ဤနည်းလမ်းများတွင် ဖော်ပြထားသည့် စကားဝှက်များမှာ နမုနာ ဖော်ပြရန် အသုံးပြု ထားခြင်းများ ဖြစ်ပြီး၊ စာဖတ်သူများ၏ ကိုယ်ပိုင် စကားဝှက်များ အဖြစ် အသုံးပြုရန် မသင့်ပါ။)
ပြဿနာ (၂) - အဘိဓါန်တွင် ပါရှိသော စကားလုံးများ သို့မဟုတ် အသုံးများသော စကားဝှက်များကို သုံးခြင်း Using common passwords or words found in the dictionary
အများသုံး စကားလုံးများတွင် -
  • ရိုးစင်းသော စကားလုံးများ သို့မဟုတ် စကားစုများ - ဥပမာ “password” သို့မဟုတ် “letmein” ၊
  • ကီးဘုတ်တွင် အလွယ်တကူ မြင်တွေ့နိုင်သည့် အဆင်တွဲများ (patterns) ဥပမာ - "qwerty" သို့မဟုတ် "qazwsx" သို့မဟုတ် "abcd1234" ကဲ့သို့သော အစဉ်လိုက် ရေးသားထားသည့် အဆင်တွဲများ ပါဝင်သည်။
  • လွယ်ကူ ရိုးစင်းသော စကားဝှက်တစ်ခုကို အသုံးပြုခြင်း သို့မဟုတ်
  • အဘိဓါန်တွင် ရှာဖွေတွေ့ရှိနိုင်သည့် မည်သည့်စကားလုံး တစ်ခုကို မဆို စကားဝှက်အဖြစ် အသုံးပြုခြင်းသည်
  • အင်တာနက် လူဆိုးတစ်ယောက်အတွက် ကျွန်တော်တို့၏ အချက်အလက်များကို နှိုက်ထုတ်ခွင့် ရသွားစေနိုင်သည်။
အဖြေ (၂) - အက္ခရာများ၊ ကိန်းဂဏန်းများနှင့် သင်္ကေတများ ပါရှိသည့် စကားဝှက်ကို အသုံးပြုခြင်း Use a password with a mix of letters, numbers, and symbols
အက္ခရာအသေးပေါင်း ရှစ်လုံးမျှသာ ပါရှိသည့် စကားဝှက်တစ်ခုကို ဖော်ထုတ်နိုင်ရန်အတွက် အသုံးပြုရသည့် ပတ်လည်အတွဲစဉ် တွက်ချက်မှု (permutations) (ဥပမာ - x, y, z ၏ ပတ်လည်အတွဲစဉ် xyz, xzy, yxz, yzx, zxy, zyx ) မှာ 26^8 = 208 827 064 576 ကြိမ်သာ ရှိသည်။ စွမ်းဆောင်ရည် အလွန်မြင့်သော တကိုယ်ရေသုံး ကွန်ပျူတာ တစ်လုံး အတွက် ဤပမာဏမှာ မပြောပလောက်ပေ။ အချိန်တိုအတွင်း အဖြေထွက်နိုင်သည်သာ ဖြစ်သည်။ သို့သော် အက္ခရာ အကြီးအသေးများ၊ ကိန်းဂဏန်းများနှင့် သင်္ကေတများကို ရောနှောထားသည့် တန်ဘိုး ရှစ်လုံးပါ စကားဝှက် (ဥပမာ - M7p@sS3r) တစ်ခုကို အဖြေထုတ်ရန် အတွက် တွက်ချက်ရသည့် အကြိမ်ပေါင်းမှာ 94^8 = 6.09568939 × 10⊃15) ရှိသည်။ တနည်းအားဖြင့် သာမန်ရိုးရိုး စကားဝှက်တစ်ခုထက် အဆပေါင်း 6 quadrillion (1,000,000,000,000,000 (one thousand million million)) မျှ တွက်ချက်မှု ပြုလုပ် ခန့်မှန်း ရသည့်အတွက် ပိုမို လုံခြုံစိတ်ချရပေသည်။ အခြားသူ တစ်ဦးအနေဖြင့် အလွယ်တကူ ခန့်မှန်းရန် ခက်ခဲသွားပေသည်။
ပြဿနာ (၃) - ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စကားဝှက်များတွင် ထည့်သုံးခြင်း (Using passwords based on personal data)
  • ကျွန်တော်တို့ အားလုံး၏ ကိုယ်ရေးအချက်အလက် အတော်များများကို သူငယ်ချင်းများနှင့် အလုပ်အတူ လုပ်ဖော်ကိုင်ဖက်များကို မဖြစ်မနေ အသိပေးထားရသည်များ ရှိကြစမြဲ ဖြစ်သည်။
  • ကျွန်တော်တို့၏ ဇနီး/ခင်ပွန်း၊ သား/သမီးများနှင့် အိမ်မွေး တိရစ္ဆာန်လေးများ၏ အမည်များသည် အထက်ပါ ပုဂ္ဂိုလ်များ ကြားတွင် လျှို့ဝှက်ချက် မဟုတ်ချေ။
  • ထို့ကြောင့် ထိုအမည်များကို စကားဝှက်အဖြစ် မသုံးသင့်ပေ။
  • ထို့ပြင် မွေးနေ့များ၊ တယ်လီဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကိုလည်း စကားဝှက်အဖြစ် အသုံးပြုရန် မသင့်ပေ။
အဖြေ (၃) - အခြားသူများ ခန့်မှန်းရန်ခက်ခဲသော စကားဝှက်တစ်ခုကို ဖန်တီး အသုံးပြုပါ။ Create a password that's hard for others to guess
  • ကျွန်တော်တို့၏ ကိုယ်ရေးအချက်အလက် များနှင့် ဆက်စပ်မှု မရှိသည့် -
  • စာလုံးများ၊ ကိန်းဂဏန်းများနှင့် သင်္ကေတများကို ရွေးချယ် ပေါင်းစပ်ကာ သီးခြားစကားဝှက်တစ်ခုကို ဖန်တီးပါ။
  • သို့မဟုတ် နှစ်သက်ရာ စကားလုံး (Word) တစ်ခု သို့မဟုတ် စာကြောင်းတို / စကားစု (Phrase) တစ်ခုကို ရွေးချယ်ပြီး -
  • အစ၊ အလယ်နှင့် အဆုံးများတွင် အက္ခရာများ၊ ဂဏန်းများနှင့် သင်္ကေတများကို ထည့်သွင်းပြီး ခန့်မှန်းရခက်အောင် ပြုလုပ်ပါ။
  • (ဥပမာ - sPo0kyh@ll0w3En - spooky holloween, 1Ov3!5b1!nD - love is blind, 6o0D#r!d@y - Good Friday)
ပြဿနာ (၄) - စကားဝှက်များကို ရေးမှတ်ထားပြီး၊ မလုံခြုံသည့် နေရာများတွင် သိမ်းဆည်းခြင်း Writing down the password and storing it in an unsecured place
အချို့သူများတွင် အွန်လိုင်း Account များစွာ ရှိကြသည့်အတွက် ရေးမှတ်ထားရမည့် အခြေအနေများ ကြုံရတတ်သည်။ တခါတရံတွင် မှတ်မိသည့် အချိန်တိုင်အောင် ရေးမှတ်ထားလေ့ ရှိတတ်ကြသည်။
အဖြေ (၄) - စကားဝှက်စာရင်းများကို အလွယ်တကူ မမြင်နိုင်သော လုံခြုံသည့် နေရာတွင် ထားခြင်း Keep the password reminders in a secret place that isn't easily visible
  • စကားဝှက်များ ရေးမှတ်ထားသည့် စာရွက်များကို ကွန်ပျူတာ သို့မဟုတ် အလုပ်စားပွဲများအနီးတွင် ပစ်မထားပါနှင့်။
  • အခြားသူများ အလွယ်တကူ လာရောက် ခိုးယူ မှတ်သား သွားနိုင်သည်။
  • အလားတူပင် စကားဝှက်များကို ကွန်ပျူတာ အတွင်းရှိ ဖိုင်တစ်ခုတွင် မှတ်သား သိမ်းဆည်းထားမည်ဟု ဆုံးဖြတ်ပါက
  • အခြားသူများ အလွယ်တကူ မသိနိုင်သည့် (ဖိုင်တွင် ပါရှိသည့် အချက်အလက်များကို အခြားသူများ ခန့်မှန်းရန် ခက်ခဲသည့်) ဖိုင်အမည်တစ်ခုကို သုံးကာ မှတ်သားပါ။
  • My Passwords စသည့် အလွယ်တကူ သိလွယ် ခန့်မှန်းရန် လွယ်ကူသော အမည်မျိုး မပေးပါနှင့်
ပြဿနာ (၅) - စကားဝှက်ကို ပြန်ခေါ်ခြင်း Recalling your password
  • အထက်တွင် ဖော်ပြထားခဲ့သည့် လုံခြုံမှု အဆင့်အတန်း မြင့်မားသည့် စကားဝှက်များကို ရွေးချယ် အသုံးပြုသည့် အခါ မှတ်မိရန် ခက်ခဲသည့် အတွက်၊
  • တခါတရံမှသာ အသုံးပြုလေ့ရှိသည့် ၀က်ဘ်ဆိုက်များ၏ စကားဝှက်များကို မကြာခဏဆိုသလို မေ့လျော့ တတ်ကြသည်။
  • ဤပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ၀က်ဘ်ဆိုက် အတော်များများတွင် လုံခြုံမှုဆိုင်ရာ မေးခွန်းတစ်ခုကို ဖြေခိုင်းသည့်နည်း (Answering a security question) သို့မဟုတ်
  • ကျွန်တော်တို့၏ အီးမေးလ် လိပ်စာသို့ စကားဝှက် အသစ်ပြန်ပြင်သည့် လမ်းကြောင်း (Password reset link) တစ်ခုကို ပေးပို့သည့်နည်းလမ်း တစ်ခုခုကို သုံးလေ့ ရှိကြသည်။
အဖြေ (၅) - စကားဝှက် ပြန်ဖော်သည့်နည်းလမ်းများကို နောက်ဆုံးအခြေအနေဖြင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းနှင့် လုံခြုံအောင် ထားရှိခြင်း Make sure your password recovery options are up-to-date and secure
ကျွန်တော်တို့တွင် ရှိသော အင်တာနက် Account များအားလုံးတွင် အသုံးပြုထားသော အီးမေးလ်များကို အမြဲတမ်း မှန်နေအောင် ထိန်းသိမ်းထားဖို့ လိုသည်။ သို့မှသာ စကားဝှက်ပြန်ဖော်သည့် အီးမေးလ် (Password reset email) များကို မှန်ကန်စွာ လက်ခံ ရရှိနိုင်မည် ဖြစ်သည်။
  • ၀က်ဘ်ဆိုက် အများအပြားတွင် စကားဝှက်မေ့တတ်သူများ အတွက် စကားဝှက်ပြန်ဖော်သည့် အခါ
  • လုံခြုံမှုမှုဆိုင်ရာ မေးခွန်တစ်ခုကို ပြန်မေးပြီး မှန်မမှန် စစ်ဆေးလေ့ ရှိတတ်ကြသည်။
  • ထိုမေးခွန်းများမှာ အများအားဖြင့် ထို Account ကို ဖန်တီးစဉ်အချိန်က ကျွန်တော်တို့ ရွေးချယ်/ ထည့်သွင်းပေးရသည့် မေးခွန်းများ ဖြစ်သည်။
  • အကယ်၍ မေးခွန်းကို ကိုယ်တိုင် ဖန်တီးခွင့်ရပါက မိမိတစ်ဦးတည်းသာ သိသော အဖြေရသည့် မေးခွန်းမျိုးကို ဖန်တီး အသုံးပြုသင့်သည်။ အဖြေသည်လည်း Blog များ၊ အင်တာနက် လူမှုကွန်ရက်များနှင့် အခြား အွန်လိုင်းနေရာများတွင် ကျွန်တော်တို့ ရေးသားထားသည့် အကြောင်းအရာများနှင့် ဆက်စပ်မှု မရှိသည့် အဖြေမျိုး ဖြစ်သင့်သည်း
တခါတရံတွင် မေးခွန်းကို ရွေးပေးရသည့် အခါမျိုး ကြုံရတတ်သည်။ ဥပမာ - မွေးဖွားရာမြို့။ ထိုသို့သော အမည်များသည် လုံခြုံစိတ်ချရမှု အားနည်းပြီး အဖြေများကိုလည်း ခန့်မှန်းရန် လွယ်ကူတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေများကို ဖန်တီးထည့်သွင်းသည့် အခါတွင် အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းများကို အသုံးပြုနိုင်သည်။ သို့မဟုတ် ဥပမာ - အဖြေစာလုံး၏ ဒုတိယ အလုံးနောက်တွင် သင်္ကေတ တစ်ခုခုကို ထည့်သွင်းခြင်း စသည်အားဖြင့် နည်းတစ်ခုကို ကိုယ်ပိုင် ဖန်တီးထားနိုင်သည်။ ဥပမာ - my@anmar။ ဤနည်းအားဖြင့် တစုံတစ်ယောက်က အဖြေကို ခန့်မှန်းနိုင်သည့်တိုင်အောင်၊ မှန်ကန်အောင် ရေးသားရန် ခက်ခဲမည် ဖြစ်သည်။
ရည်ညွှန်း - http://gmailblog.blogspot.com/2009/10/choosing-smart-password.html
XSS သို့မဟုတ် Cross-Site Scripting - ကာကွယ်နည်းများ
XSS သို့မဟုတ် Cross-Site Scripting ရန်မှ ကာကွယ်မှုကို ဆောင်ရွက်သည့်အခါ Web Developer များဘက်မှ ၄င်းတို့၏ Web Site ကို XSS ပျော့ကွက်များ ဖြစ်ပေါ်မလာအောင် လိုအပ်သော အကာအကွယ်များဖန်တီးခြင်း၊ User များမှ ထည့်သွင်းလိုက်သော အချက်အလက်များကို စိစစ် လက်ခံခြင်း အစရှိသည့် ဆောင်ရွက်မှုများကို ပြုလုပ်ရသည်။ ထိုအပိုင်းကို ချန်ထားခဲ့ပြီး အင်တာနက် သုံးသူတစ်ဦး အနေဖြင့် XSS အန္တရာယ်မှ မည်သို့ အကာအကွယ်ပြုရမည်၊ ရှောင်တိမ်းရမည်ကို အဓိက ဖော်ပြသွားမည် ဖြစ်သည် -
၁. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ရွေးချယ်ခြင်း
အင်တာနက်ထဲတွင်လျှောက်သွားစဉ် မိမိအတွက် လုံခြုံမှုရှိစေရန် အကာအကွယ်ဖန်တီးသည့်အခါ တစ်ခုတည်းသော အရေးအကြီးဆုံး အရာမှာ မိမိအသုံးပြုမည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲကို ရွေးချယ်ခြင်း ဖြစ်သည်။ အင်တာနက် သုံးသူ အများစုသည် အများအားဖြင့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ တစ်ခုထက် ပို၍ အသုံးပြုလေ့ရှိကြပြီး Website တစ်ခုကို ကြည့်သည့်အခါ ဆော့ဖ်ဝဲ တစ်ခုဖြင့် အဆင်မပြေလျှင် နောက်တစ်ခုဖြင့် ပြောင်းသုံးလေ့ ရှိကြသည်။ ဆော့ဖ်ဝဲ ရွေးချယ်သည့်အခါ သတိထားရမည့် အချက်တစ်ခုမှာ - တိုက်ခိုက်မှုများသည် အင်တာနက်သုံးနေသူ အများစုကို ပစ်မှတ်ထားသည် - ဟူသော အချက် ဖြစ်သည်။ လတ်တလော အခြေအနေတွင် Firefox ဆော့ဖ်ဝဲမှာ လူသုံးများသည့် ဆော့ဖ်ဝဲများထဲတွင် “ ပိုမို လုံခြုံသော ” အနေအထား တွင်ရှိပြီး၊ တိုက်ခိုက်သူများ၏ အဓိက ပစ်မှတ်မှာ မိုက္ကရိုဆော့ဖ်၏ Internet Explorer ဖြစ်နေသည်။ ထို့ပြင် Mozilla, Netscape, Opera, နှင့် Safari တို့ကိုလည်း ရွေးချယ် အသုံးပြုနိုင်သေးသည်။
-စိတ်ချစွာ အသုံးပြုနိုင်မည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲ တစ်ခု (သို့) နှစ်ခုကို ရွေးပါ။
၂. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကို ပိုမိုလုံခြုံအောင် ဖန်တီးခြင်း
မည်သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုသည်ဖြစ်စေ ၄င်းတို့ အတွက် အကာအကွယ်ပေးမည့် ပရိုဂရမ်များ နှင့် ကိရိယာ (Tools) များကို ထပ်မံပေါင်းစပ်ပေးခြင်းဖြင့် အင်တာနက်ကြည့် ဆော့ဖ်ဝဲကို ပိုမို လုံခြုံလာအောင် ဖန်တီးနိုင်သည်။
  • Firefox အတွက် - NoScript , SafeHistory, SafeCache,
  • Internet Explorer အတွက် - eBay Toolbar
  • Firefox/Internet Explorer နှစ်မျိုးလုံးအတွက် Netcraft Anti-Phishing Toolbar, Google Toolbar စသည်တို့မှာ -
လုံခြုံမှုကိုများစွာ အထောက်အပံ့ပေးနိုင်သည့် ကိရိယာများ ဖြစ်ကြသည်။
၎င်းတို့သည် သီးခြား ထည့်သွင်းပေးရသည့် ပရိုဂရမ်များ (Add-ons) များဖြစ်ပြီး -
  • Phishing web site များကို ဖော်ထုတ်ပေးခြင်း၊
  • web site များ၏ အချို့သော အင်္ဂါရပ်များ (Features)ကို ရပ်တန့်ပေးထားခြင်း၊
  • အင်တာနက်သုံးသူများ၏ စကားဝှက် စသည်များကို မသက်ဆိုင်သူများ လက်ထဲသို့ မရောက်အောင် ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့်
  • အခြားသော အသုံးဝင်သည့် အကာအကွယ် အမျိုးမျိုးကို ရရှိစေသည်။
Phishing - အီးမေးလ် ကိုအသုံးပြုပြီး အင်တာနက်သုံးသူတစ်ဦးကို အင်တာနက်နေရာ( Web site) အတု တစ်ခုသို့ ရောက်လာအောင်ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇ၀တ်မှု တစ်မျိုး။
      1. NoScript - https://addons.mozilla.org/firefox/722/
      2. SafeHistory - www.safehistory.com/
      3. SafeCache - www.safecache.com/
      4. Netcraft Anti-Phishing Toolbar -http://toolbar.netcraft.com/
      5. eBay Toolbar -http://pages.ebay.com/ebay_toolbar/
      6. Google Toolbar - www.google.com/tools/firefox/toolbar/index.html
-လိုအပ်သော ပရိုဂရမ်များ နှင့် ကိရိယာများ ထပ်မံပေါင်းထည့်ပေးပါ။
၃. အချို့သော အင်္ဂါရပ်များကို ရပ်တန့်ထားခြင်း
အရိုးစင်းဆုံးပြောရလျှင် အင်္ဂါရပ် (Features) အချို့ကိုသာ အလုပ်လုပ်စေခြင်းသည် အင်တာနက်ထဲတွင် သွားလာရသည့်အခါ ပိုမို စိတ်ချ လုံခြုံသည့် အနေအထားကို ဖြစ်ပေါ်စေသည်။ ပြောရလျှင် JavaScript, Java, Active X, JScript, VBScript,Flash, နှင့် QuickTime တို့အားလုံးမှာ အန္တရာယ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ ၄င်းနည်းပညာများသည် အင်တာနက်လူဆိုးများအတွက် လက်နက်ပုံစံသစ်များ ဖြစ်လာ ကြသည်။ မကောင်းသော အချက်တစ်ခုမှာ အဆိုပါ အင်္ဂါရပ်များကို အလုပ်မလုပ်နိုင်အောင် ရပ်တန့်ထား ခြင်းသည် အချို့သော Web site များ၏ အလုပ်လုပ်မှု အနေအထားကို ရပ်တန့်စေခြင်း၊ တ၀က်တပျက်သာ အလုပ်လုပ်စေခြင်း စသည်တို့ ဖြစ်ပေါ်လာစေနိုင်သည်။
မည်သို့ပင် ဖြစ်စေ ၄င်းတို့ကိုရပ်တန့်ထားခြင်းက ပို၍ အကျိုးများစေသည်။ ထို့ကြောင့် အချို့သော အင်တာနက်ကြည့်ဆော့ဖ်ဝဲများ နှင့် ၄င်းတို့၏ နောက်ဆက်တွဲများ (Extensions) သည် အထက်တွင်ဖော်ပြခဲ့သည့် အင်္ဂါရပ်များကို လိုအပ်သလို ဖွင့်/ပိတ်ခြင်းများကို အလျင် အမြန် ဆောင်ရွက်ပေးနိုင် အောင်ဖန်တီးထားခြင်းဖြစ်သည်။
-အန္တရာယ်ပေးနိုင်သော အချို့အရာများ (JavaScript, Java, Active X, JScript, VBScript, Flash, နှင့် QuickTime) ကို မဖြစ်မနေ လိုအပ်မှသာ အလုပ်လုပ်ပါစေ။ မလိုအပ်က ရပ်ထားပါ။
၎. ကွန်ပျုတာ စက်အတု (Virtual Machine) တစ်ခုကို သုံးခြင်း
ယခုအခါ ကွန်ပျုတာ စက်အတု (Virtual Machine) ကဲ့သို့သော အတုဖန်တီးထားသည့် နေရာများမှတဆင့် အင်တာနက်ကို အသုံးပြုနေသူများ တနေ့ထက်တနေ့ တိုးတက် များပြားလာနေပြီ ဖြစ်သည်။ အကယ်၍ အခြေအနေ တစ်ခုခု ထူးခြားမှုဖြစ်ပေါ်လာပါက စက်အတုထဲတွင်သာ ပြဿနာ တက်မည်ဖြစ်ပြီး ပင်မ ကွန်ပျုတာကို ထိခိုက်မှု မရှိနိုင်ပေ။
ကွန်ပျုတာ စက်အတု (Virtual Machine) - တကယ့် ကွန်ပျုတာတစ်လုံးကဲ့သို့ အလုပ်လုပ်ပေးနိုင်သော ကွန်ပျုတာ ဆော့ဖ်ဝဲတစ်မျိုး၊ Operating System တစ်ခု ထည့်သွင်းတပ်ဆင်ပေးရသည်။ အခြားသော ဆော့ဖ်ဝဲများလည်း ထည့်သွင်းနိုင်သည်။
-မိမိအကျွမ်းတ၀င်မရှိသော Web site များ၊ ဆော့ဖ်ဝဲများကို စမ်းသပ် အသုံးပြုရသည့်အခါ ဘေးကင်းစေရန် အတွက် ကွန်ပျုတာ စက်အတု (Virtual Machine) ကို အသုံးပြုပါ။
၅. အီးမေးလ် အတွင်းရှိ အင်တာနက် လိပ်စာများကို ဘယ်တော့မှ ကလစ်မလုပ်ပါနှင့်
အီးမေးလ်အတွင်းပါဝင်လာသည့် -
  • လိပ်စာနှင့် အင်တာနက်နေရာများ၊
  • ရုပ်ပုံများ ကို တတ်နိုင်သမျှ မည်သည့် အချိန်တွင်မှ ကလစ်မလုပ်ပါနှင့်။
  • ၄င်းလိပ်စာများသည်ပင် အန္တရာယ်ဖြစ်နေပြီး၊
  • Phishing အီးမေလ်များကို ရှာဖွေ ဖော်ထုတ်နိုင်ရန်မှာလည်းခက်ခဲသည်။
အကယ်၍ အီးမေးလ်တစ်စောင်သည် အစစ်အမှန်ဖြစ်ကြောင်း မသေချာပါက၊ ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနည်းမှာ ပေးထားသော လိပ်စာကို အင်တာနက်ကြည့်ဆော့ဖ်ဝဲ၏ လိပ်စာဖေါ်ပြသည့်နေရာတွင် ကိုယ်တိုင်ရိုက်ပြီး ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းအားဖြင့် မိမိရောက်သွားမည့်နေရာသည် အစစ်အမှန်နေရာတစ်ခု ဖြစ်ကြောင်း အတော်အတန် အာမခံချက် ရရှိနိုင်ပေသည်။
ချွင်းချက် တစ်ခုတော့ ထားရှိရမည် ဖြစ်သည်။
ဥပမာအားဖြင့် မိမိ၏လုပ်ဆောင်မှု တစ်ခုကို တုန့်ပြန်ပေးရန် ချက်ချင်း ပေးပို့လာသော အီးမေးလ်များ
(Web site တစ်ခုတွင် မှတ်ပုံတင်ခြင်း၊ စကားဝှက် မေ့သွားခြင်း ကြောင့် ပြန်တောင်းခြင်း/ပြန်ပြင်ခြင်း၊ ကုန်ဝယ်အမှာစာ အတည်ပြုခြင်း .. စသည်) ကို မိနစ်ပိုင်းအတွင်း ပြန်လည် တုန့်ပြန် ဆောင်ရွက်ပေးရသည့် အခါမျိုး အတွက် ဖြစ်သည်။
-မိမိ၏ လိုအပ်ချက်ကြောင့် ချက်ချင်းရောက်လာပြီး ချက်ချင်းတုန့်ပြန်ပေးရမည့် အီးမေးလ်များအတွင်းရှိ လိပ်စာများမှ အပ၊ အခြားမည်သည့် အီးမေးလ်များအတွင်းရှိ လိပ်စာများ၊ ပုံများ ကိုမဆို ကလစ် မလုပ်ပါနှင့်။
၆. မိမိ၏ Web mail ကို ကာကွယ်ထားပါ
လူသန်းပေါင်းများစွာတို့သည် နည်းအမျိုးမျိုးဖြင့် Web mail များကို အသုံးပြုလျက် ရှိနေကြသည်။ ၄င်းကို မိမိ၏ ဘဏ်စာရင်း နံပါတ် ထက်ပင် လျှိုဝှက် သိမ်းဆည်းထားသင့်ပေသည်။ လူပေါင်းများစွာတို့သည် အရေးကြီးသော အင်တာနက် ပေါ်မှ Account များကို Web mail လိပ်စာ တစ်ခုတည်းဖြင့် ရယူ သိမ်းဆည်း ထားတတ်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ အီးမေးလ်လိပ်စာကို နည်းလမ်းတစ်ခုခုဖြင့် အသုံးပြုနိုင်သွားမည်ဆိုပါက ထိုသူသည် ၄င်းအီးမေးလ်တွင် ချိတ်ဆက်ထားသော အခြားသော Account များကိုပါ သုံးခွင့်ရသွားမည် ဖြစ်သည်။
သင့်အနေဖြင့် ဆောင်ရွက်နိုင်သည့် အကောင်းဆုံးအရာတစ်ခုမှာ -
  • အလွယ်တကူ မခန့်မှန်းနိုင်သော စကားဝှက်မျိုးကို အသုံးပြုခြင်း၊
  • စကားဝှက်များကို အနည်းဆုံး ၃ လတစ်ကြိမ် ပြောင်းလဲခြင်း၊
  • ၄င်းစကားဝှက်ကို အခြားမည်သည့်နေရာတွင်မှ မသုံးခြင်း၊
  • အလုပ်အမျိုးမျိုးအတွက် အီးမေးလ် လိပ်စာ အဆင့်အတန်းအမျိုးမျိုးထားရှိ အသုံးပြုခြင်း တို့ ဖြစ်သည်။
အရေးကြီးသော အချက်အလက်များပါဝင်နေသည့် မည်သည့် အီးမေးလ်ကိုမဆို ဖတ်ရှုပြီးသည့်အခါ ဖျက်ဆီးပစ်လိုက်ခြင်း သည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
-မိမိ၏ အီးမေးလ် စကားဝှက် ကို ကောင်းစွာ ကာကွယ်ထားပါ။ အရေးကြီးသော အကြောင်းအရာများကို အီးမေးလ် Inbox ထဲတွင် သိမ်းမထားပါနှင့်။ အများနှင့် သက်ဆိုင်သော၊ လူများစုအတွက် ချပေးရမည့် အီးမေးလ်လိပ်စာကို အခြား အရေးကြီးသော နေရာများတွင် မသုံးပါနှင့်။
၇. ရှည်လျားသော အင်တာနက်လိပ်စာများကို သတိထားပါ
အကယ်၍ အင်တာနက်လိပ်စာ တစ်ခုသည် စာကြောင်း တစ်ကြောင်းထက်ပိုမိုရှည်လျားပြီး၊ ရာခိုင်နှုန်း သင်္ကေတများ % ဖြင့် ပြောင်းလဲ ဖော်ပြထားပါက အထူးသတိပြုသင့်သည်။ အကယ်၍ အင်တာနက်လိပ်စာ တစ်ခု၏ သဘာဝ အမှန်ကို မသိပါက ၄င်းတို့ကို မူရင်း သင်္ကေတ အဖြစ် ပြန်ပြောင်းပြီး အတွင်းတွင် HTML သင်္ကေတများ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးပါ။
-HTML သင်္ကေတများ ပါဝင်နေပါက ၄င်းလိပ်စာကို ကလစ်မလုပ်ပါနှင့်။
၈. URL အတိုချုံးပေးသော ၀န်ဆောင်မှုများ
URL အတိုချုံးပေးသော ၀န်ဆောင်မှုများကို သတိထားပါ။ အချို့သော အင်တာနက်လူဆိုးများသည် မိမိတို့၏ ကောက်ကျစ်သော အင်တာနက်လိပ်စာများကို ကွယ်ဝှက်နိုင်ရန်အတွက် TinyURL, snipURL, notlong, shorl, နှင့် doiop တို့ကဲ့သို့သော အင်တာနက်လိပ်စာ ပြောင်းပေးသည့် ၀န်ဆောင်မှုများကို သုံးလေ့ရှိကြသည်။ ထိုကဲ့သို့သော လိပ်စာများကို စစ်ဆေးနိုင်ရန်အတွက် လိုအပ်ပါက Command Line ထဲတွင် ရိုက်ထည့်ပြီး တိုက်ရိုက် စစ်ဆေး ကြည့်နိုင်သည်။ အကယ်၍ လိပ်စာ အစစ်အမှန်ဖြစ်ပါက အမှန်အတိုင်းလမ်းညွှန်မည် ဖြစ်သည်။ ယခုကဲ့သို့ လိပ်စာပြောင်းပေးသော ၀န်ဆောင်မှုများသည်လည်း ၄င်းတို့ထံရောက်လာသော လိပ်စာ မှန်မမှန်ကို အာမခံနိုင်မည် မဟုတ်ပေ။
-ထို့ကြောင့် မည်သည့် နေရာကိုမဆို ကလစ် လုပ်တော့မည်ဆိုပါက အထူးသတိထားရန်လိုမည် ဖြစ်ပေသည်။ မသိသော၊ သံသယရှိနေသော လိပ်စာများကို ကလစ်မလုပ်ပါနှင့်။
သတိပြုစေလိုသည်မှာ - ယခုဖော်ပြထားသော အချက်များ သည်လည်း မိမိတို့ကို အတော်အသင့် မျှသာ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မှုအတွက် သက်ဆိုင်သူ တစ်ဦးချင်းစီ အနေဖြင့် အမြဲမပြတ် ဆက်လက် လေ့လာသွားရန် အထူးပင် အရေးကြီးလှပါကြောင်း -
REF -
- http://en.wikipedia.org/wiki/Xss
- http://www.cgisecurity.com/articles/xss-faq.shtml
- XSS Attacks - CROSS SITE SCRIPTING EXPLOITS AND DEFENSE by Syngress
ကျွန်တော်တို့ ရဲ့ စကားဝှက် (၁)- Our Passwords (1)
အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
  • ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
  • စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
  • အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
  • အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
  • အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...
အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
  1. အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
    • ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
    • အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
    • စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
    • သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
  2. အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
  3. User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
  4. တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
  5. ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
  6. စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
  7. လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
  8. မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
  1. စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
  2. မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
  3. ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
  1. (အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
  2. စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
  3. စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် -
  • စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
  • စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
  1. အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
    • ကိန်းဂဏန်းများ (0..9)
    • စာလုံးများ (a..z..A...Z)
    • ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
    • Control Character (^s, Ctrl-s စသည်)
  1. ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
  1. - ဥပမာ - Man may come and man may go, But I go on forever,
  1. - => MMCAMMGBIGOF => M2C@M2GBIG0F
  1. - တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
  2. မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
  1. စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
  2. စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
  1. ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
  1. နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
  2. အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
    • မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
    • စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
    • လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
  1. မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
  2. စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
  3. မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
  4. ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
  5. လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်း
ဆက်နွယ်နေသော အခြား အကြောင်းအရာများ -
- ကျွန်တော်တို့ ရဲ့ စကားဝှက် (၂) - Our Passwords (2)
- XSS, အင်တာနက် လုံခြုံရေး Internet Security - (စာညွှန်းများ)
REF-
-http://web.mit.edu/net-security/www/pw.html
-http://www.umich.edu/~policies/pw-security.html
-http://www-cgi.cs.cmu.edu/~help/security/pass_sec.html
-http://en.wikipedia.org/wiki/Trojan_horse_(computing)
-http://en.wikipedia.org/wiki/reset
ကျွန်တော်တို့ ရဲ့ စကားဝှက် (၂)- Our Passwords (2)
ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ နည်းအမျိုးမျိုးနဲ့ ခိုးယူခံရနိုင်ပါတယ် ...
အဲဒီနည်းတွေ အနက်က အများဆုံး သုံးလေ့ရှိတဲ့ နည်းနှစ်ခုကတော့ “အဘိဓါန်” နည်းစနစ်နဲ့ “လူမှု အင်ဂျင်နီယာ” နည်းစနစ်တွေပဲ ဖြစ်ပါတယ်..
အဘိဓါန် နည်းစနစ် (Dictionary attack)
“ဟက်ကာ” အများစုက အားနည်းတဲ့ စကားဝှက်များကို ဖော်ထုတ်နိုင်ရန်အတွက် များပြားကျယ်ပြန့်စွာရရှိနိုင်သော စကားဝှက် ချိုးဖျက်နိုင်သည့် အဘိဓါန်များကို အသုံးပြုကြပါတယ်။ အဲဒီလို အဘိဓါန်တွေကို အသုံးပြုတိုက်ခိုက်တဲ့ နည်းစနစ်ဖြစ်တာမို့ “ အဘိဓါန် ” Dictionary Attack လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် မိမိတို့မှာ အန္တရာယ် ကြုံတွေ့လာနိုင်သည့် အခြေအနေများ၊ နည်းလမ်းများကို လျော့ချနိုင်ရန်အတွက် “အားကောင်း ခိုင်မာသော စကားဝှက်” များကို ဖန်တီး၊ အသုံးပြုကြရမှာ ဖြစ်ပါတယ် ...
မှတ်ချက် -
စကားဝှက်များကို အသုံးပြုထားခြင်းသည် ကွန်ပျုတာ လုံခြုံရေးစနစ် နယ်ပယ်တွင် အဓိကကျသော ပျော့ကွက် တစ်ခုဖြစ်သည်။ အကြောင်းမှာ အဘိဓါန်နည်းစနစ်ကို အသုံးပြုကာ အလိုအလျောက်စနစ်ဖြင့် အလုပ်လုပ်နေသော ပရိုဂရမ်များဖြင့် စကားဝှက်များကို ခန့်မှန်းရသည်မှာ လွယ်ကူကြောင်း မကြာခဏ လေ့လာတွေ့ရှိရခြင်းကြောင့် ဖြစ်သည်။
လူမှု အင်ဂျင်နီယာ နည်းစနစ် (Social engineering attack)
“ လူမှု အင်ဂျင်နီယာ ” လောကမှာ မကောင်းသတင်းဖြင့် အကျော်ကြားဆုံး ပုဂ္ဂိုလ် “ကီဗင်မင်နစ်ခ်” (Kevin Mitnick) ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ “ လူသားတွေဟာ အားအပျော့ဆုံးသော နေရာမှာ ရှိနေတယ်။ သင့်ထံတွင် အကောင်းဆုံးသော နည်းပညာများ ရှိကောင်း ရှိနေနိုင်တယ် ... ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ ၀န်ထမ်းတစ်ယောက်ယောက်ကို သံသယမရှိ ယုံကြည်လာအောင် လှည့်စားနိုင်လိုက်တာနဲ့ သူလိုချင်တဲ့ အချက်အလက် စတဲ့ လိုအပ်သည့် အရာများ အားလုံးကို ရရှိသွား နိုင်ပါတယ် ..”
အဲဒါကြောင့် ရင်ဆိုင်လာရမည့် ဘေးရန်များကို လျော့ချနိုင်ရန်အတွက်
  • အမြဲတမ်း သတိဝိရိယရှိခြင်း ၊ အရာရာကို အမှတ်တမဲ့ မနေပဲ စူးစမ်းလေ့လာ စပ်စုခြင်း ...
  • မိမိ ရိုက်နှိပ်လိုက်သည့် စကားဝှက် ခလုတ်များကို အခြားသူများမှ စောင့်ကြည့်နေခြင်း ရှိမရှိ ဂရုစိုက်ခြင်း ...
  • မိမိထံမှ အရေးကြီးသော မည်သည့် သတင်းအချက်အလက်များကိုမဆို ပေးလိုက်ရတော့မည်ဆိုပါက လက်ခံသူမှာ အမှန်တကယ်ပေးရမည့်သူဖြစ်ကြောင်း မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ ယုံကြည်နိုင်ရသူဖြစ်ပါမှ ပေးခြင်း ... စတဲ့ အချက်လေးတွေကို အမြဲဂရုပြု နေဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့၏ အမှတ်အသားနှင့် လွတ်လပ်မှု
စကားဝှက်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသားဖြစ်ပါတယ်။ လူချင်း တွေ့စရာမလိုဘဲ အလုပ်လုပ်နေကြတဲ့ အင်တာနက်ထဲမှာ ကျွန်တော်တို့ကို အခြားသူများနှင့် မတူညီအောင်၊ သီးခြားလွတ်လပ်မှု ရှိနေစေအောင် ဖန်တီး ပေးထားနိုင်စွမ်း ရှိနေတဲ့ တစ်ခုတည်းသော အရာဟာ စကားဝှက်တွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စကားဝှက်ကို
“ တစ်စုံတစ်ရာ၏ ကိုယ်ပိုင်အမှတ်အသား ဖြစ်ကြောင်း အတည်ပြုပေးနိုင်သော၊ ၄င်းတစ်စုံတစ်ရာနှင့်သက်ဆိုင်နေသည့် သတင်းအချက်အလက် အစုအဝေးတစ်ရပ်”
လို့ ပြောနိုင်ပါတယ်။
စကားဝှက်တွေကို ဘာကြောင့်သုံးရသလဲ ပြောရမယ်ဆိုရင်
“ တစ်စုံတစ်ရာသည် ထိုတစ်စုံတစ်ရာ အစစ်အမှန်ဖြစ်ကြောင်း
အတည်ြ့ပု (authentication) ရန်အတွက် အသုံးပြုလေ့ ရှိသည်..”
လို့ ပြောရမှာ ဖြစ်ပါတယ်..
လူချင်းတွေ့စရာမလိုဘဲ အလုပ်လုပ်နိုင်စေဖို့ အတွက် တစ်ဦးချင်းစီမှာ
“ မည်သူနှင့်မှ မတူညီသော သီးခြားအမည် တစ်ခုစီ ” နဲ့ သက်ဆိုင်ရာ “ စကားဝှက် တစ်ခုစီ ”
သတ်မှတ်ထားရှိပြီး သက်ဆိုင်ရာနေရာကို ၀င်ရောက်ရတဲ့ အခါတိုင်း၊ မှန်အောင်ထည့်သွင်းပြီး ၀င်ရောက် နေကြရတာဟာ အင်တာနက် သုံးနေသူတွေအတွက် အထူးပြောနေစရာ မလိုအောင်ကို လုပ်နေကြ အလုပ်တစ်ခုလို ဖြစ်လို့နေပါပြီ .. အဲဒီနေရာမှာ အချင်းချင်း ဆက်သွယ်နိုင်ဖို့ အတွက် အချို့သော စနစ်များမှာ “ ကိုယ်ပိုင်အမည် (Registration name, User name) ” နဲ့ အများကို ဖော်ပြပေးတဲ့ “ အများသိတဲ့ အမည် (Screen name)” ဆိုပြီး သီးခြားစီ ထားရှိကြတာ ကြုံဖူးကြမှာပါ ... ဒါမျိုးတွေဟာ လုံခြုံမှုစနစ်ကို ပိုကောင်းစေတဲ့ သဘောပဲ ဖြစ်ပါတယ်...
ဒီလို ၀င်ရောက်ကြတဲ့ အခါမှာ ထည့်သွင်းလိုက်တဲ့ အမည်နဲ့ စကားဝှက် အပေါ်မူတည်ပြီး “ ဒါ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ” ဆိုတာကို သက်ဆိုင်ရာ စနစ်က သတ်မှတ် ဆုံးဖြတ်သွားတာ ဖြစ်ပါတယ် ... သက်ဆိုင်တဲ့သူ အစစ်အမှန် ဖြစ်မဖြစ် ဆိုတာကို စကားဝှက်လေး တစ်ခုတည်းနဲ့ ဆုံးဖြတ်သွားတာမို့ စကားဝှက်တွေဟာ အတော်လေး အရေးကြီးတာ သိသာပါတယ် .... အမည်တွေကတော့ အခြားသူတွေလည်း ကိုယ့်ရဲ့ အမည်ကို သိနေကြတာမို့ စကားဝှက်လေး တစ်ခုတည်းပဲ ထိန်းနေတာ ဖြစ်ပါတယ် ... မှန်အောင်ထည့်သွင်းလိုက်နိုင်တာနဲ့ သက်ဆိုင်ရာ စနစ်ထဲကို ၀င်ရောက်သွားနိုင်တာကို " Log In " လို့ပြောကြတာပါပဲ ...
မှတ်ချက် -
စကားဝှက်တွေမှာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အားနည်းချက်တွေ အများကြီးရှိနေတာ သိထားကြပေမယ့်လည်း လူတစ်လောက်ကို မမြင်တွေ့ရဘဲ အဲဒီသူ အမှန်ဖြစ်ကြောင်း စစ်ဆေးဖို့အတွက် နည်းလမ်းတစ်ခု အဖြစ် အခုထိ အသုံးပြုနေရဆဲပဲ ဖြစ်ပါတယ် ...
တိုက်ခိုက်ခံရလျှင်
အကယ်၍ ကျွန်တော်တို့ မဟုတ်တဲ့ အခြားသူတစ်ဦးက ကျွန်တော်တို့ရဲ့ စကားဝှက်ကို သိသွားပြီး စနစ်တစ်ခုထဲကို ကျွန်တော်တို့ ဟန်ဆောင်ပြီး ၀င်ရောက်သွားခဲ့မယ်ဆိုရင် အဲဒီသူ အနေနဲ့ အဲဒီစနစ်ထဲ (ဥပမာ - web site, ဘဏ်စာရင်း စသည်) မှာ ရှိနေတဲ့
  • ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိခွင့်ရသွားပါပြီ ...
  • ဒါဟာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ လွတ်လပ်မှု (Privacy) ပျက်စီးသွားတာပဲ ဖြစ်ပါတယ် ...
  • ဆက်လက်ပြီး မဟုတ်တာတွေ၊ ရာဇ၀တ်မှုတွေကို ဆက်လုပ်သွားမယ်ဆိုရင်
  • ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသား (Identity) ဟာလည်း ပျက်စီးသွားရပြီ ဖြစ်ပါတယ် ...
မှတ်ချက် -
အင်တာနက်ထဲမှာ အလုပ်လုပ်နေတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုမှာ အသုံးပြုနေတဲ့ စကားဝှက်စနစ်တစ်ခု လုံခြုံဖို့ဆိုတာဟာ အဲဒီစနစ်ကို အသုံးပြုနေကြတဲ့ သူတွေရဲ့ “ လုံခြုံရေးဆိုင်ရာအသိများနဲ့ သတိထား လုပ်ဆောင်မှုများ ” အပေါ်မှာ အတော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ် ...
စကားဝှက်များနှင့် ပတ်သက်၍ မှတ်သားထားသင့်သည့် အချက်များ
  1. အခုလို သတင်းနည်းပညာ ခေတ်ထဲမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) နဲ့ တကိုယ်ရေ လွတ်လပ်မှု (Privacy) တွေကို အကာအကွယ် ပေးနိုင်ဖို့ ဆိုတာဟာ စကားဝှက်တွေရဲ့ အကြောင်းကို ကောင်းစွာ သိရှိနားလည် အသုံးချနိုင်မှုအပေါ် များစွာ မူတည်ပါတယ် ...
  2. အင်အားကောင်းတဲ့၊ ခိုင်မာတဲ့၊ အလွယ်တကူ သူတပါး မခန့်မှန်းနိုင်တဲ့ စကားဝှက်တွေကို မသုံးတဲ့သူ၊ သုံးတဲ့ အလေ့အကျင့် မရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုက်ခိုက်နေသလို ဖြစ်နေမှာပါပဲ ...
  3. တကယ်လို့ ကိုယ့်မှာ မှတ်သားရမယ့် စကားဝှက်တွေ သိပ်များနေတယ်ဆိုရင်တော့ စကားဝှက်သိမ်းပေးတဲ့ ဆော့ဖ်ဝဲတွေကို သုံးနိုင်ပါတယ် ...
  4. တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွေ့ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ကြိုတင်ကာကွယ်ချင်တယ် ဆိုရင်တော့ အင်အားကောင်းတဲ့ စကားဝှက်တွေကို ဖန်တီး အသုံးပြုတဲ့ အလေ့အကျင့်ကောင်းလေးတွေကို လိုက်နာ အသုံးပြုရမှာ ဖြစ်ပါတယ် ...
ဆက်နွယ်နေသော အခြား အကြောင်းအရာများ -
- ကျွန်တော်တို့ ရဲ့ စကားဝှက် (၁) - Our Passwords (1)
- လူမှုအင်ဂျင်နီယာ Social Engineering
- XSS, အင်တာနက် လုံခြုံရေး Internet Security - (စာညွှန်းများ)
REF-
-http://web.mit.edu/net-security/www/pw.html
-http://www.umich.edu/~policies/pw-security.html
-http://www-cgi.cs.cmu.edu/~help/security/pass_sec.html
-http://en.wikipedia.org/wiki/Trojan_horse_(computing)
-http://en.wikipedia.org/wiki/reset
Google Docs ကို ဖိုင်သိမ်းဆည်းရန်နှင့် အီးမေးလ်ပို့ရန် သုံးခြင်း - Using Google Docs as File Storage and Sharing
Gmail တွင် 250 မီဂါဘိုက် (MB) အထိ အရွယ်အစားရှိသော ဖိုင်များကို ယခုအခါ အလွယ်တကူ ပေးပို့နိုင်ပြီ ဖြစ်သည်။ ထိုသို့ပေးပို့နိုင်ရန် အတွက် Gmail တွင် Log in ၀င်ပြီးသည့်အခါ Google Docs သို့ ထပ်ဝင်ပြီး ပေးပို့လိုသည့် ဖိုင်ကို တင်ပို့ (Upload) ရမည်။ ရလာသည့် Download Link ကို Gmail တွင် ပြန်ထည့်ကာ ပေးပို့ခြင်း ဖြစ်သည်။
ယခင်က Gmail တွင် အရွယ်ကြီးမားသည့် ဖိုင်များကို လက်မခံသော်လည်း ယခုအခါ Google Docs folder များတွင် မည်သည့်ဖိုင် အမျိုးအစားကို မဆို တင်ပို့ခြင်း (Upload), သိမ်းဆည်းခြင်း (Store) နှင့် စုစည်းခြင်း (Organize) များ ပြုလုပ်နိုင်ပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။
ယခင်က Google တွင် ဖိုင်များ သိမ်းဆည်းလိုပါက မိမိကိုယ်ကို အီးမေးလ်ပြန်ပို့ခြင်းဖြင့် သိမ်းဆည်းခဲ့ကြရာ အရွယ်အစား ကြီးမားသောဖိုင်များကို သိမ်းဆည်းရန်အတွက် အခက်အခဲများ ရှိခဲ့သည်။
ယခုအခါ ကျွန်တော်တို့၏ Google Docs folder များဆီသို့ 250 MB အထိ အရွယ်အစား ကြီးမားသော မည်သည့်ဖိုင် ကိုမဆို တင်ပို့ သိမ်းဆည်းနိုင်သည်။ Google Docs အကောင့်ပိုင်ရှင်တစ်ဦးအတွက် အခမဲ့နေရာ 1 GB ရရှိသည်။ ထို့ထက် ပို၍ လိုအပ်ပါက 1GB အတွက် တစ်နှစ်လျင် 0.25 ဒေါ်လာနှုံး၊ 4 GB အတွက် တစ်နှစ်လျင် 1 ဒေါ်လာနှုံး (4 GB = 1 USD/Year) ဖြင့် ၀ယ်ယူ အသုံးပြုနိုင်သည်။
ထို့ကြောင့် ကျွန်တော်တို့၏ ဖိုင်များကို အွန်လိုင်းပေါ်တွင် ပိုမိုလွယ်ကူစွာ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ အခြားသူများကိုလည်း အလွယ်တကူ ဝေမျှနိုင်သဖြင့် အရွယ်အစား ကြီးမားသော ဖိုင်များကို အီးမေးလ်မှ ပေးပို့ရန် အခက်အခဲရှိလာလျင် Docs ဆီသို့ ဦးစွာ တင်ပို့သိမ်းဆည်းပြီးမှ ပေးပို့နိုင်ပြီ ဖြစ်သည်။
Uploading  Tayardaw in WMA format
ဖိုင်များကို မူရင်းပုံစံ (Original Format) အတိုင်း သိမ်းဆည်းပေးထားမည် ဖြစ်ပြီး အင်တာနက်ရသည့် မည်သည့်နေရာမှမဆို အချိန်မရွေး အလွယ်တကူ ပြန်လည် ဒေါင်းလုတ် ရယူနိုင်မည်။
Finished Uploading Tayardaw
Uploading and exporting: Uploading any file - မည်သည့်ဖိုင်ကိုမဆို တင်ပို့သိမ်းဆည်းခြင်း
  1. Google Docs မှ Upload ခလုတ်ကို နှိပ်ပါ။
    Google Docs  Upload Button
  2. ကွန်ပျူတာ အတွင်းမှ ဖိုင်ကို တင်ပို့နိုင်ရန် အတွက် Select files ကို နှိပ်ပါ။ ပွင့်လာသည့် Browse ၀င်းဒိုးမှတဆင့် ဖိုင်များကို ရှာဖွေ၊ ရွေးချယ်ပြီး Google Docs သို့ တင်ပို့ပါ။ တစ်ခုထက် ပိုရွေးလိုပါက Shift သို့မဟုတ် Ctrl ခလုတ်များသုံးပြီး ဖိုင်များကို ရွေးပါ။ ဖိုင်တစ်ခုကို တင်ပို့နေရင်း နောက်ထပ်တစ်ခုကို ဆက်လက်တင်ပို့လိုပါက၊ (ဖိုင်တစ်ခုကို တင်ပို့လိုက်သည်နှင့် ပေါ်လာမည့်) Select more files ကို သုံးပြီး ထပ်မံရွေးချယ်ပါ။
    Selecting Files
  3. တင်ပို့ သိမ်းဆည်းလိုက်သည့် ဖိုင်ကို မပြောင်းလဲဘဲ မူရင်းအတိုင်း ထားနိုင်သလို၊ Google Docs ဖိုင်အဖြစ်သို့ ပြောင်းလဲခြင်းများလည်း လုပ်နိုင်သည်။ Google Docs သို့ ပြောင်းလဲထားပါက နောင်တွင် အွန်လိုင်းမှာပင် ပြင်ဆင်နိုင်မည်။ တင်ပို့လိုက်သည့်ဖိုင်တစ်ခုကို Google Docs အသွင်သို့ မပြောင်းဘဲ မူရင်းအတိုင်းထားလိုလျှင် ကြိုတင်ရွေးထားပေးသည့် Convert documents.... ကို အမှန်ခြစ် ပြန်ဖြုတ်ပေးရမည်။
    Unckeck Convert Documents
  4. အကယ်၍ တင်ပို့မည့်ဖိုင်ကို Folder တစ်ခုတွင် သိမ်းဆည်းလိုလျင် သက်ဆိုင်ရာ Folder ကို ရွေးပေးရမည်။ ထို့နောက် Start upload ကို ရွေးပါ။
ဖိုင်များကို Upload လုပ်သည့်အခါ သုံးထားသည့် ပမာဏကို ရာခိုင်နှုံးဖြင့် မြင်တွေ့နိုင်သည်။ အသေးစိတ် သိလိုပါက ညာဘက် အပေါ်ထောင့်ရှိ Settings ကို နှိပ်ပြီး ပေါ်လာသည့် စာမျက်နှာမှ Storage အပိုင်းတွင် ကြည့်နိုင်သည်။
File types and storage - ဖိုင်အမျိုးအစားများနှင့် သိမ်းဆည်းမှုမည်သည့်ဖိုင် အမျိုးအစားကို မဆို Google Docs တွင် တင်ပို့ သိမ်းဆည်းနိုင်သည်။ သို့သော် အောက်ပါ ဖိုင်အမျိုးအစား အချို့ကိုသာ Google Docs အသွင်သို့ ပြောင်းလဲ သိမ်းဆည်းနိုင်သည်။
Convertable file types
  • For spreadsheets: .xls, .xlsx, .ods, .csv, .tsv, .txt, .tsb
  • For documents: .doc, .docx, .html, plain text (.txt), .rtf
  • For presentations: .ppt, .pps
File size limitations for convertable files - ဖိုင်အမျိုးအစားနှင့် အရွယ်အစား ကန့်သတ်ချက်များ
  • Docs: doc ဖိုင် အသီးသီးအတွက် အကြီးဆုံး 500 ကီလိုဘိုက် (KB) နှင့် အထဲတွင် Embedded လုပ်ထားသည့် ပုံများအတွက် တစ်ပုံလျှင် အကြီးဆုံး 2 မီဂါဘိုက် (MB) ပမာဏ ကိုသာ Google Docs အဖြစ် ပြောင်းနိုင်သည်။
  • Spreadsheets: စာရင်းဖိုင် (Spreadsheet) ဖိုင်တစ်ခုလျှင် အများဆုံး 256 columns, 200,000 cells သို့မဟုတ် 100 sheets ကိုသာ Google Docs အဖြစ် ပြောင်းပေးသည်။ Rows အရေအတွက် အကန့်အသတ် မရှိပေ။
  • Presentations: .ppt နှင့် .pps ဖိုင်များကို 10 မီဂါဘိုက် (MB) သို့မဟုတ် 200 ဆလိုက် (Slides) အထိသာ Google Docs အဖြစ် ပြောင်းနိုင်သည်။ 2 မီဂါဘိုက် အထိ ပမာဏရှိသော ဖိုင်များကို တင်ပို့နိုင်သည်။
  • Stored files: သိမ်းဆည်းသော်လည်း Google Docs အဖြစ်သို့ မပြောင်းသည့် ဖိုင်များကို တစ်ခုလျှင် 250 MB အရွယ် အထိ တင်ပို့နိုင်သည်။ (အသေးစိတ် ကြည့်နိုင်ရန်)
  • ဖိုင်များ စုစုပေါင်းပမာဏ 1 ဂီဂါဘိုက် (GB) ထက် ကျော်လွန်သွားပါက မလိုသည်များကို ပြန်ဖျက်ပြီး Empty Trash (အမှိုက်ပုံးကို ရှင်းလင်းကာ) နေရာလွတ်များ ပြန်လည် ရရှိနိုင်သည်။
Finding your stored files - သိမ်းထားသည့်ဖိုင်များကို ရှာခြင်းFiles by Typeတင်ပို့ထားသည့် ဖိုင်တစ်ခုကို Google Docs အဖြစ် ပြောင်းလဲမထားပါက အလွယ်တကူပင်ရှာဖွေနိုင်သည်။ အသေးစိတ် ကြည့်လိုပါက Items by type > Files ထဲတွင် ရှာဖွေနိုင်သည်။
Google Docs အတွင်း သိမ်းဆည်းထားသည့် ဖိုင်တစ်ခုကို - Preview, Share, Print သို့မဟုတ် Download များ လုပ်နိုင်သည်။ ထို့အတူ မိမိ၏ ကွန်ပျူတာအတွင်းသို့ Download ပြန်ချပြီး လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ကာ Google Docs ဆီသို့ ပြန်လည် တင်ပို့နိုင်သည်။
ထိုမျှသာမကသေး အခြားသူများသို့လည်း အီးမေးလ်ဖြင့် အလွယ်တကူ ပေးပို့ ဝေမျှနိုင်မည် ဖြစ်ပေသည်။
Share as email  attachment
Sending as Mail  attachment
Google ၏ ဖိုင်သိမ်းဆည်းရေး ဆာဗာစနစ်မှာ Cloud Computing စနစ်ကို အခြေခံထားခြင်းကြောင့် ကမ္ဘာ၏ မည်သည့်နေရာမှ မဆို လျင်မြန်စွာ တင်ပို့ခြင်း၊ ပြန်ချခြင်း (Uploading/ Downloading) များ ပြုလုပ်နိုင်သဖြင့် Google မှ ယခုပေးထားသည့် အခမဲ့ သိုလှောင်ရန်နေရာ 1 GB သည် ကျွန်တော်တို့အတွက် လွန်စွာ အကျိုးများပြီး ကုန်ကျစားရိတ်မရှိသည့် ၀န်ဆောင်မှုတစ်ခု ဖြစ်လေသည်။
Reference -
http://googledocs.blogspot.com/2010/01/upload-and-store-your-files-in-cl...
http://docs.google.com/support/bin/answer.py?answer=50092
http://docs.google.com/support/bin/answer.py?answer=37603
http://en.wikipedia.org/wiki/Cloud_computing
Web Designer ဆိုတာ
Web Site တစ်ခုကို တွေ့တာနဲ့
  • ဒီဇိုင်းသမားက ၀က်ဆိုက်ရဲ့ အလှအပဒီဇိုင်းအပြင်အဆင်ကို ကြည့်ပြီးတော့
  • Developer တွေက ဒီဝက်ဆိုက်ကို ဘာlanguage နဲ့ရေးထားသလဲ ဘာ Feature တွေ ပါသလဲ၊ Website တည်ဆောက်ပုံ နည်းစနစ်တကျရှိရဲ့လား ဆိုတာကို အရင်ဆုံးကြည့်ပါတယ်။
ဝက်ဒီဇိုင်နာတစ်ယောက်အတွက် အဓိကကျပြီး အရေးကြီးဆုံးအချက်ကတော့ ၀က်ဆိုက်တွေကို စိတ်ပါဝင်စားစွာ လေ့လာတတ်ဖို့လိုပါတယ်။ ၀က်ဒီဇိုင်နာ ဖြစ်ပြီး ၀က်ဘ်ဆိုက်တွေကို မကြည့်ပဲ၊ ၀က်ဘ်ပေါ်မှာ ရှိမနေခဲ့ရင်တော့ ၀က်ဘ်ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။
အခုကျနော်တို့ Web Designer တစ်ယောက်အတွက် လိုအပ်တဲ့အချက်ကလေးတွေ ပြောကြရအောင်..။ နောက်ပိုင်းမှာတော့ တချက်ချင်းစီ ပြည့်ပြည့်စုံစုံ ရှင်းလင်းဖော်ပြသွားပါမယ်။ ဒါလေးတွေကတော့ Web Design ကိုစတင်လေ့လာတာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပါ။
(၁) Sketch ပုံကြမ်းဆွဲခြင်း
ဝက်ဆိုက်တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ ပထမဆုံး ၀က်ဆိုက်ပုံစံကို (Sketch)ပုံကြမ်းလေးနဲ့ လျာထားရပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ Layout က Three Column Layout လား၊ Two Column Layout လား၊ ၀က်ဆိုက်မှာ ဘယ်နေရာမှာ ဘာတွေထည့်မှာလဲ၊ ဥပမာ-ပုံတွေနဲ့ စာတွေကို ဘယ်လိုထားမှာလဲ .. စသဖြင့် Website မှာ ပါဝင်မယ့် အကြောင်းအရာတွေ မှန်သမျှကို အကြမ်းဖျဉ်းလျာထားကြည့်ရပါတယ်။
ပုံ(၁)- Website Layout Sketch
ပုံ(၂)- Website Design Sketch
တချို့ကတော့ Header, Content, Sidebar, Footer စသဖြင့် လက်နဲ့ပဲ Sketch ဆွဲကြသလို၊ တချို့ကတော့ photoshop နဲ့ Web Site Mock up လေးတွေကို အသေအချာ လုပ်ကြပါတယ်။ အတော်အသင့်ကြီးမားတဲ့ ၀က်ဆိုက်တွေကိုတော့ Wireframe ဒါမှမဟုတ် Prototype ပုံစံတွေ အသေအချာဆွဲပြီးမှ ဒီဇိုင်းချ လုပ်ဆောင်ကြရပါတယ်။
ပုံ(၃)- Website Wireframe( Wireframe ပုံလေးတွေ ကြည့်ချင်သေးရင်တော့ ဒီမှာ ပါ။ )
အဲဒီတော့ ၀က်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အတွက် ပထမဦးစွာ ပုံကြမ်းလောင်းတတ်ဖို့လိုတယ်။ နေရာချခြင်း၊ လျာထားခြင်းတို့ လုပ်ဆောင်တတ်ဖို့လိုပါတယ်။
(၂) Photoshop
ပုံ(၄)- Photoshop Software
Photoshop က Photo ပိုင်းကို အဓိကထား ထုတ်ဝေတဲ့ Software ဖြစ်ပေမယ့် Web Design ပိုင်းမှာလဲ Photoshop က အဓိကကျတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်နေခဲ့ပါတယ်။ များသောအားဖြင့် ၀က်ဘ်ဒီဇိုင်းနာတွေက ၀က်ဘ်ဆိုက်ဒီဇိုင်းပုံစံအမျိုးမျိုးကို Photoshop နဲ့ပဲလုပ်ကြပါတယ်။ဟိုးအရင်က photoshop ထဲမှာ ဒီဇိုင်းဆွဲပြီး Slice Tool လေးနဲ့ ခွဲဖြတ် Save for Web နဲ့သိမ်းကြပါတယ်။ ပြီးမှ HTML ကုတ်တွေကို သုံးပြီး ၀က်ဆိုက်တစ်ခုဖြစ်မြောက်အောင် တည်ဆောက်ခဲ့ကြပါတယ်။ဒီဘက်ခေတ် ၀က်ဘ် 2.0 ခေတ်မှာတော့ Table base HTML coding Technique ကိုမသုံးကြတော့ဘဲ အများစုက xHTML နဲ့ Cascading Style Sheet လို့ခေါ်တဲ့ CSS ကို အသုံးပြုလာခဲ့ကြပါတယ်။ PSD to XHTML ဆိုတာ ခေတ်စားလာပါတယ်။ အဓိကကတော့ HTML နဲ့ Table တွေကို အသုံးမပြုတော့ဘဲ Tableless ဖြစ်ဖို့ရာ CSS ကို အသုံးပြုလာခဲ့ကြပါတယ်။
ဒါကြောင့် photoshop ကို ပစ်ပယ်ထားလို့ မရပါဘူး။ဝက်ဘ်ဆိုက်ဒီဇိုင်းပုံစံချခြင်း၊ လိုအပ်တဲ့ image များကို ဖြတ်တောက်ယူခြင်း၊ image တွေရဲ့ ဖိုင်ဆိုက်တွေ လျှောချခြင်း၊ ၀က်ဘ်ဆိုက်မှာ လိုအပ်တဲ့ ဓါတ်ပုံများ၊ စာလုံးဒီဇိုင်းများနဲ့ပတ်သက်ပြီး လုပ်ဆောင်ရန်အတွက် Photoshop ဆော့ဖ်ဝဲဟာ ၀က်ဘ်ဒီဇိုင်နာတွေ အဖို့ မရှိမဖြစ် လိုအပ်တဲ့ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ရာလဲ လိုပါတယ်။ အင်တာနက်မှာ ၀က်ဘ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး Photoshop Tutorial တွေ အများကြီး ရှိပါတယ်။ ဆော့ဖ်ဝဲကို ကျွမ်းကျင်စွာအသုံးပြုတတ်ရုံနဲ့ မလုံလောက်သေးပါဘူး။ စာလုံး font ဒီဇိုင်းတွေလုပ်ပုံလုပ်နည်း၊ Photoshop နဲ့ Website Layout Design တွေ လုပ်နည်း၊ Web Design နဲ့ ပတ်သက်ပြီး Photoshop Tutorial တွေ အများကြီး ရှိပါတယ်။ အဓိကထားလေ့လာသင့်ပါတယ်။
ဒီနေရာမှာ photoshop CS4 မှ CS3 မှ လေ့လာသင့်တာမဟုတ်ပဲ၊ CS,CS2 ကိုလေ့လာလဲ Web Design နဲ့ပတ်သက်ပြီး လုံလောက်ပါတယ်။ ပိုပြီး version မြင့်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုတတ်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဒါပေမယ့် CS,CS2 ဆိုလည်း ဖြစ်ပါတယ်။
(၃) HTML
HTML နဲ့ပတ်သက်ပြီး အခြေခံအားဖြင့် သိထားရပါမယ်။ HTML နဲ့ပတ်သက်ပြီး မသိရင်တော့ Coding မတတ်တဲ့ ဒီဇိုင်နာဖြစ်သွားမှာပေါ့။ Web Designer တစ်ယောက်က HTML နဲ့ပတ်သက်ပြီး သိကိုသိရပါမယ်။ HTML နဲ့ပတ်သက်ပြီး ကျောင်းတွေမှာ၊ သင်တန်းတွေမှာ အခြေခံအားဖြင့် သင်ပေးကြပါတယ်။ HTML ကိုသုံးပြီး Website တွေ တည်ဆောက်ပုံကို သင်ပေးပါတယ်။ ဒီနေရာမှာ HTML ကိုရေးသားတော့မယ်ဆိုရင် Software Tool တစ်ခုလိုလာပါပြီ။HTML ကို ဘယ်နေရာမှာ ရေးမလဲ။ တချို့က Dreamweaver ၊ Amaya၊ Kompozer စတဲ HTML Editor Software တွေကို အသုံးပြုပြီးရေးကြပါတယ်။ တချို့ကတော့ Notepad နဲ့ရေးကြပါတယ်။ Notepad++ နဲ့ရေးပါတယ်။ Dreamweaver ဆော့ဖ်ဝဲကို သုံးတတ်ဖို့အတွက် တချို့တွေကတော့ သင်တန်းတက်ကြပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ Notepad နဲ့ coding တွေကို ချရေးတာ အကောင်းဆုံးပါပဲ။
ပုံ(၅)- HTML Example
HTML ကိုစတင်လေ့လာသူအဖို့ အနည်းငယ်အခက်အခဲရှိပေမယ့် ရေးလိုက် Browser တွေနဲ့ ကိုယ်ရေးထားတာကို ပြန်စမ်းလိုက်၊ မှားရင်ပြန်ပြင်လိုက် ..ဒီလို လုပ်ခြင်းအားဖြင့် ပိုမိုလွယ်ကူလျင်မြန်စွာ တတ်ရောက်လာစေနိုင်ပါတယ်။ အဲဒီနောက် HTML ကနေတဆင့် XHTML ကို ဆက်လက်လေ့လာကြရပါမယ်။ အခုနောက်ပိုင်းမှာတော့ XHTML ကိုပဲ အသုံးပြုလာကြပါပြီ။ ဒါကြောင့် အခြေခံဖြစ်တဲ့ HTML ကိုလေ့လာပါမယ်။
HTML ကိုလေ့လာဖို့ရာ online မှာ HTML Tutorial ၀က်ဘ်ဆိုက်တွေ အများကြီးရှိပါတယ်။www.w3school.com, www.html.net, www.htmldog.com, www.tizag.com စတဲ့ Website တွေမှတဆင့် တဖြေးဖြေး လေ့လာသွားပါ။
Sunday, April 11, 2010
Window ကို မပါစေပဲ Hard Disk ကိုဖျက်တဲ့ software...
Link: http://www.heidi.ie/
PC ထဲက အမှားတွေကို ပြတဲ့ Software ...
Link: http://www.pcdocpro.com/
CD/DVD ကောင်းမကောင်း စမ်းတဲ့ Software....
Link: http://www.infinadyne.com/download.shtml
DVD ကူးတဲ့ Software တွေ..
Link: http://www.cucusoft.com/
Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း...
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.
၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration
ကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။
ကွန်ပျူတာ မောက်စ်ကို ဆန်းသစ်ဖန်တီးသူ
ယင်းသည် ခက်ခဲလှသည်။ သို့သော်လည်း တွေးကြည့်ဖို့ ကြိုးစား ကြည့်ပါ။ သို့မဟုတ် သတိရကြည့် ပါ။ အင်တာနက်မရှိသော ကမ္ဘာကြီး၊ အီးမေးလ်မရှိသော ကမ္ဘာကြီး မိုက် က္ကရိုဆော့ဖ်ကော်ပိုရေးရှင်း၏ window အော်ပရေးတင်းစနစ် မရှိသော ကမ္ဘာကြီး၊ ကွန်ပျူတာ ပရိုဂရမ်များ တွင် Pull down menus မရှိသော ကမ္ဘာကြီး၊ ကွန်ပျူတာ mouse မရှိ သော ကမ္ဘာကြီး။
၁၉၆၈ ခုနှစ်က အဖြစ် အပျက်။ ဆန်ဖရန်စစ္စကိုမြို့ရှိ fall joint Computing ညီလာခံကို ယင်း နှစ် ဒီဇင်ဘာလလယ်တွင် ကျင်းပခဲ့ ရာ ဒေါက်ကလပ်စ်စီအင်ဂျဲဘတ်(တ်) စင်မြင့်ပေါ်တက်ခဲ့စဉ်က ဖြစ်သည်။ သူသည် ကြောက်ပြီး ရင်ဖိုနေသည်။ စိတ်လှုပ်ရှားနေသည်။ လူသား အသိ ဉာဏ်ကိစ္စ အခြေအတင် ပြောဆို ခြင်းအတွက် သူ့အယူအဆများကို ပရိတ်သတ် အရေးမထားလောက်ဟု သဘောထားမည်ကို ရင်တထိတ် ထိတ်နှင့် စိုးရိမ်ပူပန်နေသည်။ သို့ သော် သူစိုးရိမ်ပူပန်စရာ မလိုတော့ ချေ။
ဝေးကွာသော တည်နေရာ တစ်နေရာရှိ သုတေသီများနှင့် စာ ရွက်စာတမ်းတစ်ခုကို မည်သို့တုန့်ပြန် မှု ရှိစွာ Edit လုပ်နိုင်သည်ကို မိနစ် (၉၀)ကျော် သူသရုပ်ပြနိုင်ခဲ့သည်။ စတန်းဖိုဒ် သုတေသနသိပံ္ပ (ယခု SRI International)သည် ကယ်လီဖိုး နီးယားပြည်နယ် မင်လိုပန်းခြံတွင် တည်ရှိသည်။ ယင်းသုတေသနဌာနရှိ သူ့ဓာတ်ခွဲခန်းတွင် အောက်စီ mouse ကို ညွှန်ပြရင်း click လုပ် သည်။ ကွန်ပျူတာစကရင်ပေါ်တွင် window များအကြား ရွေ့ပြနေသည်။
ပရိသတ်က သူ့ကို တအံ့ တသြကြည့်ရင်း မတ်တပ်ရပ်ကာ သြဘာပေးကြသည်။ ယင်းအဖြစ် အပျက်သည် ကွန်ပျူတာသမိုင်းတွင် အရေးပါသော အပြောင်းအလဲ ဖြစ် ရပ်တစ်ခုဟု ယခုယူဆထားကြသည်။ သူ၏တီထွင်မှုများသည် သူအလိုရှိခဲ့ သော အကျိုးသက်ရောက်မှုကို ပုံဆောင်ပေးရန် နှေးကွေးလှသေး သည်ဟု အင်ဂ်ျဘတ်(ထ်)က ဆို သည်။ သူ့အတွေ့အကြုံကို ကောက် ချက်ဆွဲပြီး ဒုတိယကမ္ဘာစစ်ပွဲကြီး ကာလ အတောအတွင်း ရေတပ်တွင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ရေဒါ ပုံရိပ်များကို စောင့်ကြည့်နေခဲ့ကြသည်။ သူသည် windows ဂရပ်ဖစ် များကို မျှော်မှန်းတွေးကြည့်ခဲ့ပြီး ဖြစ်သည်။
ယင်းသည် ကွန်ပျူတာများ အသုံးပြုရန် လွယ်ကူစေသည်။ သည့်နောက် လူတစ်ဦးချင်း ကုမ္ပဏီ များနှင့် အစိုးများသည် အဓိက ပြဿနာများကို စုပေါင်းဖြေရှင်း နိုင် သည်။ တဖြည်း ဖြည်းနှင့် ယင်းသည် လူများ တွေးတောပြီး လေ့လာသော နည်းလမ်းကို အဆင့်မြင့်နိုင်လိမ့် မည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့၌ လေ့လာဆည်းပူးမှုအဖွဲ့အစည်းများ (Learning Organizations) ဟု အမည်တွင်သော အွန်လိုင်းအသင်း အဖွဲ့ကများ ရှိကြသည်။ သို့သော် လူမှု အဖွဲ့အစည်းသည် အင်ဂျဲဘတ် (ထ်) ၁၉၅၀ နှောင်းပိုင်းကာလများ ကတည်းက အိပ်မက်မက်ခဲ့သော စကေးပေါ်တွင် လူသားအသိဉာဏ် တိုးတက်ရန် ကွန်ပျူတာများကို အကျိုးရှိရှိ အပြည့်အ၀ အသုံးချခဲ့ပြီ ဖြစ်သည်။
သူ၏ တီထွင်မှုများအားလုံး နှင့် သန်းပေါင်းများစွာသော လူများ က နေ့စဉ်အသုံးပြုနေကြလေပြီ။ သူသည် အရွယ်အစားတိုင်းတာ နိုင် သော ငွေသားချီးမြှင့်မှုကို ခံခဲ့ရသည်။ ယင်းတွင် မက်ဆာချူးဆက် စက်မှု တက္ကသိုလ်မှ ထူးချွန်သော တီထွင်သူ တစ်ဦးအနေဖြင့် သူ့ကို ဂုဏ်ပြုခဲ့စဉ် က ၁၉၇၇ ခုနှစ်တွင် ဒေါ်လာ (၅၀၀၀၀၀) ရရှိခဲ့ခြင်းလည်း ပါဝင် သည်။ သို့ရာတွင် SRI မှ သူရရှိခဲ့သော ဆုကြေးငွေမှာ ဒေါ်လာ (၁၀၀၀၀) သာ ဖြစ်သည်။ နှစ်များစွာ အကြာ တွင် သူသည် SRI မှ ထွက်ခွာပြီး နောက် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်ရှိ Bootstrap Insitute တွင် စတင်လုပ်ခဲ့သည်။
၁၉၆၀ နှောင်းပိုင်းကာလများ တွင် ဓလေ့ထုံးတမ်းနှင့်အညီ အင်ဂျဲ ဘတ်သည် သူ၏ မူပိုင်ခွင့်များကို အလုပ်ရှင်သို့ လွှဲပြောင်းပေးခဲ့သည်။
အသက်(၇၉)နှစ်တွင် သူ၏ လူငယ်ဘ၀ကဲ့သို့ အင်ဂျဲဘတ်သည် လူ့သဘောသဘာဝအရ လိုအင်ဆန္ဒ ဖြင့် ကြိုးပမ်းခဲ့သော်လည်း မချမ်း သာခဲ့ချေ။ သွားရန် ခရီးဝေးရှိသေး သည်ကို သူယုံကြည်သည်။ အင်ဂျဲဘတ်၏ ၁၉၆၈ ပုံစံ တူ brower မှာ groupware နှင့် hypertext ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ယင်းသည် အသိပညာဝေမျှခြင်း၊ အကွာအဝေး များ ဖြတ်သန်းခြင်း၊ ဘာသာစကား အတားအဆီးများ၊ အခြားလူမှုရေး နှင့် ယဉ်ကျေးမှု divide များအတွက် နှစ်လမ်းသွားကိရိယာ ဖြစ်သည်။ သူ၏အိုင်ဒီယာများသည် သတင်း အချက်အလက် နည်းပညာအတွက် ကြီးမားသော ဈေးကွက်နေရာများ များပြားရေးကို ကူညီခဲ့သည်။
အင်ဂျဲဘတ်၏ အမြင်တွင် ဈေးကွက်နေရာသည် ကုန်ပစ္စည်း များ မြင့်မားတိုးတက်ခြင်းနှင့် ယင်းတို့ ကို ဈေးသက်သာအောင် ပြုလုပ်ခြင်း ၌ အထူးကောင်းမွန်နိုင်သည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် ယင်းသည် အရေးပါသော ဂလိုဘယ်ပြဿနာ များနှင့် နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းရသောအခါ ဈေးကွက်သည် လိုအပ်သော ယန္တရားနှင့် ဆွဲဆောင် မှု မက်လုံးများကို မကူညီနိုင်ဟု သူက ဆိုသည်။
နည်းပညာနှင့် အဖွဲ့အစည်း ဆိုင်ရာ ပြောင်းလဲမှုများ ပေါင်းစပ်မှု ကို ရှာဖွေတွေ့ရှိခြင်းသည် ထိရောက် အကျိုးရှိသော အဖြေများကို ထုတ် လုပ်လိမ့်မည် ဖြစ်သည်။ ဝေမျှထား သော အသိဉာဏ်၏ ပိုမိုမြင့်မား သော အစီအစဉ်မရှိမဖြစ် လိုအပ် လှသည်။