Showing posts with label ကျန်းမားရေး ဗဟုသုတ. Show all posts
Showing posts with label ကျန်းမားရေး ဗဟုသုတ. Show all posts

Friday, June 11, 2010

ွGive Your Growing Children

Give your growing children,

The advantage of sound sleep .

Sleep is as important to your children’s development and well-being as nutrition and physical activity .But many a time, you are sure how much sleep your children need and how much is enough sleep . Doctors and other experts have recommended the following amounts of sleep for children by age .


Infants: 14 to 15 hours : sleeping patterns will change into a regular awake/sleep pattern with one or two naps throughout the day.


Toddlers:12 to 14 hours : Most toddlers will be sleeping through the night and only taking one nap during the day .

School-age : 10 to 11 hours: School-age children need adequate sleep to function at their best . Added demands on their time for school, outside activities ,and home life, can add to school-age children not getting enough rest .

Healthy sleeping Practices
Healthy sleep habits are important for everyone. Starting healthy sleeping practices as infants will help them form healthy lifelong patterns .Parents of newborns will want to follow these healthy healthy sleeping practices for their newborn;

Make your newborn’s sleeping area quiet and comfortable ; Use a safety_approved crib without any pillows, blankets, or soft items in the crib. Make the room dark,quiet and comfortable for your child.

Encourage more night sleeping : In the evenings ,make the environment quiet and less active so babies will start to associate quite time with going to sleep .

Put your newborn to down to sleep when there are signs of drowsiness: Do not wait until your newborn is asleep to put her to bed. You need to set the stage for you baby to be able to fail asleep on her own.

Have a regular bedtime schedule: An hour before bedtime, prepare your child by having a quiet environment and doing some soothing activities such as taking a bath or reading a bedtime story.

Place infants and toddlers in bed BEFORE they fall asleep: your infant or toddler should be drowsy but NOT asleep when going to bed .This helps them to learn to become independent sleepers and know how it feels when they should go to bed.

Create and maintain an enjoyable bedtime routine: A routine could be as simple as a bath and a bedtime story ,or listening to music and playing with a favorite toy.

Stick to bedtime routine and consistent sleep schedules: Children like and need consistency in all parts of their lives .A sleep schedule will help regulate your child’s quality of sleep .

Be aware of chronic sleeping problems: Learn the typical sleeping problems of children . If your child isn’t getting enough sleep , talk to your child’s doctor.

Saturday, May 29, 2010

သွေးအားနည်းရောဂါ ( Anemia )



အနီးမီးယားဆိုတာဘာလည်း .....?

အနီးမီးယားဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏသို့မဟုတ် သွေးနီဥဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန်မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။ တခါတလေမှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေးပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သောနည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။

ပုံမှန်သွေးပမာဏ လူတွေမှာ ဘယ်လောက်ရှိရမလည်း .....?

ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ............................11.5 - 16.5 g/dl

အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ ....?

အသိများတဲ့ ထင်ရှားတဲ့ အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့

သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း ။ ။ ရာသီလာတဲ့ သွေးပမာဏဟာ အလွန်အမင်း များပြားနေခြင်း ၊ သွေးထွက်များသော အနာများ ၊ အစာအိမ်နှင့် အူလမ်းကြောင်း တွင် အနာများဖြစ်ပေါ်ခြင်း ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကို တဖြည်းဖြည်း ခြင်း စိမ့်ထွက်စေတဲ့ အတွက်ကြောင့် အနီးမီးယားကိုဖြစ်ပေါ်စေပါတယ် ။

Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ ရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကို လိုအပ်ပါတယ် ။ အိုင်းယွန်းဟာHemoglobin molecules တွေဖြစ်ပေါ်ဖို့ ပုံစံအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ် ။ အကယ်၍ အိုင်းယွန်းရရှိမှုဟာ ကန့်သတ်ထားတယ် ဒါမှမဟုတ်အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင် ဘူးဆိုရင် အကျိုးဆက်အနေနဲ့ အနီးမီးယား ဖြစ်နိုင်ပါတယ် ။ ဒါကိုတော့ Iron deficency anemia လို့ခေါ်ပါတယ် ။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သော အနီးမီးယား ။ ။ မည်သည့် နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒါပေမယ့် တိကျတဲ့ဖြစ်စဉ်ကိုတော့ယနေ့တိုင် မသိရသေးပါဘူး ။ နာတာရှည် ရောဂါတွေနဲ့ ပိုးဝင်ခြင်း သို့မဟုတ် ကင်ဆာရောဂါတွေဟာ ဒီလိုမျိုး အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။

ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယား ။ ။ ကျောက်ကပ်ဟာ erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ် ။ အဲဒီကောင်က ရိုးတွင်းခြင် ဆီတွေ သွေးနီဥဆဲလ်တွေ ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ် ။ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့လူတွေမှာ ဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ် ။ တဆက်တည်းမှာပဲ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ် ။ ဒီလိုမျိုးကိုတော့ anemia related to chronie kidney diseases လို့ခေါ်ပါတယ် ။

အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်သော အနီးမီးယား ။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲ ဖြစ်ဖြစ်ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကိုလျော့နည်း သွားစေတဲ့ အတွက် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရ ချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏလျော့နည်း ခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့ အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia ။ ။ အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း သို့မဟုတ် အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia ။ ။ အချို့လူတွေမှာ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့ပြသနာ ရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေက သွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ် ပုံစံလိုမျိုးဖြစ်ပေါ်စေပါတယ် ။သူ့ရဲ့ ပြင်းထန်မှု အဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။ ဒါဟာ မျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia ။ ။ ဟေမိုဂလိုဘင်နဲ့ ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခုဖြစ်ပါတယ် ။ Thalassaemia အုပ်စုများစွာ ရှိပါတယ် ။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီးကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ရှိပါတယ် ။Alcoholism ။ ။ အရက်သောက်သုံးသူတွေမှာ အာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာ ဆက်နွယ်နေပါတယ် ။ အယ်ကိုဟော ဟာ သူ့ဘာသာ ရိုးတွင်းခြင်ဆီကို အဆိပ်အတောက်ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ် ။ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသော အနီးမီးယား ။ ။ အချို့သော သွေးကင်ဆာ သို့မဟုတ် Lymphomas တွေဟာ သွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်းလည်းစေပြီး သွေးဆဲတွေအားလုံးထုတ်လုပ်မှုကို နည်းစေပါတယ် ။ Hemolytic anemia ။ ။ ပုံမှန်သွေးနီဥရဲ့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာ ပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ြ့ပီးတော့သူဟာ လုပ်ငန်းဆောင်ရွက်နိုင် ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့ချက်တွေကတော ကင်ဆာတွေ အသဲရောဂါတွေ မျိုးဗီဇနဲ့ဆိုင်တာတွေ ခဲအဆိပ်သင့်ခြင်း AIDS နဲ့ သွေးယိုတဲ့ရောဂါတွေ ပဲဖြစ်ပါတယ် ။

သွေးအားနည်းရင်ဘာ လက္ခဏာတွေ ဖြစ်တတ်သလည်း ?




လက္ခဏာတွေကတော့

ဦးခေါင်းပိုင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းမှုးခြင်း သတိလစ်ခြင်း
မျက်လုံးမှာ ၀ါလာခြင်း
အရေပြားမှာ ဖျော့တော့လာခြင်း အေးလာခြင်း ၀ါလာခြင်း
သွေးကြောမှာ သွေးပေါင်ချိန်ကျလာခြင်း
အသက်ရှုလမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း တနည်း တိုခြင်း
နှလုံးမှာ ရင်တုန်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်း ရင်ဘတ်အောင့်ခြင်း (angina)နှလုံးတိုက်ခိုက်ခံရခြင်း
ကြွက်သားမှာ အားနည်းလာခြင်း
အူလမ်းကြောင်းမှာ မစင်အရောင်ပြောင်းလာခြင်း
သရက်ရွက် (spleen)မှာ ကြီးမားလာခြင်း

အနီပြထားသောအရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာတွေ့ရလေ့ ရှိပါတယ် ။

သွေးအားနည်းရောဂါ ဘယ်လိုကုမလည်း ?

အိမ်မှာဆိုရင် - ကိုယ့်ဘာသာကုဖို့ နဲနဲလေးပဲလုပ်ဆောင်နိုင်ပါတယ် ။ ပုံမှန်အားဖြင့် ဆေးကုသမှုလိုပါတယ် ။ ဥပမာ အနီးမီးယားက အစာအိမ်အနာကြောင့် ဖြစ်တယ်ဆိုရင် aspirin , ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကို ရှောင်သင့်ပါတယ် ။ဒါမှမဟုတ်လည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရပါမယ် ။ဆေးရုံမှာဆိုရင် - သိပ်မပြင်းထန်ဘူးဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C , Iron ပါတဲ့ဆေးတွေပေးလေ့ရှိပါတယ် ။ ဒါမမဟုတ် Tot'hema လို ဆေးလည်းပေးပါတယ် ။ ပြင်းထန်တယ်ဆိုရင်တော့ သွေးသွင်းကုသပါတယ် ။

ဘယ်လိုကာကွယ်မလည်း ?

အများစုကတော့ ပုံမှန်အာဟာရပြည့်တဲ့အစားအစာနဲ့ အရက်ကို ထိန်းချုပ်ခြင်း ဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြသပြီး ဇစ်မြစ်ကို ရှာဖွေသင့်ပါတယ် ။ သွေးအားကောင်းတဲ့အစားအစာတွေ စားပေးပါ ။အသား ပဲအမျိုးမျိုး အသည်း အမြစ် အရွက်များ ငါးသေးသေးလေးများ စသည် ။

Ref;emedicine health( october 6 2009)
;wikipedia

Sunday, May 2, 2010

လွယ်ကူရိုးရှင်းပြီး သင့်ကျန်းမာရေးကို မြန်မြန် တိုးတက်ကောင်းမွန်စေမဲ့ နည်းလမ်း




အင်တာနက်ထဲ လျှောက်ကြည့်ရင်း ကျန်းမာရေးအတွက် ဒီဆောင်းပါးလေးတစ်ခုကို တွေ့လို့ နားလည်သလို ဘာသာပြန်ပြီး မိတ်ဆွေတို့နဲ့ မျှဝေလိုက်ပါတယ်။






လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် အစားအသောက် အလေ့အထ ပုံစံ

1. နေ့စာ မစားခင် အသီး တစ်ခုခု စားပေးပါ။

ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး ဒါမှမဟုတ် တခြား အသီး တစ်ခုခုကို နေ့စာမစားခင်တိုင်း စားတဲ့ အကျင့်ကို လုပ်ပါ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ထိန်းပေးသလို အမြန်ရနိုင်တဲ့ အဆီရွှဲရွှဲ fast food တွေ မစားဖြစ်အောင်၊ ခရက်ကာထုပ်တွေ ဖောက်မစားမိအောင် ကာကွယ် ပေးပါတယ်။










2. ဖျော်ရည်ဆိုင်က စက်ဖြစ် ဖျော်ရည်ဗူးတွေ မသောက်ပါနဲ့။

စက်ဖြစ် ဖျော်ရည်ဗူးတွေဆီကနေ ကျွန်တော်တို့ ကျန်းမာရေး ညီညွတ်စေတဲ့ ဖျော်ရည်တွေ ဘာများ ရသလဲ စဉ်းစားကြည့်ရအောင်။ ဈေးကလဲ ကြီးတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဒာက လိုအပ်တဲ့ သကြားဓာတ်၊ ဆားဓာတ်တွေ လိုတာထက် ပိုအောင်ပါဝင်တယ်။ ဒီတော့ ဖျော်ရည်ဆိုင်တွေဘက် ရောက်ရင် သောက်ရေသန့်ဗူးက လွဲပီး တခြား ဘာဖျော်ရည်ဗူးမှ မ၀ယ်ဘူးလို့ စိတ်ကို ပိုင်းဖြတ်ထားလိုက်ပါ။

3. တစ်ပါတ်မှာ တစ်ညတော့ သတ်သတ်လွတ်စားပါ။

ကျွန်တော်တို့တတွေဟာ ခန္ဒာကိုယ်က လိုအပ်တဲ့ အသားဓာတ်ထက် ပိုပြီး စားသုံးနေကြတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ တစ်ပါတ်မှာ တစ်ရက်လောက်များ သတ်သတ်လွတ်ညစာ စားဖူးကြပါသလား။ အရသာရှိပြီး စားကောင်းတဲ့ အသီးအရွက်ဟင်းလျာတွေကို တစ်ပါတ်မှာ တစ်ညလောက် ချက်စားဖို့ ကြိုးစားကြည့်ရအောင်။ ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်။ ငွေကုန်ကြေးကျလဲ နဲနဲ သက်သာတယ်လေ။

4. ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို စားသုံးပါ။

ကျွန်တော်တို့ရဲ့ နေ့စာ၊ မနက်စာတွေက အသားညှပ်ပေါင်မုန့်တို့၊ ပြုပြင်ပြောင်းလဲထားတဲ့ ပေါင်မုန့်ဖြူတို့ ဖြစ်နေခဲ့မယ် ဆိုပါစို့။ ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို ပြောင်းပြီး စားကြည့်ကြရအောင်။ ဘာတွေ ပိုကောင်းလို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဒာကိုယ်က လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီး နဲ့ တခြား ဓာတ်သတ္ထုတွေ ပိုပြီး ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ နှလုံးကို ကျန်းမာဖို့ အထောက်အကူ ပေးသလို ကင်ဆာရောဂါကိုလဲ ကာကွယ်ပေးပါသေးတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံလို့ ကိုယ် အလေးချိန် လျှော့နေတဲ့ သူတွေကိုလဲ အများကြီး အကျိုး ပြုပါတယ်။

5. အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။


နွားနို့ချည်း သက်သက် ဒါမှမဟုတ် ကောက်နှံပင်တွေက ထုတ်ထားတဲ့ cereal ထဲ ထည့်ဖျော်ပြီး သောက်တတ်သလား။ ဒါဆို အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။ အစပထမတော့ တစ်မူထူးခြား နေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလိုပဲ ဆက်ပြီး ပြောင်းသောက်ပေးပါ။ နောက်ပိုင်းမှာတော့ လျှာက ကျင့်သားရပြီး အဆင်ပြေလာပါလိမ့်မယ်။ သံဓာတ်နဲ့ ပရိုတိန်းဓာတ်ကို နို့ကနေ အရင်လို ရနေပေမဲ့ အဆီဓာတ်ကတော့ သိသိသာသာ လျှော့ကျသွားပါပြီ။


စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်းကို သက်သာရန်

- အိပ်စက်ချိန် အပြည့်အ၀ ထားရှိပါ။
- ကြွက်သား များကို သက်သောင့် သက်သာ ပြေလျော့ နိုင်သော နည်းလမ်းများ ကိုသင်ယူ ထားပါ။
- အရက်ကို တော်သင့်ရုံ သာသောက်ပါ။ ဖြစ်နိုင်မည် ဆိုလျှင် လုံးဝ မသောက်မိ စေရန် သတိထား သင့်သည် ။
- Caffeine အလွန်အကျွံ သောက်သုံးခြင်း ကိုလည်း ရှောင်နိုင်ရန် ကြိုးစားပါ။
- ခေါင်းကိုက် သက်သာစေ ရန် ပညာရှင် တို့ညွှန်ကြား ထားသည့် အတိုင်း ဆေးကို သောက်ပါ။
- ကုပ်ပေါ်တွင် အ၀တ်စို ခပ်နွေးနွေး လေး တင်ထားပေး ခြင်းသော် လည်း ခေါင်းကိုက်ခြင်း ကို သက်သာ စေပါသည်။
- ရေချိုးပြီး သည့်နောက် ကုပ်၊ နားထင်၊ နဖူးတို့ကို မိမိ ဘာသာ နှိပ်နယ် ပေးခြင်း ကလည်း သင့်ကို ကူညီ နိုင်သည်။
- ပုံမှန် ကိုယ်လက် လှုပ်ရှား မှုရှိနေ ခြင်းသည် ကြွက်သား များတောင့်တင်း နေမှု နှင့် စိတ်ဖိစီး မှုတို့ကို လျှော့ချ နိုင်သောကြောင့် လေ့ကျင့်ခန်း မှန်မှန်
လုပ်ပါ။
- လည်ပင်း ရှိကြွက်သား တို့ကို နှိပ်ပေးပါ။
- ကိုယ်နေ ဟန်ထား မှန်မမှန် စစ်ဆေးပါ။
- စိတ်ဖိစီး မှုဖြစ်ရ သော ဇစ်မြစ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်ပါ။ ဆရာဝန် နှင့် ပြ၍ တိုင်ပ် ပြသ သင့်သော အခြား လက္ခဏာ များမှာ
- ခေါင်းကိုက် ခြင်းနဲ့ အတူ ဖျားနာ ခြင်း၊ လည်ပင်း များတောင့်တင်း ၍လာခြင်း ။
- စကားမပီ မသ ဗလုံး ဗထွေး ပြောပြီး ခြေလက်များ ညောင်းညာ အားနည်းခြင်း ။
- အမြင် အာရုံ နှင့် ပတ်သက် သည့် လက္ခဏာ များပူးတွဲ ပါရှိ လာခြင်း။
- ခေါင်းကိုက် သည့် အကြိမ် အရေ အတွက် များလာပြီး ပို၍ ဆိုးလာခြင်း ။

သွေးတိုး ရောဂါ အကြောင်း သိကောင်းစရာ

သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..


သွေးဖိအား အခြေအနေ အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)


ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်


သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..
သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်

အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..

သွေးတိုးရောဂါ လက္ခဏာများ
သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..


သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..

သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..

ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..

သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၂ )

သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၂ )

( ကုသခြင်း )

သွေးတိုး (၁၅၀/၉၀) အထိ အမြဲရှိသူတိုင်းကို ကုသပေးရန် လိုသည်။ ရောဂါကို ဆေးကုသမှု မခံယူခြင်းကြောင့် ရတတ်သောအန္တရာယ်ကို ဝေဒနာရှင်အား ရှင်းပြဖို့ သင့်သည်။

အဓိကလိုက်နာရမည့် အချမ်းများမှာ-
စီးကရက်သောက်သည့် ဓလေ့ရှိပါက စီးကရက် ဖြတ်လိုက်ပါ။
အလေးချိန် တိုးနေသူ ဖြစ်ပါက အလေးချိန် လျှော့ချပါ။
ဆားကို အလွန်စားသုံးသည့် ဓလေ့ရှိပါက ဆားကို တတ်နိုင်သမျှ လျှော့စားပါ။
အသက်အရွယ်လိုက်ပြီး အောက်ပါမူအရ ဆေးဝါးများကို ဆရာဝန်များ ညွှန်လေ့ရှိပါသည်။

သွေးတိုးရေဂါရှိနေပြီဟု သတ်မှတ်ခံရသူအားလုံးကို ဆေးကုပေးစရာ မလိုသေးပါ။ တလတွင် တကြိမ်ဆိုသလိုသာ စစ်ပေးရန် လိုသည်။ အသက် ၅၀-အောက်၊ သို့မဟုတ် အခြားသွေးတိုးက ဒုက္ခပေးမည့်လက္ခဏာတခုခု ရှိသူများကိုသာ ဆေးကုသပေးရပါမည်။

သွေးပေါင်ချိန် ၁၈၀/၁၁၀၊ ၂၀၀/၁၃၀ အကြားရှိသော လူနာများအား ဆေးဝါးဖြင့် ထိထိရောက်ရောက် ကုသပေးရပါမည်။ သွေးပေါင်ချိန် ၂၀၀/၁၃၀ အထက်ရှိနေသော လူနာကို ချက်ချင်း ဆေးရုံတင်ပေးရပါမည်။ အသက်အန္တရာယ်နီးသောသူဟု သတ်မှတ်ရပါသည်။

( ဆေးဝါးများ )
သွေးတိုးရောဂါသည်ကို ဆေးကုမည်ဆိုလျှင် ဆီးရွှင်သောဆေးများ၊ ဥပမာ Diruton Esidrex စသည် (Lasix မပေးရပါ။ ပြင်းလွန်းသည်။)
Beta Blocker အုပ်စုဝင်ဆေး၊ ဥပမာ-Inderal (propranolol) ဆေးတခုခုကို စပြီး ပေးရပါမည်။
ဒီဆေးတွေနဲ့ မထိမိပါမှ အခြားဆေးများသို့ တက်လှမ်းရပါမည်။

ဆီးရွှင်ဆေးများ၏ စွမ်းပကား-
ဈေးချို၏။ အသုံးကာလကြာခဲ့ပြီး ဖြစ်၏။ ပိုတက်ဆီယမ်ဓာတ် ယုတ်လျော့စေသည်ဆိုပြီး နာမည်မကောင်း ဖြစ်ခဲ့သေး၏။ သို့ရာတွင် ယခုအမြင်က အန္တရာယ်ကင်းပါသည်။ စိတ်ချရပါသည်ဟု ဆိုနေ၏။

B Blockers ဤဆေးအုပ်စု (Proprannolol) များကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်းကို ကာကွယ်ပေးမည့်အပြင် နှလုံးသွေးကြောပိတ်ဆို့ခံရခြင်း ရောဂါကိုပါ အကာအကွယ်ပေးနိုင်မည်ဟု သိရ၏။

( အားကိုးလောက်သည့် ဆေးဝါးသစ်များ )
ယခုအခါ Nifedipine, Verapamil (Calcium Blockers) ဆေးအုပ်စုနှင့် Captopril Enalapril ဆေးများပေါ်ထွန်းလာပြီးဖြစ်သည်။
ဆေးများကို ရောဂါအနည်းအများ အဆင့်အလိုက် အသက်အရွယ်လိုက်ပြီး တဆင့်ပြီးတဆင့် လိုအပ်သလို သုံးစွဲလေ့ရှိပါသည်။ ဆေးအများစုကို ဆရာဝန်များ အညွှန်းဖြင့်သာ သုံးစွဲသင့်ပါသည်။

( အပန်းဖြေအနားယူခြင်း၊ တရားထိုင်ခြင်း )
အပန်းဖြေ အနားယူခန်း၌ ခေတ္တသွားရောက် နေထိုင်ခြင်း၊ ၈-ပတ်မျှကြာအောင် တရားထိုင်ခြင်းတို့ကြောင့် သွေးပေါင်ချိန် ကျနိုင်ကြောင်း အထောက်အထားများ ရှိပါသည်။
အနားယူဖြေလျှော့ခြင်းနည်းများ (Relaxation Methods) ဖြင့်လည်း ဝေဒနာ သက်သာပျောက်ကင်းမှုရနိုင်ကြောင်း ဆေးသိပ္ပံ ပညာရှုင်များ လက်တွေ့လုပ်ဆောင် သိရှိလာကြပြီ ဖြစ်သည်။

အနားယူဖြေလျှော့ခြင်း (Relaxation) သည် သာမန်အနားယူခြင်း (Rest) နှင့် မတူညီပေ။ အနားယူ ဖြေလျှော့နည်းပေါင်း များစွာရှိသည်။ အခြေခံအားဖြင့် အတူတူ ဖြစ်ကြပါသည်။ စနစ်တကျ ပြလုပ်လေ့ကျင့်မှသာ စစ်မှန်သောအနားယူ ဖြေလျှော့ခြင်းကို ရရှိမည် ဖြစ်သည်။ ခန္ဓာကိုယ်အား သဘာဝကျကျ အနားပေးခြင်းဖြင့် ခန္ဓာကိုယ်၌ မှီတွယ်တည်ရှိနေသော စိတ်ကိုလည်း အနားပေးခြင်းဖြင့် စိတ်ကြောင့်ဖြစ်ပေါ်နေသော ခန္ဓာကိုယ်ကြွက်သားများ တင်းခြင်း၊ တောင့်ခြင်းများအားလည်း ဖြေလျှော့ပေးနိုင်လာမည်ဖြစ်သည်။

ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ခန္ဓာကိုယ်နှင့် စိတ် နှစ်မျိုးစလုံး ကျန်းမာရေးအတွက် အနားယူဖြေလျှော့ခြင်း ပြုလုပ်ပေးရန် လိုအပ်ပေသည်။ အနားယူ ဖြေလျှော့ပေးခြင်းဖြင့် ကျန်းမာရေးအကျိုးတရားတခုသာ မဟုတ်မူဘဲ အခြားသောအကျိုးတရားများလည်း ပူးတွဲရရှိလာနိုင်သည်ဖြစ်၏။
ဥပမာ-ပျော်ရွှင်ခြင်း၊ အကြံသစ် ဉာဏ်သစ်များ ထွက်ပေါ်လာခြင်း၊ အပင်ပန်းခံနိုင်ခြင်းများ ဖြစ်ကြလေသည်။ ထို့ပြင် ခန္ဓာကိုယ်အနေအထားနှင့် အပြုအမူဆိုင်ရာမှားယွင်းမှုများ၊ ချွတ်ယွင်းမှုများကိုလည်း အမှန်သို့ရောက်အောင် ပြုပြင်လာနိုင်မည်ဖြစ်သည်။

ဝသောသူများကို ခန္ဓာကိုယ် အလေးချိန် လျှော့စေခြင်းဖြင့် တော်ရုံတန်ရုံ သွေးတိုးရောဂါကို လုံးဝပျောက်ကွယ်သည်အထိ အကျိုးရနိုင်ပါသည်။

( အထွေထွေရောဂါကု ကျန်းမာရေးလုပ်သားများ၏ တာဝန် )
ယခုခေတ်တွင် ကူးစက်ရောဂါများပြီးလျှင် နှလုံး လေဖြတ်နှင့် ပတ်သက်သောရောဂါများသည် အဓိက လူသေစေသောရောဂါစု ဖြစ်၏။ ဤရောဂါများ ဖြစ်စေသည့် အကြောင်းများတွင် သွေးတိုးရောဂါ အခံရှိခြင်းသည် အဓိကအချက်တခု ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများသည် မိမိတာဝန်ယူရသော ဒေသ၊ ဥပမာ-ကျေးရွာ၊ တိုက်နယ်၊ စက်ရုံ၊ အလုပ်ရုံ စသည်မှ အသက် ၃၀-အထက် လူအားလုံးကို အခွင့်အရေး ပေါ်တိုင်း သွေးပေါင်ချိန်တိုင်းပေးရန် လိုသည်။
( ဥပမာ-ကမ္ဘာ့ကျန်းမာရေးနေ့၊ ပြည်ထောင်စုနေ့ အခမ်းအနား စသည်။ )

မြို့နယ်ဆေးရုံများကဲ့သို့ ဆေးရုံမျိုးတွင် သွေးတိုးရောဂါသည်များကို တရက် သတ်သတ် မှတ်မှတ် ဆေးခန်းဖွင့်ပေးနိုင်လျှင် ပိုပြီးကောင်း၏။ သူနာပြု ဆရာမတဦးကို ကောင်းစွာလေ့ကျင့်ပေးပြီး သွေးတိုးတိုင်းပေးခြင်း၊ ဆေးဝေငှပေးခြင်း၊ ၀ယ်သင့်သည်ကို ၀ယ်စေခြင်း၊ ဆေးလိပ်မသောက်ရန်၊ ဆေးခန်းမှန်မှန် လာရန်၊ သွေးတိုးရောဂါကို ကုသမှု မပြုပါက ရနိုင်သော အန္တရာယ် စသည်တို့ကို ရှင်းလင်းဖော်ပြသင့်ပါသည်။

အထူးသဖြင့် အောက်ပါလူမမာများကို အထူးကု သမားတော်ကြီးများဖြင့် မလွဲမသွေ စစ်ဆေးပေးရပါမည်။
၁။ သွေးတိုး အလွန်အမင်း မြင့်မားနေသူများ။
မျက်လုံးအတွင်း၌ သွေးယိုနေသည့်လက္ခဏာ ရှိသူများ။
၂။ သွေးတိုးရောဂါ ကုဆေးများဖြင့် ကုသပေးနေပါလျက် ရောဂါမသက်သာသူများ။
၃။ အသက် ၃၀-အောက်လူနာများ။
၎။ ချွေးအလွန်အမင်းထွက်ခြင်း စသည့် ထူးခြားသော လက္ခဏာရှိသူများ။
၅။ ဆီးထဲ၌ ပရိုတင်းဓာတ်၊ ဆီးထဲ၌ သကြားဓာတ်နှင့် သွေးထဲ၌ အပြောင်းအလဲရှိသူများ။

( ဆရာဝန် တင်ရွှေ )

( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇန်န၀ါရီလ )

Saturday, May 1, 2010

လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် သောက်သုံးမှု အလေ့အထ ပုံစံ



1. ရေဗူးတစ်ဗူး စားပွဲ အနီးအနားမှာ အမြဲ ဆောင်ထားပါ။

လူအတော်များများက ဗိုက် နဲနဲ ဆာလာတဲ့အခါ အဆာပြေ သွားရည်စာတွေ စားတတ်ကြပါတယ်။ ရေဗူး တစ်ဗူးသာ ဆောင်ထားပြီး ပါးစပ်က စားချင်၊ ၀ါးချင်လာတိုင်း ရေ သောက်ပေးပါ။ လုံလောက်တဲ့ ရေဓာတ် ရနေတဲ့အတွက် အဆာလွန်ပြီး မစားမသောက်နိုင် ဖြစ်တာကို ကာကွယ်ပေးပါတယ်။ (အပူချိန် ခံနိုင်ရည် ရှိတဲ့ ရေဗူးကို ၀ယ်ပြီး ရေဖြည့်သောက်ပါ။ ရေသန့်ဗူးချည့် ၀ယ်သောက်နေပြီးမှ မင်းနည်းက ငွေကုန်လိုက်တာ ပြောခံနေရမှာ စိုးလို့ :-P )

2. ကော်ဖီသောက်နေကျ နေရာမှာ တစ်ဝက်လောက်ကို ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) ပြောင်းသောက်ပေးပါ။

နေ့တိုင်းလိုလိုမှာ ကျွန်တော်တို့ ကော်ဖီ၊ ဒါမှ မဟုတ် လ္ဘည့်ရည် ဘယ်နှစ်ခွက် သောက်သလဲ။ သောက်နေကျထက် တစ်ဝက်ကို လျှော့သောက်လိုက်ပါ။ အဲဒီ လျှော့လိုက်တဲ့ တစ်ဝက် နေရာကို ကာဖိန်းဓာတ်လွတ်တဲ၊့ ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) နဲ့ အစားထိုးလိုက်ပါ။ ကျန်းမာရေး ပညာရှင်တွေက ကာဖိန်းဓာတ်ကို တစ်ရက် 400 မီလီဂရမ်ထက် မပိုစေဖို့ တားမြစ်ထားပါတယ်။ အဲဒါက ကော်ဖီကြမ်း လေးခွက်၊ ဒါမှမဟုတ် အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီထုပ် ခုနှစ်ထုပ်နဲ့ ညီမျှပါတယ်။ (တော်သေးရဲ့၊ တစ်ရက်မှ coffeemix နှစ်ထုပ်ထက် ပို မသောက်ပေလို့)

3. နို့ဓာတ်ပါဝင်မှု များတဲ့ ကော်ဖီလိုမျိုး သောက်စရာတွေကို ရှောင်ပါ။

Cafe Latte လိုမျိုး နို့များတဲ့ ကော်ဖီကို မနက်ခင်းတိုင်း မက်မက်မောမော သောက်ဖြစ်နေသလား။ အင်း.. ဒါဆိုရင်တော့ အဲဒီ တခွက်ထဲနဲ့တင် ကိုယ်ခန္ဒာထဲမှာ နာရီဒိုင်ခွက်လေးကတော့ 300ကယ်လိုရီ မကဘူးလို့ အချက်ပြနေပြီ။ ဒီလိုဆိုရင်လဲ ကာဖိန်းဓာတ်မပါတဲ့ ချောကလက် ပူပူလေး တစ်ခွက်လောက်တော့ သောက်ပါရစေ။ အင်း.. ကောင်းပါပြီး ကာဖိန်းဓာတ် တော့မပါဘူး။ တစ်ခွက်ထဲနဲ့တင် 400ကယ်လိုရီ မက ပါတယ် ဆိုတော့ကာ.. ဆိုတော့ကာ....

4. တစ်ပါတ်မှာ လေးရက်တော့ အယ်လ်ကိုဟော လွတ်အောင် နေပါ။

အလုပ်ကပြန်တိုင်း ညဘက်တွေ အရက် သွားသောက်တတ်သလား။ ဒါမှမဟုတ်ရင်လဲ ၀ိုင် တစ်ပုလင်းလောက်ကို အဖော် တစ်ယောက်ယောက်နဲ့ အတူ စားကောင်းရုံ သောက်ဖြစ်နေသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖိအားပေးနေပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဒာ အလေးချိန်ကိုလဲ အယ်လ်ကိုဟောက မထိန်းသိမ်း ပေးနိုင်တော့ဘူး။ သူ့မှာ ကယ်လိုရီတွေ အများကြီး ပါနေတာကိုး။ (ဘီယာတစ်ပုလင်းမှာ၊ ဒါမှမဟုတ် ၀ိုင် ခွက်လတ် တစ်ခွက်မှာ 200ကယ်လိုရီ ပါဝင်ပါတယ်)။ နောက်ပြီး အယ်လ်ကိုဟောက ဒေါသစိတ်ကို ပိုဖိအားပေးသလို ဗိုက်ကိုလဲ ပိုပြီး ဆာလောင်စေပါသေးတယ်။

5. ဆိုဒါ အစား ရေကိုပဲ သောက်ပါ။

လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အထ ပုံစံ



1. နေ့စာစားချိန်မှာ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။

နေ့လည်နေ့ခင်းဘက်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် နေ့စာစားချိန်မှာ ကိုယ့် အလုပ်ခုံကနေ ထပြီး မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။ ဒါဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိနစ်နှစ်ဆယ်လောက် အလုပ်တွေရဲ့ အဝေး တွန်းပို့ ပေးလိုက်သလို စိတ်နဲ့ ခန္ဒာကိုယ်ကိုလဲ လန်းဆန်းစေပါတယ်။

2. အလုပ်ဆင်းချိန်တိုင်း လမ်းလျှောက်ကျင့် လုပ်ပါ။

အသွားအပြန် ပုံမှန်သွားလာ လှုပ်ရှားနေရတဲ့ ရုံးတက်ရက်တွေမှာ အလုပ်ဆင်းချိန်ရောက်တိုင်း လမ်းလျှောက်ပေးပါ။ ဘတ်စ်ကားနဲ့ ပြန်တဲ့သူကလည်း ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောင်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး လမ်းလျှောက်ပေးပါ။ ကိုယ်ပိုင်ကားနဲ့ ပြန်လာတဲ့သူ ဆိုရင်လဲ ကားများရပ်ရန်နေရာ ရောက်ရင် အိမ်နဲ့ ဝေးတဲ့ နေရာမှာ ကားကို ရပ်နား ထားခဲ့ပါ။



3. တပါတ်မှာတစ်ခါဖြစ်ဖြစ် ကျန်းမာရေး လေ့ကျင့်ခန်း သင်တန်း တစ်ခုခု တက်ပါ။

အလုပ်လုပ်တဲ့သူဖြစ်ဖြစ်၊ မလုပ်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်ရာ နေရာ တစ်ခုခုမှာ ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်း တစ်ခုခု သွားတက်နိုင်ဖို့ အဆင်ပြေချိန် တစ်ပါတ် တစ်ရက်တော့ ရှိမှာပါ။ (အားကစားရုံ တော်တော်များများမှာ နေ့စာစားချိန် အမြန်နည်းစနစ်နဲ့ ကျင့်ပေးတဲ့ လေ့ကျင့်ခန်းသင်တန်တွေ၊ ညနေပိုင်း အထူးသင်တန်းတွေ ရှိတတ်ပါတယ်) ကိုယ်လုပ်နိုင်မဲ့ သင်တန်းတစ်ခုခုကို ရှာဖွေပြီးတက်ပါ။ နောက် တစ်ပါတ်တစ်ခါ ပုံမှန် လေ့ကျင့်ပေး၊ ကစားပေးပါ။

4. တနင်္ဂနွေ နေ့လည်ခင်းတွေကို လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ဖြတ်သန်းပါ။

လူအတော်များများ မနှစ်သက်ချင်ကြတဲ့ စိတ်ပျက်ဖွယ် တနင်္လာနေ့ကို မရောက်ခင်မှာ ကျွန်တော်တို့ အာရုံတွေ ခွန်အားပြည့်ဝ လန်းဆတ်နေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းကတော့ တနင်္ဂနွေ နေ့ခင်းတွေမှာ လှုပ်ရှားတက်ကြွတဲ့ အစီအစဉ်တစ်ခုခု ဖန်တီးပေးခြင်းပါ။ ရေသွားကူးမလား၊ စကိတ်၊ စက်ဘီး စီးကြမလား၊ ပန်းခြံထဲမှာ သွားပြီး တော့ကစားမလား၊ ဒါမှမဟုတ် ရှုခင်းတွေ ကြည့်ရင်း အေးအေးလူလူ လမ်း လျှောက်နေမလား၊ အပါတ်စဉ်တိုင်း မရိုးရအောင် တစ်ခုခု ပြောင်းလဲ လှုပ်ရှားနေလို့ ရတယ်လေ။







5. တီဗွီ ကြော်ငြာ အစီအစဉ်တွေ လာနေချိန်မှာ လေ့ကျင့်ခန်း လုပ်ပါ။

တီဗွီကြည့်နေတုန်း ကြော်ငြာတွေ ၀င်လာတဲ့ အချိန်မှာ ဆိုဖာပေါ်ကနေ ထပြီး လေ့ကျင့်ခန်းတစ်ချို့ လုပ်ပေးပါ။ အကြောလျှော့တာမျိုး၊ ပုံမှန်လေး ပြေးတာမျိုး၊ ဒါမှမဟုတ် အလေးမတာမျိုး၊ တစ်ခုခုပေါ့။ တစ်ကြီမ်မှာ မိနစ် အနည်းငယ်ပဲ လေ့ကျင့်ခန်း လုပ်ဖြစ်ပေမဲ့ တီဗွီ အစီအစဉ် ပြီးသွားချိန်မှာ ကျွန်တော်တို့ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပြီးသွားခဲ့ပြီလေ။ နောက်ပြီး ကောင်းတာ တစ်ခုက လေ့ကျင့်ခန်း လုပ်နေတော့ ကြော်ငြာတွေ လာချိန်မှာ မုန့်ပဲ သွားရည်စာတွေ စားတဲ့ အကျင့်ကိုလဲ တားပြီးသား ဖြစ်ရော။

ကျွန်တော်တို့လို တစ်ပါတ်မှာ လေး၊ ငါးရက် လောက် ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ သူတွေအတွက်ကတော့ ပိုအကျိုးရှိမယ်ထင်တာပဲ။ တစ်နေကုန် ပြေးလွှား လှုပ်ရှားနေရတဲ့ သူတွေ အတွက်ကတော့ တစ်ချို့ အချက်လေးတွေ ရှောင်လို့ ရပါတယ်။ အသောက်အစား မလျှော့နိုင်သူတွေကတော့ မေတ္တာပို့ချင် ပို့နေမယ် ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်ဗျာ မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ဖြစ်မယ်ဆို ကျေနပ်ပါတယ်။

နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့

ပူပြင်းသော နွေရာသီကာလသည် မိမိ၏ အသားအရေကို အထူးတလည် စောင့်ရှောက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။ နွေနေ၏ ပြင်းထန်လှသော နေရောင်ခြည်၊ ပတ်ဝန်းကျင်မှဖုန်မှုန့်များ၊ တိုက်ခတ်သောလေ၊ ခန္ဓာကိုယ်မှ ထွက်လာသောချွေး စသည်တို့သည် အရေပြား၏ နု့ညံ့သိမ်မွေ့သော ဆဲလ်များကို ပျက်စီးစေပြီး ချွေးပေါက်များကို ပိတ်ဆို့စေပါသည်။ မကြည်မလင် ကွက်တိကွက်ကြားနှင့်၊ အဆီပြန်နေသော မိမိ အသား အရေကို ကြည့်ပြီး အခြား အချိန်ကာလတွေနှင့် မတူသည့်အတွက် အံ့သြကောင်း အံ့သြမိပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် သင်၏ အရေပြားမှ ထွက်သော သဘာဝ အဆီဓာတ်သည် ပြင်ပကို သိပ်မထွက်ဖြစ်သော်လည်း နွေရာသီတွင်တော့ လွတ်လပ်စွာ အငွေ့ပျံကုန်နိုင်ကြောင့် ဖြစ်ပါသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်လာသော အရေးအကြောင်းများ၏ ၉၀% သည် နေရောင်ခြည်၏ ပူပြင်းမှု ဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။ အချိန်ကြာမြှင့်စွာ ပူပြင်းနေသော နေရောင်ခြည်နှင့် လှိုင်းအလျားတိုသော ခရမ်းလွန်ရောင်ခြည်တို့သည် အရေပြား၏ အနက်ရှိုင်းဆုံး နေရာအထိသို့ ထိုးဖောက် ၀င်ရောက်သွားနိုင်ပြီး အသားအရေကို ဖျက်ဆီးစေနိုင်ပါသည်.. ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားသည် ရောင်ခြယ် နည်းပါးသည့်အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေတွန့်ခြင်းလည်း ပို၍ ဖြစ်နိုင်ချေများပါသည်

နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူးသဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီထိ နေပူထဲသို့ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ ထိုအချိန်သည် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်များဖြစ်သည်။ တတ်နိုင်သမျှ အရိပ်အတွင်းသာ နေပါ။ နေရောင်ခြည်ဒဏ်မှ ခံနိုင်မည့် အ၀တ် အစားများကိုသာ ၀တ်ဆင်ပါ။ အရောင်ရင့်သော အ၀တ်အစားများကို ရှောင်၍ အရောင်ဖျော့တော့သော အ၀တ်အစားများနှင့် ချည်ထည်များကို ရွေးချယ် ၀တ်ဆင်ပါ။ Sunscreen ကို များများ အသုံးပြုပါ။ အပြင်မထွက်ခင် ၁၅မိနစ်မှ မိနစ်၃၀အတွင်း Sunscreen ကို ကြိုတင်၍ လူးထားပါ။ မိမိအရေပြားပေါ်တွင် ချွေးထွက်လျှင် သော်လည်းကောင်း၊ ရေစိုသွားလျှင် သော်လည်းကောင်း Sunscreen ကို ပြန်လူးပါ။ Sunscreen ကို တစ်နှစ်ပတ်လုံး အပြင်ထွက်သည့် အချိန်တိုင်း အသုံးပြုပါ။ UVB ၊ UBA ၂မျိုးစလုံးမှ အကာအကွယ်ပေးနိုင်သော Sunscreen ကို ရွေးချယ် ၀ယ်ယူပါ။ အပြင်ထွက်လျှင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော နေကာမျက်မှန်ကို ၀တ်ဆင်ပါ။ SPF ပါဝင်မှု များပြားသော မိတ်ကပ်ကို ရွေးချယ်သုံးစွဲပါ။ နှုတ်ခမ်းကိုလည်း SPF ပါသော နှုတ်ခမ်းနီမျိုးသာ အသုံးပြုပါ။ ညအိပ်ရာဝင်ချိန်နှင့် ရေချိုးပြီးတိုင်း Body Lotion ကို လူးပေးပါ။

နွေရာသီတွင် ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်၍ ဆုံးရှုံးသွားသော ဆားဓာတ်နှင့် ရေဓာတ်ကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည်။ အရေပြားအတွက် ရေဓာတ်လောက် အရေးတကြီး လိုအပ်သောအရာ မရှိပါ။ Moisturizer သည် နေ့စဉ် အသားအရေထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ရေဓာတ်ကို အခြေခံ၍ ဖော်စပ်ထားသော Moisturizer ကို ၀ယ်ယူအသုံးပြုပါ။ အပြင်ထွက်ရာမှ ပြန်လာတိုင်း မျက်နှာ သန့်စင်ဆေးကြောသော အကျင့်ကို မွေးမြူပါ။ မျက်နှာပြင်ကို ရေများစွာဖြင့် အကြိမ်အရေအတွက်များစွာ ထိတွေ့ သန့်စင်ပေးပါ။ ပူလွန်းအေးလွန်းသော ရေကို အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ ချွေးပေါက်တွင်းမှ ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်စေရန်အတွက် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းကို မကြာခန ပြုလုပ်ပေးပါ။ ခြောက်သွေ့သောအသားအရေ အတွက် ၅မိနစ်ခန့်၊ အဆီပြန်တတ်သော အသားအရေအတွက် ၁၀မိနစ်ခန့် အချိန်ယူပါ။ ပြီးလျှင် သန့်စင်သော အ၀တ်ဖြင့် ခြောက်သွေ့အောင် အသာအယာ သုတ်ကာ Moisturizer ကို လိမ်းပါ။

အနည်းဆုံး တစ်ပတ်တစ်ကြိမ် မျက်နှာကို အသီးအနှံများ သို့မဟုတ် အသီးအနှံဖြင့် ပြုလုပ်ထားသော ပေါင်းဆေးဖြင့်ပေါင်းတင်ပေးပါ။ မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာပြင်ပေါ်သို့ အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။ အရည်ရွှမ်းသော အသီးအနှံနှင့် ဗိုက်တာမင်ဒီ ပါဝင်သော အစားအသောက် များများစားပါ။ ငါးကြီးဆီစားပါ။ နွေရာသီတွင် အရေပြားအတွက် အရေးအကြီးဆုံး အချက်မှာ ရေများများ သောက်ပါ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ဖန်ခွက်ခန့်ထိ သောက်သုံးပေးပါ။ ပြုပြင်ထားသော အချိုရည်များထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံးသင့်ပါသည်။

အချို့သော သူများသည် မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ ခြေထောက်နှင့် လက်များအား ဂရုစိုက်ရန် မေ့လျှော့ ထားတတ်ကြပါသည်။ လက်နှင့် ခြေထောက်များကို ဂရုတစိုက် ထိန်းသိမ်းရန် မလို၊ အချိန်ကုန်သည်ဟု အထင်မှားနေတတ်ကြပါသည်။ မျက်နှာပြင် မည်မျှပင် လှပသော်လည်း ခြောက်သွေ့အက်ကွဲပြီး ညစ်ပေနေသော မသပ်မရပ် ခြေလက် အစုံနှင့်ဆိုလျှင် မိမိ ထိန်းသိမ်းစောင့်ရှောက်ထားသော မျက်နှာအလှသည်လည်း အလဟဿသာ ဖြစ်ပါလိမ့်မည်။ မိမိခြေလက်အစုံကို ၁၅မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကို ရေထဲထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း၍ စိမ်းပေးပါ။ ၄င်းသည် သွေးလှည်ပတ်မှုကို ကောင်းစွာ အထောက်အကူဖြစ်စေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅မိနစ်ခန့် ပြုလုပ်ပေးသင့်ပါသည်။ နွေရာသီတွင် ရှူးဖိနပ်ကဲ့သို့ လေ၀င်လေထွက် မကောင်းသော ဖိနပ်များကို ရှောင်ကျဉ်သင့်ပါသည်။ ခြေညှပ် ဖိနပ်အပါးများ ခုံအနိမ့်များနှင့် လေ၀င်လေထွက် ကောင်းမွန်သော ဖိနပ်များကိုသာ ရွေးချယ် စီးသင့်ပါကြောင်း အကြုံပြုလိုက်ပါရစေ။

Friday, April 16, 2010

အရက်သောက်တဲ့အခါ

လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့် အစာအိမ်တို့မှ စုပ်ယူပါတယ်။ ပျမ်းမျှအားဖြင့် အူသိမ်တွင် သွေးလည်ပတ်မှု အားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။

Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။


·ကိုယ်အလေးချိန်

သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။

· အမျိုးသားနဲ့ အမျိုးသမီး

အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက် မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊ သန္ဓေတားဆေး သောက်သုံးထားခြင်းများ အပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။

· အစားအသောက်

အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။


· စိတ်ခံစားမှု

အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်

· သောက်သည့် ပမာဏ

နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။

· အရက်အမျိုးအစား

အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။

Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။

သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Alcohol သည်

အဆင့် (၁)

သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်

ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်း

မိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊

မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်း

စကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်း

သက်တောင့်သက်သာ ရှိနေခြင်း

စိတ်ဖိစီးမှုများ လျော့နည်းလာခြင်း

မိမိကိုယ်ကို ယုံကြည်စိတ် လွန်ကဲနေတတ်ခြင်း

လူမှုရေး အရှုပ်အထွေးများ ဖြစ်ပေါ်စေရန် အားပေးခြင်း တို့ဖြစ်သည်။

အဆင့်(၂)

သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်

မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။

အာလေးလျှာလေး ဖြစ်လာခြင်း။

သတိလက်လွတ် စကားများ ပြောတတ်လာခြင်း။

ကိုယ်နေဟန်ချက်ကို မထိန်းနိုင်တော့ခြင်း။

အာရုံစိုက်၍ အသေးစိတ်လုပ်ရသော လုပ်ငန်းများကို မလုပ်နိုင်တော့ခြင်း။

မိမိကိုယ် ကို မထိန်းသိမ်းနိုင်တော့ခြင်း ။

စိတ်လိုက်မာန်ပါ လုပ်ကိုင်လာခြင်း၊

ရုပ်ရင်း ကြမ်းတမ်း လာခြင်း ၊

သူငယ်အိမ်ကျယ်လာခြင်း။

လျှာခြောက်လာခြင်း ။

ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။

အဆင့် (၃)

သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်

နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။

ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။

သား ငယ်အိမ်ကျဉ်းလာခြင်း။

ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။

နှုတ်ခမ်းများ ပြာလာခြင်း။

ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။

ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။

လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။

ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။

1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )

1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)

1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )

1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml

1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်

· စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊


·သက်တောင့် သက်သာရှိခြင်း၊


·ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း

တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်

· အာလေး လျှာလေးဖြစ်လာခြင်း

· အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊

· တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း

· စိတ်ဓါတ် တက်ကြွလာခြင်း

· ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊

· အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း

နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊

· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။

သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊

· မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။

· စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)

သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း

· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း

· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊

· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်

· ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း

· မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း

· အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊

· အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း

· ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။

·

လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်

· အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း

· ခံစားချက်မဲ့သွားခြင်း

· သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။


ဒါကြောင့် နှစ်သစ်မှာ ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။

အမျိုးသားများအတွက် အာဟာရ

လူသားတို့ တစ်နေ့တာ စားသုံးသော အစားအစာများသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက် အထောက်အကူပေးခြင်း ရောဂါများကို ကာကွယ်ပေးခြင်း များကိုပါ ဖြစ်ပေါ်စေပါက လွန်စွာ အဖိုးတန်ပေမည်။ တစ်ခါတစ်ရံတွင် လူသားတို့စားသုံးနေသော အစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း သို့မဟုတ် အရသာရှိသော်လည်း အာဟာရမဖြစ်စေခြင်း တို့ရှိတတ်ပေသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးကာ ကိုယ်လက် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါနှင့် တကွ အခြားသော ရောဂါများဖြစ်ပွားနိုင်သည့် နှုန်းကိုလျော့ကျစေပါသည်။

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရပြည့်စုံစွာ စားသုံးရန် ၊ ရင်သား ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများကို စားသုံးရန် စသည်ဖြင့် လိုအပ်သလို အမျိုးသားများတွင်လည်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးပြီး ယောင်္ကျားပီသရန် ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ရောဂါများကို ကာကွယ်ရန် အလို့ငှာ အာဟာရပြည့်စုံသော အစားအစာများကိုစားသုံးသင့်ပါသည်။

၎င်းတို့မှာ

၁။ ခရု ၊ ကမာ စသော ပင်လယ်စာများ

တစ်နေ့လျှင် ကမာကောင်၊ ကမုတ်ကောင် အနည်းငယ်စားသုံးဖြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ဇင့် ဓါတ်ကို တစ်နေ့တာ လိုအပ်ချက်နှင့် အညီ လုံလုံလောက်လောက် ရရှိမည်ဖြစ်သည်။ ဇင့်သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်ပေါင်းများစွာတွင် သာမက ဆဲများကို ပြုပြင်ရာတွင် အသုံးပြုသော DNA ကိုထုတ်ပေးရာတွင်လည်း ဇင့် ပါဝင်ပါသည်။
လေ့လာချက်များအရ ခန္ဓာကိုယ်တွင် လိုအပ်နေသော ဇင့်ပမာဏကို ပုံမှန်စားသုံးလျှင် ဆီးကျိတ်ကင်ဆာကို ဖြစ်စေနိုင်သော ဆဲလ်များ ပျက်စီးမှု ကိုကာကွယ်ခြင်း၊ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင် လိုအပ်သော ဆဲလ်ပျက်စီးမှုများကို ကာကွယ်နိုင်ခြင်း ၊ သုတ်ပိုး ပမာဏ များပြားလာအောင် ပြုလုပ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်စေပါသည်။
ထို့ကြောင့် အမျိုးသားများသည် တစ်နေ့တာလျှင် ဇင့်ပါသော အစားအစာများဖြစ်သည့် အကျည်းခွံပါသောငါး ၊ သို့မဟုတ် အမဲသား၊ အဆီလွတ် ၀က်သားများကို တစ်နေ့လျှင် ၁၁ မီလီဂရမ် ခန့်စားသုံးသင့်ပါသည်။

၂။ ငှက်ပျောသီး

ငှက်ပျောသီးတွင် အာရုံကြော စနစ်ကို ကောင်းမွန်စေသော၊ နှလုံး ခုန်ခြင်းကို မှန်စေသော၊ သွေးပေါင်ချိန်ကိုမှန်စေသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည်။ ငှက်ပျောသီး ကဲ့သို့ ပိုတက်စီယမ်နှင့် မက်ဂနီစီယမ် ဓါတ်များစွာ ပါဝင်သော သစ်သီးများကို ကို စားသုံးခြင်းသည် လေဖြတ်ခြင်း ကိုလည်း လျော့နည်းစေပါသည။် ထို့အပြင်တွင် ငှက်ပျောသီးတွင် vitamin B 6 ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ သွေးနီဥ ဖြစ်ပေါ်မှုကိုအားပေးခြင်း၊ အာရုံကြော စနစ် ကောင်းစေခြင်း ၊ အသားဓါတ်ဖြစ်ပေါ်မှုကို အားပေးခြင်းတို့ကိုဖြစ်စေပါ သည်။ အမျိုးသားများသည် ၎င်း တို့၏ မနက်စောစော အစာတွင် ငှက်ပျောသီးတစ်လုံး စားပေးခြင်း ကို ကိုယ်လက်လှုပ်ရှားမှု မပြုခင် ပြုလုပ်သင့်ပါသည် ။ ငှက်ပျောသီး အပြင် အခြား ပိုတက်စီယမ်ပါဝင်မှုများသော အစားအစာများဖြစ်သည့် လိမ္မော်သီးဖျော်ရည်၊ နွားနို့၊ ခရမ်းချဉ်သီးနှင့် ယင်းမှ ထွက်သော ထွက်ကုန်များ၊ ပဲအမျိုးမျိုးတို့ကို လည်းစားသုံးနိင်ပါသည်။


၃။ အိုမီဂါ 3 ဖက်တီးအက်ဆစ်


အိုမီဂါ 3 ဖက်တီး အက်ဆစ် (omega 3 fatty acid) ပါသော အစားအစာများကို စာသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီဓါတ်များကို ရရှိနိုင်ပါလိမ့်မည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် နှလုံး ၊ သွေးလည်ပတ်မှု၊ ကိုယ်ခံအားတို့ကိုကောင်းမွန်စေခြင်းတို့ကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ် (omega 3 fatty acid) သည် ယောင်ယမ်းမှုကို ကျစေသော အစွမ်း အာနိသင်ရှိပြီး သွေးထဲရှိအဆီတမျိုးဖြစ်သည့် လူကို အန္တရာယ်ဖြစ်စေနိုင်သော triglyceride ပမာဏကိုလျော့ကျစေခြင်း တို့ကြောင့် အားကစားသမားများတွင် ဖြစ်တတ်သော ကိုက်ခဲမှုများကို ပျောက်စေနိုင်ခြင်း၊ အဆစ်ယောင်ခြင်းများကို လျော့ကျစေနိုင်ခြင်းကို ဖြစ်စေပါသည်။



ဆယ်လ်မွန်ငါး ၊ ဆာဒင်းငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ပင်လယ် ငါး အသေးစားကလေးများ စသည်တို့မှာ အိုမီဂါ3 ဖက်တီးအက်ဆစ်(omega 3 fatty acid) များစွာပါဝင်သော ငါးများဖြစ်သည်။ American Heart Association မှ လူတိုင်းတိုင်း သည် တစ်ပတ်လျှင် နှစ်ကြိမ် ယင်းအစားအစာများကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို အပင်များ မှ ရသော အစားအစာများတွင် တွေ့ရှိရသော်လည်း ငါးများတွင် အိုမီဂါ 3 ဖက်တီး အက်ဆစ်(omega 3 fatty acid) အပြင် ဗိုက်တာမင် ဒီ များစွာ ပါဝင်သောကြောင့် ဗိုက်တာမင်ဒီ၏ အကျိုးအာနိသင်များဖြစ်သော ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊ သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း၊ အရိုးပွခြင်းကို ကာကွယ်ပေးခြင်းတို့ကို ပါ လုပ်ဆောင်ပေးပါသည်။


၎။ Broccoli


Broccoli တွင် ဗိုက်တာမင် စီ၊ ဘီတာ ကယ်ရိုတင်း၊ ပိုတက်စီယမ်၊ sulphoraphane စသော ပစ္စည်းများပါဝင်သောကြောင့် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာများ ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ လေ့လာချက်များအရ အစိမ်းရောင်ရှိသော အရွက်များကို စားသုံးခြင်းဖြင့် ဟိုမိုစစ်စတင်း (homocysteine) ပမာဏကို နည်းစေပြီး ၎င်း ကြောင့် ဖြစ်စေသော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ Broccoli အပြင် ယင်းကဲ့သို့ပင် ကြွတ်ရွသော အခြားအစားအစာများဖြစ်သည့် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။


၅။ အခွံမာသော အသီးများ



Brazil မှ ထွက်ရှိသော မြေပဲအပါအ၀င် အခွံမာသော အသီးများတွင် မက်ဂနီစီယမ် (magnesium ) နှင့် စီလီနီယမ် (selenium) စသော antioxidant များ ပါဝင်ကာ ၎င်းတို့သည် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ စီလီနီယမ်သည် သွေးထဲတွင်ရှိသော အန္တရာယ်ဖြစ်စေနိုင်သော အဆီဓါတ်တမျိုးဖြစ်သည့် LDL ကိုလျော့နည်းစေပြီး သွေးကြောများထဲတွင် သွေးခဲဖြစ်ပေါ်မှုကို နှောင့်နှေးစေပါသည်။ ထိုကြောင့် Brazil မှာထွက်ရှိသော အခွံမာသီး အမျိုးမျိုးကို တစ်နေ့လျှင် တစ်လုံး ကျ စားသုံးခြင်းဖြင့် စီလီနီယမ် ဓါတ် ၅၅ မီလီဂရမ်ရရှိကာ သင့်တစ်နေ့တာ လိုအပ်မှုကို လုံလောက်စေကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။

၆။ ဂျုံ နှင့် ဆန်



ဂျုံနှင့် ဆန်တွင် အမျှင်ဓါတ် ၊ ဗိုက်တာမင် (vitamin) ၊ မင်နရယ် (minerals) နှင့် အခြား အကျိုးဖြစ်စေသော ပစ္စည်းများပါဝင်သောကြောင့် နှလုံး ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းခြင်း များကိုဖြစ်စေပါသည်။ ဆန်ဂျုံနှင့် ယင်းတို့မှထွက်သော ပစ္စည်းများတွင် အမျှင် ဓါတ်များအပြင် ဗိုက်တာမင် ဘီ များပါဝင်သဖြင့် သွေးထဲရှိ LDL ပမာဏကို နည်းပါးစေကာ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် အမျိုးသားများသည် အစာခြေဖျက်ရန်လွယ်ကူသောအမျှင် ဓါတ် များစွာပါသော အစာများဖြစ်သည် ပန်းသီး ၊ ပဲအမျိုးမျိုး ကို တနေ့လျှင် ၁၀-၂၀ ဂရမ် စားသုံးခြင်းဖြင့် ဆီးကျိတ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါသည်။



၇။ ဟင်းသီး ဟင်းရွက်များ



Stanol ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် တွေ့ရပြီး ၎င်း သည် သွေးထဲရှိ ကိုလက်စထရော ပမာဏကို ကျစေပါသည်။ ထို့ကြောင့်အမျိုးသားများသည် stanol ပါဝင်သော ဟင်းသီးဟင်းရွက်များ၊ မာဂျရင်း ၊ ဒိန်ချဉ် ၊ လိမ္မော်သီး ဖျော်ရည် များ ကို တစ်နေ့လျှင် ၂ ဂရမ် ခန့် စားသုံးခြင်းဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှု ပမာဏကို နည်းစေပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို များ ပြားလာမှုကို ဟန့်တားပေးနိုင်ပါသည်။



၈ ။ ပဲပိစပ်


ပဲပိစပ် တွင် sioflavone ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေးကို ကောင်းစေကာ ဆီးကျိတ်ကင်ဆာဖြစ်ပေါ်မှုကို လျော့ကျစေပါသည။် လေ့လာချက်များအရ တစ်နေ့လျှင် ပဲဘိစပ် ၂၅ ဂရမ် ကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပမာဏကို ကျစေပါပြီး နှလုံးရော ဂါ ဖြစ်ပွားမှုကို နည်းပါးစေ သည်ဟု ဆိုပါသည်။ ပဲဘိစပ် အပြင် ပဲဘိစပ် ဖြင့် လုပ်ထားသော အစားအစာများ ဖြစ်သည့် ပဲနို့ ၊ ပဲနှင့် လုပ်ထားသော ချိစ် ၊ တို့ဖူး စသည်တို့ကိုလည်း စားသုံးနိုင်ပါသည်။



၉။ ဘယ်ရီသီး သို့မဟုတ် ချယ်ရီသီး



ခရမ်းရောင် ၊ အပြာရောင် နှင့် အနီရောင် ရှိသော ဘယ်ရီသီး များတွင် antioxidant အမျိုးအစားပေါင်း ၄၀၀၀ ကျော် နှင့် ဗိုက်တာမင်စီပါဝင်သည့်အတွက် များစွာသောအကျိုးကျေးဇူးများကို ရနိုင်ပေသည်။ ဘယ်ရီသီးမျိုးစုံကို စားသုံးခြင်းဖြင့် အသက်အရွယ် ကြီးမှုကြောင့် ဖြစ်ပေါ်လာသော ဦးဏှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ၊ကို နည်းပါးစေပြီး ဦးဏှောက်ကျန်းမာရေးကို ကောင်းစေပါသည်။



၁၀။ အနီရောင် သို့မဟုတ် လိမ္မော်ရောင် ရှိသော အသီးများ



ယင်းသို့သော အသီးအနှံများတွင် ဗိုက်တာမင်စီ နှင့် ဘီတာကယ်ရိုတင်း (Beta-carotene ) စသော antioxidant များပါဝင်သောကြောင့် အသားအရေကို ကျန်းမာလှပစေပါသည်။ ဗိုက်တာမင်စီသည် အမျှင်ဓါတ်ဖွံ့ဖြိုးမှုတွင် ပါဝင်ပြီး ဘီတာကယ်ရိုတင်း (beta-carotene) သည် ဗိုက်တာမင် အေကို အားဖြည့်ပေးသဖြင့် အရေပြားရှိ ဆဲများ ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါသည်။ ထို့ကြောင့် လိမ္မော်ရောင်ရှိသော အသီးအနှံများဖြစ်သည့် ငရုတ်ပွသီးအနီ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများကို စားသုံးသင့်ပါသည်။ထို့အပြင် ဗိုက်တာမင်စီ၊ ဘီတာကယ်ရိုတင်းနှင့် ပိုတက်စီယမ်ဓါတ်များစွာ ပါဝင်သော အသီးအနှံများသည်လည်း ဆီးကျိတ်ကြီးထွားမှုကို လျော့နည်းစေပါသည်။အမျိုးသားများသည် ထိုသို့သော ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို စားသုံးခြင်းအပြင် ကိုယ်လက်လှုပ်ရှားမှု များပြုလုပ်ခြင်း ဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း ၊ ကြွက်သားများသန်စွမ်း စေခြင်း၊ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဓါတုပစ္စည်းများ၏ ဒဏ်ကိုခံနိုင်ခြင်းတို့ကြောင့် ကျန်းမာသန်စွမ်းသော ဘ၀ကိုပိုင်ဆိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။