Sunday, January 31, 2010

လောကမာရဇိန် စေတီတော်

လောကမာရဇိန် စေတီတော်
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်မှာ ကြန်တောကျေးရွာရှိပါတယ်။ ကြန်တောကျေးရွာရဲ့ ရွာဦးထိပ်မှာ ပြိုပျက်နေတဲ့ စေတီတော်ဟောင်း တစ်ဆူ ရှိပါတယ်။ စေတီတော်ဟောင်းကိုဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ရန် ကျောင်းထိုင် ဆရာတော်ကြီး အရှင်စန္ဒာသီရိထံ ဂေါပကအဖွဲ့က လျှောက်ထား ခွင့်ပန်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရပြီး ဆရာတော်ကြီးအား ဦးထိပ်ထားကာ ရယက ဥက္ကဋ္ဌက ဥက္ကဋ္ဌတာဝန်ယူပြီး အဖွဲ့ဝင် ၂၇ ဦး ပါဝင်တဲ့ ဂေါပကအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
တိလောကမာရဇိန်စေတီတော် ကြီးကို ၁၂ဝ၅ ခုနှစ်တွင် ကြန်တော ရွာသား ဦးမြမောင်က ကိုးတောင်ပြည့် စေတီတော်အဖြစ် စတင်၍တည်ထား ကိုးကွယ်ခဲ့ကြောင်း ရှေးလူကြီးများ က ပြောပြခဲ့ကြပါတယ်။
ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး ၂ဝဝ၇ ခု မတ်လ ၁၂ ရက်နေ့မှာ စေတီ တော်ဟောင်းကြီးကို စတင်ရှင်းလင်း ပြုပြင်ကြပါတယ်။ နောက်တစ်နေ့မှာ သပိတ်မှောက်နေရာမှ ရဟန္တာရုပ်တု၊ ရှင်ဥပဂုတ္တမထေရ် ဆင်းတုတော်နဲ့ အိုးကွဲများကိုတွေ့ရပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ ဆယ့်နှစ်တောင်ပြည့် စေတီတော်ထဲမှ ကိုးတောင်ပြည့်စေ တီတော်ကိုဖူးတွေ့ရပါတယ်။ မတ်လ ၁၉ ရက်နေ့တွင် ဆယ့်ခုနစ်တောင် ပြည့်စေတီ တနင်္ဂနွေထောင့်၊ ပထမ ပဉ္စယံမှ သတ္တဋ္ဌာနတစ်စုံကိုဖူးတွေ့ရ ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာ မြေအောက်ဋ္ဌာပနာတိုက်မှ သတ္တဌာန တစ်စုံနဲ့ ရုပ်ပွားတော်ကြေးဆင်းတု ၈ဝ ကျောက်ဆင်းတု ၂ဝ နဲ့ ရေ အပြည့်ပါဝင်ပြီး ရေမခန်းတဲ့ ရေအိုး ငယ်တစ်လုံးကို ရရှိခဲ့ပါတယ်။ ရေ မခန်းတဲ့အိုးငယ်ကို မြေအိုးဖုံးနဲ့ဖုံးအုပ် ထားပါတယ်။ ဓာတ်တော်များပါတဲ့ အိုးကိုလဲ ဖူးတွေ့ရပါတယ်။
ကြန်တောရွာစေတီဟောင်းမှ ဓာတ်တော်များ ဖူးတွေ့ရတဲ့ သတင်း ကြောင့် ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာဝင် သူတော်စင်များတဖွဲဖွဲလာရောက်ဖူး မျှော်ကြည်ညိုကြပါတယ်။ စေတီ တော်ပြုပြင်ရာမှာ လိုအပ်နေတဲ့ စိန် ဖူးတော်၊ ထီးတော်၊ တန်ဆောင်း၊ ပြာသာဒ်၊ အုတ်တံတိုင်း စသည့်အလှူ ရှင်များလဲ ပေါ်ပေါက်လာပါတယ်။ စေတီတော်ကြီးကိုပြုပြင်ရန် အလှူ ဒါယကာများအားလုံး ပြည့်စုံနေတာ ကြောင့် ဆရာတော်ကြီးက စေတီ တော်ဟောင်းမှရရှိထားသော ဌာပနာ ပစ္စည်းများကို အမြန်ဆုံးဌာပနာသွင်း ပြီး ဋ္ဌာပနာပိတ်ခဲ့ပါတယ်။
စေတီတော်ကြီးအား ထီးတော် မတင်မီ မဟာရံတံတိုင်း၊ တံခွန်တိုင် နဲ့ရင်ပြင်တော်ကျောက်ပြားခင်းသည့် လုပ်ငန်းဆောင်တာများကို ဂေါပက အဖွဲ့ဝင်များနဲ့ ပန်းရံဆရာများလုပ် ကိုင်ဆောင်ရွက်ကြပါတယ်။ ကျေးရွာ လူထုကလဲ လုပ်အားဒါနပါဝင် လှူဒါန်းကြပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ စနေနေ့ ညနေ ငါးနာရီခွဲခန့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင် လတ်၊ အတွင်းရေးမှူး ဦးအောင် ကြွယ်၊ စာရင်းကိုင် ဦးဘအုန်း (အမကအုပ်)အဖွဲ့ဝင် ဦးဆိုက်တိုး၊ ဦးအောင်မောင်း၊ ဦးကျော်ခင်တို့ စေတီတော်ရဲ့ အင်္ဂါထောင့်မှာ မြေ ညှိနေကြတုန်း ဥက္ကဋ္ဌ ဦးခင်မောင် လတ်က မြေကြီးထဲမှတွေ့ရတဲ့ ပဲစေ့ ခန့် အလုံးကလေး သုံးလေးလုံးကို ကောက်ပြီး'' ဓာတ်တော်နဲ့တူတယ်'' လို့ပြသပြီး ပြောဆိုလိုက်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကလဲ မြေကြီးထဲမှ ဓာတ်တော်များ ရရှိဖူးကြောင်း မကြား ဖူး၍သိပ်ပြီးမထင်မှတ်ကြပါ။ သာမန် စကားအဖြစ်နဲ့သာ သဘောထားကြ ပါတယ်။ ညနေလူစုခွဲပြီး အိမ်ပြန် သွားကြတဲ့အခါ ပန်းရံဆရာဦးမြင့်ဝင်း ရဲ့ ကိုးနှစ်ရွယ် သမီးလေး မစုမြတ် အောင်က အနီးမှာရှိပြီးကြားလိုက် တာကြောင့် ဂေါပကလူကြီးများ ပြန် သွားကြတဲ့အခါ ဓာတ်တော် လေးငါး ဆူကိုကောက်ယူပြီး သူ့ဖခင်ကိုသွား ရောက်ပြသပါတယ်။ ပန်းရံဆရာ ဦးမြင့်ဝင်းကလဲ ဓာတ်တော်ဖြစ်နိုင် ကြောင်း ခန့်မှန်းပြီး ပို၍ သေချာရန် ဆရာတော်ကြီးထံသွားရောက်ပြီး ချက်ချင်းပြသ လျှောက်ထားပါတယ်။ ဆရာတော်ကြီးက ဓာတ်တော်များ အား စစ်ဆေးကြည့်ရှုပြီး ဓာတ်တော် အစစ်များဖြစ်ကြောင်း မိန့်တော်မူပါ တယ်။
ဘုရားစေတီရင်ပြင်တော်မှ ဓာတ် တော်များထူးခြားစွာပေါ်ပေါက်လာ တဲ့သတင်းကြောင့် အနယ်နယ်အရပ် ရပ်မှ ပရိသတ်များလာရောက်ဖူးမြှော် ကြပါတယ်။ လာရောက်ပြီးကြည်ညို ကြရင်းနဲ့ ရွှံ့ခဲမြေကြီးများကို ကျုံး ယူကြပြီး ဓာတ်တော်များကိုရွေးခြယ် သန့်စင်ကာ ပုလင်းများနဲ့ ထည့်ပူဇော် ကြပါတယ်။ နောက်ပိုင်းဓာတ်တော် များပေါ်ထွန်းရာ စေတီတော်ရဲ့ အင်္ဂါ ထောင့်မှာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည်ဖြစ်၍ ပန္နက် ရိုက်ပြီး ရာဇမတ်ကာရံထားပါတယ်။ မြေကြီးခဲများကိုလဲ ယူဆောင်ခွင့်မပြု တော့ဘဲ ပူဇော်လိုတဲ့ဧည့်ပရိသတ် များအား ဓာတ်တော်များကို ပုလင်းနဲ့ ထည့်ပြီး ဆရာတော်ကြီးကိုယ်တိုင် ချီးမြှင့်ပေးပါတယ်။
ဘုရားရင်ပြင်မှ မြေကြီးခဲကို ကျုံးယူတိုင်းဓာတ်တော်များ ရရှိပါ တယ်။ ကျေးရွာအလှူအတန်းများ မှာချက်ပြုတ်ရာ၌ အသုံးပြုတဲ့ ဒန်အိုး ကြီးဆယ်လုံးခန့်နဲ့ ရွှံ့ခဲ မြေကြီးများ ကို ကျုံးယူပြီး ကျောင်းပေါ်မှာ ရေ စိမ်ထားပါတယ်။ နောက်ပြီး ရွှံ့ခဲ များကို လက်နဲ့ခြေမွရပါတယ်။ ပြီး တော့ ချောင်းထဲသို့သွားပြီး ဓာတ် တော်များကိုရွေးချယ်ကာ ရေဆေး ကြပါတယ်။ ကျောင်းပေါ်မှာ အခြောက်လှန်းပြီး ဆန်ကော၊ လင် ပန်း၊ ဒန်အိုးဖုံးများနဲ့ သဲများ ခဲများ နဲ့ရောနှောနေတဲ့ ဓာတ်တော်များကို ကျောင်းပေါ်မှာပဲ ရွေးကြပါတယ်။ ကြန်တောရွာ ဒါယိကာမများက လုပ် အားပေးကုသိုလ်ပြုကြပါတယ်။
ဓာတ်တော်များရဲ့ အရွယ်အစား မှာ မုန်ညှင်းစေ့မှ ပဲနောက်စေ့၊ ပဲ လွန်းစေ့အရွယ်များဖြစ်ကြပါတယ်။ ရွှေရောင်ဝင်းနေတဲ့ ဓာတ်တော်များ လဲ ဖူးတွေ့ရပါတယ်။
ထူးခြားသော ရှေးဟောင်းစေတီ တော်နှင့် ထူးခြားစွာဘုရားရင်ပြင် တော်မှထွက်ပေါ်လာတဲ့ ဓာတ်တော် များကို ဒေသအသီးသီးမှ ဗုဒ္ဓဘာသာ များလာရောက်ဖူးမြှော်ကြည်ညိုကြပါ တယ်။ ဘုရားထီးတော်တင်ပြီး နောက်ပိုင်း စေတီတော်မှ ရောင်ခြည် တော်များ ညစဉ်လွှတ်ပါတယ်။ ရောင် ခြည်တော်လွှတ်ခါနီး ဆယ်မိနစ်ခန့် အလိုမှာ စေတီတော်ကဆည်းလည်း များက အသံမြည်ပေးပါတယ်။ လေ တိုက်လို့မမြည်တဲ့ ဆည်းလည်းများ က သတိပြုကြဖို့အသံပေးတာ ဖြစ် ကြောင်းပြောဆိုနေကြပါတယ်။ ဥပုသ်နေ့ညမှာ ရောင်ခြည်တော်များ ပိုပြီးကွန့်မြူးပါတယ်။
ပို၍ ထူးခြားအံ့သြဖွယ်ကောင်း တာက မင်းတပ်မြို့နယ် ပန်းအော့ ကျေးရွာမှာ သာသနာပြုနေတဲ့ ဖျာပုံ သားဦးပဉ္ဇင်းက သူ့မှာပါတဲ့ ဒစ်ဂျစ် တယ်ကင်မရာနဲ့ ဓာတ်ပေါင်းစုစေတီ တည်မည့်နေရာမှာ အဖွဲ့များနဲ့ ပရိသတ်များကြည်ညိုနိုင်အောင် ပြသထားတဲ့ ဓာတ်တော်များကို ရိုက် ကူးပြီး ဖွင့်ကြည့်တဲ့အခါ စေတီတော် မှ ရောင်ခြည်တော်ကွန့်မြူးနေပုံများနဲ့ ဆရာတော်ကြီး အရှင်စန္ဒာသီရိပုံတော် များပါ ထူးထူးခြားခြားပေါ်ပေါက်လာ ပါတယ်။ အချိန် ၃၁ စက္ကန့်သာကြာ ပါတယ်။ တစ်ဆင့်ကူးယူပြီးကြည်ညို ကြတာလဲ မင်းတပ်နဲ့ ယောနယ်မှာ ပျံ့နှံ့သွားပါပြီ။
တန်ခိုးကြီးပြီး ထူးခြားတဲ့ တိ လောကမာရဇိန်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုလိုပါက ပခုက္ကူကျောက်ထုကံကြီးရွာသို့ နေ့ စဉ်လိုင်းကားများရှိပါတယ်။ မန္တလေး မှ မင်းတပ်သို့ ပြေးဆွဲတဲ့ ဘတ်စ် ကားလဲ မန္တလေးမှ တနင်္လာနေ့နဲ့ သောကြာနေ့များမှာ ညနေ ၆ နာရီ ထွက်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ သွားရောက်ဖူးမြော်နိုင်ပါရန် လမ်း ညွှန်လိုက်ပါတယ်။

No comments:

Post a Comment