`သူများတွေဘာတွေးတယ် ဆိုတာ မေ့ထားလိုက်
အရေးကြီးတာက ခင်ဗျားဘာကို တွေးသလဲဆိုတဲ့ အချက်ပဲ
ခင်ဗျား ကိုယ်ကို ခင်ဗျား ယုံကြည်ဖို့ပဲ´
(နီးကိုလပ် ဘက်ဖယ်)
အမြဲတမ်း စိုးရိမ်ပူပန်တတ်သူသည် ဘ၀အားမာန်နှင့် ဘ၀ပျော်ရွှင်မှုကင်းမဲ့တတ်ကြသည်ဟု ကမ္ဘာကျော်စိတ်ပညာရှင်တစ်ဦးက ပြောဖူးသည်။
အဓိကအချက်မှာ `အတွေး´ဖြစ်သည်။ မှန်သောအတွေးကို မတွေးဘဲ မှားသောအတွေးကို တွေးသောကြောင့် ဖြစ်သည်။ အတွေးမှားလျှင် ကိုယ်အား စိတ်အားကို ယုတ်လျော့စေသည်။ မှားသော အလုပ်ကို
လုပ်မိစေသည်။
နေ့စဉ်နေ့သစ် ထွန်းလာတိုင်း ကျွန်ုပ်တို့အတွက် အခွင့်အလမ်းသစ်တွေပေါ်ထွန်းလာသည်
ပစ္စုပန်တွင်အောင်မြင်အောင် ကြိုးစားလုပ်ဆောင်နိုင်သည်။ သို့သော် အောင်မြင်မှု၊
မအောင်မမြင်မှုသည် အရာတစ်ခုပေါ်တွင်သာ တည်၏ ။ ယင်းအရာကား အခြားမဟုတ် `အတွေး´ ဖြစ်၏
ကျွန်ုပ်တို့ကိုယ်ကြိုက်သလိုတွေ
ကျွန်ုပ်တို့အား မချုပ်ချယ်နိုင်၊ မတားဆီးနိုင်။
တို့ကြောင့် မိတ်ဆွေသည် ကျန်းမာလိုလျှင်၊ စိတ်ချမ်းသာလိုလျှင်၊ ကြီးပွားတိုးတက်လိုလျှင်၊ အောင်မြင်လိုလျှင် အတွေးမှန်ကန်ရမည်။ အတွေးမှန်ဖို့အတွက် ကြောက်ခြင်း၊
စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကို ရာသက်ပန် မောင်းထုတ်ရပစ်ရမည်။
ယင်းတို့သည် မိတ်ဆွေအတွက် ရန်သူအတွေးများ ဖြစ်ကြသည်။
ခွန်အားနှင့်သတ္တိတို့ကိုလုယြူ
လူရာမ၀င်နိုင်သည့်အခြေအနေမျိုး
မိတ်တွေအနေဖြင့် ကိုယ့်အသက်ကို ရန်ပြုသည့် အထိပင် ဖန်တီးကြလိမ့်မည်။
ကပ်ရောဂါများ ဖြစ်ပွားသော အခါ လူတော်တော်များများသည် ဘာရောဂါမျှမဖြစ်ဘဲ သေးဆုံးသွားကြသည်။ အမှန်မှာ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်ကြောင့်သေကြရြ
အတွေးစိတ်ကော်းလျှင် ကိုခနာကောင်းသည်။ အတွေးစိတ်မကောင်းလျှင် ကိုယ်ခနာလည်းမကောင်း၊
မိမိစိတ်ကျန်းမာရေးအတွက် စိတ်မချမ်းသာဖြစ်နေခြင်း၊ စီးပွားရေး အတွက် စိတ်ဓါတ်ကျနေခြင်းသည် `ဘယ်သူမပြုမိမိမှု´ ပင်ဖြစ်သည်။ မိမိကြဲသော မျိုးစေ့မှထွက်လာသော အသီးအပွင့်ကို
ရရှိခြင်းပင်ဖြစ်၏။
လူ့ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်အတတ်နိုင်ဆုံး
သန့်ရှင်းပါစေ၊ စနစ်တကျရှိပါစေ၊ သင့်တင့်လျောက်ပတ်တဲ့ ၀တ်စားဆင်ယင်မှု
ဖြစ်ပါစေ။ဒီနည်းနဲ့သာလျှင် လူ့ဘ၀မှာ အပြည်ဝဆုံး တိုးတက်ပြီး အပြည့်ဝဆုံး
အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်လိမ့်မည်။
အလုပ်နှင့်မိသားစုရေးပြသာနာများ
စိတ်ဓါတ်ကျခြင်း၊ ကိုယ်ကိုယ့်ကိုလျှော့တွက်ခြင်း
အထင်သေးမည်ကို ကြောက်ခြင်း၊ ဆုံးရှုံးမည်ကို စိုးရိမ်ခြင်း၊ ရောဂါဖြစ်မည်ကို
ကြောက်ခြင်း၊ သေမည်ကို ကြောက်ခြင်းတို့ကြောင့် တန်ဖိုးရှိသော
ပုဂ္ဂိုလ်ပေါင်းများစွာ သေဆုံးသွားခဲ့ကြပြီ။
တို့ကြောင့် သောကစိတ်၊ ကြောက်စိတ်တို့ဖြင့် မိမိ၏စွမ်းအားကို ဖျက်ဆီးမပစ်ပါနှင့် ကြီးပွား တိုးတက်ချင်လျှင် အတွေးသန့်ရှင်းရမည်။ အတွေးမှန်ရမည်။ မသန့်ရှင်းသော အတွေး၊ မမှန်သော အတွေးသည်
မိမိ၏ရန်သူဖြစ်သည်။ ရန်သူက မိမိအား မသတ်ခင် မိမိက အလျင်သတ်ပါ။
လူများစွာတို့သည် အတွေးမမှန်သောကြောင့် ဆင်းရဲနေကြသည်။ ရှုံးနိမ့်နေကြသည်။ ကျန်းမာရေးညံ့နေကြသည်။
ဘ၀တိုက်ပွဲသည်းလည်း ထိုအတိုင်းပင်ဖြစ်၏။ အောင်ပွဲခံချင်လျင် အောင်စိတ်မွေးပါ။ အောင်တွေး တွေးပါ။ မိမိတို့သည် အတွေးစိတ်၏လမ်းညွှန်ရာဘက်သို့ သွားနေကြသည်။ အောင်ပွဲသို့သွားလျှင်
အောင်လိမ့်မည်။ ရှုံးပွဲသို့သွားလျှင် ရှုံးလိမ့်မည်။
လူတိုင်းလူတိုင်းသည်း အတွေးမှန်၊ အလုပ်မှန်ကာ ရည်မှန်းချက်အတိုင်း ဘ၀အောင်ပွဲခံကြရန်သာရှိတော့သည်။ ။
No comments:
Post a Comment