Sunday, February 21, 2010

ဆေးနည်းအလွယ်

ဆံပင်မဖြူချင်ရင်

တရုတ်လူမျိုးတွေအများဆုံးကျင့်သုံးခြင်းကြောင့်သိရှိရခြင်းဖြစ်ပါတယ်ရှင်အသက်အရွယ်ကြီးရင့်
လာသည်အထိဆံပင်တစ်ပင်တောင်မဖြူပဲနက်မှောင်တဲ့ဆံပင်မျိုးကို
ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငယ်ရွယ်စဉ်ကစပြီးနေ့စဉ်မနက်မျက်နှာ
သစ်ပြီးတိုင်းမိမိလက်မှာကျန်တဲ့ရေနဲ့ဦးခေါင်းရှိဆံပင်ကိုပွတ်သပ်ပေးရုံဖြင့်
အသက်အရွယ်ကြီးရင့်သည်အထိဆံပင်များနက်မှောင်နေမှာဖြစ်ပါတယ်
ငွေကြေးအကုန်အကျသက်သာသည့်အပြင်နေ့စဉ်ပုံမှန်လုပ်ပေးသွားရုံဖြင့်
မိမိအတွက်ဆံကေသာနက်မှောင်ခြင်းကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်

မျက်စိကျိန်းရင်မျက်ရည်ပူကျရင်

မျက်စိကျိန်းရင်မျက်ရည်ပူကျရင် တမာရွက်သတ္ကုရည်(တမာရွက်အစိမ်းကို
ထောင်းလိုက်ရင်ရတဲ့အရည်) ကိုမျက်စိထဲ ခပ်ပေးရင် သက်သာပျောက်ကင်းစေပါတယ်။

ထိမိရောင်မိခဲ့သော်

ယင်းဆေးနည်းမှာ........
လက်ဖက်သားအစို... ၅ ကျပ်သား
ကျောက်ချဉ်........... ၃ကျပ်သား
အိမ်သုံးဆား .......... ကွမ်းသီးလုံးခန့်
၎င်း၃မျိုးကို ငရုတ်ဆုံတွင် ထည့်ထောင်းပြီး ရောင်ကိုင်းနေသောနေရာအား
အုံပေးပါ။ နောက် ကိုယ်ရံကြီးပင်မှ အရွက်တစ်ရွက်ဖြင့်အုပ်၍ အ၀တ်စည်းပြီး
၎င်းနေရာကို မကြာခဏရေဆွတ်ပေးရုံသာ ဖြစ်ပါသည်...


ဝမ်းကိုက်သော်.......ကြို့ထိုးသော် အမြန်ပျောက်
ဝမ်းကိုက်ရင် kiss me quick ပန်းပင်မှ အရွက် ၅ ရွက် ၆ ရွက် ကို
ရေမဆေးပဲစား...ချက်ချင်းပျောက် ကိုယ်တွေ့ ဆေး..

ကြို့ထိုးသော် ခေါင်းကိုမော့ ...လှန်ပြီး..၁၂၃၄ ရေ..အသက်ပြင်းပြင်း
ပါးစပ်နဲ့ အား၇ပါးရ ရှူ......၃၀ ပြည့်ရင် ပျောက်.. ရောဂါ ပြောက်တာနော်
...လူပျောက်သွားတာမဟုတ်ဘူး



..... ကြို့ထိုးရင် အသက်အောင့်ပြီး ရေ ကို (ရေငတ်တုန်းရေသောက်သလိုမျိုး)
ရေလုံးကြီးကြီး ၉ ခါမျိုချပါ။ နောက်တစ်နည်းက ကြို့ထိုးတဲ့ သူကို
စိတ်ဆိုးအောင် လုပ်လိုက်ရင် လည်း ကြို့ထိုး တာ ချက်ခြင်းပျောက်ပါတယ်..

No comments:

Post a Comment