Tuesday, February 9, 2010

ကိုးဘွဲရဆရာတော်ဘုရား၏အဆိုမိန့်များ

တူညီမှု
ကိုယ်ကြိုက်တာကိုယ်လုပ်
ကိုယ်ဖြစ်ရင်ကိုယ်ခံ။
လုပ်ယူစမ်းပါ
ပါရမီပြည့်အောင်စောင့်မနေပါနဲ့၊
တောင်းမယူပါနဲ့၊လုပ်ယူပါ။
သူတော်ကောင်းဆိုတာ`
သူကတော်တော်မတော်တော်
ကိုယ်ကတော်အောင်နေရမယ်၊
သူကကောင်းမကောင်းကောင်း
ကိုယ်ကကောင်းအောင်နေရမယ်။
လူယုတ်မာဆိုတာ
မိဘကိုစွမ်းနိုင်ပါလျက်မလုပ်ေ
က်ြူးဘဲ
တမင်ပစ်ထားရင်ကြွေူလည်းတင်မယ်၊
လူယုတ်မာလည်းဖြစ်တယ်။
လူတော်နဲ့လူကောင်း
ပညာတတ်ရင်လူတော်
အကျင့်စာရိတ္တကောင်းရင်လူကောင်း
လူတော်လည်းဖြစ်ပါစေ
လူကောင်းလည်းဖြစ်ပါစေ။
မညာနဲ့
လူကိုပဲညာလို့ရမယ်
ကံကိုတော့ညာလို့မရဘူး။
အချစ်နဲ့သောက
အချစ်တစ်ခုရှိရင်သောကတစ်ခုရှိတယ်၊
အချစ်တစ်ထောင်ရှိရင်သောကတစ်ထောင်ရှိတယ်
အချစ်မရှိရင်သောကလည်းမရှိဘူး။
မဖြစ်ချင်နဲ့
မဖြစ်နိုင်တာကိုအတင်မဖြစ်ချင်ပ်ါနဲ့
ဘ၀ဆိုတာတစ်ခုပေးမှတစ်ခုရတဲ့လူ့ဘ၀ပါ
မအိုချင်ရင်အပျိုဘ၀နဲ့သေ။
ငို-မငို
ဆွေမျိုးမပျက်၊ဥစ္စာမွဲ၊ရောဂါစွဲရုံနဲ့တော့မငိုပါနဲ့၊
အကျင့်ပျက်၊ဘာသာပျက်ရင်သာငိုပါ။
ဒါပဲရမယ်
ဒါပဲတွေးတော့ဒါပဲစဉ်းစားတော့ဒါပဲရတာပေါ့၊
စာပဲတွေးတော့စာပဲစဉ်းစားတော့စာပဲရတာပေါ့၊
တရားပဲတွေးတော့တရားပဲစဉ်းစားတော့တရားပဲရတာပေါ့။
ဘယ်လိုပြေးတာလဲ
တစ်နေ့တစ်လံပုဂံဘယ်မရွေ့ပေမယ့်
ပုဂံကိုကျောခိုင်းပြီးပြေးရင်တော့ဘယ်တော့မှမရောက်ဘူးမှတ်။
သံယောဇဉ်ဆိုတာ
ချစ်တာမှသံယောဇဉ်မဟုတ်ဘူး
မုန်းတာလည်းသံယောဇဉ်ပဲ။
ချစ်တဲ့သူကိုမှမေ့လို့ရတာမဟုတ်ဘူး
မုန်းတဲ့သူကိုလည်းမေ့လို့မရဘူး။
လူဆိုးနဲ့လူကောင်း
စိတ်ကောက်ရင်လူကောက်ဖြစ်တယ်။
စိတ်ဆိုးရင်လူဆိုးဖြစ်တယ်၊
စိတ်ကောင်းတော့လူကောင်းဖြစ်တယ်။

No comments:

Post a Comment