Thursday, January 28, 2010

လိုတရ ဂါထာတော်

သာမည ဆရာတော်ဘုရားကြီးမှ အထူးပေးသော “ လိုတရ ဂါထာတော် ”

“ သိဒ္ဓိဘုရား ၊ နားမှာဗြဟ္မာ ၊ လက်မှာသိကြား ၊ ခါးမှာဘီလူး ၊ ဒူးမှာခြင်္သေ့ ၊ ခြေမှာနင်္ဂါး ၊ ကိုယ်မှာ ဂဠန်၊ အစောင့်ထား၏ ။ ကကုသ ၊ ဂေါဏဂုံ ၊ ကဿပ ၊ ဂေါတမ ၊ အရိမေတ္တယျ ၊ ဒီပင်္ကရာ မြတ်စွာဘုရားကို ၊ ကိုးကွယ်ပါ၏ ။ ဓါတ်တော်ဝင် ၊ မဟာဝင် ၊ ဧရာဝင် ၊ မဟာဝိနယော ၊ ဗောဓိရှစ်တန် ၊ ညဏ်တော် (၁၈)ပါး ၊
ဘုရား ၊ တရား၊ သံဃာတော်နှင့် ရွှေအဆင်းအလား ၊ ဦးခေါင်းတော်က မြင့်မိုရ်တောင် ၊ မျက်လုံးတော်က ပုလဲရောင်သွယ် ၊ သွားတော်က ၀ရဇိန် ၊ လည်တော်ကသံချောင်း ၊ မဏိဗောဓိရွှေညောင်ပင်က ၊ ပွင့်တော်မူပါ၏။ လေးသင်္ချေ ၊ ကမ္ဘာတစ်သိန်း ၊ ပါရမီဖြည့်လာသော ဘုရား ၊ သားတော် သမီးတော်တို့ကို ၊ ဆင်းရဲဒုက္ခ ၀ဋ်ဆင်းရဲမှ လွတ်ကင်းအောင် ၊ ချမ်းသာသုခဘ၀သို့ရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါ အရှင်ဘုရား ။ ”


ချမ်းသာလိုလျှင် - ၁၂ ခေါက်
အမှုကင်းရှင်းလိုလျှင် - ၉ ခေါက်
ပစ္စည်းပျောက်လျှင် - ၃ ခေါက်
နေထိုင်မကောင်းလျှင် - ၇ ခေါက်
ခရီး၊ စစ်တိုက်လျှင် - ၅ ခေါက်

No comments:

Post a Comment