Thursday, February 4, 2010

ဘဝအတွက် ဆောင်ပုဒ်များ

ဘဝအတွက် ဆောင်ပုဒ်များ
(၁) နေလည်း နေရဲရမည်။ သေလည်း သေရဲရမည်။

(၂) ကိုယ့် ကိုယ် ကိုလည်း သတ်မသေနှင့်။ သူတစ်ပါး ပယောဂ နှင့်လည်း မသေစေနှင့်။
မိမိ ကံ ကုန်မှ သေစေရာ၏။

(၃) သင်၏ တန်ဖိုးသည် သင့်ကိုယ်ကို သင်၏ ပြဌာန်းချက်ပေါ်တွင်သာ(လုံးဝ)မူတည်သည်။

(၄) သူတစ်ပါး ဒုက္ခရောက်လျှင် ဝမ်းသာသည့်စိတ် ဘယ်သောအခါမှ မမွေးနှင့်။

(၅) အနိုင်၊ အရှုံး ဆိုသည်မှာ အမှား၊ အမှန် ပေါ်တွင်မူတည်ခြင်း မရှိချေ။ အင်အား
အနည်း၊ အများ ပေါ်တွင်သာ မူတည်သည်။

(၆) လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေများ အပေါ်တွင် အခြေခံပြီး အကောင်းဆုံး အနေအထား
တစ်ခု ဖြစ်အောင် ဖန်တီးပါ။

(၇) သူတစ်ပါးထံမှ သင်လိုအပ်သော အရာရှိပါက သင်မှ သူတစ်ပါး လိုအပ်သော အရာကို အရင်
ပေးနိုင်အောင် ကြိုးစားပါ။

(၈) မိမိ၏ ရည်မှန်းချက်သို့ မရောက်ရှိသေးခင် အရာအားလုံးကို သည်းခံပါ။ ကြောက်၍
သည်းခံခြင်းမဟုတ်ပေ။ အသိတွင် သတိ ရှိနေစေရန်သာ ဖြစ်သည်။ ထိုသို့ သည်းခံ
နိုင်ခြင်းသည် သူရဲကောင်း တို့၏ သတ္တိပင်ဖြစ်သည်။

(၉) အသက် ရှင်သန်နေစဉ် အတွင်း ဘဝ မသေ ပါစေနှင့်။

(၁၀) ဤလောက၌ အရာ အားလုံးတို့သည် ဖြစ်သောကြောင့် ပျက်သည်။ ပျက်သောကြောင့်
သာပြန်၍ ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်... ပျက်ဖြစ် မှာ လောက၏ အမှန်တရားပင်
ဖြစ်သည်။

(၁၁) လူသာ သေပါစေ။ နာမည် မသေပါစေနှင့်။

(၁၂) သင့်အတွက် အရာဝတ္တု တစ်ခု (သို့) လူတစ်ယောက် မည်မျှ တန်ဖိုးရှိသည်၊ အဘယ်မျှ
အဖိုးတန်သည်ကို သိရှိ လိုပါက.. သင့်အနားမှ ခေတ္တ၊ ခဏ ဖယ်ထုတ် ထားကြည့် လိုက်ပါ။

(၁၃) ဤလောက၌ လူသားတို့သည် မိမိ၏ အကြောင်းကို မိမိ ကိုယ်တိုင် တိကျသေချာစွာ
သိရှိရန်သာ အရေးအကြီးဆုံး ဖြစ်သည်။

(၁၄) သင့်အတွက် အကောင်းဆုံး အဖော်မွန်မှာ သင်ကိုယ်တိုင်သာ ဖြစ်သည်။

(၁၅) မိမိစိတ်မှ မိမိ မနိုင်လျှင်၊ လူလုပ်ရန် အကြောင်း မရှိပေ။

(၁၆) ဘဝ ဆိုသည်မှာ ရှင်သန် နေထိုင်နိုင်ရန် အတွက် ရုန်းကန် လှုပ်ရှား နေရသော
နေရာဖြစ်သည်။

(၁၇) မှန်ရာကိုသာ လုပ်ဆောင်ပါ။ သို့သော်လည်း မှန်တိုင်း မလုပ်မိပါစေနှင့်။

No comments:

Post a Comment