အသိတရား´ ဆိုတာ ဘာလဲလို့ မေးခွန်း ထုတ်ကြည့်လိုက်တော့.. ???
`အသိတရား´ ရှိပါတယ်……… `အသိတရား´ မရှိပါဘူး ဆိုတာတွေ တွေ့လာရတော့…….
`အသိတရား´ ရှိချင်ယောင်ဆောင် နေတဲ့ သူတွေ….
`အသိတရား´ နဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ကို လုပ်နေတဲ့ သူတွေ……
`အသိတရား´ ဆိုတာကို နားမလည်ကြတဲ့ သူတွေ…………
`အသိတရား´ ရှိတဲ့ သူတွေကို အားကျ အတုယူပြီး `အသိတရား´ ရှိလာကြသူတွေ…..
`အသိတရား´ ရဲ့ အရေးပါမှု ကို သဘောပေါက်ပြီး `အသိတရား´ ကို လက်ခံလာ ကြသူတွေ……
`အသိတရား´ ဆိုတာကို သိပေမဲ့ မျက်စိမှိတ်ပြီး ဇွတ်တရွတ် လုပ်နေသူတွေ……
`အသိတရား´ ကို အခြေပြုလို့ ဖြစ်လာသမျှ တွေကို ဝေဖန် ပိုင်းခြားပြီး မှန်မှန်ကန်ကန် သတ္တိရှိရှိ လုပ်ဆောင်နေသူတွေ…..
`အသိတရား´ ရှိတယ်.. မရှိဘူး ဆိုတာ အသက်အရွယ်၊ မွေးရာပါ ဗီဇ၊ ပတ်ဝန်းကျင် အခြေအနေ၊ တပါးသူရဲ့ အနေအထား တွေကြောင့် ဖြစ်ပေါ်ကြတာလား…။
လူတချို့ကို အခြေပြုလို့ `အသိတရား´ ဆိုတာ ဖြစ်ပေါ်ကြတာလား..။
အဲလို `လား………….´ ပေါင်းများစွာ ထဲမှာ `အသိတရား´ ဆိုတာ လည်း ပေါက်ဖွား သွားကြတာလား..။
လူ့အဖွဲ့ကြီးထဲမှာ ပြောလေ့ ရှိကြတာက ဒီလူက တော်တော် အသိတရား ရှိတာပဲ။ ဒီလူကတော့ တော်တော် အသိတရား မဲ့တာပဲတဲ့..။
ဘာကို ကြည့်ပြီး ကောက်ချက်ချ ကြတာလဲလို့ ဆိုတော့ အဲဒီလူရဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လူမှု ဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ အလုပ်အကိုင်၊ တာဝန် သိမှု တွေနဲ့ ယူဆလို့ ရပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ အသိပညာ ဥာဏ်ရှိကြတဲ့ သူတွေ ဖြစ်လေတော့ စိတ်ရဲ့ အခြေခံ ကိုက `အသိတရား ဆိုတာ´ ရှိသင့်တဲ့ အရာတခုပါ…။ သင်ယူလို့ ရတဲ့ ပညာတခုတော့ မဟုတ်ပါဘူးလေ.။
တချို့လူတွေ ကျတော့လည်း လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ ကောက်ကျစ် လိမ်လည်မှု တွေကြောင့် `အသိတရား´ တွေ ယိမ်းယိုင် သွားကြပြန်တယ်။ မိမိရဲ့ ရလိုမှု တခုတည်း အတွက် လည်း `အသိတရား´ မဲ့သွား တတ်ကြတယ်။
ကိုယ့်ရဲ့ `အသိတရား´ မဲ့မှုကြောင့် သူတပါး အကျိုးစီးပွား ပျက်စီးမှု၊ စိတ်ထိခိုက် ဖြစ်စေမှု၊ ဆုံးရှုံးမှု၊ တွေ မဖြစ်အောင် အမြဲ သတိထားဖို့ လိုတာပေါ့.။ ကိုယ့်ရဲ့ `အသိတရား´ တခုဟာ သူတပါး အတွက် အကျိုးရှိမဲ့..၊ စိတ်ဓါတ် ခွန်အား ပြည့်ဝမဲ့...၊ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမဲ့...၊ ထူးခြားလှတဲ့ အသိတရား တခု ပေးစွမ်းနိုင်မဲ့...၊ `အသိတရား´ ဖြစ်ဖို့သာ အဓိကပါ.။
`အသိတရား´ ရှိခြင်းဟာ လူတယောက်ရဲ့ တန်ခိုး ပါလို့ ပြောရင် `အသိတရား´ မရှိခြင်းဟာ တန်ခိုး မရှိခြင်းပဲပေါ့။ `အသိတရား´ မရှိတဲ့ အတွက် မလုပ်သင့်တာကို လုပ်မိကြ၊ မပြောသင့်တာကို ပြောမိကြ၊ မလိုချင်သင့်တာကို လိုချင်မိကြ၊ မပြုလုပ်သင့်တာကို ပြုလုပ်မိကြ၊ မဖြစ်ချင်သင့်တာကို ဖြစ်ချင်ကြ နဲ့ အမှောင်ထဲမှာပဲ လျှောက်နေမိကြတယ်။
`အသိတရား´ ဆိုတာကို မသိယောင်ဆောင်ပြီး လောဘကို ရှေ့တန်းတင်လို့ မဖြစ်သင့်တာ ဖြစ်ကြရတယ်။ အဲလို လူမျိုးကလည်း အကျင့်ပျက်တဲ့ လူမျိုးပဲ…။ မိမိရဲ့ လောဘဇောကြောင့်၊ ဒေါသကြောင့် အမှား အမှန် ခွဲခြား မသိနိုင်တော့ပဲ လုပ်ချင်ရာ လုပ်နေကြတဲ့ `အသိတရား´ မဲ့နေတဲ့ ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး အကျင့်ပျက် သူတွေပေါ့။ ဒီလို `အသိတရား´ မဲ့နေတဲ့ လူမျိုးကို ကြည့်လိုက်တော့လည်း အသက်အရွယ်က ငယ်ရွယ်တဲ့ သူမျိုးလည်း မဟုတ်ပေဘူး..။ ဒါကြောင့် ငယ်ရွယ်သူ ဖြစ်ပေမဲ့လည်း `အသိတရား´ နဲ့ ပြည့်စုံတဲ့ စိတ်ဓါတ် ပြည့်ဝတဲ့ သူမျိုးတွေ အများကြီး ရှိပါတယ်။
ဒါကြောင့် `အသိတရား´ နဲ့ ပြည့်စုံတဲ့ တန်ခိုးရှိတဲ့ သူသာ ဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
No comments:
Post a Comment