Thursday, February 4, 2010

ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း

ဆရာ လှသမိန်၏ ( ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း )စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

၁။ လူ့လောကတွင် လူတို့၏ အကြီးဆုံးကျင့်ဝတ် နှင့် အကြီးဆုံးတာဝန်မှာ .... “ မိမိကြောင့် လူတစ်ဖက်သားတွင် ဒုက္ခမရောက်စေရန်နှင့် အနှောက်အယှက် မဖြစ်စေရန်ပင် ” ဖြစ်ပါသည်။

၂။မိမိပိုင်ဆိုင်သော အချိန်တစ်စုံတစ်ရာ ကုန်ဆုံးလျော့ပါးသွားလေတိုင်း ထိုအချိန်နှင့် ဆက်၍ယူခဲ့ရသော အကျိုးကျေးဇူး တစ်စုံတစ်ရာ ကြွင်းကျန် အဖတ်တင်နေခဲ့ရပေလိမ့်မည်။

၃။မိန်းကလေးတစ်ယောက်အတွက် အကောင်းဆုံးသော ထိန်းသိမ်းမှုမှာ ...
“ မိမိကိုယ်ကို ထိန်းသိမ်းခြင်းပင် ” ဖြစ်ပေသည်။

၎။အလုပ် (မည်သည့်အလုပ်၌မဆို) မိမိတာဝန်ကျေပွန်နိုင်ဖို့သည်သာ ပထမ အရေးကြီးဆုံးဖြစ်ပါသည်။

၅။“ ကြိုတင်ပြင်ဆင်တတ်မှု့” သည် မင်းဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်နေရာမှာ ထားဖို့မမေ့ပါနှင့်။

၆။ မိမိအတွက်နှင့် မည်သူမျှ ထိခိုက်ခြင်းမရှိအောင် အမြဲတစေ အာရုံစိုက်သော လူမှု့ကျင့်ဝတ်ကား မွန်မြတ်သော ကျင့်ဝတ်ပင် ဖြစ်ပေသည် ။

၇။အခွင့်အရေးသည် ပစ္စပ္ပန်၌သာ ရှိသည်ကို မမေ့ပါနှင့်။ မနေ့က အခွင့်အရေးသည် မနေ့ကနှင့်အတူ ပျောက် ဆုံးသွားခဲ့ပြီ။ မနက်ဖြန်ကား မနက်ဖြန်နှင့်အတူ မသေချာ မရေရာ။ သေချာသည်မှာ “ ယနေ့ပင် ” ဖြစ်သည်။

၈။လူသည် မိမိကိုယ်ကို ကောင်းအောင်လုပ်နိုင်သလို ၊ ဆိုးအောင်လည်း လုပ်နိုင်၏။ သို့အတွက် ...... “ ကောင်းလည်းကိုယ် ၊ ဆိုးလည်းကိုယ် ” ဆိုတာ မမေ့ပါနှင့်။ ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင် ပါ ။။။

၉။အောင်မြင်သူတိုင်း ယုံကြည်ကြသည့် အချက်တစ်ချက်မှာ ..... “ မိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာ ဖန်တီးနိုင်သည်။ ” ဟူ၍ ဖြစ်သည်။

၁၀။ကိုယ့်အားကိုယ်ကိုးစိတ် ၊ မိမိကိုယ်ကို ယုံကြည်စိတ်များ ထူထောင်ပေး နိုင်လျှင် ယင်းစိတ်ဓါတ်များနှင့်အတူ သင့်ဘ၀အောင်မြင် တိုးတက်လာပါမည်။

အောင်မြင်သော ဘ၀တစ်ခု တည်ဆောက်နိုင်ရေးတွင် အသိပညာရှိမှုသည် အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ သို့သော် သိရုံသက်သက်ဖြင့်သာ မပြီးပါ။ အသိတရားကို လက်တွေ့ဘ၀၌ ထိရောက်စွာ အသုံးချနိုင်ဖို့ လိုပါသည်။

No comments:

Post a Comment