Sunday, January 31, 2010

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

(၁)
ပိုက်ဆံချေးတာမကြိုက်သူ


သင်ဟာ တစ်ဘက်သားကို ၈ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာအရာရာOKဆိုတဲ့ အမျိုးစားထဲကဖြစ်တယ်။ တစ်ဘက်သားကို ထောက်ခံအားပေးတတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ မျက်နှာအပျက်မခံသူဖြစ်တယ်။ အရောင်းအဝယ်မဖြစ်သည့်တိုင် ထောက်ထားညှာတာစိတ် သင့်မှာရှိတယ်။ ပိုက်ဆံပေးမချေးတာနဲ့ အခင်အမင်ပျက်တဲ့ သူငယ်ချင်းမျိုး သင့်ဆီမှာမရှိဘူး။

(၂) ကားချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၂ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာ မျက်နှာပုပ်နဲ့ အေးစက်သူဖြစ်တယ်။ တစ်ဘက်သားကို အလိုမကျရင် မျက်နှာဆူပုပ်ပြတတ်တဲ့ ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တစ်ဘက်သားကို အလွယ်တကူ အထင်လွဲစေတယ်။

(၃) လက်ဝတ်ရတနာချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၄ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားပြောစကားကို နားမလည်သလိုလို ဒါမှမဟုတ် အလုပ်များချင်ဟန်ဆောင်ပြီး ရှောင်ထွက်သွားတတ်သူဖြစ်တယ်။ တစ်ဘက်သားအထင်လွဲမှာကိုလည်း စိုးရိမ်တတ်သူဖြစ်တယ်။ တစ်ဘက်သားကို ဘယ်လိုငြင်းဆန်ရမှန်းမသိလို့ ရှောင်ဖယ်တတ်သူလည်းဖြစ်တယ်။

(၄) အိမ်မွေးတိရစ္ဆာန်ချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၉၉% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြေရှင်းနည်းကို သင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မေတ္တာနဲ့ သည်းခံစိတ်ရှိသူဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အခက်အခဲကို ဖြေရှင်းတတ်သူဖြစ်တယ်။

No comments:

Post a Comment