Sunday, January 31, 2010

Contaminants in Food

Contaminants in Food
အစားအစာများထဲတွင် အန္တရာယ်ပေးနိုင်သောဓာတုပစ္စည်းများ သို့မဟုတ် ၄င်းတို့အပြင် ကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေနိုင်သည့် အဏုဇီဝပိုးမွှားများပါရှိနေခြင်းကို Food Contamination ဟုခေါ်သည်။
ဓာတုပစ္စည်းများ ပါရှိမှုကြောင့် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်ခြင်းသည် အဆိုပါ ဓာတုပစ္စည်းအား နည်းနည်းစီဖြင့် နှစ်ကာလ ကြာမြင့်စွာ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။ (ဥပမာ-ကင်ဆာရောဂါ)
ညိတွယ်ကပ်နေသော ဓာတုပစ္စည်းများသည် ၄င်းအစားအစာကို အပူပေးလိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိပါ။ တစ်နည်းအားဖြင့် ဖယ်ရှားသွားခြင်းမပြုပါ။(ဤအချက်သည် အဏုဇီဝပိုးမွှားအများစုနှင့် မတူညီသည့်အချက်ဖြစ်သည်။)စိုက်ပျိုးမွေးမြူသည့်နေရာမှ စားမည့်သူ၏ ပါးစပ်ထဲအထိရောက်အောင် အဆင့်ဆင့်ဖြတ်သန်းလာစဉ်တွင် ကပ်ညိတွယ်မည့် ပစ္စည်းများ ပါလာနိုင်သည်။ အစားအစာများကို စုဆောင်းရယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်သိမ်း ဆည်းခြင်း၊ ဖြန့်ဝေခြင်း၊ စီမံပြုပြင်ခြင်း၊ တည်ခင်းကျွေးမွေးခြင်း စသည့်အဆင့်ဆင့်တွင် ညိတွယ်နိုင်သည်။
ဘေးကင်းစိတ်ချရရေးအတွက် လက်ခံနိုင်ဖွယ်ရာရှိသော နေ့စဉ်စားသုံးမှု Acceptable Daily Intake (ADI)နှင့် ခံနိုင်ရည်ရှိသော ပမာဏပါဝင်မှုသည် အစားအစာတစ်ခုချင်းအပေါ်တွင် အခြေခံအချက်ဖြစ်သော Non Observed Adversed Effect Level (NOAEL) ကို တိရစ္ဆာန်များတွင် စမ်းသပ်ပြီးမှ ဆုံးဖြတ်လေ့ရှိသည်။
အစားအစာများတွင် ပါဝင်သော ဓာတုပစ္စည်းများမှာ (၁) ထပ်ဖြည့်အစားအစာများ (Additives) ဖြစ်သည်။ တမင်ရည်ရွယ် ၍ ထည့်ခြင်းဖြစ်သည်။ (က) တာရှည်ခံအောင်ထည့်ရ သောပစ္စည်း၊ (ခ) အရောင်၊ (ဂ) ချိုအောင်ထည့်ခြင်း (အဟာရဓာတ် တန်ဖိုးမရှိ)၊ (ဃ) တာရှည်ခံအောင် ပြုပြင်ခြင်း(Curing)တို့အတွက် additivesများကိုသုံးရသည်။ (၂) တားမြစ်ထားသော ပစ္စည်းများ၊ (၃) ကပ်ညိတွယ်သောပစ္စည်းများ(ရည်ရွယ်၍ ပြုလုပ်ခြင်းမဟုတ်) တို့ဖြစ်သည်။
ထိုပစ္စည်းများထဲတွင် (က) ဆေးဝါးများအတွင်း ထည့်သွင်းအသုံးပြုသော ပစ္စည်းများ (Drug Residues) ၊ (ခ) ပိုးသတ်ဆေးအကြွင်းအကျန်များ (Pesticide Residues) ၊ (ဂ) အဆိပ်များ(ဥပမာ-အက်ဖလာတောက်ဆင် Aflatoxinများ) စသည်တို့ဖြစ်ကြောင်းသိရသည်။
အစားအစာများတွင် ကပ်ညိတွယ်မှုများ လျှော့ချရန်အတွက် လမ်းညွှန်များကို ထုတ်ပြန်ထားကြောင်း၊ ၄င်းတို့မှာ ပိုးသတ်ဆေးများ သုံးစွဲခြင်းကို လျှော့ချရန်၊ အဆိပ်ဖြစ်စေသော ပိုးသတ်ဆေးများကို အကန့်အသတ်နှင့် သုံးရန်၊ အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေးများကို သေချာစွာစွန့်ပစ်ရန်၊ မွေးမြူရေးလုပ်ငန်းတွင် ဆေးများသုံးခြင်းကို လျှော့ချရန်၊ သိုလှောင်ခြင်းနှင့် ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်၊ စားသုံးသူများ၏ အသတိုးတက်လာအောင် ပြုလုပ်ရန်တို့ဖြစ်ကြောင်း တင်ပြခဲ့သည်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကပ်ညိတွယ်သောပစ္စည်းများ စင်ကြယ်အောင်ဆေးကြောခြင်းအကြောင်းကို လည်းဆွေးနွေးခဲ့သည်။ Garbage Enzemy ကိုအသုံးပြု၍ ဆေးကြောပုံအကြောင်းနှင့် ၄င်းအင်ဇိုင်းပြုလုပ်နည်းအကြောင်း များကိုလည်း ရှင်းပြခဲ့သည်။

No comments:

Post a Comment