Monday, February 1, 2010

EC,EP အခြေခံ waveform တိုင်းတာနည်းများ

EC,EP အခြေခံ waveform တိုင်းတာနည်းများ


နမူနာ run လိုမယ့် waveform နဲ့ DC-average ကိုအောက်ကပုံလေးအတိုင်း တိုင်းတာနိုင်ပါတယ်။


အီလက်ထရေနစ်ပစ္စည်းတွေကို အကြမ်းဖျဉ်းခွဲမယ်ဆိုရင် 1-layer 2-layer 3-layer 4-layer မှသည် layer များစွာတိုင်ရှိနေပါတယ်။
ဥပမာ
1-layer ဟာ Resistor ပါ။
2-layer ဟာ diode ပါ။ နှစ်လွှာရှိလို့ ကြားမှာ အဆက် junction တစ်ခုရှိပါတယ်။ 1N4001 လိုဟာမျိုးပေါ့။
3-layer ဟာ transistior ပါ။ 2-layer တွေပေါင်းထားတာပါ။ သုံလွှာရှိလို့ ကြားမှာ အဆက် နှစ်ခု ဥပမာ 2N1893 တို့လို ဟာမျိုးပါ။
4-layer ဟာ thyristor မျိုးပါ။ scr လိုမျိုးပေါ့။
ဆက်ပြီးတော့ transistor နှစ်လုံးပေါင်းပြီး Opamp တွေဖြစ်လာတယ်။ Opamp တွေကို RS flip-flop တွေနဲ့ပေါင်းပြီး 555 IC တွေ ဖြစ်လာတယ်။

အခြေခံကတော့ layer တွေကို semiconductor တွေနဲ့ ဖွဲ့စည်းထားပါတယ်။ semiconductor ဆိုတာ outermost shell က electron အရေအတွက်ကို လိုနေအောင် ပိုနေအောင် ဒြပ်စင်တွေပေါင်းထားတာပါ။ ပိုနေတာကို n-type လိုနေတာကို p-type ပေါ့ဗျာ။ outermost-shell မှာ အီလက်ထရွန် ၄ လုံးရှိတဲ့ Ge အက်တမ်တွေ အလယ်ခေါင်မှာ outermost-shell မှာ အီလက်ထရွန် သုံးလုံးရှိတဲ့ lb ထားတော့ အလယ်က ဒြပ်စင်မှာ ၈ လုံးပြည့်ဖို့ ၁ လုံးလိုရာက positive ပြီး p-type ဖြစ်လာတယ်။ ၅ လုံးဟာထားတော့ e ပိုပြီး n-type ဖြစ်လာပါတယ်။ အောက်မှာ သူတို့ နှစ်မျိုးပုံလေးတွေပါ။
ဘာလို့ ပေါင်းတာလဲဆိုတော့ metal တွေက လျှပ်စစ်စီးတယ် nonmetal တွေက မစီးစေဘူး။ နှစ်ခုကြားမှာဆို ဖြောင့်ဖြောင့်မစီးတော့ဘူးပေါ့။ အဲလို တားအောင်လုပ်ရင်းက လျှပ်တားစေ တဲ့ resistor ဆိုတာဖြစ်လာပါတယ်။
[/COLOR]
ဒီတစ်ခါတော့ တိုင်းမယ့် မီတာလေးပါ။ အောက်ပုံအတောင်း Double-click ခေါက်ရင် Ohm ဆိုတာလေးရွေးပေးလိုက်ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ohm meter လေးပေါ့။






















ကဲခုဆို တိုင်းခံဖို့ resistor လေးလည်းရပြီ။ တိုင်းစရာမီတာလေးလည်း ရပြီ။ စတိုင်းကြပါစို့ဗျာ။
အောက်က ပုံလေးအတိုင်းပဲ အနီရောင် tool ကနေ ကြိုးဆက်မယ်။ အပြာရောင်လမ်းအတိုင်း Ground ယူမယ်။ ပြီးရင် အစိမ်းရောင် tool အတိုင်း run မယ်ဆိုရင် အဖြေက ၁၀၀၀ တဲ့။ အစတည်းက 1k ကိုး ၁၀၀၀ ပေါ့။



စိတ်ကြိုက်တန်ဖိုးကိုတော့ double-click ခေါက်ပြီး ပြင်ယူနိုင်ပါတယ်။ တိုင်းတာကတော့ Delta-star connection တွေအတွက်လည်းရပါတယ်။ ကျွန်တော်ကတော့ လျှောက်ကလိထားပါတယ်။
ပုံလေးတွေအရဆိုရင် အောက်ကပုံလေးတွေက တွေ့နေကျ resistors တွေပါ။ ဒီခါမှာတော့ DC-voltage Source တွေဆီကူးကြပါစို့ဗျာ။

(ကျွန်တော့်စိတ်ကူနဲ့ ဒီလိုတွေ ပုံဖေါ်ကြည့်တယ်ခင်ဗျ။)

Voltage ဆိုတာ အမြင့်တစ်ခုထိရောက်အောင် ပင့်တင်ထားတဲ့ ရေလှောင်ကန်နဲ့တူပါတယ်။ ရေထွက်ပေါက်ကိုဖွင့်လိုက်ရင် မြင့်ရာကနေ နိမ့်ရာကိုစီးပါတယ်။ စီးတဲ့ရေကို Current လို့ခေါ်ပါတယ်။ မြင့်နေတဲ့အပိုင်းကို (+) စွန်းလို့ခေါ်ပါတယ်။ အနိမ့်ဆုံးပိုင်းကို Ground မြေကြီးလို့ခေါ်ပါတယ်။

သူတို့ရေထွက်ပိုက်ကနေ အောက်ထိဖေါက်ချမယ့် လမ်းကြောင်းရေပိုက်ကိုတော့ လျှပ်စီးကြောင်း လို့ခေါ်ပါတယ်။ စီးဆင်းစေပြီ ဆိုတာနဲ့ သူ့ကို ပတ်လမ်း Circuit လို့ခေါ်ပါတော့တယ်။

ဒီတိုင်းကြီးသာဖွင့်ချရင် short လို့ခေါ်ပါတယ်။ အောက်ကပုံလေးက short Circuit လေးပါ။ ခဏလေးနဲ့ကုန်သွားမှာပေါ့။
ဖြည်းဖြည်းပဲကုန်အောင် လမ်းတစ်နေရာမှာ စီးလမ်းကို ကြပ်ထားတာကို Resistor လို့ခေါ်ပါတယ်။
နည်းနည်းကျဉ်းလေး များများစီးလေ၊ များများကျဉ်းလေးနည်းနည်းသွားလေမို့ (I) နဲ့ (R) က ပြောင်းပြန်အချိုးကျပါတယ်။ နမူနာလေးပေါ့ဗျာ။စီးလမ်းမှာပဲ အ၀တ်စလို ရေမြုပ်လေးလို ရေစုပ်တာလေးနဲ့ဆို့ထားတာကို လျှပ်သို Capacitor လို့ခေါ်ပါတယ်။ သူ့သဘာဝကို ပြောရမယ်ဆိုရင် ပထမ လာထိတဲ့ ရေကို အ၀တ်စပြည့်အောင် စုပါတယ်။ အောက်ကို စိမ့်စေပါတယ်။ သူ့ထဲကို ရေမ၀င်သည့်တိုင် သိုထားတာကို ပြန်ထုတ်နိုင်ပါတယ်။
နောက်ပိုင်းမှာ သက်သက်ပြောကြတာပေါ့ဗျာ။

လျှပ်စစ်စီးဆင်းပုံကို အသေးစိတ်လိုပါသေးတယ်။

DC Source တွေက များသောအားဖြင့် ဓာတ်ခဲက ရတာပေါ့ဗျာ။ DC Generator တွေကနေရတာတွေ Rectifier Circuit တွေကရတာတွေအပြင် ရှောက်သီးကနေလည်း ရပါသေးတယ်။


လျှပ်စစ်စီးဆင်းပုံကို အသေးစိတ်လိုပါသေးတယ်။

DC Source တွေက များသောအားဖြင့် ဓာတ်ခဲက ရတာပေါ့ဗျာ။ DC Generator တွေကနေရတာတွေ Rectifier Circuit တွေကရတာတွေအပြင် ရှောက်သီးကနေလည်း ရပါသေးတယ်။


Electronic Term အရ ခွဲခြမ်းစိတ်ဖြာရမယ်ဆိုရင် (-) Terminal အနှုတ်စွန်း ဆိုတာ အဲဒီဘက်မှာ အီလက်ထရွန်ပိုအောင် ဓာတုဗေဒနည်းအရ လုပ်ထားတာပါ။ (+) Terminal အပေါင်းစွန်းဆိုတာ အီလက်ထရွန်လိုအောင်လုပ်တာပါ။

လိုနေတဲ့ အပေါင်းစွန်းဟာ သူနဲ့ကပ်ရပ် အက်တမ်ကနေ အီလက်ထရွန်ကို ဆွဲဖြည့်ပါတယ်။ အဆွဲခံရတဲ့ အက်တမ်က တစ်ခါသူနဲ့ ဆက်လျှက် အက်တမ်ဆီကဆွဲပြန်ပါတယ်။ နောက်ဆုံးမှာတော့ ကြိုးတစ်လျှောက်ဆွဲရာကနေ အနှုတ်စွန်းနားကပ်သွားပါတယ်။

ဒီလိုနည်းနဲ့ အီလက်ထရွန်တွေဟာ အနှုတ်စွန်းကနေ အပေါင်းဆီကို အက်တမ်တွေကို ဖြတ်လို့ စီးဆင်းပါတော့တယ်။ အများထင်သလို အနှုတ်ဘက် အီလက်ထရွန်က အပေါင်းဆီကို မရောက်ပါဘူး။ ကပ်ရပ်လေးတွေဆီ ခုန်ခုန်ကူးရင်း ပတ်လမ်းသဖွယ်ဖြစ်သွားတာပါ။

ဒီလိုအဆွဲခံနိုင်ဖို့ အီလက်ထရွန်စီးရာလမ်းဟာ အီလက်ထရွန် လွယ်လွယ်ရွေ့နိုင်တဲ့ Metal တွေဖြစ်ရပါမယ်။ Metal တွေရဲ့အက်တမ်ဟာ Outermost Shell မှာ electron နည်းပြီး ရွေ့လျားလွယ်တဲ့ Transient State မှာ ရှိနေလို့ပါ။

ဒါ့ကြောင့် အီလက်ထရွန်ဟာ အနှုတ်ကနေအပေါင်းကို စီးတယ် ဆိုရပါမယ်။ ဒီသဘာဝကို မစိတ်ဖြာခင်က Current ဟာ (+) မှ (-) ကို စီးတယ် သတ်မှတ်ပြီးသားဆိုတော့ အီလက်ထရွန်စီးဆင်းမှုနဲ့ Current စီးဆင်းမှုဟာ ဆန့်ကျင်ဘက် ကျနေပါတော့တယ်။ အောက်မှာပုံလေးနဲ့ နမူနာပြထားပါတယ်။

ကဲဗျာ ကျွန်တော်တို့ ပရိဂရမ်လေးနဲ့ တိုင်းကြပါစို့ဗျာ။
အောက်ကပုံလေးတွေအတိုင်း DC Source ယူလိုက်ပါခင်ဗျာ။ဒီပုံလေးဖြစ်အောင် အဆင့်လိုက်လေးသွားကြစို့ဗျာ။

၁။ battery နဲ့ Ground ကတော့ ထူးပြောစရာမရှိပါဘူး။ အပြာလမ်းကြောင်းအစမှာ Double Click ခေါက်မယ် ဆွဲလာမယ် ချချင်တဲ့ နောရာမှာ Left Click နဲ့ ချလိုက်ယုံပါပဲ။
၂။ Resistor ကိုယူရာမှာတော့ Double Click ခေါက်ပြီးယူလာပါမယ်။ ချချင်တဲ့နေရာမှာ Right Click သုံးချက်ဆင့်ခေါက်ပါ။ ပြီးမှ Left Click နဲ့ချပါ။
ဒီနေရာမှာ Resistor ကို ထောင်တာများ Right Click တစ်ချက်နဲ့ ထောင်တာပဲလို့ ပြောနိုင်ပါတယ်။ မတူလို့ပါခင်ဗျာ။ တကယ့်သဘာဝမှာတော့ Resistor မှာတော့ အပေါင်းအနှုတ်စွန်းခွဲထားတာ မရှိပါဘူး။ ပရိုဂရမ်မှာတော့ မှားနေပြီး အပေါင်းအနူတ်ရှိနေပါတယ်။ တိုင်းတဲ့ အခါ Current က အနှုတ်နဲ့ထွက်နေပါတယ်။ အဲလို မဖြစ်အောင် တစ်ပတ်စာ Right Click နှစ်ချက်ပိုခိုင်းရခြင်းဖြစ်ပါတယ်။
၃။ ပစ္စည်းတွေချပြီးရင် အနီရောင်အုပ်ပြထားတဲ့ Tool နဲ့ ပစ္စည်းစွန်းတွေဆက်ပါ့မယ်။ တိကျချင်ရင် ထောင့်ချိုးလို့ရပါတယ်။ လွယ်လွယ်ကတော့ ပထမအစွန်းကလစ်ပြီး ဒုတိယအစွန်းမှာ သွားကလစ်ရင် ပြီးတာပါပဲခင်ဗျာ။
၎။ အစိမ်းရောင်ပြထားတဲ့ Tool နဲ့ နှိပ် Run နိုင်ပါပြီ။ခင်ဗျာ။

Run တဲ့အခါ ထောက်တံ Probe လေးပေါ်လာပါတယ်။ A နေရာမှာ (V) လို့ပြတယ်။ ကလစ်ရင် အောက်မှာ Voltage တန်ဖိုးပြပါတယ်။ shift Key လေးနှိပ်ပြီး B နေရာ(Resistor ရဲ့ အစွန်းနှစ်ဖက်) ကို သွားရင် (I) လို့ပြပါတယ်။ ကလစ်ရင် အောက်မှာ Current တန်ဖိုးပြပါတယ်။ ပစ္စည်းရဲ့ အလယ် C မှာတော့ (P) ကိုပြပြီးနေပါတယ်။ shift ကိုမလွှတ်သေးပဲ ထပ်ကလစ်ပြန်ရင် အောက်မှာ Power တန်ဖိုးပြနေပြန်ပါတယ်။ D ကတော့ DC Source ရဲ့ Power ပါ။
ဒီပုံလေးအတိုင်းအတူတကွ တိုင်းတာနိုင်ပါပြီခင်ဗျာ။


ဒီပုံလေးက အရှင်းဆုံး resister series circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။

Ohm Law အရ V1=I1R1, V2=I2R2, V3=I3R3
ကြိုးတစ်ချောင်းတည်းမှာမို့ Current မျှစီးတာကြောင့် I တူပါတယ်။
Is=I1=I2=I3
Source ကပေးသမျှကို ကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။

Voltage ဟာ Direction ရှိပြီး value ရှိတာကြောင့် vector တစ်ခုပါပဲ။
Vector A =Vector B +Vector C + Vector Dဒါ့ကြောင့် Vs=V1+V2+V3
V=IR ဖြစ်တာရယ် I တူတာရယ်ကြောင့်
Vs=I1R1+I2R2+I3R3=I (R1+R2+R3)=I R equivalent
R equivalent =R1+R2+R3 ဒါ့ကြောင့် Resistor တွေ series ချိတ်ထားရင် အားလုံးပေါင်းရတယ်လို့ ဖြစ်လာပါတော့တယ်။

အပေါ်က နမူနာမှာ ပေးတာက ၁၂ ဗို့ ခွဲယူမှာက ၂ အုမ်း ၄ အုမ်းနဲ့ ၆ အုမ်း အချိုးက ၂:၄:၆= ၁:၂:၃ ဒါ့ကြောင့် V1က ၃ ဗို့ဆို V2 က ၆ ဗို့ V3 က ၉ ဗို့ပါ။ ကျောင်းသားများဟာ ဖေါ်မြူလာပဲကျက်ပြီး တွေးကြတာရှားပါတယ်။
Voltage Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။

Voltage Division Formula
Vs, R1, R2, R3 ကိုပေးတယ် V2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် ဗို့အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ ဒါ့ကြောင့် R2/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Voltage နဲ့ ယှဉ်လိုက်ရင်ရပါပြီ။

V2=Vs(R2/(R1+R2+R3))
V1=Vs(R1/(R1+R2+R3))
V3=Vs(R3/(R1+R2+R3))

ဒါ့ကြောင့် Voltage Division မှာ လိုချင်ရာ R ကိုတည်တယ်လို့ အလွယ်မှတ်ကြပါတယ်။

နောက်တစ်ခုသတိထားရမှာက တကယ်ရှိတဲ့ V1=2V, V2=4V, V3=6V ပါ။ Is=I1=I2=I3 ပါ။
IL နဲ့ Is ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ IL=-Is ပါ။ IR ဟာ Is နဲ့ လားရာတူလို့ IR=Is ပါ။
VR နဲ့ V3 ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ VR =-6V ပါ။ V2 နဲ့ VL ဟာလည်း ဆန့်ကျင်ဘက်ကျနေလို့ VR=-4V ပါ။

တိုင်းခိုင်းတာ ဘယ်လိုပဲတိုင်းခိုင်း တိုင်းခိုင်း မူလတန်ဖိုးတွေကို သေချာသိမှသာလျှင် wave form သဘာဝများကို နားလည်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။


ဒီပုံလေးက အရှင်းဆုံး resister parallel circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။Ohm Law အရ I1=V1/R1, I2=V2/R2, I3=V3/R3
ကြိုးတစ်ချောင်းကနေ သုံးမွှာခွဲစီးတော့ သုံးမွှာပေါင်းက မူလ ပေးတဲ့တန်ဖိုးကို ပြန်ရပါ့မယ်။

Source ကပေးသမျှကို Current ကိုကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။
Is=I1+I2+I3

ဒါ့ကြောင့် Vs=V1=V2=V3=V ဒါကို အပေါ်က equation မှာ
Vs/Z=V1/R1+V2/R2+V3/R3
Vs(1/Z)= V(1/R1+1/R2+1/R3)

V တူလို့

1/Z=1/R1+1/R2+1/R3

ဒါ့ကြောင့် parallel ကို တိုင်းရင် ပြောင်းပြန်တိုင်းရပါတယ်။ အလွယ်နည်းကတော့
R1 နဲ့ R2 parallel ပေါင်းတာ Rt ရမယ်ဆိုရင်
Rt=(R1.R2)/(R1+R2) ပါ။ ၁၀ အုမ်းနှစ်ခု parallel ရင် 100/20=5 ရလို့ တန်ဖိုးတူနှစ်ခုရဲ့ parallel ဟာ သူ့ တစ်ဝက်ပါ။ပေးတာက ၂ အမ်ပီယာ ခွဲယူမှာက ၂၀ အုမ်း ၂၀ အုမ်းနဲ့ ၁၀ အုမ်း အချိုးက ၂၀:၂၀:၁၀= ၂:၂:၁ တားဆီးမှုများလေ စီးဆင်းမှုနည်းလေ မိုလို့ ပြောင်းပြန်အချိုးကျပါတယ်။ ခွဲရတာကတော့ အမ်ပီယာအရ ၁:၁:၂ ပါ။ မူလ ၂ အမ်ပီယာကို ပြန်ခွဲတော့ ၀.၅:၀.၅:၁ ရပါတယ်။

၂ အမ်ပီယာကို တွက်ချင်ရင် R တွေကို ပေါင်းကြည့်တော့ ၂၀ နဲ့ ၂၀ နဲ့ အပြိုင်ပေါင်းတော့ တစ်ဝက် ၁၀ ရပါတယ်။ တစ်ခါရတဲ့ ၁၀ နဲ့ ကျန်တဲ့ ၁၀ အပြိုင်ထပ်ပေါင်းတော့ တစ်ဝက် ၅ အုမ်းရပါတယ်။

အားလုံးပေါင်းလို့ရတဲ့ R ကို (တနည်းအားဖြင့် source ကနေခံစားရတဲ့ R တွေ L တွေ C တွေ ပေါင်းရတဲ့ တန်ဖိုးကို) impedance Z လို့ခေါ်ပါတယ်။ Inductor နဲ့ Capacitor တွေ အခန်းမှာ ထပ်ကြုံမှာပါ။
Is=Vs/Z=10V/5 Ohm= 2 A ပါ။

Current Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။

  • Current Division Formula
Is, R1, R2, R3 ကိုပေးတယ် I2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် Current အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ သူက များလေ နည်းရလေမို့ သူ့အချိုးက ပြောင်းပြန်ပါ။ သူမဟုတ်တဲ့ တခြား R တွေနဲ့ အားလုံးပေါင်းအချိုး (R1+R3)/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Current နဲ့ ယှဉ်လိုက်ရင်ရပါပြီ။
  • I2=Is((R1 parallel R3)/(R2+R1 parallel R3))
  • I1=Is((R2 parallel R3)/(R1+R2 parallel R3))
  • I3=Is((R1 parallel R2)/(R1 parallel R2+R3))
တစ်ခါက အင်တာဗျူးတစ်ခုမှာ ကြုံဖူးတာပါ။ ဆရာက မေးတယ်။

ဆရာ။ ။ဟဲ့ကျောင်းသား parallel ဆို voltage တူတယ်ဆိုတာ ဟုတ်လား
ကျောင်းသား။ ။ဟုတ်ကဲ့ တူပါတယ်။

ဆရာ။ ။ဒါဆို လက်ဆွဲမီးစက်လေးက voltage ဘယ်လောက်ထွက်လဲ။
ကျောင်းသား။ ။၂၂၀ဗို့ထွက်ပါတယ်ဆရာ။

ဆရာ။ ။ဒါဆို မီးလုံးတစ်ထောင်အပြိုင်ချိတ်မယ်ကွာ။ voltage တူ ၂၂၀ဗို့ အတူရမလား။
ကျောင်းသား။ ။ဟုတ်ကဲ့ အပြိုင်ပဲ ဆရာ တူမှာပေါ့ခင်ဗျ။

ဆရာ။ ။ဒါဆို ဒီမီးစက်ကလေးနဲ့ မီးလုံးတစ်ထောင်သုံးလို့ရမလား။
(ကျောင်းသားတွေနေပါတယ်။ ပြီးမှ ဖြေးဖြေးဖြေတယ်)
ကျောင်းသား။ ။ဟုတ်ကဲ့ ရလောက်မှာပေါ့ဆရာတဲ့။

ဆရာ။ ။ဒါဆို ဒီမြို့မှာ ဘာလို့ မီးစက်ကြီးတွေ ရှိနေတာလဲ။ ဓာတ်အားပေးရုံကြီးတွေ ဘာလို့ ဆောက်နေလဲကွ။

အဲလိုမေးရင်းက တပည့်လေး ငိုတော့ မလို ဖြစ်သွားပါတော့တယ်။
(ဒီလိုချိတ်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘာဖြစ်မလဲ စမ်းဖြေရှင်းကြည့်ကြပေါ့ဗျာ။)

ဒီနေရာမှာ မပြောမဖြစ်လိုလာတဲ့ Power သဘောထားပါ။ အောက်က series နဲ့ parallel ပတ်လမ်းနှစ်ခုကို ကြည့်ပါ။ Source က ပေးတဲ့ P=VI=(IR)I=IsquareR ဟာ ကျန်တဲ့ ပစ္စည်းတွေက ရသမျှ ပစ္စည်းတွေအားလုံးပေါင်းနဲ့ တူနေပါတယ်။

voltage နဲ့ Current မှာ တကယ့်မူရင်းက Current က မှ fundamental quantity ပါ။ Voltage ဟာ Current ကို Resistant နဲ့ မြှောက်လို့ပါ။ power ဆိုတာကလည်း V နဲ့ I မြှောက်တာလေ။ အဓိကကတော့ Current ပါပဲ။

အောက်က Circuit နှစ်ခုကို ယှဉ်ကြည့်ပါ။ parallel ဆိုတော့ voltage တူပေမယ့် power ကွာလာပါတယ်။

လက်ဝဲဘက်က circuit မှာ resistor နှစ်ခုဟာ 10V နဲ့ပြိုင်လို့ ၁၀ ဆီရပါတယ်။ သူတို့မှာ စီးတဲ့ Current က 10V/1Ohm=10A ဆီပါ။ သူတို့ နှစ်ခု 10 V ရအောင် Source Battery က 2A ထုတ်ရတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါ့ကြောင့် Source ရဲ့ Power ဟာ 2Ax10V=200W ဖြစ်ပါတယ်။

လက်ယာဘက်က circuit မှာ resistor ၅ ခုဟာ 10V ဆီရဖို့ Current 1 A စီသုံးရပါတယ်။ Source ကတော့ အားလုံးပေါင်း 5A ထုတ်ပေးရမှာမို့ Source ရဲ့ ပါဝါဟာ 5Ax10V=500W ဖြစ်ရပါမယ်ခင်ဗျာ။
power ကို watt(W) နဲ့မဟုတ်ဘဲ KVA နဲ့ဖေါ်ပြကြပါသေးတယ်။ သူတို့ နှစ်ခုက မတူပါဘူးခင်ဗျာ။ နောက်ပိုင်းမှာ အလိုလို ပါလာမှာပါခင်ဗျ။

လောလောဆယ်ကတော့ 100W အိမ်သုံးမီး 220V မှာဆို Current က 100W/220V=0.45A လောက်လိုပါမယ်ဆိုတာလောက် သိထားကြစို့ဗျာ။ နောက်နေ့မှာ KCL KVL ဘက်ဆက်ချဲ့ကြစို့ဗျာ။


အောက်ထိ တစ်ဆင့်ခြင်း ဆင်းကြတာပေါ့ဗျာ။

ပေးထားတဲ့ပုံကို မြင်ရလွယ်အောင် လက်ဝဲဖက်မှာ Source တစ်ခုပဲ ထားပြီး ကျန်တာတွေကို ထောင်လိုက်ပါမယ်။
5Ω 10Ω နဲ့ 5Ω သုံးလုံးကို Series ပေါင်းပါ့မယ်။ 20Ω ရလာပါ့မယ်။
အဲဒီ 20Ω ကို ဘေးက 20Ω နဲ့ parallel ပေါင်းတော့ 10Ω ရပါ့မယ်။
ရတဲ့ 10Ω ကို ကျန်နေတဲ့ 20Ω နှစ်လုံးနဲ့ Series ပေါင်းတော့ 50Ω ရပါ့မယ်။
ပေးတာက 50V ယူမှာက 50Ω ဆိုတော့ Current က 1A ပေါ့ဗျာ။
ရတာကလည်း တစ်ခုတည်းမို့ 50V ရတယ်ပေါ့ဗျာ။

ရတဲ့ Current 1A ကိုသုံးပြီး KCL (Kirchhoff's current law) ပတ်မယ်ဗျာ။ ရတဲ့ Voltage 1V ကိုသုံးပြီး KVL (Kirchoff's Voltage Law) ပတ်တာပေါ့ဗျာ။

အလယ်က Roll က KCL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပါဘူး။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Current Division သဘောနဲ့ကွဲသွားပါ့မယ်ခင်ဗျ။
သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။

ပစ္စည်းတွေကြား ကြိုးဆက်တဲ့ နေရာလေးကို node လို့ခေါ်ပါတယ်။ ပုံမှာ node X နဲ့ node Y ဆိုပြီးရှိပါတယ်။

  • Kirchoff က ပြောတာက node တွေ ၀င်သမျှ current တွေဟာ ထွက်သမျှ current တွေနဲ့တူပါတယ်တဲ့။
X မှာ 1A ၀င်ပြီး (0.5A+0.5A) နှစ်ခုထွက်သွားပါတယ်။ equation အရ အ၀င်ကို (-) အထွက်ကို (+) နဲ့ရေးပါတယ်။
-1A+0.5A+0.5A=0A
node Y မှာလည်း အတူတူပါပဲခင်ဗျ။

အပေါ်ပုံက KVL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပေမယ့် Voltage ကတော့ ခွဲယူရပါတယ်။
Voltage Division သဘောတရားအရ ခွဲရပါ့မယ်။ 20V 10V နဲ့ 20V ဆိုပြီး အသီးသီးခွဲရပါမယ်။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Voltage ကတော့ အပြိုင်မိုလို့ တူဆဲပါခင်ဗျ။

သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။ ပိတ်နေတဲ့ ပတ်လမ်း တစ်ဝိုက်စာကို Loop လို့ခေါ်ပါတယ်။ ပုံမှာ i1 loop နဲ့ i2 loop ဆိုပြီး နှစ်ခုရှိပါတယ်။
  • Kirchoff က ပြောတာက loop တွေမှာ ရှိတဲ့ voltage ကို direction တစ်ခုအရပေါင်းရင် 0 ရတယ်တဲ့။
I1 loop မှာ ပေးတဲ့ Source ကို (-) ဘက်စွန်းက စတွေ့ပါတယ်။ ဒါ့ကြောင့် -50V ပါ။ အပေါ်က 20Ω ကို (+)စွန်းနဲ့စတွေ့ပါတယ်။ ဒါ့ကြောင့် +20V ပါ။ ယာဘက်က 20Ω ကို (+)စွန်းမှာစတွေ့လို့ +10V ပါ။ အောက်ဘက်က 20Ω ကိုလည်း (+)စွန်းမှာစတွေ့လို့ +20V ပါ။
အားလုံးကိုပေါင်းရင်
-50V+20V+10V+20V=0V ဆိုတဲ့ KVL equation ရလာပါတယ်။
ယာဘက်က loop ကိုပတ်မယ်ဆိုရင်
-10V+2.5V+5V+2.5V=0V ဆိုပြီးရလာပါ့မယ်ခင်ဗျာ။

No comments:

Post a Comment