တခါတခါမှာ အလုပ်လုပ်ရင်းနဲ့ တစ်ခုခုမှားနှိပ်မိတာဘဲဖြစ်ဖြစ်...Application တွေ error ဖြစ်ပြီး အလုပ်လုပ်နေတဲ့ Application တွေ ရပ်သွားတတ် ပါတယ်.. Program တွေပိတ်
ပြိးတော့ ပြန်ဖွင့် လို့ရပေမယ့် ..Send Error Report , Non't Send ဆိုတဲ့ box
ကြီးကျလာပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့ရင်တော့ ..အဲဒီအသုံးမကျတဲ့ box
ကြီးအမြဲပျောက်နေဘို့ လုပ်ထားလို့ရပါတယ်..
mycomputer icon ကို right click- manage > service and Application >
Service > Error Reporting Service ဆိုတာရှိတယ်.. ၄င်းအပေါ်မှာ right click
နှိပ်ပြိး properties ကိုရွေးပါ။ ပြီးရင် startup Type Drop Down Box မှာ Disable
ကိုရွေးပေးလိုက်ပါ ..ဒါဆို ရှင်းသွားပါလိမ့်မယ်..

အဲလိုမျိုးအယ်ရာတက်လာရင် ဘာလုပ်မိသလဲ..။ အမြဲတမ်း Don't Send ဆိုတာကိုပဲနှိပ်တယ်ဆိုရင်တော့ အဲဒီဆားဗစ်ကိုတစ်ခါတည်း ပိတ်ထားလိုက်တာ အကောင်းဆုံးပဲ။ အနည်းဆုံးတော့.. လက်ညောင်းသက်သာတာပေါ့။
အဲ.. အင်တာနက်လည်းချိတ်ထားတယ်၊ ကိုယ့်ရဲ့အယ်ရာ report ကိုလည်း မိုက်ခရိုဆော့ဆီပို့ချင်တယ်ဆိုရင်တော့.. အဲဒီဆားဗစ်ကို disable လုပ်စရာမလိုပါဘူး။ ဒီအတိုင်းထားလိုက်ပါ။
ဒီကိစ္စမှာ ကောင်းကျိုးဆိုးကျိုးရယ်လို့ မရှိပါဘူး။ တော်တော်များများက မလုပ်ကြတာကတော့.. ကွန်ပျူတာအသုံးပြုသူ အများစု(အတိအကျပြောရရင် ၀င်းဒိုးအသုံးပြုသူတွေ) ဟာ စနစ်တစ်ခုရဲ့ မူလအနေအထား (Default
Setting) အတိုင်းပဲ အသုံးပြုတာကို အရိုးစွဲနေကြလို့ပါ။ အပြောင်း အလဲတစ်ခုခုလုပ်ရမှာကို ကြောက်ရွံ့တတ်တယ်။ အခု.. Send
Report ဆားဗစ်ကိုပိတ်လိုက်လို့ နောက်ပိုင်းအဲဒီအယ်ရာသတိပေးချက် မပေါ်တော့ရင် တစ်ချို့ကထင်လိမ့်မယ်... ငါ့ဝင်းဒိုးတော့ တစ်ခုခုမှားပြီဆိုပြီး..။ တကယ်တော့.. ၀င်းဒိုးစနစ်ဆိုတာက လုပ်ငန်းပေါင်းစုံအတွက် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကိုယ်သုံးတဲ့ဝင်းဒိုးစနစ်ကို ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင် ပြင်ဆင်တယ်ဆိုတာ.. ကောင်းတဲ့အလေ့အထပါပဲ။ ဥပမာ - အင်တာနက်မချိတ်ထားတဲ့စက်အတွက် အင်တာနက်နဲ့သက်ဆိုင်တဲ့ ၀င်းဒိုးလုပ်ဆောင်ချက်အားလုံးဟာ အလကားပါပဲ။ အဲဒီဆားဗစ်တွေအတွက် ကိုယ့်စက်ရဲ့
recourse(mem, storage, etc) တွေ မသုံးမိအောင် ပြင်တန်ပြင်၊ ဖြုတ်တန်ဖြုတ် လုပ်ကိုလုပ်ရပါမယ်။ ဒါမှလည်း Power
User အဆင့်အတန်းကို ရောက်မှာပါ။

No comments:
Post a Comment