Tuesday, January 19, 2010

KEYLOGGER


ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး
သုံးစွဲနေသူတွေအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေတတ်ပါသည်။

keylogger ဆိုတာ window စတက် စဉ်ကတည်းက အလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း
နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍အလွယ်တကူ
မသိနိုင်ပါ။ keyboard၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား
အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် ။ မိမိတို့၏ ကိုယ်ရေးကိုယ်တာ
နှင့်သက်ဆိုင်သမျှ အားလုံးအား မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှု
မရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊
အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအား
မှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)

သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍
မိမိတို့အနေဖြင့်ဆိုင်ဘာကဖီး သို့မဟုတ်
တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးမည့် ကွန်ပျူတာတွင် key
logger ရှိမရှိ အရင်ဆုံးစစ်ကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက
လုံခြုံမှု ရှိသွားမှာ ဖြစ်ပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ သူတစ်ပါးဆီ ပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက
(၂) Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။
ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။
(၃)ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့် မိမိ အသုံပြုမှုကို မှတ်သားထားပေးနိုင်တော့မည်
မဟုတ်ပါ။

သို့မဟုတ် နောက်တစ်နည်းကတော့

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run
box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask
manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့်
gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process
ပေးလိုက်ခြင်းသာဖြစ်ပါသည်။ process tab
ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process
လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး
ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို
ရှောင်ဖို့သင့်ပါသည်။ အချို့ keylogger များမှာ taskmanager ခေါ်ပြီး end
process လျှင်တောင်မရနိုင်ပါ။

ဒါကြောင့် အင်တာနက်ကို ဆိုင်မှာ သုံးရင် လုံခြုံမှုကို ဂရုပြုကြဘို့ သတိပေးချင်ပါတယ်။ နောက်ဆက်တွဲ
ဆက်ဖြစ်လာနိုင်တာတွေက ကိုယ့် အီးမေးက မလုံခြုံတော့ အလိမ်ခံရတာ အညာခံရတာတွေ
ဖြစ်လာ နိုင်ပါတယ်။

နောက်ဆုံးအကြံပြုလိုတာကတော့ အင်တာနက် နဲ့ တယ်လီဖုန်းတွေ ဆိုတာ လုံခြုံမှု အပြည့်အဝမရှိပါဘူး ဆိုတာ
ထပ်ပြီးပြောချင်ပါတယ်။

No comments:

Post a Comment