Netbook
Netbook ဆိုတာဟာ သေးငယ်တယ်၊ ပေါ့ပါးတယ် ပြီးတော့ ဈေးနှုန်းချိုသာတယ်။ အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံတာ
Netbook ဆိုတာဟာ သေးငယ်တယ်၊ ပေါ့ပါးတယ် ပြီးတော့ ဈေးနှုန်းချိုသာတယ်။ အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံတာ
ကိုမှလည်း Netbook လို့ခေါ်တာဖြစ်ပါတယ်။ Netbook ဆိုတာ Laptop Computer အမျိုးအစားတစ်ခုပါပဲ။ ယေဘုယျအား
ဖြင့် Web-based application တွေကို Access လုပ်နိုင်ဖို့ရန်အတွက် အသုံးပြုတာဖြစ်ပါတယ်။ ၎င်း Netbook တွေကို ဈေး
ကွက်အတွင်းမှာ "Companion Device" များအဖြစ် တွေ့ကြရပါတယ်။ ပြောရရင်တော့ သွားလေရာကို အလွယ်တကူ သယ်
ဆောင်သွားနိုင်တဲ့ Device မျိုးပေါ့ဗျာ။

Netbook တွေဟာ စပြီးပေါ်ကာစတုန်းကတော့ အခုလိုမဟုတ်ပါဘူး။ အရွယ်အစားရော၊ ပုံသဏ္ဍာန်ပါ ကြီးမားကြပါတယ်။
ဒါပေမယ့် တစ်နေ့တစ်နေ့ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Netbook တွေဟာလည်း တဖြည်းဖြည်းနဲ့ ပုံစံ
ပြောင်းလဲတိုးတက်လာပြီး ယနေ့ခေတ်မှာမြင်တွေ့နေရတဲ့အတိုင်း သေးငယ်ပေါ့ပါးတဲ့ ကျစ်ကျစ်လျစ်လျစ် Design လေးတွေ
ဖြစ်လာကြပါတော့တယ်ဗျာ။

ဒီလိုနဲ့ ၂၀၀၇ ခုနှစ်မှာတော့ သေးငယ်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ သယ်ဆောင်ရလွယ်ကူပြီး ဈေးနှုန်းလည်း ချိုသာတဲ့ Netbook
တစ်မျိုးပေါ်ထွက်လာပြီး ၎င်း Netbook ၌ သေးငယ်တဲ့ Smaller Screen, Smaller Keyboard နဲ့ Power စားသက်သာ
စေတဲ့နည်းပညာတို့ ပေါင်းစပ်ပါဝင်ကြကြောင်း သိရှိရပါတယ်။ ဒါ့ပြင် ၎င်းရဲ့အရွယ်အစားဟာ ၅ လက်မကနေ ၁၃ လက်မ
ကျော်ကျော်လောက်သာရှိပြီး၊ 1 kg (2-3 pounds) သာလေးကြောင်း၊ ဈေးနှုန်းချင်း ယှဉ်ပြိုင်လိုက်ရင်လည်း အခြား
Laptop များထက်ပိုပြီးသက်သာကြောင်း၊ ဒါကြောင့် လူကြိုက်များလာကြကြောင်း တွေ့ရှိရပါတယ်။

No comments:
Post a Comment