password မေ့တတ်တဲ့သူတွေ websiteတွေ ပေါက်တတ်ကရသွား password တွေအများကြီးသုံးရပေမဲ့
ခဏခဏ မေ့တတ်သူတွေအတွက်ပါ။ Keepass password safe တဲ့ သူက password တွေကို သုံးတဲ့ site အတွက် login name တွေpassoword တွေ ကိုယ်မှတ်ချင်တဲ့ အကြောင်းအရာတွေကို မှတ်ထားလို့ရတယ်။
သူ့မှ(keepass) မှာ Master key အရင်ထည့်ပေးရတယ်။Password မေ့တတ်တဲ့သူတွေကMaster key မှာ ကိုယ့်ရဲ့Name ကိုထည့်ပြီးတော့ Key fileကို တစ်ခြားနေရာမှာသိမ်းထားပြီးသုံးလို့ရပါတယ်။ အဲ့ဒီအခါကြတော့
passwordမှာ ကိုယ့်ရဲ့နာမည်ဆိုတော့ မေ့တော့ မေ့မယ်မထင်ပါဘူး။ ကိုယ်ရဲ့Keyfileကိုသာလုံအောင်သိမ်းပေါ့။
သုံးပုံသုံးနည်းက အရင်ဆုံး http://keepass.info/news/n090606_1.16.htmlကို လှမ်း ဒါင်းလိုက်ပါ။
ဒါပြီတာနဲ့သုံးလို့ရပါပြီ file ကနေNew ကိုနိုပ်ပါ။ Master Password တောင်းတဲ့အခါ သင့်ရဲ့Name ကိုရိုက်ထဲ့လိုက်ပါ ။usemaster password and key file ကို chack လုပ်ပါ။ no key file selected save ရဲ့ဘေးက save menual ပုံလေးကိုclick ပြီးသင့်စိတ်ကြိုက် နေရာမှာ သိမ်းထားလိုက်ပါ။ ဒါပြီးရင်ok ပေးပါ ။
နောက်ထပ်master passwordတောင်းရင် သင့်နာမည် ကိုထည့်ပါ။ and use mouse in the field above ကို click ပြီးတော့ Random mouse input အောက်က ပုံလေးမှာ သင့်စိတ်ကြိုက် အောက်ကအတုံးလေးတွေမ ပြည့်မချင်းလျှောက်ရွှေနေပါ။ ဒါပြီးတော့ ok ကို click ပါ အဲ့ဒါပြီးရင် တော့ Ctrl +y ကို နိုပ်ပြီးသုံးနိုင်ပါပြီ။
Ctrl +y ကို နိုပ်လိုက်ရင် Add Entry Box ပေါ်လာလိမ့်မယ် Group ဘေးက ကိုယ်သွင်းမဲ့ ပုံစံအလိုက်ရွှေး သွင်းရုံပါပဲ အဲ့ဒီမှာpassword ဘေးမှာ အစက်ကလေးသုံးစက် ပါတယ် အဲ့ဒါက Password Generate
လုပ်ပေးတဲ့ဟာ။ expire date လုပ်တဲ့ဟာလည်းပါသေးတယ် Password လုံခြုံအောင်ပေါ့။ ရက်စေ့ ရင်သူက ပြောင်းပေးလိမ့်မယ်။ သူ့ဘေးက panel မှာ နာမည်တွေ password တွေကို ရေးထားတာပေါ်လာလိမ့်မယ်။ Right Click လုပ်ပြီး သုံးနိုင်ပါတယ်။

No comments:
Post a Comment