Sunday, April 11, 2010

Tree Jasmine; Indian Cork Tree (ဧကရာဇ်ပင်)

Tree Jasmine; Indian Cork Tree (ဧကရာဇ်ပင်)

Botany Term : Millingtonia hortensis Linn.f

Species/Family : Bignoniaceae



ပုံသဏ္ဌာန် : ပင်စည် ဖြောင့်မတ်သော အပင်ကြီးမျိုး ဖြစ်သည်။ ရွက်ဆိုင် ထွက်သည်။ ရွက်ပေါင်း ဖြစ်ပြီး ရွက်မြွာ များမှာ ထိပ်ချွန်သည်။ ရွက်နားတွင် လွှသွား ကျဲကျဲ ရှိသည်။ ထိပ်ထွက် သို့မဟုတ် ကြားထွက် ပန်းခိုင် ဖြစ်ပြီး အလျား ရှည်သော အဖြူရောင် ပန်များ ပွင်ႛသည်။ သင်းသော ရနံ့ ရှိသည်။ အသီးသည် သီးတောငႛ် ရှည်ဖြစ်ပြီး ထိပ် နှစ်ဖက်လုံး ချွန်သည်။
အပင်-- ပင်စည် ဖြောင့်မတ်သော သစ်ပင် ကြီးမျိုး ဖြစ်၍ အမြင့်ပေ ၄၀ မှ ၅၀ ထိ မြင့်၏။ အခေါက် ညိုဝါရောင် ရှိပြီး ကြမ်း၏။အရွက်-- ရွက်ဆိုင် ထွက်၏။ ရွက်ပေါင်း ဖြစ်ပြီး ရွက်မြွှာများ ဘဲဥပုံ၊ လှံစွပ်ပုံ ရှိသည်။ ရွက်ထိပ် ချွန်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်နား လွှသွား ကျဲကျဲ ရှိသည်။ ရွက်ပြား ချော၏။
အပွင့်-- အပွင့် ကြီးဖြစ်၏။ အလျား ရှည်၍ အဖြူရောင် ရှိသည်။ အနံ့ အနည်းငယ် မွှေးသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း လများတွင် ပွင့်သည်။
အသီး-- သီးတောင့် ရှည်မျိုး ဖြစ်သည်။ ထိပ်နှစ်ဖက် ရှည်သည်။ တပို့တွဲ တပေါင်းလတွင် အသီး ရင့်မှည့်သည်။
အမြစ်-- အမြစ်များ ဖြာထွက်လျက် ရှိသည်။ ရေသောက်မြစ် မှာမြေတွင်းသို့ နက်ရှိုင်းစွာ ထိုးဆင်းသော်လည်း ဘေးမြစ်မြွှာ များမှာ မြေတွင် ကပ်ဖြန့် လျက်ရှိသည်။ ဘေးဘက်သို့ အမြစ်များ မှတဆင့် အပင်များ ထပ်ထွက်သည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ
: အရွက်၊ အပွင့်၊ အညွန့်၊ အမြစ်။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ
: အလွန်အေးသော ဒေသမှ အပ မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ-- သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ :
အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ ဧကရာဇ်သည် အေး၊ ခါး သောအရသာ ရှိ၏။ သွေးကို တက်ကြွစေ၏။ ငြိမ်းလည်း ငြိမ်းစေ၏။ လေကို ငြိမ်စေတတ်၏။
အသုံးပြုပုံ-
အရွက်--
၁။ အရွက်ကို ပြုတ်၍ သုပ်စားလျှင် လည်းကောင်း၊ ကြော်စား လျှင်လည်းကောင်း မီးယပ် ငုပ်ခြင်းနှင့် သွေးတိုး ရောဂါ ပျောက်၏။
အပွင့် အညွန့်--
၁။ အပွင့်ကို ဟင်းချို အဖြစ် ချက်သောက်ခြင်း၊ အညွန့်ကို တို့စရာ အဖြစ် တို့စားခြင်းဖြင့် သွေးတိုး၊ နှလုံးတုန် ရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။
အမြစ်--
၁။ အမြစ်ကို ဆန်ဆေးရည် နှင့် သွေးပြီး သကြား ဆားပါ ထည့်သောက်က နှလုံးတုန်၊ ရင်ခုန်၊ ခေါင်းမူး ပျောက်သည်။
၂။ အမြစ် နှင့် အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးလျှင် မျက်စိနာ ပျောက်၏။
၃။ ၀မ်းကြော၊ ရင်ကြောများ တင်းမာခြင်း အတွက် အမြစ်ကို ဆန်ဆေးရည် နှင့် သွေးလိမ်းက ပျောက်၏။
၎။အမြစ် အစိုကို ထန်းလျက်နှင့် ကျိုသောက်ခြင်းဖြင့် ခရုသင်း ရောဂါ ပျောက်ကင်း စေနိုင်သည်။
၅။ အမြစ် သို့မဟုတ် အခေါက်ကို သွေး၍ လျှာကို ပွတ်ပေး ပါက အရက်မူး လွန်ခြင်းကို ပြေစေ၏။

No comments:

Post a Comment