http://www.tutorialblog.com
အမျိုးအစားခေါင်းစဉ်ငယ်တွေ ခွဲဝေပေးထားပြီး website design နဲ့ပါတ်သတ်ပြီး အကောင်းဆုံးဖြစ်အောင်လမ်းညွှန်ချက်တွေ ပြသထားပါတယ်၊
အကောင်းဆုံးနေရာဖြစ်တဲ့ photo effect ကဏ္ဍမှာဆိုရင် photo retouching, photo bluring တွေကို တစ်ဆင့်ချင်း ရှင်းလင်းသင်ကြားပေးထားပါတယ်။
Website တစ်ခုကို အကောင်းဆုံးဖွဲ့စည်းတည်ဆောက်လိုသူတွေ အားကိုးအားထားပြုနိုင်တဲ့ နေရာတစ်ခုပါ။
http://www.gazellecreative.com
ဖက်ရှင်နဲ့အလှအပကို ဦးစားပေးရင်း ရှင်းလင်းသပ်ရပ်တဲ့ဒီဇိုင်းလေးတွေကို တည်ဆောက်ပြုပြင်နည်းတွေ သင်ကြားပေးတဲ့ စာမျက်နှာတစ်ခုဖြစ်ပါတယ်။
အခမဲ့ရနိုင်တဲ့ theme တွေနဲ့ logo တွေကိုလည်း ပေးထားပါတယ်၊ portfolio ကဏ္ဍမှာ နီးစပ်ရာ design စာမျက်နှာတွေရဲ့ အကောင်းဆုံးအချက်အလက်တွေကိုစုစည်းပေးထားပါတယ်။
http://www.laughingliondesign.net/blog/
လိုဂို၊ business card၊ လူသုံးကုန်ပစ္စည်းဒီဇိုင်း၊ မဂ္ဂဇင်းစာမျက်နှာ ဖွဲ့စည်းပုံ၊ Layout နေရာချပုံ၊ website & blog ဒီဇိုင်း၊ ဘောင်ချာနဲ့ ပန်းဖလက် ၊ ပို့စကတ်စတဲ့ ရှိရှိသမျှ ထုတ်ကုန်တို့ရဲ့ ဒီဇိုင်းဂရပ်ဖစ်နည်းပညာကို လေ့လာလို့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Photoshop tutorial ကဏ္ဍမှာ ရှားပါးပြီး အဖိုးတန်တဲ့ သင်ခန်းစာတွေကို step bu step ၊ ပုံရိပ်တွေနဲ့တကွ ရှင်းလင်းပြသထားပါတယ်။
http://www.inspirationbit.com
blog တစ်ခုအတွက် brand ကို ဘယ်လိုတည်ဆောက်ရမလဲ၊ Blog အတွက် layout ဂန္တ၀င်လိုဂိုတိုရဲ့ ထူးခြားတဲ့ စွဲဆောင်မှု၊ typographic နဲ့ အနုပညာ၊ အကောင်းဆုံးfont များ၊ ဂရ်ဖစ်ကနေ ဆက်နွယ်သွားတဲ့
2D, 3D တွေရဲ့ အကြောင်းအပြင် အကောင်းဆုံး portfolio တွေရဲ့ ဓာတ်ပုံတွေ၊ကာလာအရောင်နဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ရှောင်ရန်အချက်အလက်တွေကိုပါ ဖော်ပြပေးထားပါတယ်။
http://www.designnotes.info
Graphic design နဲ့ ပတ်သတ်သမျှ အကောင်းဆုံးဆိုတဲ့နေရာမျိုးစုံကို ချိတ်ဆက်ပေးထားပြီး pixel တွေရဲ့အကြောင်းကို အသေအချာရှင်းပြပေးထားပါတယ်။ Fantastic design ဆောင်းပါးတွေနဲ့ ထိတ်ထိတ်ကြဲ ဒီဇိုင်းပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေ၊ ဒီဇိုင်းပြုလုပ်ရာမှာသုံးစွဲတဲ့ form နဲ့ font တွေအပြင် archive 2008 december အနေနဲ့ နိုင်ငံတကာမှာ လစ်လပ်နေတဲ့ graphic design အလုပ်နေရာတွေကို ဖော်ပြပေးထားပါတယ်။
http://www.graphicedefine.org
ဂရပ်ဖစ်ဒီဇိုင်းမဂ္ဂဇင်းစာမျက်နှာ တစ်ခုဖြစ်ပြီး အခုချိန်မှာ issue 4 အထိ ရောက်နေပြီဖြစ်ပါတယ်၊ အကောင်းဆုံး ဂရပ်ဖစ်ဒီဇိုင်းသမားဖြစ်အောင် ဘယ်လို လေ့လာသင်ယူပြီး ဘယ်လိုနေရာမျိုးတွေမှာ ရင်းမြစ်တွေ ရနိုင်သလဲဆိုတာကိုဖော်ပြထားပါတယ်၊ဥပမာအားဖြင့် ဒီဇိုင်းသမားတွေရဲ့အလိုအပ်ဆုံး web application 100 က ဘာတွေလဲ၊ Design ရဲ့ ပညတ်တော်ဆယ်ချက် စသည့်ဖြင့်စုံလင်ပါတယ်။
http://www.positivespaceblog.com
Designer တွေရယူပြီး လေ့လာသင့်တဲ့ ebook 35 အုပ်၊ holiday ဒီဇိုင်းလက်ဆောင်၊ အကောင်းဆုံးဒီဇိုင်းအကြံဥာဏ်များ Ads ဒီဇိုင်းကြေငြာတွေ၊ Typography နဲ့ idea အကြောင်းစသဖြင့် စုံလင်ပေါ်ကြွယ်ပါတယ်
No comments:
Post a Comment