ရေရှည်စိတ်ချမ်းသာပျော်ရွှင်မှု
မြန်မာ့ရိုးရာတွင် အများကျိုးဆောင် ကိုယ့်ကျိုးအောင်ဟူသောစကားတစ်ခွ
ကောင်းသောအလုပ် လုပ်သူသည် ထိုလုပ်ရပ်က ပေးသည့် ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။ ဘယ်သူတွေကို သူကူညီနိုင်မလဲ၊ ဘာတွေ သင်ကူညီနိုင်မည်လဲ၊ ပတ်ဝန်းကျင်မှာကြည့်မှာ။ သင့်မြို့သင့်ရွာ၊ ပြီးတော့ သင့်မိသားစု၊ သင့်ဆွေမျိုး၊ သင့်မိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်၊ အကြောင်းအားလျော်စွာတွေ့ကြုံသိ
ဥပမာ သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။
ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိနှင့်။ တစ်လလောက် စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကို တကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။
လူဆိုသည်က အရေးပါချင်သူချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်
တဖန် တစ်ဖက်သားကို လေးစားစွာဆက်ဆံနိုင်ရန်အတွက် ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီးမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်
No comments:
Post a Comment