Thursday, March 4, 2010

The Secret to HAPPINESS

အဆင့် (၁) အချိန် ၁၀မိနစ် ယူပါ။

အဆင့် (၂) ဒီဆောင်းပါးကို ဖတ်ကြည့်ပါ။ စိတ်သစ် လူသစ် ဖြစ်လာပါလိမ့်မယ်။

ပျော်ပျော်ရွှင်ရွှင် အားရပါးရ ရယ်ခဲ့တာ နောက်ဆုံး ဘယ်အချိန်ကလဲ။ စဉ်းစားနေရတယ် ဆိုရင်တော့ ရယ်ခဲ့ ရတာ ကြာပြီ ဖြစ်မယ်။ ဒါပေမဲ့ သတင်းကောင်းက ဒီအခြေအနေကို ပြောင်းလဲ ပစ်နိုင်တယ် ဆိုတာပါပဲ။ ပညာရှင်တွေ သဘောတူထားတဲ့ အချက် တစ်ချက်က ပျော်ရွှင်မှုရဲ့ အဓိကက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို နားလည်တတ်ဖို့ ပါပဲ။ တစ်နှစ်ပတ်လုံး ပျော်ရွှင် ချမ်းမြေ့စေရေး ရိုးရှိးးရှင်းရှင်း နည်းလမ်းများကို ဖော်ပြ လိုက်ပါတယ်။

လစဉ် လုပ်ရမှာက

တွေးခေါ် စဉ်းစားပါ။

ရည်မှန်းချက်တွေထား၊ ကြိုးစားတယ် ဆိုတာမျိုးကို ပညာရှင်တချို့ ကတော့ သဘောမကျပါဘူး။ အဲဒါတွေက တခါတလေကျရင် အလကားနေရင်း ၀န်ပိသလို ဖြစ်နေတတ်ပါတယ်။ သူတို့ ကတော့ ကိုယ့်ရည်မှန်းချက်ကို တကယ် ပေါက်မြောက်ဖို့  လက်တွေ့  ကျကျ တွေးခေါ် စဉ်းစားပါလို့  ဆိုပါတယ်။ ဆိုပါတော့ ကိုယ်က ဘယ်အားကစား သင်တန်းတက်နိုင်မှာလဲ။ ဘာဟင်းချက်စားမှာလဲ ဆိုတာမျိုးပေါ့။ ဒါမှ စိတ်ဖိစီးမှု မရှိပဲ ပန်းတိုင်ကို ရောက်နိုင်မှာပါ။

စာတစ်စောင် ရေးပါ။

တချို့ လူတွေက ကိုယ့်ကို ဒုက္ခပေးတာမျိုး ရှိတတ်ပါတယ်။ အဲဒီလူမျိုးတွေကြောင့် စိတ်ရှုပ်ရတတ်တာပေါ့။ စိတ်ပညာရှင် လန်ဒါ ဆလဲက အကြံတစ်ခု ပေးပါတယ်။ “အဲဒီ လူဆီကျု စာတစ်စောင် ရေးပါ။ စိတ်ထဲ ရှိသလို ရေးပစ်လိုက်။ ပြီးတော့ စာအိတ်ထဲထည့်၊ လက်မှတ်ထိုး၊ အဲဒါပြီးရင်တော့ စာအိတ်ကို တစ်စစီ ဖြစ်သွားအောင် ဆွဲဆုတ်ပစ်လိုက်၊ ဒီလို လုပ်တာ စိတ်ကို ထွက်ပေါက်ပေးလိုက် တာပါပဲ။ စိတ်ညစ်နေတာတွေလည်း စာလိုပဲ တစ်စစီ ဖြစ်သွားပါစေ” တဲ့။

မိမိကိုယ်ကို ဂုဏ်ယူပါ။

အတိုင်ပင်ခံ စိတ်ပညာရှင် ဂျက်ကီမာဆန် ပြောတာ ရှိပါတယ်။ “စူပါဝိုးမင်း ဖြစ်အောင် ကြိုးစားတာကို ရပ်တန်းက ရပ်လိုက်တော့။ အဲဒီကြိုးစားမှုကနေ ကျရှုံးတဲ့ ခံစားမှုမျိုးကိုပဲ ပေးပါလိမ့်မယ်။ ကျွန်မကတော့ ဟောပြောပွဲတွေ လုပ်တိုင်း စံပြပုဂ္ဂိုလ်အနေနဲ့  အန်ဂျလီနာဂျိုလီကိုပဲ အားကျတယ်လို့  ပြောတတ်ကြတယ်” တဲ့။

တကယ်တမ်းမှာတော့ ဒီတလမှာ ကိုယ့်အတွက် ဂုဏ်ယူစရာ အကောင်းဆုံးကိစ္စကို ပြန်စဉ်းစားကြည့်ပါ။ အဲဒါက ကိုယ်ဟာ ဘာမှ မဟုတ်ဘူးလို့  ခံစားမိမဲ့အစား ကိုယ့်ရဲ့ အောင်မြင်မှုအပေါ် သာယာတဲ့ စိတ်မျိုး ဖြစ်လာစေမယ်တဲ့။

No comments:

Post a Comment