Thursday, June 10, 2010

သမ္ဗုဒ္ဓေ (၆) မျိုး ဘု၇ားရှိခိုး

တောင်ကျွန်း သမ္ဗုဒ္ဓေဘု၇ားရှိခိုး

သမ္ဗုဒ္ဓေ အဌဝီသဉ္စွဒွါဒသဉ္စ သဟဿကေ

ပဉ္စသတ သဟဿာနိ၊ နမာမိသိ၇သာမဟံ အပ္ပကာဝါဠုကာ ဂင်္ဂါ ၊အန န္တာ နိဗ္ဗုတာ ဇိနာ။တေသံဓမ္မဉ္စ ၊ သံဃဉ္စ ၊ အာဒေ၇န နမာမဟံ ၊နမက္ကာ၇ာ နုဘာဝေန ၊ ဟိတွာ သဗ္ဗေဥပဒ္ဒဝေ ၊ အနေက အ န္တ၇ာ ယာပိ၊ဝိနဿန္တု အသေသတော။

အဌဝီသံ - သုံးပါးဘဝ သုံးလောကတွင် ဥာဏေ၇ာင်ဖိတ် အောင်ဘိသိက် နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ၊ တန်ဆောင်ပမာ ဥာဏ်ေ၇ာင်ဝါဖြင့်  သစ္စာ ပွင့်  လင်း တ၇ား မင်း တို့  ကို လည်း ကောင်း ၊ ဒွါ ဒသဉ္စ သဟဿကေ - နိဗ္ဗာန် ကိန်းအောင်း စက်မွေ့  လျောင်း သည့် တစ်သောင်း နှစ်ထောင်ကုန်သော ။ သမ္ဗုဒ္ဓေစ - လေ၇ာင်ပမာ ဥာဏ်ေ၇ာင်ဝါဖြင့် သစ္စာလင်း ထိန် မြတ် မု နိန် တို့  ကို လည်း ကောင်း ၊အဟံ အကျွန်ုပ် သည် ၊ သိ၇သာ - ဦးခေါင်း ၇တနာ မြတ်အင်္ဂါ ဖြင့်  ၊ နမာမိ - ရိုသေညွတ် ကျိုး လက်စုံ မိုး ၍ ရှိခိုး ပါ၏ ။

ဂင်္ဂါ- ဂင်္ဂါယ- ဂင်္ဂါ မြစ်တွင်း ၌၊ ဝါဠုကာ -ရှိကြကုန် သော သဲ တို့  သည် ။အပ္ပကာ -နည်း ကြ ကုန်သေး၏ ။ နိ ဗ္ဗုတာ - ဘုံ ဇာတ် သိမ်း ၍ ငြိမ်း အေး တော် မူကြ ကုန်ပြီး သော ၊ ဇိနာ- နှောင့် ယှက် ဖန်လာ မာ၇် ငါးဖြာ ကို အ၇ိယာ မဂ် ဘုန်းေ၇ာင် စက် ဖြင့် ချိုး ဖျက်လွယ် ကူ အောင် တော် မူသော ဘု၇ားရှင် အပေါင်းတို့  ကား၊ အန န္တာ - သင်္ချာ ဂဏန်းေ၇ တွက်မှန်း လည်း ဆုံးခန်းတိုင်မြောက် မေ၇ာက် နိုင်ကြ ကုန်။ တေဇိန စ - ထို ဘု၇ား ရှင် တို့  ကို လည်းကောင်း ၊တေသံ - ထို ငါး သိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ် ဆူ ကုန်သော ၊ ဘု၇ား ရှင် တို့  ၏ ၊ ဓမ္မဥ္စ-တ၇ားတော် မြတ် ကို လည်း ကောင်း ၊ သံ ဃဥ္စ - တပည့်  သား သံ ဃာ တော် မြတ် ကို လည်းကောင်း ၊အဟံ - အကျွန်ုပ် သည် အာဒေ၇ အာဒ၇ံ - ရို သေစွာ ၊ နမာမိ - ရိုသေညွတ် ကျိုး လက်စုံ မိုး ၍ ရှိခိုး ပါ၏ ။

နမက္ကာရာနုဘာဝေန-ရှိခိုးကန်တော့ရသော ပဏာမကုသိုလ်ကံ စေတနာတို့ ကြောင့်၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ- ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ - ပယ်ဖျောက်၍် အနေကအန္တရာယာပိ-များပြားလှသောအန္တရယ်အပေါင်းတို့ သည်လည်း၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနဿန္တု -ကင်းစင်လွင့်ပျောက်ပါစေသတည်း။

သက်တမ်းရင့် သီဟိုဠ်သမ္ဗုဒ္ဓေဂါထာ

ဗုဒ္ဓါအနုန္နာ မရိယာ သုသင်္ခေယေ ။

(ဗုတ်ဓါ အနန်နာ မရိယာ သုသင်ခယေ ။ )

ဗုဒ္ဓါ အနုန္နာ သုဟလာ ဓိသင်္ခေယေ ။

(ဗုတ်ဓါ အနန်နာ သုဟလာ ဓိသင်ခယေ။ )

ဗုဒ္ဓါ ရိယောဃေ ပကု လက္ခကပ္ပကေ။

(ဗုတ်ဓါ ရိယောဃေ ပကု လက်ခကပ်ပကေ။)

ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။

(ဝန်ဒါမိ တေ ဇိရနိရက်ကမေ အဟံ။)

သက်တမ်းရင့်သီဟိုဠ်သမ္ဗုဒ္ဓေဂါထာနိဿရ

သုသင်္ခယေ- ဘုရားအဖြစ် ပါရမီိပုည ဖြည့်ခဲ့ရသော ခုနှစ်သင်္ချေတွင်း

အနုန္နာ မရိယာ - ဗြဟ္မဒေဝ ဘုရားစလျက်ရေတွက်ရကိန်း တစ်သိန်းနှစ်သောင်းငါးထောင်ကုန်သော၊ဗုဒ္ဓါ-သုံးလူ့ သခင်ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ ဓိသင်္ခယေ- နှုတ်တော်မြွက်ကာ ၊ပါရမ်ီမြတ်ဖြည့်ခဲ့အပ်သော ကိုးသင်္ချေတွင်း၊ အနုန္နာသုဟလာ - ဂေါတမလျှင် အစတည်လျှက် စဉ်ရေတွက်သော် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ကုန်သော။ ဗုဒ္ဓါ-သစ္စာသိမြင် ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ ဃေ-ပါရမီဆယ်ထွေ ဖြည့်ခဲ့ပေသော လေးဖြာမည်ရင်း သင်္ချေတွင်း ၊ ရိယာ - တစ်ကျိပ် နှစ်ဆူကုန်သော၊ ဗုဒ္ဓါ- ဘုရားရှင်တို့ သည်၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ လက္ခကပ္ပကေ-ကမ္ဘာတစ်သိန်းတွင်း၊ပကု-ပဒုမုရဘုရားမှ ဂေါတမတိုင် ရေတွက်ခဲ့သော် တစ်ကျိပ်ခြောက်ဆူကုန်သော၊ ဗုဒ္ဓါ-ဘုရားရှင်တို့ သည် ၊ ဥပ္ပဇ္ဇိံသု - ပွင့်တော်မူကုန်ပြီ၊ တေဇိနိရက္ကမေ - တစ်သိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို ကို၊ အဟံ- အကျွန်ုပ်သည်၊ အာဒရံ -ရိုသေစွာ၊ ဝန္ဒာမိ- ရိုသေပန်ထွာ ရှိခိုးပါ၏။

အရှေ့  ကျွန်းသမ္ဗုဒ္ဓေဂါထာ

(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ သဗ္ဗတေဇံ သဗ္ဗဂုဏံ။

(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ သပ်ဗတေဇံ သပ်ဗဂုဏံ။)

သဗ္ဗသုခံ လဘတုမေ။

(သပ်ဗသုခံ လဘတု မေ။)

ဆဝိဆာယာ ဆယီစ ဆာယာ။

(ဆဝိဆာယာ ဆယီစ ဆာယာ။)

(ခ) ပဉ္စဗုဒ္ဓါ မဟာတေဇံ၊ သဗ္ဗညုတ ဥာဏဝရံ ။

(ပင်စဗုတ်ဓါ မဟာတေဇံ၊ သပ်ဗညုတ ညာဏသရံ။)

သဗ္ဗသတ္တရှု သဗ္ဗဘယာ၊ ဝိနသန္တု အသေသတော။

(သပ်ဗသတ်တရူ သပ်ဗဘယာ၊ ဝိနတ်သန်တု အသေသတော။)

အရှေ့ ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ

(က) သဗ္ဗတေဇံ - ဘုန်းတန်ခိုးအာနုဘော်တို့ နှင့်ပြည့်စုံတော်မူသော၊ သဗ္ဗဂုဏံ - ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော၊ အဋ္ဌဝီယံ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ - လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်တင်ပေါ်သိမြင်တော်မူပြီးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အာနုဘာဝေန - အာနုဘော်ကြောင့် ၊ မေမမ- ဘုရားတပည့်တော်အား ၊ သဗ္ဗသုခံ- ချမ်းသာမှုအလုံးစုံကို ၊ လဘတု - မုချမသွေ ရရှိပါစေသတည်း။

(ခ) သဗ္ဗညုတ ဥာဏဝရံ - သိစရာအမှန် တစ်စမကျန် သိမြင်တော်မှုပေထသော၊ မဟာတေဇံ- ကြီးကျယ်သော တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မှုသော၊ ပဉ္စဗုဒ္ဓါ- ဘဒ္ဒကမ္ဘာ ပွင့်တော်မူမည့် ငါးဆူသောဘုရားရှင်တို့ ၏၊ အာနုဘာဝေန- တန်းခိုးရှိန်စော် အာနုဘော်အားဖြင့် ၊ သဗ္ဗသတ္တရူ- ခပ်သိမ်းသော ရန်အပေါင်းတို့ သည်၊ သဗ္ဗသတ္တရူ- ခပ်သိန်းသော ရန်အပေါင်းတို့ သည်၊ သဗ္ဗဘယာ- အလုံးစုံသော ဘေးအပေါင်းတို့ သည်၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနသန္တု- ကင်းစင်လွင့်ပျောက်ပါစေသတည်း။

၎။အနောက်ကျွန်းသမ္ဗုဒ္ဓေပါထာ

(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ ဒွါဒသဉ္စ ဣမေဗုဒ္ဓါ။

(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ ဒွါဒသင်စ အိမေဗုတ်ဓါ။)

ဧကတ္တိံသစ ဣမေဗုတ်ဓါ၊ ဒွတ္တိံသစ မဟာဗုဒ္ဓါ။

(အေကတ်တိန်သ သပ်ဗေ ဗုတ်ဓါ၊ ဒွတ်တိန်သစမဟဗုတ်ဓါ။)

(ခ) ပဉ္စဝီသာ ဗုဒ္ဓါ သန္တိ ၊ တေတ္တိံသ ဗုဒ္ဓဘာဝေနာ၊

(ပင်စဝီသာ ဗုတ်ဓါ သန်တိ၊ တစ်တိန်သ ဗုတ်ဓဘာဝေနာ၊)

ဧတေ ဗုဒ္ဓေ ဗုဒ္ဓဂုဏေ၊ နမောမိ သိရသာ မဟံ။

(အေတေ ဗုတ်ဓေ ဗုတ်ဓဂုဏေ၊ နမာမိ သိရသာ မဟံ။)

(ဂ) တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ

(တေသံ ဓမ်မင်စ သံဃင်စ၊ အာဒရေန နမာမဟံ)

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။

(နမက်ကာရာ နုဘာဝေန၊ ဟိတ်တဝါ သပ်ဗေ အုပတ်ဒဝေ။)

အနေက အန္တရာယာပိ၊ ဝိနသန္တု အသေသတော။

(အနေက အန်တရာယာပိ၊ ဝိနတ်သန်တု အသေသတော။)

အနောက်ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ

(က) အဠဝီယံ - နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ- လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်ထင်ပေါ်သိမြင်တော်မှုပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏၊ ဒွါဝီသံ- နှစ်ကျိတ်ရှစ်ဆူကုန်သော၊ ဣမေဗုဒ္ဓါ စ -မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် လည်းကောင်း၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဧကတ္တိံ ဗုဒ္ဓါစ- သုံးကျိပ်တစ်ဆူကုန်သော မြတ်စွာဘုရားတို့ သည်လည်းကောင်း၊ ဒွတ္တိံသ- သုံးကျိပ်နှစ်ဆူကုန်သော၊ မဟာဗုဒ္ဓါစ - မြတ်စွာဘုရားတို့ သည်လည်းကောင်း၊

(ခ)ပဉ္စဝီသာ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊ ဗုဒ္ဓါစ- မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတို့  သည်လည်းကောင်း၊ တေတ္တိံသ ဗုဒ္ဓဘာဝေနာ စ - သုံးဆယ့်သုံးဖြာသော ဗုဒ္ဓဘာဝနာတို့  သည်လည်းကောင်း၊ သန္တိ - သုံးဘုံသူအား အကျိုးများဖို့ ထင်ရှားမသွေ ရှိတော်မူကြလေကုန်၏။ ဧတေဗုဒ္ဓါ စ - ထိုမြတ်စွာဘုရားတို့ သည်လည်းကောင်း၊ ဧတေဗုဒ္ဓဂုဏေစ - ထိုမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ သည်လည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ- ဦးနှိမ်မာန်လျော့ ကန်တော့ပါ၏။

(ဂ)တေသံ- မဂ်ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်တည်းဟူသော ဆယ်ပါးသော တရားတော် မြတ်သည်လည်းကောင်း၊ သံဃဉ္စ- သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ အာဒရေန- ကြည်ညိုရိုသေသောအားဖြင့်၊ နမာမိ- ဦးနှိမ်မာန်လျော့ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။

နမက္ကာရာနုဘာဝေန-ရှိခိုးကန်တော့ရသော ပဏာမကုသိုလ်ကံ စေတနာတို့ ကြောင့်၊ သဗ္ဗေ- အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ- ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ - ပယ်ဖျောက်၍် အနေကအန္တရာယာပိ-များပြားလှသောအန္တရယ်အပေါင်းတို့ သည်လည်း၊ အသေသတော-ကြွင်းကျန်တစိ မရှိသောအားဖြင့်၊ ဝိနသန္တု -ကင်းစင်လွင့်ပျောက်ပါစေသတည်း။

၅။မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာ

(က) သမ္ဗုဒ္ဓေ အဌဝီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ

(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ ဒွါဒသင်စ သဟတ်သကေ။)

ပဉ္စသတ သဟဿနိ၊ ဂင်္ဂါယံ စဏ္ဏဝါလုကေ။

(ပင်စသတ သဟတ်သာနိ၊ ဂင်ဂါယံ စန်ဏဝါလုကေ။)

(ခ) ပရာဇေတွာ မဟာဖုလ္လေ၊ နမာမိ သိရသော မဟံ၊

(ပရာဇစ်တဝါ မဟာဖုန်လေ၊ နမာမိ သိရသော မဟံ၊)

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ

(တေသံ ဓမ်မင်စ သံဃင်စ၊ အာဒရေန နမာမဟံ)

(ဂ) နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ

(နမက်ကာရာ နုဘာဝေန၊ဟိတ်တဝါ သပ်ဗေ အုပတ်ဒဝေ)

အနေက အန္တရာယာပိ၊ ဝိနသန္တု အသေသတော။

(အနေက အန်တရာယာပိ၊ ဝိနတ်သန်တု အသေသတော။)

မြောက်ကျွန်းသမ္ဗုဒ္ဓေဂါထာနိဿရ

(က) အဋ္ဌဝီသံ- နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ- လေးသစ္စာမှန် ဥာဏ်ရောင်လျှံဖိတ် ထွတ်ထိပ်ထင်ပေါ် သိမြင်တော်မူပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏၊ ဒွါဒသဉ္စ သဟဿကေ-နိဗ္ဗာန်ကိန်းအောင်း စက်မွေ့ လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ- လရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင်မြတ်ဘုန်းခေါင်တို့ ကို လည်းကောင်း၊ ပဉ္စသတ သဟသာနိ- သောင်းတိုက်စကြာဝဋ္ဌာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ- နေရောင်ပမာ ဥာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင် မြတ်မုနိန်တို့  ကို လည်းကောင်း၊ ဂင်္ဂါယံ-ဂင်္ဂါမည်လျှင်း မြစ်အတွင်း၌၊ စုဏ္ဏဝါလုကေ-သဲလုံးတို့ ကို၊

(ခ)ပရာဇေတွာ- ရှုံးစေပြီး၊ ဗဟုဖုလ္လေ- ဂင်္ဂါမြစ်ထဲငွေသောင်သဲတို့ထက် လွန်ကဲများစွာ ပွင့်တော်မူပြီးကြကုန်သော၊ သမ္ဗုဒ္ဓေစ- မြတ်စွာဘုရားတို့ ကိုလည်းကောင်း၊ အဟံ- ဘုရားတပည့်တော်သည်၊ သိရသာ- ဦးခေါင်းရတနာမြတ်အင်္ဂါဖြင့်၊ နမာမိ- ရိုသေမြတ်နိုး ရှိခိုးကန်တော့ပါ၏။ တေသံ-ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မှုကြပြီးကုန်သော မြတ်စွာဘု၇ားတို့  ၏၊ ဓမ္မဉ္စ- မဂ်ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်တည်းဟူသော ဆယ်ပါးသောတရားတော်မြတ် သည်လည်းကောင်း၊ သံဃဉ္စ-သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ သံဃဉ္စ-သံဃာတော်အရှင်မြတ်တို့ သည်လည်းကောင်း၊ အဟံ-ဘုရားတပည့်တော်သည်၊ အာဒရေန-ကြည်ညိုရိုသေသောအားဖြင့်၊ နမာမိ-ဦးနှိမ်မာန်လျော့ ရှိုခိုးကန်တော့ပါ၏အရှင်ဘုရား။

နမက္ကာရာနုဘာဝေန- ရှိခိုးကန်တော့ရသော မဏာမကုသိုလ်ကံစေတနာတို့ ကြောင့်၊ သဗ္ဗေ-အလုံးစုံကုန်သော၊ ဥပဒ္ဒဝေ-ဥပဒ္ဒဝေါတရားတို့ ကို၊ ဟိတွာ-ပယ်ဖျောက်၊ အနေကအန္တရာယာပိ- များပြားလှသော အန္တရယ် အပေါင်းတို့ သည်လည်း၊ အသေသတော- ကြွင်းကျန်တစိမရှိသောအားဖြင့်၊ ဝိနသန္တု- ကင်းစင်လွင့်ပျောက်ပါစေသတည်း။

၆။အောင်သမ္ဗူဒ္ဓေဂါထာ

(က) သမ္ဗုဒ္ဓေ အဌဝီသတိ၊ မမ ဂစ္ဆတိ ပုရတော။

(သမ်ဗုတ်ဓေ အတ်ထဝီသင်စ၊ မမ ဂစ်ဆတိ ပုရတော။)

ပဉ္စ ဗုဒ္ဓါ မဟာတေဇာ၊ မမ သီသေ နိသေသေတိ။

(ပင်စ ဗုတ်ဓါ မဟာတေဇာ၊ မမ သီသေ နိသေသေတိ။)

(ခ) ဒိဗ္ဗတီတံ မံ ရက္ခန္တု၊ ဟောတု မေ ဇယမင်္ဂလဂံ္ဂ၊

(ဒိတ်ဗတီတံ မံ ရက်ခန်တု၊ ဟောတု မေ ဇယမင်ဂလက်ဂံ၊)

သဗ္ဗေပိ မေ စ နမာမိ၊ ဂုဏေ အာပတ္တိ သမ္ဗုဒ္ဓေ။

(သပ်ဗေပိ မေ စ နမာမိ၊ ဂုဏေ အာပတ်တိ သမ်ဗုတ်ဓေ။)

အရိယာနဉ္စ သဗ္ဗေသံ ၊ သာဝကာနဉ္စ သဗ္ဗသော။

(အရိယာနင်စ သပ်ဗေသံ၊ သာဝကာနင်စ သပ်ဗသော။)

အောင်သမ္ဗုဒ္ဓေဂါထာနိဿရ

(က) အဋ္ဌဝီသံ- နှစ်ကျိပ် ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-လေးသစ္စာမှန် ရွှေဥာဏ်သခင် မြတ်စွာဘုရားတို့ သည်၊ မမ- ဘုရားတပည့်တော်သည်၊ ပုရတော-ရှေ့ ၊ ဂစ္ဆတိ-ကြွရောက်ရွင်ပြုံး သီတင်းသုံးတော်မူတော်မူပါစေသတည်း၊ မဟာတေဇော- ကြီးကျယ်မြင့်မြတ်သော တန်ခိုးရှိတော်မူပါကုန်သော၊ ပဉ္စဗုဒ္ဓါ- သံ,ဂုံ,ပ,မ,ယျ ငါးဆူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ သည်၊ မမ-တပည့်တော်၏၊ သီသေ- အမြတ်ထိပ်တင် ဦးခေါင်းပြင် နိသေသေတိ- မြကြည်ရွှင်ပြုံး သီတင်းသုံးတော်မူပါစေသတည်း။

(ခ)ဒိဗ္ဗတီတံ-ဒိဗ္ဗတီတာနိ-ရောင်ခြည်ခြောက်သွယ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ သည်၊ မံ- ဘုရားတပည့်တော်ကို၊ ရက္ခ န္တု-ဘေးရန်ကင်းပျောက် စောင့်ရှောက်တော်မူကုန်ကြ ပါစေကုန်သတည်း ။ အာပတ္တိ ဂုဏေ-ဂုဏ်တော်ထင်ရှား မြင့်မားပြည့်စုံခြင်းသို့  ရောက်တော်မူပြီးကုန်သော၊သဗ္ဗေပိ- အလုံးစုံလည်းဖြစ်ကုန်သော၊ ဣုမေ သမ္ဗုဒ္ဓေစ-ထိုဂုဏ်များရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ကိုလည်းကောင်း၊ သဗ္ဗသော- အလုံးစုံကုန်သော၊ သာဝကာနဉ္စ- အဂ္ဂသာဝကအပေါင်းတို့ ကိုလည်းကောင်း၊ နမဿာမိ-ဦးနှိမ်မာန်လျော့ ကန်တော့ပါ၏။ ဧတေန သစ္စဝဇ္ဇေန- နက်မှန်သောသစ္စာစကားကြောင့်၊ မေ မမ -တပည့်တော်အား၊ အဂံ္ဂ- မြတ်သော၊ ဇယမင်္ဂလံ-အောင်မြင်ခြင်းကောင်းကျိုးမင်္ဂလာအဖြာဖြာသည်၊ ဟောတု-စင်စစ်မသွေ ပြည့်စုံပါစေသတည်း။

သမ္ဗုဒ္ဓေ(၆)မျိုး ဘုရားရှိခိုးပြီး၏။

သမ္ဗုဒ္ဓေ (၆)မျိုး ရွတ်ဆိုရခြင်းအကျိုးသွား

သမ္ဗုဒ္ဓေဘုရားရှိခိုးသည် အန္တရာယ်က ကင်းရှင်း ဘေးရန်မှန်သမျှဝေး၏။ အတိုက်အခိုက် အနှောက်အယှက်မှန်သမျှလွှင့်စင်၏။ မိမိ၏စီးပွား၊ သားမယား၊ စည်းစိမ် အိုးအိမ်ဥစ္စာ၊ အသက်ဇိဝိတိနြေ္ဒ ရန်အပေါင်းမှပယ်ရှင်း၏။

သူခိုး ဓါးပြများလုယက်၊တိုက်ခိုက်မှုမှကင်းရ အချုပ်၊ နှောင်အဖွဲ့ ၊ ထောင် ၊ ရုံး ၊ ဂတ် ၊ အမှုအခင်းဘေးမှလွတ်မြောက်၏။ ကိုယ်စိတ်ချမ်းသာစွာ အိပ်စက်ရခြင်း၊ ကောင်းသောအိမ်မက် မက်ခွင့်ရခြင်း စသောအကျိုးများသည် မန္တန်၏စွမ်းပကားဖြစ်၏။

သမ္ဗုဒ္ဓေဂါထာတော်ကြီးကို စောင့်ရှောက်ကုန်သော ဂါထာစောင့်ပုဂ္ဂိုလ်များ၊ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတို့ အား အခက်အခဲ, အကြပ်အတည်း ရှိတိုင်းအဓိဌာန်ပြု စောင့်ရှောက်မှုကို တောင်းခံကြပါလေ။ မသွေမုချ တောင်းတိုင်းပြည့်ဝကြပါစေသတည်း။

No comments:

Post a Comment