Friday, September 24, 2010

ဝေးသွားတဲ့ အခါ..........

ဝေးသွားတဲ့ အခါ..........


ရင်ခုန်သံတွေ နှုတ်ဆိတ်
တိတ်တဆိတ်ကြေကွဲရုံမှတပါး
အခြားမရှိတော့ဘူးလား....ချစ်သူ....

မျှော်လင့် ခြင်းကင်းတဲ့  ဘဝ
ဒါဟာ.....ခဏလို့ 
နာကြင်ခြင်းဒဏ်၇ာတွေကို
မင်းအပြုံးနဲ့ ချွေးသိပ်
နှစ်သိမ့် နေမိသူသာအမှားလား.....

ဘဝမှာ အလွမ်းက တစ်ဖက်
မျှော်လင့်ခြင်း တစ်ဝက်နဲ့ 
ဆုံနိုင်ခွင့် ၇နိုး
အိမ်မက်ထဲထိတောင်တိုးပြီး
ရှာဖွေနေမယ့် သူပါ....
အချစ်စစ်တို့ မည်သည်
မဖြောင့် ဖြူး စတမ်း တဲ့။ ။
ချစ်သူ ………
တို့  နှစ်ယောက်အချစ်သာ စစ်မှန်စွာနဲ့ 
နှလုံးသားမျက်စိ မြင်နိုင်ပါ၏
ဆုံနိုင်ခွင့် က လက်တစ်ကမ်းဝယ် ………….

No comments:

Post a Comment