Sunday, March 7, 2010

တိရိစ္ဆာန်လောကမှ မယုံနိုင်ဖွယ်ချစ်ဇာတ်လမ်းလေး


သူ့ချစ်သူငှက်မလေး ထိခိုက်ဒဏ်ရာရထားတော့ စိုးထိတ်ခြောက်ခြားနေရှာတဲ့ငှက်ကလေး

သူ့ချစ်သူငှက်မလေးအတွက် အစာတွေသယ်လာ။ အကြင်နာကရုဏာတွေ ပေးနေရှာတဲ့ငှက်ကလေး

အစာတွေသယ်လာပေးနေရှာတုန်းရုတ်
တရက်သေဆုံးသွားရှာတဲ့ ငှက်မလေးကို မယုံကြည်နိုင်စွာနဲ့ လှုပ်နှိုးသယ်ယူသွားဖို့ ကြိုးစားနေရှာတဲ့ငှက်ကလေး


သူ့ချစ်သူငှက်မလေး သူဆီဘယ်တော့မှနောက်တဖန် ပြန်လာနိုင်တော့မှာမဟုတ်ဘူးဆိုတာကို သဘောပေါက်နားလည်သွားတဲ့အခါ ချစ်ခြင်းကြီးစွာနဲ့ ငိုကြွေးနေရှာတဲ့ ငှက်ကလေး



ချစ်သူငှက်မလေးဘေးမှမခွာနိုင်ဘဲ ချစ်သူသေဆုံးမှုအတွက် ငိုကြွေးအော်ဟစ်နေရှာတဲ့ငှက်ကလေး

နောက်ဆုံး နောက်ဆုံးမှာတော့ သူ့ချစ်သူငှက်မလေး သူဆီဘယ်တော့ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်တာကို၊ သူကိုထာဝရခွဲခွာသွားပြီဆိုတာကို သိလိုက်ရတဲ့နောက် ချစ်သူခန္ဓာကိုယ်ဘေးမှာ ရပ်ရင်း ၀မ်းနည်းကြေကွဲနေရှာတဲ့ ငှက်ကလေး

ဒီအဖြစ်အပျက်လေးဟာ ယူကရိန်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့ပြီး၊ ဓာတ်ပုံတွေကို ငှက်ဖိုလေးက သူ့ငှက်မလေးကို ကယ်တင်ဖို့ ကြိုးစားနေစဉ်မှာ ရိုက်ယူထားခဲ့တာဖြစ်ပါတယ်။ အမေရိကနဲ့ ဥရောပမှာရှိတဲ့ လူသန်းပေါင်းများစွာဟာ ဒီဓာတ်ပုံလေးတွေကို ကြည့်ပြီးကြတဲ့အခါ မျက်ရည်ကျခဲ့ကြပါတယ်။
ဓာတ်ပုံဆရာက ပြင်သစ်နိုင်ငံမှာရှိတဲ့ အကျော်ကြားဆုံးသတင်းစာကို ဒီဓာတ်ပုံတွေကို မဆိုစလောက်ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ ဒီဓာတ်ပုံပါတဲ့ သတင်းစာဟာ နေချင်းပဲ လက်မလည်အောင် စောင်ရေမကျန် ရောင်းချခဲ့ရပါတယ်။

No comments:

Post a Comment