Wednesday, March 3, 2010

လှစေချင်သူ





A-Almond Oil ဗာဒံသီးအဆီမျက်နှာသန့်စင်ရာတွင် အကောင်းဆုံးအဆီ ဖြစ်ပါသည်။ အဆီပြန်ခြင်း နှင့်ဝက်ခြံ၊ တင်းတိတ်များကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွေ့ နုးညံ့ စေပါသည်။ ထို့ကြောင့် ဗာဒံသီး အဆီဖြင့် မျက်နှာကို ပွတ်လိမ်းပေးပါ။





B-Baking Soda မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ ထမင်းစာဇွန်း တစ်ဇွန်းခန့်ကို ရေနွေးထဲထည့် ပြီးမွှေပြီး ခြေထောက်ကို စိမ်ပေးလျှင် ခြေထောက်နာကျင်ကိုက်ခဲ မှုများကို သက်သာပျောက်ကင်း စေပါသည်။ ခြေထောက်မှ အနာအဆာများကို ပျောက်ကင်းစေ၍ ချောမွေ့နုးညံ့လာစေပါသည်။





E-Egg White ကြက်ဥအကာ
မျက်နှာအသားအရေ တင်းရင်၍ ချောမွေ့စေရန်း မျက်နှာပေါ်တွင် လိမ်းကျံပေးပါ။






0-0at Meal အုတ်ဂျုံ
အုတ်ဂျုံကို ထမင်းချက်သကဲ့သို့ ချက်ပြီးပျားရည် တွင်စိမ်ပါ။ အဲဒါကို မျက်နှာတွင် လိမ်းကျံပေးပါက မျက်နှာ အဆီပြန်ခြင်းမှ ပျောက်ကင်း သက်သာစေနိုင်ပါသည်။






I-Ice Cubes ရေခဲတုံးလေးများ
မျက်နှာနှင့် လည်ပင်းတွင် ပိတ်ဆို့နေသော ချွေးသီးပေါက်ကလေးများကို ရေခဲတုံးဖြင့် အုံပေးပါက ချွေးပေါက်ပွင့်ပြီး အခိုးအငွေ့ထွက်ကား ကျန်းမားလန်းဆန်းစေပါသည်။




M-Milk နွားနို့
နွားနို့ဖြင့် ရေချိုးသကဲ့သို့ ချိုးခြင်းဖြင့်၊ ခြေလက် ဆေးကြောသန့်စင်ခြင်း၊ ပွတ်လိမ်းပေးခြင်းဖြင့် ခြေလက်များ နုးညံ့ ပျော့ပျောင်းစေပါသည်။







S-Strawberries စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးကို ပါးပါးလှီး၍ အရေပြားပေါ်ရှိ မှဲ့ခြောက်တင်းတိတ်များကို အုံပေးပါက ပျောက်ကင်းစေနိုင်ပါသည်။ အညိုအမဲ အကွက်များရှိလျှင်လည်း အုံပေးပါက ပျောက်ကင်းစေပါသည်။



F-Fasting
တစ်လတွင် တစ်ရက်သတ်မှတ်ကာ ထိုနေ့တွင် အစာမစားဘဲ အရည်ရွမ်းသော သစ်သီးရည်များ ကိုသောက်သုံးပေးပါ။ ဤနည်းဖြင့် ခန္ဓာကိုယ် မှအဆိပ်အတောက်များ ကင်းစင်စေပြီး အသားရေ စိုပြည်လှပစေပါသည်။






L-Lemon Juice သံပရာနှင့် ရှောက်ချိုသီးအရည်
အရေပြားကို ပွတ်လိမ်းပေးပါက အရေပြားမှ အညိုကွက်၊ အမည်းကွက်များ အစွန်းအထင်းများပေကျံ ပျောက်ကင်းစေသည်။ မှဲ့ခြောက်နှင့် ညုင်းများ ပျောက်ကင်း၍ ချောမွေ့လှပလာစေပါသည်။


(မဂ္ဂင်းဇင်းတစ်အုပ်မှ ကူးယူဖော်ပြခြင်းသာ...)

No comments:

Post a Comment