Monday, February 8, 2010

...ဘ၀မှာ

...ဘ၀မှာ

အခက်အခဲတစ်ခုတွေ့တိုင်း
မိမိအတွက်
ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာ
အခက်အခဲနဲ့ တွေ့တိုင်း စိတ်မပျက်ပါနဲ့
အတွေ့အကြုံသစ်
ဒါမှမဟုတ်
မိမိအတွက်
ဘ၀သင်ခန်းစာ တစ်ခုလို သဘောထားနိုင်ရင်
ဘ၀မှာ နေပျော်ပါတယ်။




...စိတ်ချမ်းသာမှ
ကိုယ်ခန္ဓာရဲ့ ငြိမ်းချမ်းမှု ရပါမယ်။
စည်းစိမ်ဥစ္စာတွေ
ဘယ်လောက်ဘဲ ကြွယ်ဝနေပါစေ
စိတ်မချမ်းသာရင်
ဘ၀မှာ အဓိပ္ပါယ် မရှိနိုင်ပါဘူး။
ဒါကြောင့်
ကိုယ်ချမ်းသာမှု ရအောင် ကြိုးစားသလို
စိတ်ချမ်းသာမှု ရအောင်
တရားရှုမှတ်ခြင်း အလုပ်ကိုလည်း
တတ်အားသမျှ လုပ်သင့်ပါတယ်။




…ဒီဘ၀မှာ
ကိုယ်မချမ်းသာပေမဲ့
စိတ်ချမ်းသာအောင်
တစ်နည်းအားဖြင့်
စိတ်ကောင်းရှိအောင် နေတတ်သူဟာ
နောင်ဘ၀ရောက်ရင်
ကိုယ်ရော စိတ်ပါ ချမ်းသာဖို့
သေချာပါတယ်။



…မိမိမျက်နှာလေး
ကြည်လင် သန့်ရှင်းအောင်
ချောမော လှပအောင်
အခြားမွမ်းမံ ခြယ်သမှုတွေ မလုပ်ခင်မှာ
မိမိစိတ်ကလေးကို
အရင် ကြည်လင် သန့်စင်သွားအောင်
လုပ်ကြည့်လိုက်ပါ။
ပိုပြီး လှပလာပါလိမ့်မယ်။




…စိတ်သည်
သင်က ထိန်းကျောင်းနိုင်လျှင်
သူ့ကို သင်က
ကောင်းစွာ အသုံးချနိုင်သလို
မထိန်းကျောင်း နိုင်လျှင်တော့
သူစေခိုင်းသည့်အတိုင်း
သင် လုပ်ရပေလိမ့်မည်။

…စိတ်ကောင်းတစ်ခု ထိန်းနိုင်ကြပါစေ…

No comments:

Post a Comment