Sunday, April 11, 2010

မျက်စိမှုန်သူတွေကို ကယ်တင်မယ့် LAL နည်းပညာစစ်

မျက်စိမှုန်သူတွေကို ကယ်တင်မယ့် LAL နည်းပညာစစ်

ဆောင်းညတစ်ညဖြစ်၍ ပတ် ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ ၏။
နှင်းစက်ကျသံ တဖြောက် ဖြောက်က နားစည်ကို ရိုက်ခတ်နေ ၏။
ဒေါက်တာဇင်မင်းမောင်သည် ရုပ်မြင်သံကြားစက်ရှေ့တွင် ထိုင်ကာ ကိုရီးယားဇာတ်လမ်းတွဲကြည့်ရန် ပြင် ဆင်နေ၏။ တူကလေးဖြစ်သူ ဇွဲ ဝေယံက ကူးထားပေးသဖြင့် ဇာတ် လမ်းတွဲများကို စဉ်ဆက်မပြတ်ကြည့် ရ၏။ ဆေးခန်းထိုင်ရသော ဒေါက် တာဇင်မင်းမောင်အဖို့ တူကလေး မကူညီပါက ကိုရီးယား ဇာတ်လမ်း တွဲနှင့် လမ်းခွဲရပေတော့မည်။
''လေးလေး အဆင်ပြေရဲ့လား''
''အေး၊ ပြေပါတယ်ကွ။ တစ်ခု ပဲရှိတယ်။ လေးလေး မျက်မှန်ပျောက် နေတယ်။ ပုံတွေက ဝါးတားတား ဖြစ်နေတယ်''
''လွယ်ပါတယ်လေးလေး၊ အိုင် ကျူဗီးရှင်း ရှိသားပဲ။ အသစ်တစ် လက် ထပ်လုပ်လိုက်ပေါ့။ ရဲတိုက် တောင် အသစ်ထပ်လုပ်သေးတာပဲ''
တီဗီကြော်ငြာများ မလွတ်တမ်း ကြည့်ရှုတတ်သော တူလေး ဇွဲဝေယံ က အိုက်ကျူဗီးရှင်းကြော်ငြာမှ သရုပ် ဆောင်ရဲတိုက်ကို ရည်ညွှန်းပြောဆို ခြင်းဖြစ်၏။
''အေး၊ လုပ်ရမလိုဖြစ်နေပြီ။ မိုး ဟေကိုနဲ့ အေးမြတ်သူ ခေါ်ပေးစမ်း ပါကွာ''
''ဟားဟား၊ လေးလေးက အလာကြီးပဲ။ ရပါတယ်။ လေးလေး သူငယ်ချင်း ဆရာကျော်ကို ပြော လိုက်ပေါ့''
ဒေါက်တာဇင်မင်းမောင်နှင့် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သော ဒေါက်တာ ကျော်ဆွေသိန်းက သရုပ် ဆောင်များနှင့်ရင်းနှီး၏။ ထို့ကြောင့် တူကလေးဇွဲဝေယံက အကူအညီ တောင်းရန် အကြံပေးနေခြင်းဖြစ်၏။
ထိုစဉ်ဒေါက်တာ ကျော်ဆွေ သိန်းရောက်ရှိလာ၏။
''ဟာ- ဟန်ကျပြီလေးလေး။ ဆရာကျော်လာပြီ''
''လာဟေ့ ဖိုးကျော်၊ မျက်မှန် ပျောက်နေလို့ မြောင်ဂျီကို မမြင်ရဘူး ဖြစ်နေတယ်ကွာ။ မျက်မှန်အသစ် လုပ်ရမလားမသိဘူး''
''ဖိုးဇင်ရေ၊ မျက်မှန်က ဒီမှာကွ။ ဆေးခန်းမှာ စာဖတ်ရင်းကျန်ရစ်ခဲ့တာ လေ''
ဒေါက်တာကျော်ဆွေသိန်းက မျက်မှန်တစ်လက်ကမ်းပေးလိုက်၏။
''ဟာ- ကျေးဇူးပါပဲ သူငယ် ချင်းရာ၊ ခုမှ သတိရတယ်။ မနေ့က စာဖတ်ရင်း ကျန်ခဲ့တာကိုး''
ယမန်နေ့က ညဘက်ဆေးခန်း တွင် AJ Cronin ရေးသားသော Citadeio ဝတ္ထုရှည်ကြီးအားဖတ်ရှုရင်း မျက်မှန် မေ့ကျန်ခဲ့ခြင်းဖြစ်၏။
''နောင်ဆိုရင် ခုလို မေ့ကျန်တဲ့ ပြဿနာမဖြစ်တော့ဘူးကွ။ LAL လာတော့မယ်။ မျက်မှန်လဲ မလို တော့ဘူးကွ''
''ဟေ-ဟုတ်လား။ LAL ဆို တာဘာလဲကွ။ ရှင်းပြပါဦး''
''LAL ဆိုတာက အတိုကောက် ခေါ်တာကွ။ အပြည့်အစုံက Light Adjustable Lens ကွ။ LAL ကြောင့် အမြင် စွမ်းအားက တိုးတက်လာ တယ်။ မျက်မှန်မလိုတော့ဘူးကွ''
''ဒါက နည်းပညာသစ် ထင် တယ်''
''ဟုတ်တယ်ကွ။ လူတွေဟာ အသက်ကြီးလာရင် မျက်စိလဲ အား နည်းလာတယ်။ စာဖတ်တာ၊ ကား မောင်းတာအတွက် မျက်မှန်လိုလာ ပြီ။ ခုနည်းပညာသစ်က မျက်မှန် မလိုအောင် စွမ်းဆောင်ပေးလိမ့်မယ်။ ထူးခြားတာက အမြင်စွမ်းအားဟာ အသက်ငယ်စဉ်ကရထားတဲ့ မူလ သဘာဝ စွမ်းအားထက် ကောင်းနေ တယ်တဲ့။ High Definition မြင်နိုင် တယ်တဲ့''
''ဟာ-တယ်ဟုတ်တာပဲ။ LAL က ဘာနဲ့လုပ်ထားတာလဲ''
''Unpolymerised Siliconနဲ့ လုပ်ထားတာကွ။ Flexibility ရှိ တယ်။ ပျော့ပျောင်းတယ်။ လိုသလို ကွေးနိုင်၊ ဆန့်နိုင်တယ်။ မျက်လုံးကို ခွဲစိတ်ပါရဂူက ခွဲစိတ်ပြီး ဒီမှန်ဘီလူး အသစ်ကို ထည့်မှာကွ။ ထည့်လိုက် တဲ့ LAL က အလင်းရောင်ပေါ် မူ တည်ပြီး အလိုလို ပြောင်းလဲပေး တယ်။ မျက်စိပါရဂူတွေသုံးတဲ့စကား နဲ့ပြောရရင် 20/20 Version ပြန်ရစေ တယ်ကွ''
''ဘယ်မှာလုပ်တာလဲကွ''
''London Eye Hospital မှာ ကွ။ အားနည်းချက်တစ်ခုတော့ရှိ တယ်။ ဒါက ကုန်ကျစရိတ်ပဲ။ မျက်လုံး တစ်လုံးအတွက် ကုန်ကျ စရိတ် စတာလင်ပေါင် သုံးထောင် ကျော်ရှိတယ်။ြှံ က လူနာတွေ အတွက် လုပ်မပေးနိုင်သေးဘူး''
''နည်းစနစ်အသစ်တွေက ဒီလို ပါပဲ။ လုပ်ခါစမှာ ဈေးကြီးတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတော့ ဈေးသက်သာသွား ရော။ အချိန်တော့ စောင့်ရမှာပေါ့ကွာ''
''အေး၊ ဟုတ်တယ်၊ ပါရဂူ တွေကလဲ ပြောပါတယ်။ Royal College of Ophthalmology က ပါရဂူ Larry Benjamin ကပြော တယ်၊ ခု တီထွင်မှုက သိပ်ကိုစိတ် ဝင်စားစရာကောင်းပါတယ်တဲ့။ ဒါ ပေမယ့် လောလောဆယ်ကုန်ကျ စရိတ်သိပ်ကြီးတော့ NHS တာဝန်ယူနိုင်မှာမဟုတ်ပါဘူးတဲ့။ ခု တီထွင်မှုကို နာမည်ကြီး တီဗီစတား တစ်ယောက် ကို လုပ်ပေးခဲ့ပြီးပြီကွ''
''တီဗီစတားက ဘယ်သူတဲ့ လဲ''
''Fred Batt တဲ့ကွ။ ယူကေမှာ နာမည်ကြီးပဲ။ သူက Most Haunted ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါတယ်။ သူက မျက်စိမှုန်နေပြီး အခြေအနေက စာကြည့်မျက်မှန် တပ်ရတော့မယ်။ တပ်လဲ မတပ်ချင် ဘူး။ ဒါနဲ့ ဒီတီထွင်မှုကို လက်ခံ လိုက်တယ်။ ပထမဆုံး လူနာပေါ့ ကွာ''
''ကောင်းသွားလား''
''ကောင်းတယ်ကွ၊ မျက်မှန်လဲ မလိုတော့ဘူး။ အမြင်စွမ်းအား က 20/20 Version ထက်တောင် ကောင်းနေသေးတယ် တဲ့''
20/20 Version ဆိုသည်မှာ အမြင်စွမ်းအားနှင့် ပတ်သက်၍ ပါရဂူ များ စံချိန်စံညွန်း အဖြစ်သတ်မှတ် ထားသောသတ် မှတ်ချက်ဖြစ်၏။
LAL ကြောင့် Fred Batt သည် စံချိန် စံညွှန်းထက်ပင် ပိုကောင်းနေ၏။
''Fred က သဘောကျမှာပဲ''
''ဟာ- ကျတာပေါ့။ သူက ပြောတယ်၊ မျက်မှန်က အဆင် မပြေဘူးတဲ့။ ညဘက် ကားမောင်း ရင် ဒုက္ခရောက်တယ်တဲ့။ ပြီးတော့ သူက တီဗီ ကင်မရာရှေ့မှာ အလုပ် လုပ်ရတာ။ အရင်က မျက်စိတွေ ဝေဝါးနေတော့ ကင်မရာရှေ့မှာလဲ အဆင်မပြေဘူးတဲ့''
''ခုတော့ရော''
''သူက ခွဲနေတုန်း သတိရ နေတာကွ။ မျက်စိကလဲ မြင်နေ တယ်။ ခွဲနေတုန်းကို အမြင်အာရုံက ပိုပြီး ထက်မြက်လာ တယ်တဲ့။ နတ် မျက်စိရသလိုပဲ။ အရင်ပုံမှန်တုန်းက ထက်ပိုမြင်နေတယ်တဲ့''
''ဘယ် ပါရဂူလုပ်ပေးတာလဲ''
'' London Eye Hopital က Bobby Qureshi ဆိုတဲ့ ခွဲစိတ်ပါရဂူ က လုပ်တာကွ။ ယူုကေမှာကို ဒီစနစ် နဲ့ ခွဲစိတ်တာ ကလဲ သူတစ်ယောက် ပဲရှိသေးတယ်တဲ့''
''ဟာ- ရှားပါးတဲ့ ပါရဂူပါ လား''
''ဟုတ်တယ်၊ သူက ပြော တယ်၊ အသက်ငယ်တုန်းဆိုရင် မှန် ဘီလူးက ပျော့ပျောင်းပြီးလိုသလို ကွေးနိုင်ဆန့်နိုင်တယ် တဲ့။ အဝေး၊ အနီးကို လိုသလို ညှိပေးနိုင်တယ် တဲ့။ ဒါပေမယ့် ၄ဝ နှစ်နားနီးလာ မယ်၊ ၄ဝ ကျော်လာမယ်ဆိုရင် မညှိ ပေးနိုင်တော့ဘူးတဲ့။ မှန်ဘီလူးက ပျော့ ပျောင်းမှု နည်းသွားပြီတဲ့။ ဘေးက မျက်လုံးကြွက်သားတွေက အရင်လိုပဲ အလုပ်လုပ်တာပဲတဲ့။ ဒါပေမယ့် မှန် ဘီလူးကို လိုသလို ပုံပြောင်းလို့ မရ တော့ဘူးတဲ့။ ဒါ့ကြောင့် စာကြည့် မျက်မှန်လိုလာပြီတဲ့။ ဒါက သဘာဝ တရားကြောင့် မျက်လုံးစွမ်းဆောင်ရည် ကျလာတဲ့ သဘောပါပဲတဲ့။ ဇရာ ပေါ့ကွာ။ မျက်စိအိုလာတာပေါ့ကွာ''
သဘာဝအလျောက် မျက်စိစွမ်း စွမ်းရည် ကျဆင်းလာခြင်းကို ဆေး ပညာဝေါဟာရဖြင့် Presbyopia ဟု ခေါ်၏။ တစ်နည်းအားဖြင့် ဆိုရ သော် အနီးမှုန်ရောဂါဖြစ်၏။
''အေး၊ ခုလိုရှင်းပြတော့ သဘော ပေါက်သွားပြီ''
''ခုနည်းသစ်က သဘာဝ မှန် ဘီလူးနေရာမှာ ပျော့ပျောင်းတဲ့ မှန် ဘီလူးသစ်ကို အစားထိုးလိုက်တာပဲ။ ပါရဂူ Qureshi က ဆက်ရှင်းပြပါ တယ်။ အလင်းရောင်ရဲ့ Wace-Length ပြောင်းလဲမှုပေါ် မူတည်ပြီး မှန်ဘီလူးက လိုက်ပြောင်းပါတယ် တဲ့။ ဒါကြောင့် Long Sightedness ရောဂါ Short Sightedness ရောဂါနဲ့ Astigmatism ရောဂါတွေကို ကုနိုင် တာဖြစ်ပါတယ်တဲ့''
ပါရဂူကြီးက အနီးမှုန်ရောဂါ၊ အဝေးမှုန်ရောဂါနှင့် မှန်ဘီလူးအခုံး မညီရောဂါများအား ကုသနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့၏။
''ဘယ်နှစ်ယောက် ခွဲပြီးပြီ လဲ''
''ရှစ်ယောက်ခွဲပြီးပြီ။ ရှစ် ယောက်လုံး 20/20 Version ပြန်ရ တယ်။ အမြင်စွမ်းအား သိပ်ကောင်း တယ်။ နှစ်ယောက်မှာပဲ ပြဿနာ အသေးအဖွဲနည်းနည်းပါးပါးရှိတယ်။ ရလဒ်တွေသိပ်ကောင်းတယ်''
''အေး၊ ဆက်ပါဦး''
''Moofields Eye Hospital ဆို တာက နာမည်ကျော် မျက်စိ ဆေးရုံ ကြီးပဲကွ။ အဲဒီဆေးရုံကြီးက ပါရဂူ Alex lonides က ပြောတယ်၊ အတွင်းတိမ်ရောဂါတွေ ခွဲတုန်းက ခွဲပြီးရင် အဝေးမြင်တယ်တဲ့။ ဒါပေ မယ့် စာကြည့်ကျတော့မျက်မှန်လို တယ်တဲ့။ ဒါကလဲ လူနာအများစု မှာပဲ အောင်မြင်တာတဲ့။ ရာနှုန်းပြည့် တော့ မရဘူးတဲ့။ အတွင်းတိမ် ခွဲ ပြီးရင် တချို့လူနာတွေကျတော့ အဝေးကြည့်ရော အနီးကြည့်ရော မျက်မှန်လိုပြန်ရောတဲ့။ ခုနည်းစနစ် သစ်က သိပ်ကို ကောင်းပါတယ် တဲ့''
''ဒါပေါ့ဗျာ၊ မျက်မှန်မလိုတာ ကျွန်တော် သိပ်သဘောကျတယ်။ ကျွန်တော်က စာဖတ်နေရင်း အလုပ် ပေါ်လာရင် မျက်မှန်ကို ဟိုထား၊ ဒီထား ထားမိတယ်။ စာဖတ်စရာ ပေါ်လာတော့ရှာရပြန်ရော။ တစ်ခါ တလေ အထားမှားပြီးရှာမတွေ့၊ စိတ်က တိုလာ။ မျက်မှန်မလိုတော့ ဒီဒုက္ခလဲ ကင်းရောဗျ''
''ဟုတ်တယ်ဆရာ၊ မောင်ညို ပြာကိုလဲ ပြောပြရဦးမယ်။ သူလဲ မျက်မှန်တပ်တယ်။ ကုန်ကျစရိတ် ခုနေတော့ များသေးတာပေါ့။ နောင် ဆို ဈေးသက်သာသွားမှာပါ''
ထိုစဉ် တူကလေးဇွဲဝေယံက ပဲနို့ပုလင်းများ၊ ဖန်ခွက်များ၊ ကိတ် မုန့်များကို လင်ပန်းတစ်ခုနှင့် သယ် ဆောင်လာ၏။
''လေးလေးတို့ ညလယ်စာ စား ကြဦး။ ကျွန်တော်ယူလာပြီ''
''တယ်လိမ္မာတဲ့ တူကလေး ပါလား။ ဆရာဇင်ကံကောင်းတယ် ဗျာ။ ကျွန်တော့် တူတွေက အားကြီး ဆိုးတယ်။ တီဗီကိုလဲ သူတို့ပဲ အပိုင် စီးထားတယ်။ ဂိမ်းပဲ ကစားနေကြ တယ်။ သူတို့ အချင်းချင်းတောင် လုနေကြတယ်။ ကျွန်တော့်မှာ မြောင် ဂျီနဲ့ ဝေးနေတာကြာပေါ့ဗျာ''
''ကဲ- ခုတော့ ဇိမ်နဲ့ ကြည့်ပေ တော့ ဆရာကျော်ရေ''
''ကျေးဇူးပါပဲဗျာ''

ရည်ညွှန်းချက်။ ။ BBC News မှ "Giving Okd Eyes A New Lease of Life" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

No comments:

Post a Comment