၁)အစဉ်အလာရိုးရာ၏ လွှမ်းမိုးမှုအောက် နိုင်းယှဉ်မှု
ကျွန်ုပ်တို့တတွေ ငယ်ရွယ်စဉ်ကတည်းက ပတ်ဝန်းကျင် အစဉ်အလာ ရဲ့ လွှမ်းမိုးမှုအောက် မိဘရိုးရာအတိုင်း ငါအဖြစ် သူအဖြစ်ဆိုတာ တကယ်ရှိတယ်...အတည်ဖြစ်တယ် ....ဟု ထင်မှတ်ရာမှ..သူ နဲ့ ငါ ဆိုသည်အဖြစ်ကို အတည်ယူ လျှက်..... တစ်ဦး နှင့် တစ်ဦး နှိုင်းယှဉ်ကြည့်မိကြလေသည်.....။
ထိုမှတဆင့်…အစဉ်အလာရဲ့သင်ကြားပေးမှုအတိုင်း ပတ်ဝန်းကျင် လက်လှမ်းမှီရာ ငါ နဲ့ တန်းတူ အရွယ်တူသူများ၏ လုပ်ဆောင်မှု အခြေအနေကို စောင့်ကြည့်ဖို့ အကဲခတ်ဖို့လိုတယ် .....သူများတကာထက် မသာရင် တောင်မှ အောက်ကျ နောက်ကျဖြစ်မနေသင့်ဘူး ......စသည်ဖြင့် ငါ အဖြစ် သူအဖြစ် ပုဂ္ဂိုလ် သတ္တ၀ါအဖြစ် တစ်ယောက်အဖြစ် ...တစ်ခုခုအဖြစ် ....ကို အတည်ယူရာမှ ကျွန်ုပ်တို့ နှလုံးသားထဲ အတွေးပေါင်းစုံ ၀င်လာပြီး....ပူပန်မှုစလေသည်...။
နှိုင်းယှဉ်ကြည့်ရာမှာ ငါဆိုသော မိမိ နှင့် ....... သူတပါး ဟူသော မိမိနှင့် ရွယ်တူ (သို့) အဆင့်တူသည်ဟု မိမိဖာသာယူဆထားသူများ နှင့် အပြိုင်အဆိုင်ရှိမှ တိုးတက်မည်ဟူ၍ ယူဆကာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်လေးတော့ ရှိသင့်တယ် လို့ ထင်မိခဲ့ကြပါတယ်…..
အနီးအနား နှိုင်းယှဉ်စရာ တစ်ဦးဦး မရှိပါကလည်း မနေ့က ငါ နှင့် ဒီနေ့ ငါ ကို နှိုင်းယှဉ်ကြည့် သင့်တယ် ......
မနေ့က ငါ နှင့် ဒီနေ့ ငါ ဘာတွေများ ကွာခြားပြီး တိုးတက်လာသလဲ စသည်ဖြင့်ပေါ..နှိုင်းယှဉ်ခြင်းအလုပ်ကို ကျွန်ုပ်တို့ နှစ်ခြိုက်စွာပဲ အလေ့အကျင့် တစ်ခုအဖြစ် အလိုအလျောက် လူမှန်းသိတတ်စကတည်းက လုပ်တတ်ခဲ့ပြီး ဖြစ်လေသည်။
၂) တရားခံ ဖမ်းနေခြင်း
နှိုင်းယှဉ်မှု မှ သည် ယှဉ်ပြိုင်မှုတို့ စိတ်ထဲဖြစ်လာကာ ......မိမိစိတ်ထဲ နှိုင်းယှဉ်မိသူ...မိမိပေါ် အသာစီးရမှုများ တွေ့ရှိပါက မနာလိုစိတ် တို့ သိသိသာသာတမျိုး ....မသိမသာတမျိုး ရင်ထဲ မကြာ မကြာ ဖြစ်ပေါ်လေတော့သည်...
ထို သဘောထားများကြောင့်ပင် ကျွန်ုပ်တို့ဟာ ငယ်စဉ်အရွယ် ပညာသင်တော့လည်း ပညာရေးမှာပြိုင် ပညာရေးမှာ ပြဿနာတက်ပါတယ်။ အခက်အခဲတွေ-ကျရှုံးမှုတွေ- ပြဿနာတစ်ခုခု ကြုံသောအခါတိုင်းလည်း တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို တရားခံလုပ်ပါတယ်။ “ဘယ်သူ့ကြောင့် - သူကဘာဖြစ်လို့ - ဘယ်လိုကြောင့် - ငါဥာဏ်မကောင်းလို့ - ၀ီရိယနည်းလို့ - အချိန်မရှိလို့ -ငါ့စိတ်ကိုကထက်သန်မှုနည်းလို့ ....ဘာဖြစ်လို့ ....ညာဖြစ်လို့ ” စသည်ဖြင့် တရားခံရှာပါသည်...
အားကစားနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ကြတော့လည်း ယှဉ်ပြိုင်ရင်း ဒိုင်သူကြီး သတ်မှတ်တဲ့ အနိုင်အရှုံးအပေါ် တကယ့်အနိုင်အရှုံးကြီး အဖြစ် အဟုတ်ထင်ကာ သင့်တော်သည် မသင့်တော်သည် မစဉ်းစားနိုင်ဘဲ အနိုင်ရရေးတစ်ခုတည်းကိုသာ ဦးတည်လျှက် နည်းမျိုးစုံ အသုံးချ ကြိုးပမ်းကြလေသည်။ အနိုင်ရရေးကြိုးစား နေသည့်ကြားမှ မိမိရှုံးတဲ့အခါမှာလည်း တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ တရားခံ ဖမ်းပြန်ပါသည်။ “ငါညံလို့- သူညံ့လို့ - ဒိုင်သူကြီးဘက်လိုက်လို့ - နည်းပြမကောင်းလို့ - ကွင်းမကောင်းလို့ - လေ့ကျင့်ချိန်မရှိလို့ -ဟိုဘက်ကညစ်ပတ်လို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေ တစ်ခုကို ပဲ” တရားခံလုပ်ပြန်လေသည်။
စီးပွားရှာတော့ စီးပွားရေးမှာပြိုင်ဆိုင်ရင်း စီးပွားရေး ပြဿနာတက်ကြပြန်ပါတယ်။ စီးပွားရေးပြဿနာဖြစ်တော့လည်း ခေတ်ကြီးမကောင်းလို့ - “၀န်းထမ်းတွေမကောင်းလို့ - ငါဆုံးဖြတ်တာမှားလို့ -သူမတရားလုပ်လို့ - ရာသီဥတုမကောင်းလို့ - လောဘ-ဒေါသစိတ် အားကြီးလို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ” တရားခံ ဖမ်းပါတယ်။
(ရာထူးအာာဏာအတွက်)နိုင်ငံရေးလုပ်တော့လည်း -ရာထူးအာာဏာရရေးမှာပြိုင် - ရာထူး အာာဏာ အတွက် ပြဿနာတက်- ဒီအခါမှာလည်း ဒီလိုပဲ ဘယ်သူကြောင့် - ဘာဖြစ်လို့ - ဘယ်သူမတရားလုပ်လို့ စသည်ဖြင့် “တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ” တရားခံဖမ်းပါတယ်။
အိမ်ထောင်ပြုပြီး အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်တော့လည်း -“၀င်ငွေမရှိလို့ - အလုပ်အကိုင်မကောင်းလို့ - အိမ်ထောင်ဘက်က သဘောထားသေးသိမ်လို့ - ကံမကောင်းလို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ” တရားခံဖမ်းပြန်ပါတယ်။
-အသက်အရွယ်လေးရလို့ တရားရှာရမယ်ဆိုပြီး တရားရှာတော့လည်း - တရားရှာရာမှာ သူ့တရား ငါ့တရား နှိုင်းယှဉ်ရင်း အငြင်းပွား ပြဿနာတက်ကြပြန်ပါတယ်။ တရားအားထုတ်မှုနှင့် ပတ်သက်၍ အခက်အခဲ များ ကြုံတွေ့ရ သောအခါတွင်လည်း “ပါရမီ မရှိလို့ - အခြေအနေ မပေးလို့ - ကျန်းမာရေးမကောင်းလို့ - အသက်ငယ်သေးလို့ - ဒူးနာနေလို့ - ခါးနာနေလို့ - နားမလည်လို့ - ဥာဏ်မမီလို့ - တရားတွေကမြင့်နေလို့ - အိုမင်းမစွမ်းဖြစ်နေလို့ - တရားပြဆရာနားလည်အောင်မရှင်းလို့ - ဘာဖြစ်လို့ -ညာဖြစ်လို့” စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ တရားခံဖမ်းနေပါတယ်။
အယူဝါဒတစ်ခုကို ပြန့်ပွားဖို့ (သို့) တည်တံဖို့ သာသနာပြုတော့လည်း ဘာသာအချင်းချင်းပြိုင် (ဘာသာတူအချင်းချင်း လည်းပြိုင်)ကြပြီး - သာသနာပြုလုပ်ငန်းရာမှာ ပြဿနာတက်ကြပြီး - စစ်ပွဲများဖြစ်ကြသည်ထိ လူသားတို့ သွေးမြေကျခဲ့ရပေါင်းလည်းများခဲ့ပေပြီ ။ မိမိနှင့် ဘာသာတူသော်လည်း မိမိနှင့် အယူအဆ ကွဲလွဲသူများကိုလည်း မိမိတို့ သာသနာအတွက် ရန်သူများအဖြစ် သာသနာဖျက်များ အဖြစ် တရားခံများအဖြစ် သတ်မှတ်ဆုံးဖြတ်ကာ
“ဘာမှန်သည် - ဘာမှားသည် - ဘယ်သူမှန်သည် - ဘယ်သူမှားသည် - ဘယ်သူ့ကြောင့် - ဘယ်ဝါ့ကြောင့် - ဘာဖြစ်လို့ - ညာဖြစ်လို့” စသည်ဖြင့် ပြဿနာများရဲ့ တရားခံများကို ခေတ်အဆက်ဆက် ရှာဖွေ ဖော်ထုတ်ခဲ့ကြလေသည်။
အကယ်၍ စာဖတ်သူမိတ်ဆွေအနေဖြင့်လည်း ပြဿနာတစ်ရပ်တွင် အများတကာက ပြဿနာများ၏ တရားခံ အဖြစ် သတ်မှတ် ဆုံးဖြတ်ခံထားရသူ ကို တွေ့ဆုံပြီး interview ကြည့်ပါက အဆိုပါ တရားခံ အဖြစ်သတ်မှတ်ခံရသူမှလည်း “ဘယ်သူ့ကြောင့် - ဘယ်ဝါ့ကြောင့် - ဘာဖြစ်လို့ - ဘာ့ကြောင့် - စသည်ဖြင့် ပြဿနာရဲ့ တရားခံ” ကို လက်ညိုး ထိုးဖော်ပြရန် အသင့်ဖြစ်ပြီးဖြစ်နေလေသည်။
အချိန်တိုင်း - ခေတ်တိုင်း - နေရာတိုင်းမှာ တရားခံများကတော့ မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့ပြီး နောက်လည်းပေါ်ထွက်နေဦးပေမည်။ ပြဿနာများကလည်း အရင်ကလည်း မဆုံးနိုင်ဖြစ်ခဲ့ပြီး နောက်လည်း မဆုံးနိုင်ဖြစ်ကြရပေမည်..ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အသက်သာသေသွားတယ် တစ်ဦးနှင့်တစ်ဦး တစ်ခု နှင့်တစ်ခု နှိုင်းယှဉ်လို့ ကိုမပြီး ခွဲခြားလို့ မပြီး - ပြဿနာဖြစ်လို့ကို မပြီးဆုံးပါဘူး။
၃) ပြဿနာများ မပြီးဆုံးခြင်းအကြောင်း
ကျွန်တော်တို့ အနေတဲ့ အားလုံးအတွက် လူမျိုးတိုင်းအတွက် ဘာသာတိုင်းအတွက် အချိန်တိုင်းအတွက် နေရာတိုင်းမှာ “တူညီနေတဲ့ သစ္စာထိုက်သော အမှန်တရား” မသိရှိပါက (သတိမရဘဲ မေ့လျော့ပါက) ဒီလိုပဲ တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်လို့ကိုမပြီး ခွဲခြားလို့ မပြီး - ပြဿနာဖြစ်လို့ကို မပြီးဆုံးပါဘူး။
ထို တူညီတဲ့ အချက် သစ္စာထိုက်သော အမှန်တရား ကို သတိတရ နှလုံးသွင်း ဆင်ခြင်နိုင် ခြင်းမရှိဘဲ သတ်မှတ်ချက်များ-ပညတ်ချက်များဖြစ်သည့် မဆုံးနိုင်သော မရေမတွက်နိုင်သော ကွဲပြားမှု ခြားနားမှု များကိုသာ အမြဲသတိတရ နှလုံးသွင်းကာ ပြဿနာများ၏ တရားခံများကို လိုက်ဖမ်းနေပါက မကျေနပ်မှု- မလိုမုန်းထားမှု - ယှဉ်ပြိုင်လိုမှု - လိုချက်တက်မက်မှု - ပူပန်မှု - စိတ်မသက်မသာဖြစ်မှု တို့ အမြဲတစေ ဖြစ်ပွားနေမည်မှာ အလွန်သေချာသော နိယာမ အမှန်တရားဖြစ်လေသည်။
ဘာကြောင့်ပါလဲဆိုလျှင် ကျွန်ုပ်တို့ ဖမ်းတဲ့ တရားခံတွေဟာ တရားခံအစစ်မဟုတ်ပဲ - တကယ့် ပြဿနာများရဲ့လက်သည်အစစ်။ တရားခံအစစ်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သောကြောင့်ပင်။
-တရားခံအစစ်သည် မိမိကိုယ်တိုင် ထွက်ပြေးလွတ်မြောက်နေသော်လည်း တရားခံ အတုများကိုတော့ တရားခံအစစ် အဖြစ် အားးလုံးရဲ့ နှလုံးသားထဲမှာ အထင်မှား နေအောင် အတိတ်ကလည်း တရစပ် လုပ်ခဲ့ - ပစ္စုပ္ပါန်မှာလည်း တရစပ် လုပ်ဆဲ- အနာဂတ်မှာလည်း တရစပ် လုပ်နေဦးမှာဖြစ်ပါတယ်။
၎)တရားခံအစစ်ကိုတွေ့ရှိခြင်း
ဒီတစ်ရားခံ အစစ်ကို တွေ့ရှိဖော်ထုတ်ပြသခဲ့သူကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀ ကျော်(ဘီစီ ၆၁၃ ခု) က ပေါ်ထွန်းခဲ့တဲ့ သဗ္ဗုညုတဥာဏ်အစွမ်းကို ရရှိသူ အနှိုင်းမဲ့ မဟာလူသား ဂေါတမဗုဒ္ဓ ပဲ ဖြစ်ပါတယ်။ ဒီတရားခံ အစစ်ကို တွေ့ရှိဖို့အတွက် ဗုဒ္ဓ ဟာ တစိုက်မတ်မတ် စွန့်လွှတ်ခြင်းအား ဖြင့် တွေ့ရှိခဲ့ပါတယ်....
စိတ် တွေရဲ့ တောင်းဆိုမှုအတိုင်း လိုက်လုပ်နေတဲ့ အကျင့် မိဘတွေ ဖြစ်စေချင်တဲ့ ရှင်ဘုရင် အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့ပါတယ်...
စိတ်တွေကို တစ်နေရာတည်းမှ စူးစိုက်ပြီး မပျံလွင့်အောင် ထိန်းသိမ်းရတဲ့ ရှေးဆရာကြီးများရဲ့ သမထကျင့်စဉ် များကိုလည်း စွန့်လွှတ်ခဲ့ပါတယ်...
စိတ်တွေရဲ့ အလိုကိုမလိုက်ပဲ ညှဉ်းပန်းတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခဆင်းရဲခံကာ ကျင့်မှ ဖြစ်တယ်ဆိုတဲ့ ရှေးအစဉ်အလာရိုးရာ ဒုက္ကရစရိယာ အကျင့် ကိုလည်း စွန့်လွှတ်ခဲ့ပါတယ်......
တနည်းအားဖြင့် ထိုခေတ်က ဟိုလိုကျင့် ဒီလိုကျင့်ရသော ဟိုနည်း ဒီနည်းများကို စွန့်လွှတ်ခြင်းအားဖြင့် ထိုခေတ်က စိတ်ကျင့်စဉ်ပိုင်းဆိုင်ရာကျင့်စဉ်များ အားလုံး ဘာမှမကျန်အောင် စွန့်လွှတ်လိုက်တော့မှ တစ်ကြောင်တည်းသော မဂ္ဂင်အကျင့်လမ်းပေါ်သို့ ရောက်ရှိခဲ့ကာ တရားခံအစစ်ကိုတွေ့ရှိခဲ့ပါတယ်
ထို တစ်ကြောင်းတည်းသော မဂ္ဂင်လမ်းကို လည်း ဖက်တွယ်မထားပဲ အသုံးချလျှက် ပြဿနာ အားလုံး ဒုက္ခအားလုံး၏ အကြောင်းရင်းအစစ် အဓိကတရားခံအစစ်ကို ရှာဖွေတွေ့ရှိခဲ့ကာ လွတ်မြောက်ပြီးနောက် ဗုဒ္ဓဟာ “အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ ဂဟကာရ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကုဋံ ဝိသင်္ခတံ။ ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။“ စသည်ဖြင့် ဥဒါန်းကျူးရင့်ကာ ..............
သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ကိလေသာမီးများ အဆက်မပြတ် လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံ ဖြစ်စေသော တရားခံအစစ် တဏှာလက်သမားကို တွေ့ရှိကာ အပြီးတိုင် စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်၍.......
ထို တဏှာလက်သမားမှ သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာ ပေါင်းစုံတို့ ဖန်တီးနေမှုများမှ အပြီးတိုင်လွတ်မြောက်ခဲ့ပြီဖြစ်ကာ နောက်တစ်ကြိမ် တဖန် သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံတို့ ဖန်တီးနေမှုများ မိမိတွင် ဘယ်တော့မှ ဖြစ်ပွားတော့မည် မဟုတ်ကြောင်း ဥဒါန်းကျူးရင့်ခဲ့လေသည်။
အနေကဇာတိ ဥဒါန်းကျူးရင့်ရာတွင် ဗုဒ္ဓသည် သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံတို့ ဖန်တီးနေမှုများ တရားခံမှာ “ဂဟကာရံ” တဏှာလက်သမားအဖြစ် အများလွယ်ကူစွာနားလည်စေရန် ဖော်ပြခဲ့လေသည်။
၅)တရားခံ တဏှာလက်သမားသည် တစ်ခုခုလော -တစ်ဦးဦးလော- တစ်ယောက်ယောက်လော
သို့သော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွင် တရားခံအစစ်မှာ တဏှာလက်သမားမှာ တစ်ခုခုအဖြစ်၊ တစ်ဦးဦး၊ တစ်ယောက်ယောက် အဖြစ် ရှိနေခြင်းမဟုတ်ဘဲ သမုဒယသစ္စာသဘော အခြင်းအရာ(ငါးပါး)ဖြစ်ကြောင်း တဏှာလက်သမား အကြောင်းနှင့် ပတ်သက်၍ လေးလေးနက်နက် သိရှိလိုသူများအား ဗုဒ္ဓမှ အသေးစိတ် ဆက်လက်ရှင်းပြပါသည်။ သမုဒယသစ္စာသည် .....ပါဠိလို အား ဖြင့် အ၀ိဇ္ဖာ- တဏှာ - ဥပါဒါန် -သင်္ခါရ - ကံ သဘောများအဖြစ် တရစပ် အသစ်အသစ် ဖြစ်ကာ ပျက်စီးလျက်ရှိနေပြီး (ဖြစ်-ချုပ် ၊ ဖြစ်- ချုပ်၊ ပေါ်-ပျောက်၊ ပေါ်-ပျောက် နှင့် လျင်မြန်လွန်းစွာ ပျက်စီးနေသော ဖြစ်စဉ်သဘော သက်သက်သာရှိကြောင့် ရှင်းပြခဲ့လေသည်)။
ထို့နောက် အဘိဓမ္မာ တွင် ထပ်မံ၍ အသေးစိတ်ကာ ရှင်းပြပါသည် ။
စိတ်-စေတသိက်-ရုပ် ဟူသော တကယ်ဖြစ်နေသော ပရမတ်ခန္ဓာ (ခန္ဓားငါးပါး-သဘောခန္ဓာ) တို့သည် ကျွန်ုတို့ နားလည်သလို တစ်စက္ကန့် - တစ်မိနစ်- တစ်နာရီ- စသည်ဖြင့် အချိန်တစ်ခု ကြာအောင် ရှိနေသည့် - ဖြစ်နေသည့် စိတ်များ- စေတသိက်များ- ဝေဒနာများ-ရုပ်များ မဟုတ်ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုဋေနှင့် ချီကာ ဖြစ်-ချုပ် - ဖြစ်-ချုပ် နှင့် ပျက်စီးပြီး ဖြစ်နှင့်လေသည်။
ထို ကဲ့ သို့ - လျင်မြန်လွန်းစွာ ဖြစ်-ချုပ် ၊ ဖြစ်ချုပ် နှင့် တရစပ် ပျက်စီးနေသော (စိတ်-စေတသိက်-ရုပ် ခေါ်) စွမ်းအင် သတ္တိ သဘောများကို မသိနိုင်ခြင်းမှာ (အ၀ိဇ္ဖာ သဘာဝမှ ) အချိန်တစ်ခုကြာအောင်ရှိနေသည့်-မြဲနေသည့်-လျှောက်သွားနေသည့် အတွေးစိတ်လေးတစ်ခု၊ ဒေါသစိတ်လေးတစ်ခု၊ ဝေဒနာတစ်ခုခုအဖြစ် ထင်မြင်အောင် တရစပ် လှည့်စားပြုလုပ်မှု ကို ဖြစ်ပေါ်စေလေတော့သည်။
တနည်းအားဖြင့် သင်္ခါရ - ကံ တည်းဟူသော သဘာဝများ ဖြစ်ပေါ်လေသည်........
အချိန်တစ်ခုကြာအောင် ရှိနေသည့် မြဲနေသည့် ဖြစ်နေသည့် စိတ်ကလေးတစ်ခု-ဝေဒနာလေးတစ်ခု-ရုပ်ကလေးတစ်ခု-ပူတဲ့သဘောလေးတစ်ခု-အေးတဲ့သဘောလေးတစ်ခု-မနာလိုစိတ်လေးတစ်ခု-အတွေးစိတ်လေးတစ်ခု-ဒေါသစိတ်လေး တစ်ခု - လောဘစိတ်လေးတစ်ခု စသည်ဖြင့် တစ်ခုခု အဖြစ် အထင်မမှားရ မနေနိုင်အောင် စွဲစေ-ငြိတွယ်စေပြီး (တဏှာ-ဥပါဒါန်များ ဖြစ်ပေါ်နေစေပြီး)................. ထိုကဲ့သို့ ငြိတွယ်ချင်နေသော သဘောများဖြစ်ကာ (သင်္ခါရ သဘောဖြစ်ပေါ်ကာ)...........ထိုကဲ့သို့ ငြိတွယ်အောင် အထင်မှားအောင်ပဲ အချိန်တိုင်း စက္ကန့်တိုင်း တရစပ် ဖန်တီးပြုလုပ်နေလေတော့သည် (တနည်း)ကံ များ တရစပ်ဖြစ်ပေါ်နေစေလေသည်။
ထိုကဲ့သို့ ဝေဒနာတစ်ခု - စိတ်တစ်ခု စသည်ဖြင့် တစ်ခုခုအဖြစ် အချိန်တစ်ခုကြာအောင် ရှိနေ-မြဲနေ-ဖြစ်နေသည်ဟု အထင်မမှား ရ မနေနိုင်ဘဲ-သင်္ခါရ) ............ငြိတွယ်နေကာ(တဏှာ-ဥပါဒါန် ) ..................ထိုကဲ့သို့ အထင်မှားအောင်(အ၀ိဇ္ဇာ) တရစပ် ဖန်တီးပြုလုပ်နေမှု (သမုဒယသစ္စာ ခြင်းရာငါးပါး) ဟာလည်း တစ်ခုခုအဖြစ် ရှိနေကြတာမဟုတ်ဘဲ ဘယ်အချိန်က စဖြစ်တယ်လို့ ပြောလို့မရဘဲ အတိတ်-ပစ္စုပ္ပန်-အနာဂတ် အချိန်ကာလများကို လွန်မြောက်ကာ တရစပ် ပျက်စီးနေမှု (အချင်းချင်း ကျေးဇူးပြုမှု အထောက်အပံ့ပြုမှု) process ဖြစ်စဉ်သဘာဝ အနေဖြင့် သာ မဖောက်မပြန် အမြဲ ရှိနေလေသည်။
၆)အဆုံးမရှိ တရစပ် ပျက်စီးနေသော (အ၀ိဇ္ဖာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံ) များ မပြတ် တရစပ် ရှိနေ ဖြစ်နေခြင်း
ဒီနေရာမှာ တစ်ခု စဉ်းစားစရာက ကံ ဟူသည် အခြေခံအား ဖြင့် ကာယကံ၊ ၀စီကံ၊ မနောကံ စသည်ဖြင့် အခြေခံအားဖြင့် နားလည်ရမည်ဖြစ်သော်လည်း .............အ၀ိဇ္ဖာ ၏ ဖန်တီးပြုလုပ်နေမှု (သင်္ခါရ-ကံ) တို့သည် အချိန်တစ်ခုကြာ မြဲနေ ရှိနေသည့် ဝေဒနာအဖြစ် - စိတ်အဖြစ် - တစ်ခုခုအဖြစ် -တစ်ယောက်ယောက်အဖြစ်- အရှိထင်ကာ အထင်မမှားရ မနေနိုင်အောင်(သင်္ခါရ) ငြိတွယ်နေစေကာ(တဏှာ-ဥပါဒါန်) တစ်ခုခုအဖြစ် တကယ်အဟုတ် လို့ ထင်မြင်အောင် စက္ကန့်မလပ် တရစပ် ဖန်တီးပြုလုပ်နေမှု(ကံ) သဘောသည် ကျွန်ုတို့ နားလည်သော အချိန်တစ်ခုကြာ ပြုလုပ်သည့် ကာယကံမှု- ၀စီကံမှုများနှင့် တွေးတောကြံစည်မှု မနောကံမှုများလို မဟုတ်ဘဲ.... ..အချိန်ကာလတစ်ခုဆိုသည့် အကန့်အသတ်ကို ကျော်လွန်ကာ အဆုံးမရှိဖြစ်နေသည့် (အမြဲဖြစ်နေ - အမြဲပျက်နေကာ ရှိနေသည့်) သစ္စာထိုက်သော အမှန်တရားဖြစ်လေသည်။ ဥပမာ - နှစ်နဲ့ချီ၍ မေ့မြောနေသူသည် ကာယကံ-၀စီကံ-တွေးတောကြံစည်မှုမနောကံများ မပြုလုပ်သော်လည်း ဝေဒနာ-စိတ်-တစ်ခုခု-တစ်ယောက်ယောက်ကို အဟုတ်ထင် နေမှု သမုဒယသစ္စာများကတော့ နိုးထလာသည်နှင့် တပြိုက်နက် အမြဲဖြစ်နေလေသည်။
ကျွန်ုပ်တို့ ဘ၀င်စိတ်ဖြင့် အိပ်နေသည့်တိုင် .........စိတ်ကလေးတစ်ခု-ဝေဒနာလေးတစ်ခု--- အတွေးစိတ်လေးတစ်ခု - ဒေါသစိတ်လေးတစ်ခု - လောဘစိတ်လေးတစ်ခု စသည်ဖြင့် တစ်ခုခုဟာ အချိန်တစ်ခုကြာအောင် တကယ်ရှိနေကြသည် ဟု ထင်နေသည့်သဘော(သို့) တစ်ခုခု၊ တစ်ယောက်ယောက် ကို အဟုတ်တကယ်လို့ ထင်နေသည့်သဘာ (သမုဒယသစ္စာ အမှန်တရား)ကတော့ (ကျွန်ုပ်တို့ သိစိတ်ဖြင့် ကာယကံ-၀စီကံ-မနောကံတို့ဖြင့် ပြုလုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ ......).မပြတ်တရစပ် ရှိနေ ဖြစ်နေလေသည်။ ထို့ကြောင့် အိပ်မက်ထဲတွင် တစ်ခုခု - တစ်ယောက်ယောက်၏ ဣဌါရုံ-အနိဌါရုံများ ကြုံတွေ့ရသည့်အခါ အဟုတ်ထင်လျှက် သာယာမှုများ-ကြောက်လန့်မှုများ ဖြစ်ကြရလေသည်။
၇)အချိန်-နေရာမရွေး-လူမျိုး-ဘာသာတိုင်းအတွက် အမြဲမှန်ကန် တူညီနေမည့်အမှန်တရား
တစ်ခုခု-တစ်ယောက်ယောက်မဟုတ်သည့် ထို တဏှာလက်သမား (ခေါ်) သမုဒယသစ္စာ (ခေါ်) အ၀ိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ အခြင်းအရာငါးခု (ခေါ်) ဝေဒနာပဲ-စိတ်ပဲ-ရုပ်ပဲ-နာကျင်မှုပဲ စသည်ဖြင့် တစ်ခုခုက အချိန်တစ်ခုကြာအောင် ရှိနေ-ဖြစ်နေသည်ဟု အဟုတ်ထင်နေသည့်သဘော မှာ ဘာသာလူမျုးသတ္တ၀ါ အားလုံး၏ နှလုံးသားထဲ အတူတူပင် ရှိနေ ဖြစ်နေလေသည်။
လောဘစိတ်လေး-ဒေါသစိတ်လေး-မေတ္တာစိတ်လေး စသည်ဖြင့် တစ်ခုခုကို အချိန်တစ်ခုကြာ ရှိနေသည် ဟူ၍လည်းကောင်း- ငါအဖြစ်- သူအဖြစ်- ခွေးအဖြစ်- သက်ရှိအဖြစ်- သတ္တ၀ါအဖြစ် - ၀ိညာဉ်အဖြစ်-လိပ်ပြာအဖြစ်- ပုဂ္ဂိုလ်အဖြစ် စသည်ဖြင့် တစ်ယောက်ယောက်ကို အချိန်တစ်ခုကြာအောင် ရှိနေသည်ဟူ၍ လည်းကောင်း အဟုတ်ထင်နေသည့်သဘော(သို့) အထင်မှားနေသည့်သဘော ကတော့ လူတိုင်း-ဘာသာတိုင်း-နေရာတိုင်း-သာသနာတွင်း ရော-သာသနာပကာလများပါ အမြဲ တရစပ် အသစ်အသစ် ဖြစ်ကာ ရှိနေလေသည်။
၈)မည်သို့ပင် ကွဲပြား ခြားနားနေပါစေ သစ္စာထိုက်သော အမှန်တရားက......
........ငါတွေ - သူတွေ - ဘယ်လောက်ပဲ ကွဲပြားနေပါစေ....ငါတွေ သူတွေကို အဟုတ်ထင်နေသည့်သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပဲ ဖြစ်လေသည်။...
........ဘာသာ-အယူဝါဒတွေ ဘယ်လောက်ပင် ကွဲပြားနေပါစေ....မိမိဘာသာ-အယူဝါဒကို အဟုတ်ထင်နေသည့် သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပဲ ဖြစ်လေသည်။.....
.........စီးပွားရေး-နိုင်ငံရေး-လူမှုရေး-ဘာသာရေး-ပြဿနာတွေ- ဘယ်လောက်ပင် အမျိုးမျိုးကွဲပြား နေပါစေ- ထို ပြဿနာ များကို အဟုတ်ထင်နေသည့်သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပဲ ဖြစ်လေသည်။
.........ဝေဒနာတွေ - စိတ်တွေ - အတွေးတွေ- ခံစားချက်တွေ-ရောဂါတွေ ဘယ်လောက်ပင် ကွဲပြားနေပါစေ.... ထိုဝေဒနာတွေ - စိတ်တွေ - အတွေးတွေ- ခံစားချက်တွေ ရောဂါတွေ ကို ငါ-ငါ့ဟာ အဖြစ် အဟုတ်ထင်နေ သည့်သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပင် ဖြစ်လေသည်။
.......ကုသိုလ်စိတ်တွေ - အကုသိုလ်စိတ် ဘယ်လောက်ပင် ကွဲပြားနေပါစေ.......ထိုကုသိုလ် - အကုသိုလ်များကို ငါ့ကုသိုလ်- ငါ့အကုသိုလ် အဖြစ် အဟုတ်ထင်နေသည့် သဘောများကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပင်ဖြစ်လေသည်။........
........ပြဿနာတစ်ခု၏ တရားခံကို ရှာဖွေ-ဖော်ထုတ်-သတ်မှတ်မှုများ မည်မျှပင် ကွဲပြားခြားနားနေပါစေ......ထို မိမိသတ်မှတ်သော တရားခံကို တကယ့်တရားခံအစစ်အဖြစ် အဟုတ်ထင်နေသည့် သဘောများကတော့ အားလုံးနှလုံးသားထဲတွင် အတူတူ ပင်ဖြစ်လေသည်။
.......ငါ့တဏှာ - သူ့တဏှာ -ငါ့လောဘ-သူ့လောဘ အဖြစ် မည်မျှပင်ကွဲပြားနေပါစေ ........ထို ငါ့တဏှာ-ငါ့လောဘ-သူ့တဏှာ-သူ့လောဘ အဖြစ် အဟုတ်ထင်နေသည့်သဘော ကတော့ အားလုံးနှလုံးသားထဲတွင် အတူတူ ပင်ဖြစ်လေသည်။
ထို ကဲ့သို့ ဘာသာတိုင်း လူမျိုးတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် တူညီသော အမှန်တရားသာလျှင် သစ္စာထိုက်သော အမှန်တရား ဖြစ်ပေမည်။
၉)ရပ်တန့်မနေသင့်
ကျွန်ပ်တို့ သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံတို့ ဖန်တီးနေမှုများ တရားခံမှာ “ဂဟကာရံ” တဏှာယောက်ျားလက်သမား အပေါ် တစ်ဦးဦး တစ်ယောက်ယောက် အဖြစ် နားလည်ခြင်း အဆင့်ကို ကျွန်ုပ်တို့ ကျော်လွန်အောင် သွားရပေမည်.. ဗုဒ္ဓ၏ အသေးစိတ် လေးလေးနက်နက် ရှင်းပြထားမှုဆီသို့ နားလည်လက်ခံနိုင်သည်အထိ သွားရပေမည်.... အပေါ်ယံနားလည်မှု များ နှင့် ရပ်တန့်မနေသင့်ပေ။
တဏှာ ကို လောဘစိတ်လေးပဲ ဒေါသစိတ်လေးပဲ စသည်ဖြင့် တစ်ချိန်ချိန် မှာ ပေါ်၍ တစ်ချိန်ချိန်မှာ ပျောက်ပျက်သွားသည့် တစ်ခုခု ကို တရားခံ အဖြစ် သတ်မှတ်နေခြင်းအဆင့်ကို ကျွန်ုပ်တို့ ကျော်လွန်အောင်သွားရပေမည်..
၁၀) ပြဿနာများ၏တရားခံဟူသည်
သမုဒယသစ္စာသည် ထိုကဲ့သို့ တစ်ယောက်ယောက် - တစ်ခုခု ကို တရားခံ လုပ်နေမှု - အတည်ယူနေမှု အဟုတ်ထင်နေမှုသဘော ဖြစ်လေသည်။
ပြဿနာအားလုံး၏ တရားခံသည် ထိုထိုပြဿနာများ၏ တရားခံ ကို တစ်ခုခု အဖြစ် - တစ်ယောက်ယောက် အဖြစ် ထင်မှတ်ကာ တရားခံဖမ်းနေမှု တရားခံလုပ်နေမှုပင် ဖြစ်တော့သည်။
ထိုထိုတစ်ခုခု ကို .....
ထိုထိုတစ်ယောက်ယောက် ကို .......
တရားခံအစစ်ထင်မှတ်ကာ .......
တရားခံဖမ်းနေမှု တရားခံလုပ်နေမှု သည် ဘာသာတိုင်း - လူမျိုးတိုင်း - အချိန်တိုင်း -နေရာတိုင်းတွင် ရှိနေလေသည်။
ထိုကဲ့သို့ တစ်ခုခု - တစ်ယောက်ယောက် - ကို အဟုတ်ထင်မှတ်ကာ တရားခံ ဖမ်းနေမှု - အတည်ယူနေမှု - အဟုတ်ထင်နေမှုများ (သမုဒယသစ္စာ)့သည် ဘာသာတိုင်း - လူမျိုးတိုင်း -နေရာတိုင်း - အချိန်တိုင်း မပြောင်းလဲဘဲ အမြဲ ရှိနေမည့် သစ္စာထိုက်သော အမှန်တရားဖြစ်လေသည်။
သမိုင်းအဆက်ဆက် တရားခံ များ မရေမတွက် နိုင်အောင် ပေါ်ထွက်ခဲ့လေပြီ.........
ဂင်္ဂါဝါဠုသဲစု မက ပွင့်ခဲ့ကြသော ဘုရားရှင် အပေါင်းတို့မှ လည်း တရားခံအစစ် သမုဒယ သစ္စာ ကို ဖော်ထုတ်ခဲ့ကြလေပြီ။ .........
ထို သမုဒယသစ္စာ (သစ္စာထိုက်သော အမှန်တရား)ကို မေ့လျော့သူ မှန်မှန်ကန်ကန် မသိရှိသူ (သို့) တူညီသော သစ္စာထိုက်သော အမှန်တရားကို လက်မခံနိုင်သူတို့ ဘာသာရေး-လူမှုရေး-နိုင်ငံရေး-စီးပွားရေးစသည့် ပြဿနာများ၏ တရားခံကို ရှာဖွေနေဆဲဖြစ် လေသည်....မဆုံးနိုင်သော တရားခံတို့ကို တွေ့ရှိနေဆဲ ဖြစ်လေသည်..... မဆုံးနိုင်သော မကျေနပ်မှု- ဒေါသ တို့ - ပူပန်ဆင်းရဲတို့ ဖြစ်နေကြဆဲဖြစ်လေသည်။
(မှတ်ချက်။ ။ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏ သစ္စာတရား တိုက်ရိုက်နှလုံးသွင်းပုံ ဟောပြချက်များကို ကိုးကားဖော်ပြပါသည်....ပိုမိုရှင်းလင်းရန်အတွက် အောက်ပါ လင့်ရှိ audio နှစ်ပုဒ်ကို တရားနှလုံးသွင်းလျှက် နားထောင်စေလိုပါသည် )
http://www.mediafire.com/?muaazxtdnlm
http://www.mediafire.com/?0gymmmnwnyf
ကျွန်ုပ်တို့တတွေ ငယ်ရွယ်စဉ်ကတည်းက ပတ်ဝန်းကျင် အစဉ်အလာ ရဲ့ လွှမ်းမိုးမှုအောက် မိဘရိုးရာအတိုင်း ငါအဖြစ် သူအဖြစ်ဆိုတာ တကယ်ရှိတယ်...အတည်ဖြစ်တယ် ....ဟု ထင်မှတ်ရာမှ..သူ နဲ့ ငါ ဆိုသည်အဖြစ်ကို အတည်ယူ လျှက်..... တစ်ဦး နှင့် တစ်ဦး နှိုင်းယှဉ်ကြည့်မိကြလေသည်.....။
ထိုမှတဆင့်…အစဉ်အလာရဲ့သင်ကြားေ
နှိုင်းယှဉ်ကြည့်ရာမှာ ငါဆိုသော မိမိ နှင့် ....... သူတပါး ဟူသော မိမိနှင့် ရွယ်တူ (သို့) အဆင့်တူသည်ဟု မိမိဖာသာယူဆထားသူများ နှင့် အပြိုင်အဆိုင်ရှိမှ တိုးတက်မည်ဟူ၍ ယူဆကာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်လေးတော့ ရှိသင့်တယ် လို့ ထင်မိခဲ့ကြပါတယ်…..
အနီးအနား နှိုင်းယှဉ်စရာ တစ်ဦးဦး မရှိပါကလည်း မနေ့က ငါ နှင့် ဒီနေ့ ငါ ကို နှိုင်းယှဉ်ကြည့် သင့်တယ် ......
မနေ့က ငါ နှင့် ဒီနေ့ ငါ ဘာတွေများ ကွာခြားပြီး တိုးတက်လာသလဲ စသည်ဖြင့်ပေါ..နှိုင်းယှဉ်ခြင်း
၂) တရားခံ ဖမ်းနေခြင်း
နှိုင်းယှဉ်မှု မှ သည် ယှဉ်ပြိုင်မှုတို့ စိတ်ထဲဖြစ်လာကာ ......မိမိစိတ်ထဲ နှိုင်းယှဉ်မိသူ...မိမိပေါ် အသာစီးရမှုများ တွေ့ရှိပါက မနာလိုစိတ် တို့ သိသိသာသာတမျိုး ....မသိမသာတမျိုး ရင်ထဲ မကြာ မကြာ ဖြစ်ပေါ်လေတော့သည်...
ထို သဘောထားများကြောင့်ပင် ကျွန်ုပ်တို့ဟာ ငယ်စဉ်အရွယ် ပညာသင်တော့လည်း ပညာရေးမှာပြိုင် ပညာရေးမှာ ပြဿနာတက်ပါတယ်။ အခက်အခဲတွေ-ကျရှုံးမှုတွေ- ပြဿနာတစ်ခုခု ကြုံသောအခါတိုင်းလည်း တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို တရားခံလုပ်ပါတယ်။ “ဘယ်သူ့ကြောင့် - သူကဘာဖြစ်လို့ - ဘယ်လိုကြောင့် - ငါဥာဏ်မကောင်းလို့ - ၀ီရိယနည်းလို့ - အချိန်မရှိလို့ -ငါ့စိတ်ကိုကထက်သန်မှုနည်းလို့ ....ဘာဖြစ်လို့ ....ညာဖြစ်လို့ ” စသည်ဖြင့် တရားခံရှာပါသည်...
အားကစားနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ကြတော့လည်း ယှဉ်ပြိုင်ရင်း ဒိုင်သူကြီး သတ်မှတ်တဲ့ အနိုင်အရှုံးအပေါ် တကယ့်အနိုင်အရှုံးကြီး အဖြစ် အဟုတ်ထင်ကာ သင့်တော်သည် မသင့်တော်သည် မစဉ်းစားနိုင်ဘဲ အနိုင်ရရေးတစ်ခုတည်းကိုသာ ဦးတည်လျှက် နည်းမျိုးစုံ အသုံးချ ကြိုးပမ်းကြလေသည်။ အနိုင်ရရေးကြိုးစား နေသည့်ကြားမှ မိမိရှုံးတဲ့အခါမှာလည်း တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ တရားခံ ဖမ်းပြန်ပါသည်။ “ငါညံလို့- သူညံ့လို့ - ဒိုင်သူကြီးဘက်လိုက်လို့ - နည်းပြမကောင်းလို့ - ကွင်းမကောင်းလို့ - လေ့ကျင့်ချိန်မရှိလို့ -ဟိုဘက်ကညစ်ပတ်လို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေ တစ်ခုကို ပဲ” တရားခံလုပ်ပြန်လေသည်။
စီးပွားရှာတော့ စီးပွားရေးမှာပြိုင်ဆိုင်ရင်း စီးပွားရေး ပြဿနာတက်ကြပြန်ပါတယ်။ စီးပွားရေးပြဿနာဖြစ်တော့လည်း ခေတ်ကြီးမကောင်းလို့ - “၀န်းထမ်းတွေမကောင်းလို့ - ငါဆုံးဖြတ်တာမှားလို့ -သူမတရားလုပ်လို့ - ရာသီဥတုမကောင်းလို့ - လောဘ-ဒေါသစိတ် အားကြီးလို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ” တရားခံ ဖမ်းပါတယ်။
(ရာထူးအာာဏာအတွက်)နိုင်ငံရေးလု
အိမ်ထောင်ပြုပြီး အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်တော့လည်း -“၀င်ငွေမရှိလို့ - အလုပ်အကိုင်မကောင်းလို့ - အိမ်ထောင်ဘက်က သဘောထားသေးသိမ်လို့ - ကံမကောင်းလို့ စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ” တရားခံဖမ်းပြန်ပါတယ်။
-အသက်အရွယ်လေးရလို့ တရားရှာရမယ်ဆိုပြီး တရားရှာတော့လည်း - တရားရှာရာမှာ သူ့တရား ငါ့တရား နှိုင်းယှဉ်ရင်း အငြင်းပွား ပြဿနာတက်ကြပြန်ပါတယ်။ တရားအားထုတ်မှုနှင့် ပတ်သက်၍ အခက်အခဲ များ ကြုံတွေ့ရ သောအခါတွင်လည်း “ပါရမီ မရှိလို့ - အခြေအနေ မပေးလို့ - ကျန်းမာရေးမကောင်းလို့ - အသက်ငယ်သေးလို့ - ဒူးနာနေလို့ - ခါးနာနေလို့ - နားမလည်လို့ - ဥာဏ်မမီလို့ - တရားတွေကမြင့်နေလို့ - အိုမင်းမစွမ်းဖြစ်နေလို့ - တရားပြဆရာနားလည်အောင်မရှင်းလို့ - ဘာဖြစ်လို့ -ညာဖြစ်လို့” စသည်ဖြင့် တစ်ခုခု - တစ်ယောက်ယောက် - အခြေအနေတစ်ခုကို ပဲ တရားခံဖမ်းနေပါတယ်။
အယူဝါဒတစ်ခုကို ပြန့်ပွားဖို့ (သို့) တည်တံဖို့ သာသနာပြုတော့လည်း ဘာသာအချင်းချင်းပြိုင် (ဘာသာတူအချင်းချင်း လည်းပြိုင်)ကြပြီး - သာသနာပြုလုပ်ငန်းရာမှာ ပြဿနာတက်ကြပြီး - စစ်ပွဲများဖြစ်ကြသည်ထိ လူသားတို့ သွေးမြေကျခဲ့ရပေါင်းလည်းများခဲ့
“ဘာမှန်သည် - ဘာမှားသည် - ဘယ်သူမှန်သည် - ဘယ်သူမှားသည် - ဘယ်သူ့ကြောင့် - ဘယ်ဝါ့ကြောင့် - ဘာဖြစ်လို့ - ညာဖြစ်လို့” စသည်ဖြင့် ပြဿနာများရဲ့ တရားခံများကို ခေတ်အဆက်ဆက် ရှာဖွေ ဖော်ထုတ်ခဲ့ကြလေသည်။
အကယ်၍ စာဖတ်သူမိတ်ဆွေအနေဖြင့်လည်း ပြဿနာတစ်ရပ်တွင် အများတကာက ပြဿနာများ၏ တရားခံ အဖြစ် သတ်မှတ် ဆုံးဖြတ်ခံထားရသူ ကို တွေ့ဆုံပြီး interview ကြည့်ပါက အဆိုပါ တရားခံ အဖြစ်သတ်မှတ်ခံရသူမှလည်း “ဘယ်သူ့ကြောင့် - ဘယ်ဝါ့ကြောင့် - ဘာဖြစ်လို့ - ဘာ့ကြောင့် - စသည်ဖြင့် ပြဿနာရဲ့ တရားခံ” ကို လက်ညိုး ထိုးဖော်ပြရန် အသင့်ဖြစ်ပြီးဖြစ်နေလေသည်။
အချိန်တိုင်း - ခေတ်တိုင်း - နေရာတိုင်းမှာ တရားခံများကတော့ မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့ပြီး နောက်လည်းပေါ်ထွက်နေဦးပေမည်။ ပြဿနာများကလည်း အရင်ကလည်း မဆုံးနိုင်ဖြစ်ခဲ့ပြီး နောက်လည်း မဆုံးနိုင်ဖြစ်ကြရပေမည်..ဒီလို
၃) ပြဿနာများ မပြီးဆုံးခြင်းအကြောင်း
ကျွန်တော်တို့ အနေတဲ့ အားလုံးအတွက် လူမျိုးတိုင်းအတွက် ဘာသာတိုင်းအတွက် အချိန်တိုင်းအတွက် နေရာတိုင်းမှာ “တူညီနေတဲ့ သစ္စာထိုက်သော အမှန်တရား” မသိရှိပါက (သတိမရဘဲ မေ့လျော့ပါက) ဒီလိုပဲ တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်လို့ကိုမပြီး ခွဲခြားလို့ မပြီး - ပြဿနာဖြစ်လို့ကို မပြီးဆုံးပါဘူး။
ထို တူညီတဲ့ အချက် သစ္စာထိုက်သော အမှန်တရား ကို သတိတရ နှလုံးသွင်း ဆင်ခြင်နိုင် ခြင်းမရှိဘဲ သတ်မှတ်ချက်များ-ပညတ်ချက်မျာြး
ဘာကြောင့်ပါလဲဆိုလျှင် ကျွန်ုပ်တို့ ဖမ်းတဲ့ တရားခံတွေဟာ တရားခံအစစ်မဟုတ်ပဲ - တကယ့် ပြဿနာများရဲ့လက်သည်အစစ်။ တရားခံအစစ်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သောကြောင့်ပင်။
-တရားခံအစစ်သည် မိမိကိုယ်တိုင် ထွက်ပြေးလွတ်မြောက်နေသော်လည်း တရားခံ အတုများကိုတော့ တရားခံအစစ် အဖြစ် အားးလုံးရဲ့ နှလုံးသားထဲမှာ အထင်မှား နေအောင် အတိတ်ကလည်း တရစပ် လုပ်ခဲ့ - ပစ္စုပ္ပါန်မှာလည်း တရစပ် လုပ်ဆဲ- အနာဂတ်မှာလည်း တရစပ် လုပ်နေဦးမှာဖြစ်ပါတယ်။
၎)တရားခံအစစ်ကိုတွေ့ရှိခြင်း
ဒီတစ်ရားခံ အစစ်ကို တွေ့ရှိဖော်ထုတ်ပြသခဲ့သူကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀ ကျော်(ဘီစီ ၆၁၃ ခု) က ပေါ်ထွန်းခဲ့တဲ့ သဗ္ဗုညုတဥာဏ်အစွမ်းကို ရရှိသူ အနှိုင်းမဲ့ မဟာလူသား ဂေါတမဗုဒ္ဓ ပဲ ဖြစ်ပါတယ်။ ဒီတရားခံ အစစ်ကို တွေ့ရှိဖို့အတွက် ဗုဒ္ဓ ဟာ တစိုက်မတ်မတ် စွန့်လွှတ်ခြင်းအား ဖြင့် တွေ့ရှိခဲ့ပါတယ်....
စိတ် တွေရဲ့ တောင်းဆိုမှုအတိုင်း လိုက်လုပ်နေတဲ့ အကျင့် မိဘတွေ ဖြစ်စေချင်တဲ့ ရှင်ဘုရင် အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့ပါတယ်...
စိတ်တွေကို တစ်နေရာတည်းမှ စူးစိုက်ပြီး မပျံလွင့်အောင် ထိန်းသိမ်းရတဲ့ ရှေးဆရာကြီးများရဲ့ သမထကျင့်စဉ် များကိုလည်း စွန့်လွှတ်ခဲ့ပါတယ်...
စိတ်တွေရဲ့ အလိုကိုမလိုက်ပဲ ညှဉ်းပန်းတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခဆင်းရဲခံကာ ကျင့်မှ ဖြစ်တယ်ဆိုတဲ့ ရှေးအစဉ်အလာရိုးရာ ဒုက္ကရစရိယာ အကျင့် ကိုလည်း စွန့်လွှတ်ခဲ့ပါတယ်......
တနည်းအားဖြင့် ထိုခေတ်က ဟိုလိုကျင့် ဒီလိုကျင့်ရသော ဟိုနည်း ဒီနည်းများကို စွန့်လွှတ်ခြင်းအားဖြင့် ထိုခေတ်က စိတ်ကျင့်စဉ်ပိုင်းဆိုင်ရာကျင့်
ထို တစ်ကြောင်းတည်းသော မဂ္ဂင်လမ်းကို လည်း ဖက်တွယ်မထားပဲ အသုံးချလျှက် ပြဿနာ အားလုံး ဒုက္ခအားလုံး၏ အကြောင်းရင်းအစစ် အဓိကတရားခံအစစ်ကို ရှာဖွေတွေ့ရှိခဲ့ကာ လွတ်မြောက်ပြီးနောက် ဗုဒ္ဓဟာ “အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ ဂဟကာရ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကုဋံ ဝိသင်္ခတံ။ ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။“ စသည်ဖြင့် ဥဒါန်းကျူးရင့်ကာ ..............
သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ကိလေသာမီးများ အဆက်မပြတ် လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံ ဖြစ်စေသော တရားခံအစစ် တဏှာလက်သမားကို တွေ့ရှိကာ အပြီးတိုင် စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်၍.....
ထို တဏှာလက်သမားမှ သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာ ပေါင်းစုံတို့ ဖန်တီးနေမှုများမှ အပြီးတိုင်လွတ်မြောက်ခဲ့ပြီဖြစ်
အနေကဇာတိ ဥဒါန်းကျူးရင့်ရာတွင် ဗုဒ္ဓသည် သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံတို့ ဖန်တီးနေမှုများ တရားခံမှာ “ဂဟကာရံ” တဏှာလက်သမားအဖြစ် အများလွယ်ကူစွာနားလည်စေရန် ဖော်ပြခဲ့လေသည်။
၅)တရားခံ တဏှာလက်သမားသည် တစ်ခုခုလော -တစ်ဦးဦးလော- တစ်ယောက်ယောက်လော
သို့သော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွင် တရားခံအစစ်မှာ တဏှာလက်သမားမှာ တစ်ခုခုအဖြစ်၊ တစ်ဦးဦး၊ တစ်ယောက်ယောက် အဖြစ် ရှိနေခြင်းမဟုတ်ဘဲ သမုဒယသစ္စာသဘော အခြင်းအရာ(ငါးပါး)ဖြစ်ကြောင်း တဏှာလက်သမား အကြောင်းနှင့် ပတ်သက်၍ လေးလေးနက်နက် သိရှိလိုသူများအား ဗုဒ္ဓမှ အသေးစိတ် ဆက်လက်ရှင်းပြပါသည်။ သမုဒယသစ္စာသည် .....ပါဠိလို အား ဖြင့် အ၀ိဇ္ဖာ- တဏှာ - ဥပါဒါန် -သင်္ခါရ - ကံ သဘောများအဖြစ် တရစပ် အသစ်အသစ် ဖြစ်ကာ ပျက်စီးလျက်ရှိနေပြီး (ဖြစ်-ချုပ် ၊ ဖြစ်- ချုပ်၊ ပေါ်-ပျောက်၊ ပေါ်-ပျောက် နှင့် လျင်မြန်လွန်းစွာ ပျက်စီးနေသော ဖြစ်စဉ်သဘော သက်သက်သာရှိကြောင့် ရှင်းပြခဲ့လေသည်)။
ထို့နောက် အဘိဓမ္မာ တွင် ထပ်မံ၍ အသေးစိတ်ကာ ရှင်းပြပါသည် ။
စိတ်-စေတသိက်-ရုပ် ဟူသော တကယ်ဖြစ်နေသော ပရမတ်ခန္ဓာ (ခန္ဓားငါးပါး-သဘောခန္ဓာ) တို့သည် ကျွန်ုတို့ နားလည်သလို တစ်စက္ကန့် - တစ်မိနစ်- တစ်နာရီ- စသည်ဖြင့် အချိန်တစ်ခု ကြာအောင် ရှိနေသည့် - ဖြစ်နေသည့် စိတ်များ- စေတသိက်များ- ဝေဒနာများ-ရုပ်များ မဟုတ်ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုဋေနှင့် ချီကာ ဖြစ်-ချုပ် - ဖြစ်-ချုပ် နှင့် ပျက်စီးပြီး ဖြစ်နှင့်လေသည်။
ထို ကဲ့ သို့ - လျင်မြန်လွန်းစွာ ဖြစ်-ချုပ် ၊ ဖြစ်ချုပ် နှင့် တရစပ် ပျက်စီးနေသော (စိတ်-စေတသိက်-ရုပ် ခေါ်) စွမ်းအင် သတ္တိ သဘောများကို မသိနိုင်ခြင်းမှာ (အ၀ိဇ္ဖာ သဘာဝမှ ) အချိန်တစ်ခုကြာအောင်ရှိနေသည့်-ြ
တနည်းအားဖြင့် သင်္ခါရ - ကံ တည်းဟူသော သဘာဝများ ဖြစ်ပေါ်လေသည်........
အချိန်တစ်ခုကြာအောင် ရှိနေသည့် မြဲနေသည့် ဖြစ်နေသည့် စိတ်ကလေးတစ်ခု-ဝေဒနာလေးတစ်ခု-ရု
ထိုကဲ့သို့ ဝေဒနာတစ်ခု - စိတ်တစ်ခု စသည်ဖြင့် တစ်ခုခုအဖြစ် အချိန်တစ်ခုကြာအောင် ရှိနေ-မြဲနေ-ဖြစ်နေသည်ဟု အထင်မမှား ရ မနေနိုင်ဘဲ-သင်္ခါရ) ............ငြိတွယ်နေကာ(တဏှာ-
၆)အဆုံးမရှိ တရစပ် ပျက်စီးနေသော (အ၀ိဇ္ဖာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံ) များ မပြတ် တရစပ် ရှိနေ ဖြစ်နေခြင်း
ဒီနေရာမှာ တစ်ခု စဉ်းစားစရာက ကံ ဟူသည် အခြေခံအား ဖြင့် ကာယကံ၊ ၀စီကံ၊ မနောကံ စသည်ဖြင့် အခြေခံအားဖြင့် နားလည်ရမည်ဖြစ်သော်လည်း .............အ၀ိဇ္ဖာ ၏ ဖန်တီးပြုလုပ်နေမှု (သင်္ခါရ-ကံ) တို့သည် အချိန်တစ်ခုကြာ မြဲနေ ရှိနေသည့် ဝေဒနာအဖြစ် - စိတ်အဖြစ် - တစ်ခုခုအဖြစ် -တစ်ယောက်ယောက်အဖြစ်- အရှိထင်ကာ အထင်မမှားရ မနေနိုင်အောင်(သင်္ခါရ) ငြိတွယ်နေစေကာ(တဏှာ-ဥပါဒါန်) တစ်ခုခုအဖြစ် တကယ်အဟုတ် လို့ ထင်မြင်အောင် စက္ကန့်မလပ် တရစပ် ဖန်တီးပြုလုပ်နေမှု(ကံ) သဘောသည် ကျွန်ုတို့ နားလည်သော အချိန်တစ်ခုကြာ ပြုလုပ်သည့် ကာယကံမှု- ၀စီကံမှုများနှင့် တွေးတောကြံစည်မှု မနောကံမှုများလို မဟုတ်ဘဲ.... ..အချိန်ကာလတစ်ခုဆိုသည့် အကန့်အသတ်ကို ကျော်လွန်ကာ အဆုံးမရှိဖြစ်နေသည့် (အမြဲဖြစ်နေ - အမြဲပျက်နေကာ ရှိနေသည့်) သစ္စာထိုက်သော အမှန်တရားဖြစ်လေသည်။ ဥပမာ - နှစ်နဲ့ချီ၍ မေ့မြောနေသူသည် ကာယကံ-၀စီကံ-တွေးတောကြံစည်မှုမေ
ကျွန်ုပ်တို့ ဘ၀င်စိတ်ဖြင့် အိပ်နေသည့်တိုင် .........စိတ်ကလေးတစ်ခု-ဝေဒနာေ
၇)အချိန်-နေရာမရွေး-လူမျိုး-ဘာ
တစ်ခုခု-တစ်ယောက်ယောက်မဟုတ်သည့် ထို တဏှာလက်သမား (ခေါ်) သမုဒယသစ္စာ (ခေါ်) အ၀ိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ အခြင်းအရာငါးခု (ခေါ်) ဝေဒနာပဲ-စိတ်ပဲ-ရုပ်ပဲ-နာကျင်မှု
လောဘစိတ်လေး-ဒေါသစိတ်လေး-မေတ္တာ
၈)မည်သို့ပင် ကွဲပြား ခြားနားနေပါစေ သစ္စာထိုက်သော အမှန်တရားက......
........ငါတွေ - သူတွေ - ဘယ်လောက်ပဲ ကွဲပြားနေပါစေ....ငါတွေ သူတွေကို အဟုတ်ထင်နေသည့်သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပဲ ဖြစ်လေသည်။...
........ဘာသာ-အယူဝါဒတွေ ဘယ်လောက်ပင် ကွဲပြားနေပါစေ....မိမိဘာသာ-အယူ
.........စီးပွားရေး-နိုင်ငံရေး
.........ဝေဒနာတွေ - စိတ်တွေ - အတွေးတွေ- ခံစားချက်တွေ-ရောဂါတွေ ဘယ်လောက်ပင် ကွဲပြားနေပါစေ.... ထိုဝေဒနာတွေ - စိတ်တွေ - အတွေးတွေ- ခံစားချက်တွေ ရောဂါတွေ ကို ငါ-ငါ့ဟာ အဖြစ် အဟုတ်ထင်နေ သည့်သဘော ကတော့ အားလုံး၏ နှလုံးသားထဲတွင် အတူတူပင် ဖြစ်လေသည်။
.......ကုသိုလ်စိတ်တွေ - အကုသိုလ်စိတ် ဘယ်လောက်ပင် ကွဲပြားနေပါစေ.......ထိုကုသို
........ပြဿနာတစ်ခု၏ တရားခံကို ရှာဖွေ-ဖော်ထုတ်-သတ်မှတ်မှုများ မည်မျှပင် ကွဲပြားခြားနားနေပါစေ......ထို မိမိသတ်မှတ်သော တရားခံကို တကယ့်တရားခံအစစ်အဖြစ် အဟုတ်ထင်နေသည့် သဘောများကတော့ အားလုံးနှလုံးသားထဲတွင် အတူတူ ပင်ဖြစ်လေသည်။
.......ငါ့တဏှာ - သူ့တဏှာ -ငါ့လောဘ-သူ့လောဘ အဖြစ် မည်မျှပင်ကွဲပြားနေပါစေ ........ထို ငါ့တဏှာ-ငါ့လောဘ-သူ့တဏှာ-သူ့လော
ထို ကဲ့သို့ ဘာသာတိုင်း လူမျိုးတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် တူညီသော အမှန်တရားသာလျှင် သစ္စာထိုက်သော အမှန်တရား ဖြစ်ပေမည်။
၉)ရပ်တန့်မနေသင့်
ကျွန်ပ်တို့ သဘောခန္ဓာ - ပညတ်ခန္ဓာ အမျိုးမျိုးဆောက်လုပ်ကာ လောဘ-ဒေါသ-မောဟ ဣဿာ-မစ္ဆရိယ စသည့် ကိလေသာမီးများ အဆက်မပြတ်လောင်စေလျှက် ဒုက္ဓ ပေါင်းစုံ ပြဿာနာပေါင်းစုံတို့ ဖန်တီးနေမှုများ တရားခံမှာ “ဂဟကာရံ” တဏှာယောက်ျားလက်သမား အပေါ် တစ်ဦးဦး တစ်ယောက်ယောက် အဖြစ် နားလည်ခြင်း အဆင့်ကို ကျွန်ုပ်တို့ ကျော်လွန်အောင် သွားရပေမည်.. ဗုဒ္ဓ၏ အသေးစိတ် လေးလေးနက်နက် ရှင်းပြထားမှုဆီသို့ နားလည်လက်ခံနိုင်သည်အထိ သွားရပေမည်.... အပေါ်ယံနားလည်မှု များ နှင့် ရပ်တန့်မနေသင့်ပေ။
တဏှာ ကို လောဘစိတ်လေးပဲ ဒေါသစိတ်လေးပဲ စသည်ဖြင့် တစ်ချိန်ချိန် မှာ ပေါ်၍ တစ်ချိန်ချိန်မှာ ပျောက်ပျက်သွားသည့် တစ်ခုခု ကို တရားခံ အဖြစ် သတ်မှတ်နေခြင်းအဆင့်ကို ကျွန်ုပ်တို့ ကျော်လွန်အောင်သွားရပေမည်..
၁၀) ပြဿနာများ၏တရားခံဟူသည်
သမုဒယသစ္စာသည် ထိုကဲ့သို့ တစ်ယောက်ယောက် - တစ်ခုခု ကို တရားခံ လုပ်နေမှု - အတည်ယူနေမှု အဟုတ်ထင်နေမှုသဘော ဖြစ်လေသည်။
ပြဿနာအားလုံး၏ တရားခံသည် ထိုထိုပြဿနာများ၏ တရားခံ ကို တစ်ခုခု အဖြစ် - တစ်ယောက်ယောက် အဖြစ် ထင်မှတ်ကာ တရားခံဖမ်းနေမှု တရားခံလုပ်နေမှုပင် ဖြစ်တော့သည်။
ထိုထိုတစ်ခုခု ကို .....
ထိုထိုတစ်ယောက်ယောက် ကို .......
တရားခံအစစ်ထင်မှတ်ကာ .......
တရားခံဖမ်းနေမှု တရားခံလုပ်နေမှု သည် ဘာသာတိုင်း - လူမျိုးတိုင်း - အချိန်တိုင်း -နေရာတိုင်းတွင် ရှိနေလေသည်။
ထိုကဲ့သို့ တစ်ခုခု - တစ်ယောက်ယောက် - ကို အဟုတ်ထင်မှတ်ကာ တရားခံ ဖမ်းနေမှု - အတည်ယူနေမှု - အဟုတ်ထင်နေမှုများ (သမုဒယသစ္စာ)့သည် ဘာသာတိုင်း - လူမျိုးတိုင်း -နေရာတိုင်း - အချိန်တိုင်း မပြောင်းလဲဘဲ အမြဲ ရှိနေမည့် သစ္စာထိုက်သော အမှန်တရားဖြစ်လေသည်။
သမိုင်းအဆက်ဆက် တရားခံ များ မရေမတွက် နိုင်အောင် ပေါ်ထွက်ခဲ့လေပြီ.........
ဂင်္ဂါဝါဠုသဲစု မက ပွင့်ခဲ့ကြသော ဘုရားရှင် အပေါင်းတို့မှ လည်း တရားခံအစစ် သမုဒယ သစ္စာ ကို ဖော်ထုတ်ခဲ့ကြလေပြီ။ .........
ထို သမုဒယသစ္စာ (သစ္စာထိုက်သော အမှန်တရား)ကို မေ့လျော့သူ မှန်မှန်ကန်ကန် မသိရှိသူ (သို့) တူညီသော သစ္စာထိုက်သော အမှန်တရားကို လက်မခံနိုင်သူတို့ ဘာသာရေး-လူမှုရေး-နိုင်ငံရေး-စီး
(မှတ်ချက်။ ။ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏ သစ္စာတရား တိုက်ရိုက်နှလုံးသွင်းပုံ ဟောပြချက်များကို ကိုးကားဖော်ပြပါသည်....ပိုမိုရှ
http://www.mediafire.com/?
http://www.mediafire.com/?
No comments:
Post a Comment