Sunday, April 11, 2010

USB Storage Device မှာ Data ၀င်ရောက်ရေးသားခြင်းကို ပိတ်ထားမယ်

Windows XP မှာ USB Storage devices ကိုလွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ ဒီ usb devices တွေဟာ OS မှာပုံသေထည့်သွင်းထားတဲ့ drivers ကို ချိတ်ဆက်ပြီးတော့အလုပ်လုပ်ကြပါတယ်။ သူ့ကို စက်မှာ တပ်ဆင်လိုက်ပြီးတော့ သင်လိုရာ Data တွေ Pictures တွေ software တွေအပါအ၀င် Video files တွေကို လွယ်ကူစွာ ထည့်သွင်းသိုလှောင်ထားနိုင်ပါတယ်။ ဒီလို သုံးရအဆင်ပြေ သယ်ဆောက်ရလွယ်တဲ့ ဒီ usb devices တွေမှာ လုံခြံရေးဆိုင်ရာ အားနည်းချက်တွေရှိနေပါတယ်။ ဒီအားနည်းချက်ကို လုပ်ငန်းသုံး နက်ဝပ် တည်ဆောက်ထားတဲ့သူတွေနဲ့ အိမ်သုံး နက်ဝပ် အသုံးပြုတဲ့သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ ဘာအားနည်းချက်လဲဆိုတော့ သင်ရဲ့ usb devices ကို pc မှာထိုးထည့်လိုက်တာနဲ့ အဲဒီ pc မှာ စက်တွေ နက်ဝပ်တွေကို ဒုက္ခပေးမယ့် Virus,Spyware, Adware တွေဟာ အလိုအလျောက် သင့် usb devices ထဲကို ၀င်ရောက်ရေးသားကြမှာဖြစ်ပါတယ်။ အဲဒီကနေ တဆင့် မထင်မှတ်ပဲ တစ်ခြားစက်တွေကိုလည်း ၀င်ရောက်ခြင်းဖြင့် ပျံ့နှံမှုကိုပိုမိုလျင်မြန်စေမှာဖြစ်ပြီး အချိန်နဲ့ငွေတွေ ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ဒါကြောင့် သင့်ရဲ့ စက်ကို တခြားလူတစ်ယောက် ၏ usb devices ကိုလာထိုးပြီးဆိုတာနဲ့ ဖတ်လို့ပဲရပြီး ရေးလို့မရအောင် ကာကွယ်ထားလို့ရပါတယ်။ဆိုလိုတာက usb devices ထဲမှာ Virus ရှိလည်း သင့်စက်ထဲကို ကူးစက်ပြန့်ပွားမှာ စိုးရိမ်ပူပန်စရာမလိုတော့ပါ။
ပထမအဆင့်

1. Start --- > Run --- > regedit

2. HKEY_LOCAL_MACHINE\SYSTEM\ CurrentControlSet\Control key ကိုသွားပါ။
3. StroageDevicesPolices ဆိုတဲ့ sub key ကိုရွေးပါ။ ( မတွေ့ရှိခဲ့လျှင် right click New --- > Key ကိုရွေးပါ အမည်ကို StorageDevicesPolices ဟုရိုက်ပါ။)
ဒုတိယအဆင့်
4. ညာခြမ်းတွင် right click New --- > Dword Value ကိုရွေးပါ။
5. အမည်ကို WriteProtect ဟုရိုက်ပါ။
6. WriteProtect ကို pointer ထောက် right click --- > Modify ကိုရွေးပါ။
7. Value ကို 1 ဟုပြောင်းပေးပါ။
Exit and Restart.
အဆင်ပြေကြပါစေ။

No comments:

Post a Comment