Monday, May 3, 2010

သီလတောင်းခံခြင်း

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။



( ငါးပါးသီလ ပါဠိ မြန်မာ )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏အသက်ကို သတ်ခြင်းမှ ရှောင်ာကဉ်ပါ၏။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မူးယစ်မေ့လျော့စေတတ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
( ရတနာ့ဂုဏ်ရည် )

( ဘုန်းကြီး ) အပ္ပမာဒေန သမ္ပာဒေထ။
( လူများ ) အာမ ဘန္တေ။

( ငါးပါးသီလ အကျိုး အပြစ် လင်္ကာ )
၁။ ပါဏာတိပါတ်, သူ့သက်သတ်က, ချို့တတ်အင်္ဂါ, မွဲပြာရုပ်သွင်, အားအင်ယိုယွင်း, လျင်ခြင်းလည်းဝေး, ဘေးကိုကြောက်တတ်, အသတ်ခံရာ, အနာများလျက်, ခြွေရံပျက်၍, အသက်တိုလျ, ပြစ်များစွာ့သည်, ရှောင်က အပြန် အကျိုးတည်း။( ရတနာ့ဂုဏ်ရည် )

( ကြည့်ရှုရန် အဓိပ္ပါယ် )
ပါဏာတိပါတပြုလျက် သူ့အသက်ကို သတ်လို့ရှိက-
၁။ မျက်စိ, နား, နှာခေါင်း, အင်္ဂါခြေလက် ချို့ယွင်းတတ်ခြင်း။
၂။ ဖြစ်ရာဘ၀၌ ရုပ်အသွင် မွဲပြာခြောက်ညှိုး၍ စိုစိုပြည်ပြည် မရှိတတ်ခြင်း။
၃။ အားအင်ယိုယွင်းခြင်း (အားနည်းခြင်း)။
၎။ လျင်မြန်ဖျတ်လတ်မှု ကင်းဝေးခြင်း။
၅။ ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း။
၆။ သူများအသတ်ကို ခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည် စားသောက်လျက် သေရတတ်ခြင်း။
၇။ အနာရောဂါ များတတ်ခြင်း။
၈။ အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက် တိုတတ်ခြင်း-
ဤသို့စသည်ဖြင့် အပြစ်တွေ များလှလေ၏။

၂။ အဒိန္နာဒါ, ခိုးမိပါမူ, ဥစ္စာနည်းမွဲ, ဆင်းရဲငတ်ဘိ, လိုရှိ မရ, ဘောဂပျက်စီး, ရေ မီး သူခိုး, မွေခံဆိုးနှင့်, မင်းဆိုးအပြား, ရန်မျိုးငါးကြောင့်, ပျက်ပြားဥစ္စာ, ပြစ်များစွာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
အဒိန္နာဒါနကို ပြုမိသူသည်-
၁။ မွဲတတ်ခြင်း။
၂။ ဆင်းရဲတတ်ခြင်း။
၃။ ငတ်မွတ်ခြင်း။
၎။ အလိုရှိသော အရာကို မရနိုင်ခြင်း။
၅။ ကူးသန်းရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့် စည်းစိမ် ပျက်စီးတတ်ခြင်း။
၆။ ရေ, မီး, သူခိုး, အမွေခံ သား-သမီးဆိုး, မင်းဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း။
ဤမကောင်းမှု အကျိုးများကို ရတတ်၏။

( ၃ ) မိစ္ဆာစာရ, လွန်ကျူးကလည်း, မုန်းကြသူများ, ရန်သူပွား၍, ရှားပါးလာဘ်တိတ်, ချမ်းသာဆိတ်၏, ဣတ္ထိပဏ္ဍုက်, မျိုးယုတ်ခါခါ, မျက်နှာမလှ, အရှက်ရလျက်, လက္ခဏဣနြေ္ဒ, ယွင်းသွေချို့သိမ်, စိုးရိမ်များစွာ, ချစ်သူကွာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
ကာမေသုမိစ္ဆာစာရ အာကြီးသောသူသည်-
၁။ မလိုမုန်းထားသူ ပေါများခြင်း။
၂။ မုန်းရုံမက ရန်သူလည်း ပေါများခြင်း။
၃။ လာဘ်ပစ္စည်းများ ရှားပါး တိတ်ဆိတ်ခြင်း။
၎။ ချမ်းသာမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမ ဖြစ်ရခြင်း။
၆။ မိန်းမ မဟုတ်-ယောက်ျား မဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း။
၇။ ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။
၈။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။
၉။ အင်္ဂါလက္ခဏာ ဣနြေ္ဒ ချို့ယွင်းသေးသိမ်ခြင်း။
၁၀။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။
၁၁။ ချစ်သူနှင့် ကွေကွင်း ကွဲကွာရခြင်း။
ဤမကောင်းမှု အကျိုးများကို ရတတ်၏။


( ၄ ) မုသားစကား, ပြောဆိုငြားမူ, စကားမပီ, သွားမညီတည်း, ပုပ်ညှီပါးစပ်, ခြောက်ကပ်ကိုယ်ရေ, ဣနြေ္ဒနောက်, ပုံယွင်းဖောက်၏, မရောက်သြဇာ, နှုတ်လျှာကြမ်းထော်, လျှပ်ပေါ်လော်လီ, စိတ်မတည်သည်, ရှောင်ကြဉ် အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
ရှေးက မုသားအားကြီးသူသည်-
၁။ ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
၂။ သွားများ မညီမွတ် ရှိခြင်း။
၃။ ခံတွင်းပါးစပ် ပုပ်ညှီခြင်း။
၎။ ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ် မရှိခြင်း။
၅။ မျက်စိ, နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။
၇။ သူတပါးအပေါ်၌ သြဇာအာဏာ မရှိခြင်း။
၈။ အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
၉။ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်း။
ဤသို့စသည်ဖြင့် အပြစ်များ၏။
( မုသားပြောသူသည် ဘယ်ကိစ္စ၌မျှ မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင် )

( ၅ ) သေရည်သောက်လင့်, သင့်မသင့်၌, ရေးခွင့်မသိ, ပျင်းရိမေ့ရူး, ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို, အကုသိုလ်ကို, မငြိုလွယ်စွာ, ပြုကျင့်ရာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
သေရည်သေရက် စသည်ကို သောက်စားမိလျှင်-
၁။ အရေးအခွင့် သင့်-မသင့်ကို မသိတတ်ခြင်း။
၂။ ပျင်းရိခြင်း။
၃။ မေ့လျော့ မူးရူးတတ်ခြင်း။
(နောင်ဘ၀ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း)။
၎။ သူများက ပြုဖူးသောကျေးဇူးကို မသိတတ်ခြင်း။
၅။ ဟိရီ-သြတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း။
၆။ သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြဉ်ဘဲ အလုံးစုံသော အကုသိုလ်ကို ပြုမိလွယ်ခြင်း။
ဤသို့စသည်ဖြင့် အပြစ်များ၏။



(ရှစ်ပါးသီလ တောင်းခံပုံ ပါဠိမြန်မာ )
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ရှစ်ပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါရှစ်ပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
( မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏ )
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
( နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ )
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿန, မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
( အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ဘုရားအဆုံးအမတော်၏ ဆန့်ကျင်ဘက်ဖြစ်သော ကြည့်ရှု့နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာပြစ်ကို နိမ့်ရာအရပ်သို့ ဖို့သိပ်ခြင်း, နံ့သာရည် နံ့သာမှုန်တို့ကို လိမ်းကျံ ခြယ်လှယ်ခြင်းမှ ရှောင်ကြဉ်ပါ၏ )
၈။ ဥစ္စာသယန မဟာသယနာ-
( မြင့်မြတ်သော နေရာ၌ အိပ်ခြင်း, နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏ )

မှတ်ချက်။ ( ၁-၂-၄-၅ ) သိက္ခာပုဒ်များ၏ မြန်မာပြန်ကို ငါးပါးသီလ၌ ပြခဲ့ပြီ။
( ရတနာ့ဂုဏ်ရည် )



( ကိုးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )

အဟံ ဘန္တေ တိသရဏေန သဟ န၀င်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါကိုးပါးရှိသော ဥပုသ်သီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ကိုးပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါကိုးပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿန, မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
၈။ ဥစ္စာသယန မဟာသယနာ-
၉။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ။
( စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့အပေါ်၌ ဖြန့်၍ နေပါမည် )။
တနည်း။
မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ။
( မေတ္တာစိတ်ဖြင့် အလုံးသော သတ္တ၀ါတို့အပေါ်၌ ဖြန့်၍ နေပါမည် )။


( လူများအတွက် ၁၀-ပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )
( ကိုးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )

အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ လူတို့၏ ဆယ်ပါးသီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါဆယ်ပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿနာ-
၈။ မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
၉။ ဥစ္စာသယန မဟာသယနာ-
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ-
( ရွှေငွေကို ကိုင်ခြင်း, ခံယူခြင်း, စီမံခြင်းမှ ရှောင်ကြဉ်ပါ၏ )
( ရတနာ့ဂုဏ်ရည် )


( သီလ၏ ဂုဏ်ကျေးဇူး )
သီလရနံ့ မွှေးပျံ့ကြိုင်စွာ၊ သီလဆင်သိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြား မလားပါယ်ရွာ၊ မြတ်သီလ စိတ်ချကိုးကွယ်ရာ။( မဟာစည် ဆရာတော် )

သီလရနံ့သည် တောင်ဇလပ်ပန်း, စန္ဒကူးတို့၏ အနံ့ထက် မွှေး၏။
ခါးဝတ်ကဲ့သို့ သီလတန်ဆာကို ဆင်ထားလျှင် ရှုတိုင်း လှ၏။ သီလစောင့်သောသူသည် အပါယ်မလားနိုင်။
နတ်ပြည်သို့ လားရ၏။ သီလသည် စိတ်ချလက်ချ ယုံယုံကြည်ကြည် ကိုးကွယ်ရာ ဖြစ်၏။

2 comments:

  1. အကောင်းအဆိုး တွေ့ရသမျှ
    ဘ၀ အတွေ့အကြုံတွေထဲက
    လေးနက်တဲ့ အသိအမြင်ကိုရမှသာ
    အတွေ့အကြုံဟာ တန်ဖိုးရှိတယ်..
    အကောင်းနဲ့ တွေ့တဲ့အခါ
    မာနကြီးသွားမယ်
    အဆိုးနဲ့တွေ့တဲ့ အခါ
    စိတ်ဓါတ်ကျသွားမယ်ဆိုရင်
    အတွေ့အကြုံဟာ
    ဘာမှတန်ဖိုးရှိမှာ မဟုတ်ဘူး
    စဉ်းစားနော်...

    အဲဒီအဆိုလေးကိုကြိုက်လို့  status မှာတင်ထားပါတယ်။ ကျေးဇူးပါ

    ReplyDelete
  2. ရှစ်ပါးသီလကို ကူးယူပြီး သီလစောင့်၇တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ စိတ်နှလုံးအေးချမ်းပါစေ။

    ReplyDelete