ကျွန်တော်တို့၏ Gmail account (User Name + Password) ကို တစ်ပါးသူတစ်ဦး သိရှိသွားသည်နှင့် ပြဿနာများ၊ ဆိုးကျိုးများမှာ ခန့်မှန်းမရနိုင်အောင် အမျိုးမျိုး ဖြစ်လာနိုင်သည်။ Gmail account များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကောင်းသည်ထက် ကောင်းလာစေရန် အမြဲတမ်း တီထွင်ကြံဆနေသည့် Google မှ အင်ဂျင်နီယာများက နောက်ထပ်လုံခြုံရေး နည်းလမ်းသစ်တစ်ခုကို ထပ်မံ ဖန်တီးပေးထားသည်။
Warning Message - သတိပေးချက်
ဤနည်းလမ်းသစ်က - Gmail Account တစ်ခု၏ သံသယဖြစ်ဖွယ်ရာ အသုံးပြုမှု (Login Activity) များကို စစ်ဆေးတွေ့ရှိသည့်အခါ ထို Account ပိုင်ရှင်ကို သတိပေးမည် - ဖြစ်သည်။ ကျွန်တော်တို့၏ Gmail Account တွင် သာမန်အခြေအနေမျိုး မဟုတ်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာသည်ကို တွေ့ရသည့်အခါ "Warning: We believe your account was last accessed from…" စသည့် စာတမ်းပါရှိသော သတိပေးချက်တစ်ခုကို Gmail က ဖော်ပြပေးမည်။ ထိုဖော်ပြချက်တွင် သက်ဆိုင်ရာ Gmail account ကို နောက်ဆုံးအသုံးပြုသွားသည့် နေရာဒေသနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါရှိမည်။ အောက်ပါပုံကို ကြည့်ပါ။
အလုပ်လုပ်ပုံ - How its Work
ယခုကဲ့သို့ သတိပေးချက်ကို ဖော်ပြနိုင်ရန်အတွက် Gmail ၏ ဆော့ဖ်ဝဲစနစ်တွင် -
- သက်ဆိုင်ရာ Account ၏ အင်တာနက်လိပ်စာ (Relevent IP Address)၊ အသုံးပြုမှု၊ အသုံးပြုခဲ့သည့် နေရာဒေသ - တို့ကို အလိုအလျောက် တိုက်ဆိုင် စစ်ဆေးသည်။
- ယခုအချိန်တွင် Gmail Account တစ်ခုကို အသုံးပြုခဲ့သည့် နေရာဒေသကို (The specific geographical location) အတိအကျဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။
- သို့သော် Gmail Account တစ်ခုဖြင့်
- မကြာသေးမီက Gmail သို့ ၀င်ရောက်အသုံးပြုခဲ့သည့် တိုင်းပြည်က တစ်ခု၊
- ယခု ထပ်မံ ၀င်ရောက်အသုံးပြုသည့် အခါ စစ်ဆေးတွေ့ရှိရသည့် တိုင်းပြည်က တစ်ခု -
- စသည်ဖြင့် ကွဲပြားနေသည့် အခြေအနေမျိုးတွင် အထက်ပါအတိုင်း သတိပေးချက်များ ထွက်ပေါ်လာမည်။
သတိပေးချက်တွင် ပါရှိသည့် Details ခလုတ်ကို နှိပ်လိုက်သည်နှင့် Activity on this account ၀င်းဒိုးပေါ်လာမည်။ မကြာသေးမီက အသုံးပြုခဲ့သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Browser) ၊ တည်နေရာ၏ အင်တာနက်လိပ်စာ (Location, IP Address) စသည့် အချက်အလက်များကို မြင်တွေ့ရမည်။ နမူနာ ပုံများကို လေ့လာကြည့်ပါ။
ဆက်လက်ဆောင်ရွက်ရန် - What to do (continue)
အကယ်၍ သင်၏ Gmail account ကို ခိုးယူ အသုံးပြုခံနေရသည်ဟု သံသယရှိလာသည်နှင့်
- စကားဝှက်ပြောင်းလဲနိုင်ရန် (Change your password immediately) ပြုလုပ်ပေးထားသည်။
- သို့မဟုတ် ယခုမြင်တွေ့ရသည့် သတိပေးချက်မှာ -
- သင်ကိုယ်တိုင်က ခရီးသွားနေသဖြင့် အသုံးပြုနေသည့် တည်နေရာများ ပြောင်းလဲသွားခြင်း၊
- သင့်ဇနီး/ခင်ပွန်း စသည့် သင့် Gmail Account ကို သိရှိအသုံးပြုနိုင်သူ တစ်ဦးက ခရီးသွားရင်း အသုံးပြုနေသဖြင့် တည်နေရာများ ပြောင်းလဲသွားခြင်း
- စသည့် အကျိုးအကြောင်း ဆီလျော်သည့် ပြောင်းလဲမှုများ ဖြစ်ကြောင်း သိရှိနေပါက "Dismiss" ကို နှိပ်ပြီး ပေါ်နေသည့် သတိပေးချက်ကို ဖယ်နိုင်သည်။
ယခုဖော်ပြခဲ့သည့် နည်းစနစ်ကို Google Apps အသုံးပြုများလည်း မကြာမီအချိန်တွင် အသုံးပြုနိုင်ကြမည် ဖြစ်သည်။
ယခင်ရှိခဲ့ပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံးအခြေအနေ (Recent Account Activity) နှင့် Remote Sign Out အင်္ဂါရပ်များကိုလည်း ယခင်ရှိမြဲအတိုင်း Gmail စာမျက်နှာ၏ အောက်ခြေပိုင်းတွင် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ အောက်ပါပုံတွင် ကြည့်ပါ။
No comments:
Post a Comment