ဝစီဗေဒ ထိတိုင်း ရှ
၁ ။စကားခြောက်ခွန်း လူ၌ထွန်း ၊ လေးခွန်းကို ပယ် နှစ်ခွန်းတည်။
မှန်သည် နာလိုသည် အကျိုးရှိသည်။
မှန်သည် မနာလို အကျိုးရှိသည်။
မှန်သည် နာလိုသည် အကျိုးမရှိ။
မှန်သည် မနာလို အကျိုးမရှိ။
မမှန် နာလိုသည် အကျိုးမရှိ။
မမှန် မနာလို အကျိုးမရှိ။
မှန်ပြီး အကျိုးရှိသော စကားနှစ်ခွန်းကိုသာ ပြောဆိုအပ်ပါသည်။ မှန်ပြီး အကျိုးမရှိသော စကားနှစ်ခွန်း နှင့် မမှန်သည့် စကားနှစ်ခွန်းကိုမူ လုံးဝ မပြောဆိုအပ်ပေ ။
၂ ။ တစ်ကယ့်ရန်သူ အစစ်က တပါးသူ မဟုတ်ပါဘူး ။ မိမိကိုယ်မှာ ဖြစ်နေတဲ့ ကိလေသာပါ ။ ကိလေသာ ကို နိုင်အောင် တိုက်ရမှာ ။ ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းမှု မရှိပဲနဲ့တော့ အောင်မြင်မှုအစစ်အမှန်မဟုတ်သေးပါဘူး။
၃ ။ သူတပါး ပါးစပ်ဖျားမှာ လမ်းမဆုံးကြနဲ့ ။ ကိုယ့်ခန္တာမှာတွေ့အောင်ရှာ ။ စကားဟာ စကားပဲ တရားတော့ မဟုတ်သေးဘူး ။
၎ ။ ပရမတ်အကြောင်း ပြောရမယ်ဆိုရင်တော့ ပြောစရာ စကားတစ်လုံးမှ မရှိပေဘူး ။ ခင်ဗျားတို့ လောကီ ကိစ္စကတော့
မှန်တယ်ဆိုရင်လည်း မှန်လို့ရတယ် ။ မှားတယ်ဆိုရင်လည်း မှားလို့ ရတယ် ။ အစကတည်းက တစ်ခုမှ
တစ်ကယ်မရှိလို့ပဲ ။
၅ ။ ဦးဇင်းက အတိတ်ကာလတုန်းက ဝေသာဘူ ဘုရားလက်ထက်မှာ ဘုရင်ဖြစ်ခဲ့တယ် ။ ပိဋကတ်သုံးပုံလည်း ဘယ်ပြန်နှပြန် လှန်ခဲ့တယ် ။ မင်းတို့ အတတ်လည်း အတတ်မျိုးစုံ ကုန်ခဲ့တယ် ။ ငါ့လောက်တတ်တဲ့ ပုဂ္ဂိုလ် မရှိဘူး ဆိုပြီး သံဃာတော် အရှင်မြတ်များလည်း ငါမေးလိုက်ရင်တော့ မခံနိုင်ဘူး ဆိုပြီး ရဟန်းလည်း ခေါ်မေးတာပဲ ။ ခေါ်မေးတော့ မဖြေနိုင်ဘူး ။
ဒီကောင် ရဟန်းသာ ဖြစ်တယ် ငါ့လောက် မတတ်ပါဘူးကွာ ဒီလို တေးလိုက်တယ် ။
ဦးဇင်းက အဲ့လို ဝေသာဘူ ဘုရားလက်ထက်က ၀စီကံ ထိုက်ခဲ့လို့ အခု ဂေါတမမြတ်စွာဘုရား သာသနာမှာ စာသင်ချင်စိတ် လုံးဝ မရှိခဲ့ဘူး ။ အဲ့ဒီ ကံကြီးထိုက်တာ ။ ဒါကြောင့် အခုလာရောက်ကြတဲ့ ဒကာ ဒကာမများ ဘာမှ မစားရ မသောက်ရပဲ ၀စီဗေဒကံတော့ မမျက်ကြနဲ့ ။
ကြောက်စရာကြီး ကြောက်စရာကြီး ။ ၀စီဗေဒ မျက်တိုင်း ရှတယ် ဒကာကြီးရဲ့ ။ ဝေသာဘူ ဘုရားလက်ထက်ကနေ အခုထိ လိုက်တုန်း ။ အခုထိ စာသင်လို့ မရဘူး ။ ဘယ်လိုဖတ်လို့မှ မရဘူး ။ ငါ့လောက် မတတ်ပါဘူး ဆိုပြီး တေးခဲ့တဲ့ ၀စီကံ ။
ဒါကြောင့် ဒကာ ဒကာမများ ၀စီဗေဒကံများ မမျက်ကြနဲ့ ။ မာန်မကြီးကြနဲ့ ။ မာန်ကြီးရင် သူများဖို့ ဖြစ်သွားမယ် ။ မာန်မကြီးရင် ကိုယ့်ဖို့ ။
ကိုယ့်စိတ် ကိုယ်စစ် ကိုယ့်ကိလေသာ ကိုယ်စစ်ဗျာ ။ ဘာလို့လဲ ဆိုတော့ အချိန်ကျရင် ဒီ ကိလေသာတွေကပဲ
ကိုယ့်ကို အပါယ်ဆွဲချမှာ ။
ဦးဇင်းက အပြောသမားတော့ မကြိုက်ဘူးဗျ ။ အလုပ်မလုပ်မှတော့ အပြောသမားသက်သက်ဖြစ်ပြီး အပါယ်လည်း ပိတ်မှာ မဟုတ်ဘူး ။
သီလမှုလေးက ရံဖန်ရံခါ ဒါနမှုလေးက ရံဖန်ရံခါ သမထမှုလေးက ရံဖန်ရံခါ ။
ဒါပေမယ့် အပါယ်ဆင်းမယ့် အကုသိုလ်အမှုတွေကတော့ ၂၄ နာရီပတ်လုံး တင်းပြည့်ကျပ်ပြည့် လှေတွေ လှည်းတွေ သင်္ဘောတွေ လေယာဉ်တွေနဲ့ တိုက်လို့ မကုန်ဘူးဗျ ။ ဒွာယခြောက်ပေါက်က ၀င်လာသမျှ အသိမှား အမြင်မှားတွေက အပါယ်သွားဖို့ ဟင်းလင်းပွင့်နေပြီ ။ ခန္တာမှာ ရုပ်နမ်ကွဲအောင် ရှုချင်ရှု ၊ ပညတ် ပရမတ် ကွဲအောင် ရှုချင်ရှု ၊ ခန္တာငါးပါး မြင်အောင် ရှုချင်ရှု ၊ အဲ့လိုမှ ကွဲပြားအောင် မကျင့်ကြံနိုင်လို့ကတော့ လေးဘက်ထောက် မိုးကျောခိုင်းပြီး အပါယ်ဆင်းရမယ်သာ မှတ် ။
၆ ။ ကိုယ့်စိတ်သာကိုယ်စစ်
သူတစ်ပါး၏ပြောဆို ဆဲရေးစကားကိုမဆင်ခြင် မအောက်မေ့သင့်၊ သူတပါး၏ ကောင်းမှု၊ မကောင်းမှုကို မရှုမဆင်ခြင်အပ်၊ မိမိစိတ်၏ ကောင်းမှု၊ မကောင်းမှုကိုသာ ဆင်ခြင်ကြည့်ရှုအပ်၏။ မေ့လျော့ခြင်းကို မမေ့လျော့ခြင်း၊ မကောင်းမှုကို ကောင်းမှုဖြင့် ဖုံးအုပ် ဖယ်ခွာ ရာ၏။
၇။ ရန်လိုရင် ရန်ပို၊ ရန်မလိုမှ ရန်ပြို။
ဤသူသည်ငါ့ကိုဆဲရေး ၏၊ညှဉ်းဆဲ၏၊ အနိုင်ကျင့်၏၊ ငါ့ဥစ္စာကိုယူ၏ဟု စိတ်၌ အမျက်ထားလျက် ရန်ငြိုးဖွဲ့သူတို့မှာရန်မငြိမ်း၊ ဤသို့ အမျက်မထားရန် ငြိုးမဖွဲ့လျှင် ရန်ငြိမ်း၏။
၈ ။ ကိုယ့်ကံကြမ္မာကို ကိုယ်သာဖန်တီးနေတာပါ။
မိမိပြုသော၊ မိမိ၌ဖြစ်သော၊မိမိကြောင့်ဖြစ်သော မကောင်းမှုသည် ထိုသူမိုက်ကိုပင် ဖျက်စီး၏၊ ။ မကောင်းမှုကို မိမိပြုလျှင် မိမိပင် ညစ်ညူး၏၊ ။ ကောင်းမှုကို မိမိပြုလျှင် မိမိပင် စင်ကြယ်၏။ စင်ကြယ်ခြင်း၊ ညစ်ညူးခြင်းကို မိမိပင် ပြုလုပ်၏။
၉။ သူများမကြောက်နဲ့၊ ကိုယ့်အမှားကိုယ်ပြန်ကြောက်။
လူဆိုး (သို့မဟုတ်) ရန်သူ၏ မိမိအား အကျိုးမဲ့အောင် ပြုလုပ်မှုမှာ ဤတစ်ဘ၀ သာပြုနိုင်၏။ မိမိပြုထားမိသော အကုသိုလ်ကံကမှု မိမိကို ဘ၀များစွာ ပျက်စီးအောင် ပြုနိုင်၏။
၁၀ ။ ကိုယ်ရှူး ကိုယ်ပတ်
မပြစ်မှားထိုက်သော၊ စင်ကြယ်သော ကိလေသာကင်းသူအား ပြစ်မှားလျှင် လေညှာ သို့ ပစ်လွင့်သော မြူမှုန်သည် လွှင့်သူ အပေါ် ပြန်ကျသကဲ့သို့ ပြစ်မှားသော သူကိုသာ မကောင်းကျိုးပေး၏။
၁၁ ။ အချိန်တန်ရင်
မကောင်းမှုပြုသူသည် မကောင်းကျိုး မပေး သေးသရွေ့သာ ကောင်းကျိုး ချမ်းသာကို တွေ့မြင်ရ၏။
ကောင်းမှုပြုသူလည်း ကောင်းကျိုး မပေး သေးသရွေ့သာ မကောင်းသောဆင်းရဲ ကို တွေ့မြင်ရ၏။
၁၂ ။ အကုသိုလ်ဘေးပြေးမလွတ်၊ တရားအားကိုးမှလွတ်
မကောင်းမှုပြုသူသည် ကောင်းကင်၌နေသည်ဖြစ်စေ၊ သမုဒ္ဒရာ၌နေသည်ဖြစ်စေ၊ တောင်ခေါင်း၌နေသည်ဖြစ်စေ မကောင်းကျိုးမှ မလွတ်နိုင်၊ အပြစ်မှလွတ်သော နေရာ အရပ်မရှိချေ။
၁၃ ။ ကဲ့ရဲ့၊အပြစ်တင်၍ တရားမရနိုင်။
မြတ်စွာဘုရား ဇေတ၀န်ကျောင်း၌နေတော် မူသော အခါ အတုလျ မည်သော ဥပါသကာသည် ရှင်ရေ၀တ မထေရ်ကို စကားမပြော-တုဏှိဘာဝေနေသည် ဟု ကဲ့ရဲ့၏၊ ရှင်သာရိပုတ္တရာ ကိုလည်း အဘိဓမ္မာတရားချည်း ဟောသည် ဟု ကဲ့ရဲ့၏၊ ရှင်အာနန္ဒာ ကိုလည်း စကား တတ်လွန်းသည် ဟု ကဲ့ရဲ့၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် အို အတုလျ၊ ဤကဲ့ရဲ့ခြင်းသည် ယခုကာလမှ ဖြစ်သည် မဟုတ်၊ ရှေးကပင်ဖြစ်၏၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ ကုန်၏၊ များစွာပြောဟောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန် ၍ ပြောဟောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ လောက၌ ကဲ့ရဲ့ လွတ်သူမရှိ။
သူတပါးတို့၏အပြစ်ကိုအစဉ်ရှု၍၊ ကဲ့ရဲ့ခြင်းကြောင့် အာသဝေါတရားတို့သာ တိုးပွားကုန်၏၊
ထိုသူသည် အာသဝေါတရား ကုန်ခန်းသည့် ရဟန္တာအဖြစ်မှ ဝေးလေ၏။ ဤ သို့ မိန့်တော်မူလေသည် ။
၁၄ ။ သူတော်ကောင်းနဲ့ နေပြီး တရားကို အဓိကမထားဘဲ ကိုယ်ကြီးချင်တဲ့ အရေးကြီး နေရင် လူမိုက်ပဲ။
အိပ်မပျော်သောသူအတွက် ညဥ့်တာရှည်၏။ သူတော်ကောင်းတရား မသိသော သူမိုက်တို့အတွက် သံသရာသည်ရှည်၏။
ယောက်မသည် ဟင်းအရသာကို မသိသကဲ့သို့ သူမိုက်သည် အသက်ထက်ဆုံး ပညာရှိနှင့် အတူနေ သော်လည်း သူတော်ကောင်းတရား ကို မသိချေ။
၁၅ ။ မနှေးလေ ကောင်းလေ
ကုသိုလ်ကောင်းမှုကို အလျင်ပြုရာ ၏။ စိတ်ကိုမကောင်းမှုမှ တားမြစ်ရာ ၏။
ကောင်းမှုပြုရန် နှေးသောသူ၏စိတ် သည် မကောင်းမှု၌ မွေ့လျော်တတ်၏။
၁၆ ။ အကျင့်သိ
ဆင်ခြင်သိ စိန္တာမယဥာဏ်ဖြင့် လည်းကောင်း၊ ယုံကြည် လေးစားထိုက်သော ပုဂ္ဂိုလ် တို့၏ အဆိုအမိန့်၊ ယုံကြည်ကိုးစားထိုက်သော
စာပေကျမ်းဂန် တို့အပေါ် အခြေခံ၍ သိသော အသိ သုတမယဥာဏ် ဖြင့် လည်းကောင်း၊ ပရမတ္ထသစ္စာ ကိုမသိနိုင်ဘဲ သတိပဋ္ဌာန်-တရား ကို ကိုယ်တွေ့အားထုတ်၍ ပေါ်ပေါက် လာသော အသိဥာဏ်၊ ဘာဝနာမယဥာဏ် ဖြင့် သာလျှင်
တွေ့မြင်နိုင်၏။
၁၇ ။ တရားနားလည်ရင် သေတာ၊ မသေတာ အရေး မကြီးတော့ပါ။
ပညာမရှိ၊ သမာဓိမရှိသောသူ၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာရှိ၍ ကမ္မဋ္ဌာန်းရှုသောသူ၏ တစ်ရက်မျှ အသက် ရှည်ခြင်းသည် မြတ်၏။ မြတ်သောတရားကိုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက်၊ မြတ်သော တရားကိုမြင်ပြီး
တစ်ရက်မျှအသက်ရှည်ခြင်းသည် မွန်မြတ်၏။
၁၈ ။ မတူရင် ပြိုင်စရာ မလိုဘဲ နိုင်ပြီးသား။
အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင် နိုင်လေ၏၊ မကောင်းသောသူကို သူတော်ကောင်း တရားဖြင့် ဆက်ဆံကာ အောင်နိုင်လေ၏၊ ၀န်တိုသောသူ ကိုပေးကမ်းခြင်းဖြင့် အောင် နိုင်လေ၏၊ မဟုတ်မမှန် ပြောဆိုသူကို မှန်ကန်သော စကားဖြင့် အောင်နိုင်လေ၏။
၁၉ ။ အများကိုအသာထားပြီး ကိုယ်တစ်ယောက်ကို သာ အရင်ဆုံးမကြည့်ပါဦး။
သူတပါးကို ဆုံးမသကဲ့သို့မိမိကိုယ်ကိုဆုံးမရာ၏၊ မိမိကိုယ် ကိုကောင်း စွာဆုံးမပြီးမှ သူတပါးကိုဆုံးမရာ၏။
၂၀ ။ နိဗ္ဗာန်ချမ်းသာ
- ရာဂနှင့်တူသော မီးမရှိ၊
- ဒေါသနှင့်တူသော အပြစ်မရှိ၊
- ခန္ဓာနှင့်တူသော ဆင်းရဲမရှိ၊
- နိဗ္ဗာန်ထက်လွန်သော ချမ်းသာမရှိ။
၂၁ ။ စောင့်စည်းခြင်း
-မျက်စိစောင့်စည်းခြင်းသည် ကောင်း၏၊
- နားစောင့်စည်းခြင်းသည်ကောင်း၏၊
- နှာခေါင်းစောင့်စည်းခြင်း သည်ကောင်း၏၊
- လျှာ(နှုတ်)စောင့်စည်းခြင်းသည်ကောင်း၏၊
- ကိုယ်စောင့်စည်းခြင်းသည် ကောင်း၏၊
- စိတ်စောင့်စည်းခြင်းသည်ကောင်း၏၊
- အလုံးစုံသော ဒွါရခြောက်ပါး စောင့်စည်းခြင်း သည်ကောင်း၏၊
- အလုံးစုံသော ဒွါရခြောက်ပါး တို့၌ စောင့်စည်းသော ပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ် ၏။
၂၂ ။ ဒုစရိုက် ( ၁၀ ) ပါးထဲက
....၁ ။ မုသာဝါဒ ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း ။
....၂ ။ ပိသုဏ၀ါစာ ၊ ကုန်းတိုက်စကား ပြောဆိုခြင်း ။
....၃ ။ ဖရုသ၀ါစာ ၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်း ။
....၄ ။ သမ္ဖပ္ပလာပ ၊ အကျိုးမရှိ သေးနုပ် သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း ။ တို့ဟာ ၀စီ ဒုစရိုက် ( ၄ ) ပါး ......ဖြစ်တယ် ။
အဲ့ဒီ ဒုစရိုက် ( ၄ ) ပါးကိုမှ
....၁ ။ ကိုယ်တိုင်ပြုလုပ် ပြောဆို ကြံစည်ရင် (သာဟတ္ထိက) အကုသိုလ်ကံ လေးပါး ။
....၂ ။ သူတစ်ပါးကို ပြုလုပ် ကြံစည် ပြောဆိုအောင် တိုက်တွန်းရင် (အာဏတ္ထိက) အကုသိုလ်ကံ လေးပါး ။
....၃ ။ သူတစ်ပါး ပြုလုပ်နေတာကို ချီးမွန်းရင် (၀ဏ္ဏဘာသန) အကုသိုလ်ကံ လေးပါး ။
....၄ ။ သူတစ်ပါး ပြုလုပ်နေတာကို သဘောတူ သဘောကျနေရင် (သမနုည) အကုသိုလ်ကံ လေးပါး ။
....စုစုပေါင်း အပါယ်ကျကြောင်း ဒုစရိုက် ( ၁၆ ) ပါးဟာ နုတ်မစောင့်စည်းခြင်းကြောင့် ဖြစ်တယ် ။
၂၃ ။ နုတ်တစ်ရာ စာတစ်လုံး ၊ စာတစ်ပွေ့ လက်တွေ့ တစ်ချက် ။
၂၄ ။ လမ်းသည် ပန်းတိုင် မဟုတ် ။ ငါ့လမ်း ဆိုပြီး တငါငါနဲ့ လမ်းစောင့် လုပ်နေရမှာ မဟုတ်ဘူး ။
၂၅ ။ ငါက ဘာကောင်ဆိုပြီး တငါငါ လုပ်လိုက်ရင် သူတပါးကိုလည်း ဘာကောင်ဆိုပြီး အထင်သေးခြင်း အထင်ကြီးခြင်းတွေ ၀င်လာတယ် ။ ငါ မရှိ သူမရှိ ။ မရှိတာကို အရှိထင်နေတဲ့ သဘောပဲ ရှိတယ် ။
၂၆ ။ သူတပါး ကောင်းတာ ဆိုးတာကို အသာထားဦး ။ မိမိကောင်းဖို့ အရင်လုပ် ။ ကိုယ်လုပ်တာတွေ ကိုယ်ပဲ ပြန်ခံရမှာ ။
၂၇ ။ ပညတ် စကားလုံးမှာ လမ်းမဆုံးနဲ့ အဲ့နောက်ကွယ်က တရစပ်ဖောက်ပြန်နေတဲ့ သဘောကို မြင်အောင်ကြည့် ။
၂၈ ။ အချိန်မဆွဲနဲ့။
အဘယ်သူသည် နက်ဖြန် သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင် အားထုတ် သင့်သော ကုသိုလ်ကောင်းမှု ကို ပြုလုပ်သင့်၏ ။
မှီငြမ်းတရားတော်များ ။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး ၊ မြောင်းမြ၀ါးကျောင်း ဆရာတော်ဘုရားကြီး ၊ သဲအင်းဂူဆရာတော်ဘုရားကြီး ၊ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ။
ဒေါသ လောဘ မောဟ မာန်မာနကင်းကာ တရားအသိ ၀ိပဿနာ အသိဖြင့် ငြိမ်းချမ်းနိုင်ကြပါစေဗျာ ။
မှန်သည် နာလိုသည် အကျိုးရှိသည်။
မှန်သည် မနာလို အကျိုးရှိသည်။
မှန်သည် နာလိုသည် အကျိုးမရှိ။
မှန်သည် မနာလို အကျိုးမရှိ။
မမှန် နာလိုသည် အကျိုးမရှိ။
မမှန် မနာလို အကျိုးမရှိ။
မှန်ပြီး အကျိုးရှိသော စကားနှစ်ခွန်းကိုသာ ပြောဆိုအပ်ပါသည်။ မှန်ပြီး အကျိုးမရှိသော စကားနှစ်ခွန်း နှင့် မမှန်သည့် စကားနှစ်ခွန်းကိုမူ လုံးဝ မပြောဆိုအပ်ပေ ။
၂ ။ တစ်ကယ့်ရန်သူ အစစ်က တပါးသူ မဟုတ်ပါဘူး ။ မိမိကိုယ်မှာ ဖြစ်နေတဲ့ ကိလေသာပါ ။ ကိလေသာ ကို နိုင်အောင် တိုက်ရမှာ ။ ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းမှု မရှိပဲနဲ့တော့ အောင်မြင်မှုအစစ်အမှန်မဟုတ်သေး
၃ ။ သူတပါး ပါးစပ်ဖျားမှာ လမ်းမဆုံးကြနဲ့ ။ ကိုယ့်ခန္တာမှာတွေ့အောင်ရှာ ။ စကားဟာ စကားပဲ တရားတော့ မဟုတ်သေးဘူး ။
၎ ။ ပရမတ်အကြောင်း ပြောရမယ်ဆိုရင်တော့ ပြောစရာ စကားတစ်လုံးမှ မရှိပေဘူး ။ ခင်ဗျားတို့ လောကီ ကိစ္စကတော့
မှန်တယ်ဆိုရင်လည်း မှန်လို့ရတယ် ။ မှားတယ်ဆိုရင်လည်း မှားလို့ ရတယ် ။ အစကတည်းက တစ်ခုမှ
တစ်ကယ်မရှိလို့ပဲ ။
၅ ။ ဦးဇင်းက အတိတ်ကာလတုန်းက ဝေသာဘူ ဘုရားလက်ထက်မှာ ဘုရင်ဖြစ်ခဲ့တယ် ။ ပိဋကတ်သုံးပုံလည်း ဘယ်ပြန်နှပြန် လှန်ခဲ့တယ် ။ မင်းတို့ အတတ်လည်း အတတ်မျိုးစုံ ကုန်ခဲ့တယ် ။ ငါ့လောက်တတ်တဲ့ ပုဂ္ဂိုလ် မရှိဘူး ဆိုပြီး သံဃာတော် အရှင်မြတ်များလည်း ငါမေးလိုက်ရင်တော့ မခံနိုင်ဘူး ဆိုပြီး ရဟန်းလည်း ခေါ်မေးတာပဲ ။ ခေါ်မေးတော့ မဖြေနိုင်ဘူး ။
ဒီကောင် ရဟန်းသာ ဖြစ်တယ် ငါ့လောက် မတတ်ပါဘူးကွာ ဒီလို တေးလိုက်တယ် ။
ဦးဇင်းက အဲ့လို ဝေသာဘူ ဘုရားလက်ထက်က ၀စီကံ ထိုက်ခဲ့လို့ အခု ဂေါတမမြတ်စွာဘုရား သာသနာမှာ စာသင်ချင်စိတ် လုံးဝ မရှိခဲ့ဘူး ။ အဲ့ဒီ ကံကြီးထိုက်တာ ။ ဒါကြောင့် အခုလာရောက်ကြတဲ့ ဒကာ ဒကာမများ ဘာမှ မစားရ မသောက်ရပဲ ၀စီဗေဒကံတော့ မမျက်ကြနဲ့ ။
ကြောက်စရာကြီး ကြောက်စရာကြီး ။ ၀စီဗေဒ မျက်တိုင်း ရှတယ် ဒကာကြီးရဲ့ ။ ဝေသာဘူ ဘုရားလက်ထက်ကနေ အခုထိ လိုက်တုန်း ။ အခုထိ စာသင်လို့ မရဘူး ။ ဘယ်လိုဖတ်လို့မှ မရဘူး ။ ငါ့လောက် မတတ်ပါဘူး ဆိုပြီး တေးခဲ့တဲ့ ၀စီကံ ။
ဒါကြောင့် ဒကာ ဒကာမများ ၀စီဗေဒကံများ မမျက်ကြနဲ့ ။ မာန်မကြီးကြနဲ့ ။ မာန်ကြီးရင် သူများဖို့ ဖြစ်သွားမယ် ။ မာန်မကြီးရင် ကိုယ့်ဖို့ ။
ကိုယ့်စိတ် ကိုယ်စစ် ကိုယ့်ကိလေသာ ကိုယ်စစ်ဗျာ ။ ဘာလို့လဲ ဆိုတော့ အချိန်ကျရင် ဒီ ကိလေသာတွေကပဲ
ကိုယ့်ကို အပါယ်ဆွဲချမှာ ။
ဦးဇင်းက အပြောသမားတော့ မကြိုက်ဘူးဗျ ။ အလုပ်မလုပ်မှတော့ အပြောသမားသက်သက်ဖြစ်ပြီး အပါယ်လည်း ပိတ်မှာ မဟုတ်ဘူး ။
သီလမှုလေးက ရံဖန်ရံခါ ဒါနမှုလေးက ရံဖန်ရံခါ သမထမှုလေးက ရံဖန်ရံခါ ။
ဒါပေမယ့် အပါယ်ဆင်းမယ့် အကုသိုလ်အမှုတွေကတော့ ၂၄ နာရီပတ်လုံး တင်းပြည့်ကျပ်ပြည့် လှေတွေ လှည်းတွေ သင်္ဘောတွေ လေယာဉ်တွေနဲ့ တိုက်လို့ မကုန်ဘူးဗျ ။ ဒွာယခြောက်ပေါက်က ၀င်လာသမျှ အသိမှား အမြင်မှားတွေက အပါယ်သွားဖို့ ဟင်းလင်းပွင့်နေပြီ ။ ခန္တာမှာ ရုပ်နမ်ကွဲအောင် ရှုချင်ရှု ၊ ပညတ် ပရမတ် ကွဲအောင် ရှုချင်ရှု ၊ ခန္တာငါးပါး မြင်အောင် ရှုချင်ရှု ၊ အဲ့လိုမှ ကွဲပြားအောင် မကျင့်ကြံနိုင်လို့ကတော့ လေးဘက်ထောက် မိုးကျောခိုင်းပြီး အပါယ်ဆင်းရမယ်သာ မှတ် ။
၆ ။ ကိုယ့်စိတ်သာကိုယ်စစ်
သူတစ်ပါး၏ပြောဆို ဆဲရေးစကားကိုမဆင်ခြင် မအောက်မေ့သင့်၊ သူတပါး၏ ကောင်းမှု၊ မကောင်းမှုကို မရှုမဆင်ခြင်အပ်၊ မိမိစိတ်၏ ကောင်းမှု၊ မကောင်းမှုကိုသာ ဆင်ခြင်ကြည့်ရှုအပ်၏။ မေ့လျော့ခြင်းကို မမေ့လျော့ခြင်း၊ မကောင်းမှုကို ကောင်းမှုဖြင့် ဖုံးအုပ် ဖယ်ခွာ ရာ၏။
၇။ ရန်လိုရင် ရန်ပို၊ ရန်မလိုမှ ရန်ပြို။
ဤသူသည်ငါ့ကိုဆဲရေး ၏၊ညှဉ်းဆဲ၏၊ အနိုင်ကျင့်၏၊ ငါ့ဥစ္စာကိုယူ၏ဟု စိတ်၌ အမျက်ထားလျက် ရန်ငြိုးဖွဲ့သူတို့မှာရန်မငြိမ်
၈ ။ ကိုယ့်ကံကြမ္မာကို ကိုယ်သာဖန်တီးနေတာပါ။
မိမိပြုသော၊ မိမိ၌ဖြစ်သော၊မိမိကြောင့်ဖြစ်ေ
၉။ သူများမကြောက်နဲ့၊ ကိုယ့်အမှားကိုယ်ပြန်ကြောက်။
လူဆိုး (သို့မဟုတ်) ရန်သူ၏ မိမိအား အကျိုးမဲ့အောင် ပြုလုပ်မှုမှာ ဤတစ်ဘ၀ သာပြုနိုင်၏။ မိမိပြုထားမိသော အကုသိုလ်ကံကမှု မိမိကို ဘ၀များစွာ ပျက်စီးအောင် ပြုနိုင်၏။
၁၀ ။ ကိုယ်ရှူး ကိုယ်ပတ်
မပြစ်မှားထိုက်သော၊ စင်ကြယ်သော ကိလေသာကင်းသူအား ပြစ်မှားလျှင် လေညှာ သို့ ပစ်လွင့်သော မြူမှုန်သည် လွှင့်သူ အပေါ် ပြန်ကျသကဲ့သို့ ပြစ်မှားသော သူကိုသာ မကောင်းကျိုးပေး၏။
၁၁ ။ အချိန်တန်ရင်
မကောင်းမှုပြုသူသည် မကောင်းကျိုး မပေး သေးသရွေ့သာ ကောင်းကျိုး ချမ်းသာကို တွေ့မြင်ရ၏။
ကောင်းမှုပြုသူလည်း ကောင်းကျိုး မပေး သေးသရွေ့သာ မကောင်းသောဆင်းရဲ ကို တွေ့မြင်ရ၏။
၁၂ ။ အကုသိုလ်ဘေးပြေးမလွတ်၊ တရားအားကိုးမှလွတ်
မကောင်းမှုပြုသူသည် ကောင်းကင်၌နေသည်ဖြစ်စေ၊ သမုဒ္ဒရာ၌နေသည်ဖြစ်စေ၊ တောင်ခေါင်း၌နေသည်ဖြစ်စေ မကောင်းကျိုးမှ မလွတ်နိုင်၊ အပြစ်မှလွတ်သော နေရာ အရပ်မရှိချေ။
၁၃ ။ ကဲ့ရဲ့၊အပြစ်တင်၍ တရားမရနိုင်။
မြတ်စွာဘုရား ဇေတ၀န်ကျောင်း၌နေတော် မူသော အခါ အတုလျ မည်သော ဥပါသကာသည် ရှင်ရေ၀တ မထေရ်ကို စကားမပြော-တုဏှိဘာဝေနေသည် ဟု ကဲ့ရဲ့၏၊ ရှင်သာရိပုတ္တရာ ကိုလည်း အဘိဓမ္မာတရားချည်း ဟောသည် ဟု ကဲ့ရဲ့၏၊ ရှင်အာနန္ဒာ ကိုလည်း စကား တတ်လွန်းသည် ဟု ကဲ့ရဲ့၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် အို အတုလျ၊ ဤကဲ့ရဲ့ခြင်းသည် ယခုကာလမှ ဖြစ်သည် မဟုတ်၊ ရှေးကပင်ဖြစ်၏၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ ကုန်၏၊ များစွာပြောဟောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန် ၍ ပြောဟောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ လောက၌ ကဲ့ရဲ့ လွတ်သူမရှိ။
သူတပါးတို့၏အပြစ်ကိုအစဉ်ရှု၍၊ ကဲ့ရဲ့ခြင်းကြောင့် အာသဝေါတရားတို့သာ တိုးပွားကုန်၏၊
ထိုသူသည် အာသဝေါတရား ကုန်ခန်းသည့် ရဟန္တာအဖြစ်မှ ဝေးလေ၏။ ဤ သို့ မိန့်တော်မူလေသည် ။
၁၄ ။ သူတော်ကောင်းနဲ့ နေပြီး တရားကို အဓိကမထားဘဲ ကိုယ်ကြီးချင်တဲ့ အရေးကြီး နေရင် လူမိုက်ပဲ။
အိပ်မပျော်သောသူအတွက် ညဥ့်တာရှည်၏။ သူတော်ကောင်းတရား မသိသော သူမိုက်တို့အတွက် သံသရာသည်ရှည်၏။
ယောက်မသည် ဟင်းအရသာကို မသိသကဲ့သို့ သူမိုက်သည် အသက်ထက်ဆုံး ပညာရှိနှင့် အတူနေ သော်လည်း သူတော်ကောင်းတရား ကို မသိချေ။
၁၅ ။ မနှေးလေ ကောင်းလေ
ကုသိုလ်ကောင်းမှုကို အလျင်ပြုရာ ၏။ စိတ်ကိုမကောင်းမှုမှ တားမြစ်ရာ ၏။
ကောင်းမှုပြုရန် နှေးသောသူ၏စိတ် သည် မကောင်းမှု၌ မွေ့လျော်တတ်၏။
၁၆ ။ အကျင့်သိ
ဆင်ခြင်သိ စိန္တာမယဥာဏ်ဖြင့် လည်းကောင်း၊ ယုံကြည် လေးစားထိုက်သော ပုဂ္ဂိုလ် တို့၏ အဆိုအမိန့်၊ ယုံကြည်ကိုးစားထိုက်သော
စာပေကျမ်းဂန် တို့အပေါ် အခြေခံ၍ သိသော အသိ သုတမယဥာဏ် ဖြင့် လည်းကောင်း၊ ပရမတ္ထသစ္စာ ကိုမသိနိုင်ဘဲ သတိပဋ္ဌာန်-တရား ကို ကိုယ်တွေ့အားထုတ်၍ ပေါ်ပေါက် လာသော အသိဥာဏ်၊ ဘာဝနာမယဥာဏ် ဖြင့် သာလျှင်
တွေ့မြင်နိုင်၏။
၁၇ ။ တရားနားလည်ရင် သေတာ၊ မသေတာ အရေး မကြီးတော့ပါ။
ပညာမရှိ၊ သမာဓိမရှိသောသူ၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာရှိ၍ ကမ္မဋ္ဌာန်းရှုသောသူ၏ တစ်ရက်မျှ အသက် ရှည်ခြင်းသည် မြတ်၏။ မြတ်သောတရားကိုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက်၊ မြတ်သော တရားကိုမြင်ပြီး
တစ်ရက်မျှအသက်ရှည်ခြင်းသည် မွန်မြတ်၏။
၁၈ ။ မတူရင် ပြိုင်စရာ မလိုဘဲ နိုင်ပြီးသား။
အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင် နိုင်လေ၏၊ မကောင်းသောသူကို သူတော်ကောင်း တရားဖြင့် ဆက်ဆံကာ အောင်နိုင်လေ၏၊ ၀န်တိုသောသူ ကိုပေးကမ်းခြင်းဖြင့် အောင် နိုင်လေ၏၊ မဟုတ်မမှန် ပြောဆိုသူကို မှန်ကန်သော စကားဖြင့် အောင်နိုင်လေ၏။
၁၉ ။ အများကိုအသာထားပြီး ကိုယ်တစ်ယောက်ကို သာ အရင်ဆုံးမကြည့်ပါဦး။
သူတပါးကို ဆုံးမသကဲ့သို့မိမိကိုယ်ကိုဆုံး
၂၀ ။ နိဗ္ဗာန်ချမ်းသာ
- ရာဂနှင့်တူသော မီးမရှိ၊
- ဒေါသနှင့်တူသော အပြစ်မရှိ၊
- ခန္ဓာနှင့်တူသော ဆင်းရဲမရှိ၊
- နိဗ္ဗာန်ထက်လွန်သော ချမ်းသာမရှိ။
၂၁ ။ စောင့်စည်းခြင်း
-မျက်စိစောင့်စည်းခြင်းသည် ကောင်း၏၊
- နားစောင့်စည်းခြင်းသည်ကောင်း၏၊
- နှာခေါင်းစောင့်စည်းခြင်း သည်ကောင်း၏၊
- လျှာ(နှုတ်)စောင့်စည်းခြင်းသည်ေ
- ကိုယ်စောင့်စည်းခြင်းသည် ကောင်း၏၊
- စိတ်စောင့်စည်းခြင်းသည်ကောင်း၏၊
- အလုံးစုံသော ဒွါရခြောက်ပါး စောင့်စည်းခြင်း သည်ကောင်း၏၊
- အလုံးစုံသော ဒွါရခြောက်ပါး တို့၌ စောင့်စည်းသော ပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ် ၏။
၂၂ ။ ဒုစရိုက် ( ၁၀ ) ပါးထဲက
....၁ ။ မုသာဝါဒ ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း ။
....၂ ။ ပိသုဏ၀ါစာ ၊ ကုန်းတိုက်စကား ပြောဆိုခြင်း ။
....၃ ။ ဖရုသ၀ါစာ ၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်း ။
....၄ ။ သမ္ဖပ္ပလာပ ၊ အကျိုးမရှိ သေးနုပ် သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း ။ တို့ဟာ ၀စီ ဒုစရိုက် ( ၄ ) ပါး ......ဖြစ်တယ် ။
အဲ့ဒီ ဒုစရိုက် ( ၄ ) ပါးကိုမှ
....၁ ။ ကိုယ်တိုင်ပြုလုပ် ပြောဆို ကြံစည်ရင် (သာဟတ္ထိက) အကုသိုလ်ကံ လေးပါး ။
....၂ ။ သူတစ်ပါးကို ပြုလုပ် ကြံစည် ပြောဆိုအောင် တိုက်တွန်းရင် (အာဏတ္ထိက) အကုသိုလ်ကံ လေးပါး ။
....၃ ။ သူတစ်ပါး ပြုလုပ်နေတာကို ချီးမွန်းရင် (၀ဏ္ဏဘာသန) အကုသိုလ်ကံ လေးပါး ။
....၄ ။ သူတစ်ပါး ပြုလုပ်နေတာကို သဘောတူ သဘောကျနေရင် (သမနုည) အကုသိုလ်ကံ လေးပါး ။
....စုစုပေါင်း အပါယ်ကျကြောင်း ဒုစရိုက် ( ၁၆ ) ပါးဟာ နုတ်မစောင့်စည်းခြင်းကြောင့် ဖြစ်တယ် ။
၂၃ ။ နုတ်တစ်ရာ စာတစ်လုံး ၊ စာတစ်ပွေ့ လက်တွေ့ တစ်ချက် ။
၂၄ ။ လမ်းသည် ပန်းတိုင် မဟုတ် ။ ငါ့လမ်း ဆိုပြီး တငါငါနဲ့ လမ်းစောင့် လုပ်နေရမှာ မဟုတ်ဘူး ။
၂၅ ။ ငါက ဘာကောင်ဆိုပြီး တငါငါ လုပ်လိုက်ရင် သူတပါးကိုလည်း ဘာကောင်ဆိုပြီး အထင်သေးခြင်း အထင်ကြီးခြင်းတွေ ၀င်လာတယ် ။ ငါ မရှိ သူမရှိ ။ မရှိတာကို အရှိထင်နေတဲ့ သဘောပဲ ရှိတယ် ။
၂၆ ။ သူတပါး ကောင်းတာ ဆိုးတာကို အသာထားဦး ။ မိမိကောင်းဖို့ အရင်လုပ် ။ ကိုယ်လုပ်တာတွေ ကိုယ်ပဲ ပြန်ခံရမှာ ။
၂၇ ။ ပညတ် စကားလုံးမှာ လမ်းမဆုံးနဲ့ အဲ့နောက်ကွယ်က တရစပ်ဖောက်ပြန်နေတဲ့ သဘောကို မြင်အောင်ကြည့် ။
၂၈ ။ အချိန်မဆွဲနဲ့။
အဘယ်သူသည် နက်ဖြန် သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင် အားထုတ် သင့်သော ကုသိုလ်ကောင်းမှု ကို ပြုလုပ်သင့်၏ ။
မှီငြမ်းတရားတော်များ ။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး ၊ မြောင်းမြ၀ါးကျောင်း ဆရာတော်ဘုရားကြီး ၊ သဲအင်းဂူဆရာတော်ဘုရားကြီး ၊ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ။
ဒေါသ လောဘ မောဟ မာန်မာနကင်းကာ တရားအသိ ၀ိပဿနာ အသိဖြင့် ငြိမ်းချမ်းနိုင်ကြပါစေဗျာ ။
No comments:
Post a Comment