Thursday, February 4, 2010

ပညာပေး ဆုံးမစာ




တစ်ပိုင်းကြောင် ကျက်စားရုံနှင့် ခက်လှပါသောဉာဏ်
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မခန်ကို တတ်လေဟန်ယောင်ဝါး
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။ ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်
အထောက်တွေနှင့် ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်၊
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။

(လယ်တီဆရာတော်ဘုရားကြီး)


+++++++++++++++++++++++++++++++++


*အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)*

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။
ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

………………………………………………………

*အရှင်ကောဝိဒ (မြိတ်)*

ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး) ပဲလို့ လူတိုင်း သိနေပေမယ့်
အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

………………………………………………………

*အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်)*

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊
စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့်
ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။

………………………………………………………..

*အရှင်သာဓိန (ခေတ္တ - ဘုံဘေ)*

ဟောဒီ ခုရောက်ရှိနေတဲ့ ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊ လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲ
သွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊ ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊
လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊ ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင်
လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊
ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်။

…………………………………………………….

*အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)*

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက
ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

……………………………………………………..

*အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက)*

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။

……………………………………………………..

*အရှင်ပဏ္ဍိစ္စ (ပြည်တော်ဦးဆရာတော်)*

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ရွပ်ရွပ်ချွံချွံကို လုပ်မှ၊ ပျင်းတာ
ဖျင်းတာ၊ အစွမ်းအစနည်းတာ၊ သူရဲဘော ကြောင်တာလိုလို၊ ရောင့်ရဲတာလိုလို၊ သံဝေဂလိုလို ဘာလိုလိုနဲ့
ရောမချဖို့ သိပ်အရေးကြီးတယ်။

……………………………………………………..

*အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်)*

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

……………………………………………………….

*အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ)*

မေတ္တာဖြင့် အကောင်းမြင်တတ်လျှင် စိတ်လည်းချမ်းသာသည်၊ ကုသိုလ်လည်းရသည်။ ဒေါသဖြင့် မကောင်းမြင်တတ်လျှင်
စိတ်လည်း ဆင်းရဲသည်၊ အကုသိုလ်လည်း ဖြစ်သည်။

………………………………………………………

*အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)*

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ
နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

………………………………………………….

*အရှင်ဝီရိယ (ဓမ္မဘေရီ - တောင်စွန်း)*

အကြံအဖန်ဥာဏ်တွေကို အမှန်အကန်ဥာဏ်အဖြစ် ပြောင်းနိုင်ရင် အရင်လူတွေထက် အခုလူတွေက သာတယ်။

…………………………………………………

*အရှင်ကောဝိဒ (မဇ္ဈိမ ဂုဏ်ရည်)*

လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။
လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ
ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။

…………………………………………………..

*အရှင်ဇေယျ ပဏ္ဍိတ (ပိုင်းလော့ ဆရာတော်)*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။

No comments:

Post a Comment