Web Site တစ်ခုကို တွေ့တာနဲ့
- ဒီဇိုင်းသမားက ၀က်ဆိုက်ရဲ့ အလှအပဒီဇိုင်းအပြင်အဆင်ကို ကြည့်ပြီးတော့
- Developer တွေက ဒီဝက်ဆိုက်ကို ဘာlanguage နဲ့ရေးထားသလဲ ဘာ Feature တွေ ပါသလဲ၊ Website တည်ဆောက်ပုံ နည်းစနစ်တကျရှိရဲ့လား ဆိုတာကို အရင်ဆုံးကြည့်ပါတယ်။
ဝက်ဒီဇိုင်နာတစ်ယောက်အတွက် အဓိကကျပြီး အရေးကြီးဆုံးအချက်ကတော့ ၀က်ဆိုက်တွေကို စိတ်ပါဝင်စားစွာ လေ့လာတတ်ဖို့လိုပါတယ်။ ၀က်ဒီဇိုင်နာ ဖြစ်ပြီး ၀က်ဘ်ဆိုက်တွေကို မကြည့်ပဲ၊ ၀က်ဘ်ပေါ်မှာ ရှိမနေခဲ့ရင်တော့ ၀က်ဘ်ဒီဇိုင်နာကောင်းတစ်ယောက်ြ
အခုကျနော်တို့ Web Designer တစ်ယောက်အတွက် လိုအပ်တဲ့အချက်ကလေးတွေ ပြောကြရအောင်..။ နောက်ပိုင်းမှာတော့ တချက်ချင်းစီ ပြည့်ပြည့်စုံစုံ ရှင်းလင်းဖော်ပြသွားပါမယ်။ ဒါလေးတွေကတော့ Web Design ကိုစတင်လေ့လာတာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပါ။
(၁) Sketch ပုံကြမ်းဆွဲခြင်း
ဝက်ဆိုက်တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ ပထမဆုံး ၀က်ဆိုက်ပုံစံကို (Sketch)ပုံကြမ်းလေးနဲ့ လျာထားရပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ Layout က Three Column Layout လား၊ Two Column Layout လား၊ ၀က်ဆိုက်မှာ ဘယ်နေရာမှာ ဘာတွေထည့်မှာလဲ၊ ဥပမာ-ပုံတွေနဲ့ စာတွေကို ဘယ်လိုထားမှာလဲ .. စသဖြင့် Website မှာ ပါဝင်မယ့် အကြောင်းအရာတွေ မှန်သမျှကို အကြမ်းဖျဉ်းလျာထားကြည့်ရပါတယ်။
ပုံ(၁)- Website Layout Sketch
ပုံ(၂)- Website Design Sketchတချို့ကတော့ Header, Content, Sidebar, Footer စသဖြင့် လက်နဲ့ပဲ Sketch ဆွဲကြသလို၊ တချို့ကတော့ photoshop နဲ့ Web Site Mock up လေးတွေကို အသေအချာ လုပ်ကြပါတယ်။ အတော်အသင့်ကြီးမားတဲ့ ၀က်ဆိုက်တွေကိုတော့ Wireframe ဒါမှမဟုတ် Prototype ပုံစံတွေ အသေအချာဆွဲပြီးမှ ဒီဇိုင်းချ လုပ်ဆောင်ကြရပါတယ်။
ပုံ(၃)- Website Wireframe( Wireframe ပုံလေးတွေ ကြည့်ချင်သေးရင်တော့ ဒီမှာ ပါ။ )အဲဒီတော့ ၀က်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အတွက် ပထမဦးစွာ ပုံကြမ်းလောင်းတတ်ဖို့လိုတယ်။ နေရာချခြင်း၊ လျာထားခြင်းတို့ လုပ်ဆောင်တတ်ဖို့လိုပါတယ်။
(၂) Photoshop
ပုံ(၄)- Photoshop SoftwarePhotoshop က Photo ပိုင်းကို အဓိကထား ထုတ်ဝေတဲ့ Software ဖြစ်ပေမယ့် Web Design ပိုင်းမှာလဲ Photoshop က အဓိကကျတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်နေခဲ့ပါတယ်။ များသောအားဖြင့် ၀က်ဘ်ဒီဇိုင်းနာတွေက ၀က်ဘ်ဆိုက်ဒီဇိုင်းပုံစံအမျိုး
ဒါကြောင့် photoshop ကို ပစ်ပယ်ထားလို့ မရပါဘူး။ဝက်ဘ်ဆိုက်ဒီဇိုင်းပုံ
ဒီနေရာမှာ photoshop CS4 မှ CS3 မှ လေ့လာသင့်တာမဟုတ်ပဲ၊ CS,CS2 ကိုလေ့လာလဲ Web Design နဲ့ပတ်သက်ပြီး လုံလောက်ပါတယ်။ ပိုပြီး version မြင့်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုတတ်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဒါပေမယ့် CS,CS2 ဆိုလည်း ဖြစ်ပါတယ်။
(၃) HTML
HTML နဲ့ပတ်သက်ပြီး အခြေခံအားဖြင့် သိထားရပါမယ်။ HTML နဲ့ပတ်သက်ပြီး မသိရင်တော့ Coding မတတ်တဲ့ ဒီဇိုင်နာဖြစ်သွားမှာပေါ့။ Web Designer တစ်ယောက်က HTML နဲ့ပတ်သက်ပြီး သိကိုသိရပါမယ်။ HTML နဲ့ပတ်သက်ပြီး ကျောင်းတွေမှာ၊ သင်တန်းတွေမှာ အခြေခံအားဖြင့် သင်ပေးကြပါတယ်။ HTML ကိုသုံးပြီး Website တွေ တည်ဆောက်ပုံကို သင်ပေးပါတယ်။ ဒီနေရာမှာ HTML ကိုရေးသားတော့မယ်ဆိုရင် Software Tool တစ်ခုလိုလာပါပြီ။HTML ကို ဘယ်နေရာမှာ ရေးမလဲ။ တချို့က Dreamweaver ၊ Amaya၊ Kompozer စတဲ HTML Editor Software တွေကို အသုံးပြုပြီးရေးကြပါတယ်။ တချို့ကတော့ Notepad နဲ့ရေးကြပါတယ်။ Notepad++ နဲ့ရေးပါတယ်။ Dreamweaver ဆော့ဖ်ဝဲကို သုံးတတ်ဖို့အတွက် တချို့တွေကတော့ သင်တန်းတက်ကြပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ Notepad နဲ့ coding တွေကို ချရေးတာ အကောင်းဆုံးပါပဲ။
ပုံ(၅)- HTML ExampleHTML ကိုလေ့လာဖို့ရာ online မှာ HTML Tutorial ၀က်ဘ်ဆိုက်တွေ အများကြီးရှိပါတယ်။www.



မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ် ကဆုန် လဆန်း ၁၃ ရက်



No comments:
Post a Comment