သရက် သဘောင်္နှင့် အပေါင်းအပါများ။
အသီးများ အကြောင်းရေးရ သည်မှာဥပမာ ပန်းမါလ်နှင့် ဟင်းသီးဟင်းရွက် အကြောင်းရေးသည် နှင့်အထူးလှပါ။ အသီးအပွင့် အရွက်အပြင်ယင်းတို့၏ ရုက္ခဗေဒ ဆိုင်ရာခြင်းရာ ဖေါ်ပြရုံမျှနှင့်လည်း ကန့်သတ်မအားနိုင်ပါ။ ယင်းအသီးသီး အပင် အနွယ် စသည်တို့ကအကြောင်း ပါလာရမည့်အပြင် လက္ခဏာ ရသသာမက အသုံးချ အသုံးဝင်ပုံကို မီးဖိုချောင် ဘုရားစင် နှင့် ဘယဆေး အာနိသင်ပါဝင်မှ ဖတ်ရမှာ မငြီးငွေ့မည့်အပြင် ဟိုတစသည်တစ နှင့် ဆက်စပ်မရလည်း မဖြစ်နိုင်ပါမည်။ မြန်မာပြည်၌ ငှက်ပျော နှင့် အုန်းပင်များ ပေါက်ရောက်၍ ငှက်ပျောက အ၀ါများပြီး အကောက်အတွေ့ရှိ လျက် အုန်းသီးကျတော့ အတွင်းသားက ၀ိုင်းဝိုင်းနှင့် ညိုညို ရေးပြရုံဖြင့်ဖတ်သူ့အတွက်မည်သည့် အကျိုးရနိုင်ပုံအကယ်၍ များအထက် ဖေါ်ပြချက်သဘောမ ကိုက်ညီလျှင် စာရေးသူကို ပြောပြနိုင်ပါသလား။ ဆိုလိုသည်ကို သိအံ့ထင်ပါသည်။
ဒါကြောင့်လည်း အထူးသဖြင့် မြန်မာနိုင်ငံ သစ်သီးတို့အကြောင်း အကြမ်းအား ဖြင့်ထိုသည်တို့ထက် ပို၍သိလာ အောင်ရသည့် အခွင့်အရေး အသုံးပြုကြပါစို့လား။ ရာသီအလိုက်ရော တစ်နှစ်ပတ်လုံးပါ တဆက်တည်း ပျိုးနိုင် စိုက်နိုင် ရိတ်သိမ်း ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးပေး ထားသလို ရာသီဥတုတို့၏ အကျိုး ကျေးဇူးရင်းမှာ အပူနှင့် သမပိုင်းဒေသ တွင်ခွတည်နေ သောကြောင့်ဖြစ်သည်။ စွတ်စိုထိုင်မှိုင်း၍ ပူနွေးရာမှ အစ တခါတရံပူလှသည့် အရှိန်ဂုဏ်သတ္တိတို့ကြောင့် အသီးမျိုးစုံအဖုံဖုံမှာ အများအပြား ဖြစ်ထွန်းကြပါသည်။
မြန်မာသစ်သီးများ ပြောလျှင် ရာသီအလိုက် နှင့် နှစ်လုံးပေါက်အသီးတို့ အကြောင်း သာမက ကမ္ဘာအလိုက် စိုက်ပျိုးကြသည့် အသီးများ ဥပမာ ပန်းသီး ၊ စပျစ်သီး ၊ စတော်ဗယ်ရီ ၊ သရက် ၊ သင်္ဘော ၊ ငှက်ပျော တို့ကိုပါ အချို့ဒေသထွက် အချိုက အလားတူ အပူ နှင့် သမပိုင်းဇုံအခြား နိုင်ငံတို့၌ စိုက်ကြသည့် အသီးတို့ အကြောင်းလည်း ပါကြရမည်။
တနည်းဆိုရသော် ပန်းသီး ၊ စပျစ် ၊ စတော်ဗယ်ရီ တို့မှာ အပူပိုင်းမဟုတ် သမပိုင်းအသီးများ ဖြစ်ကြ၍ အပူရှိန် သုညအောက် ဆယ်ဆီယပ် ၃၂ ဖာရင်ဟိုက်အောက် မှာကြာကြာရာသီ မရှိလျှင်သိပ်မဖြစ်နိုင်။ ဆိုလိုသည်က အသင့်သင့် အာဟာရကို ရေသွင်း ရေထုတ်ကကောင်း အစိုအစွတ်စွတ် ဓါတ်ကလည်း သင့်နေရာ ပတ်ဝန်းကျင် အခြေအနေ ကောင်း၍ အပင်အနွယ သို့မဟုတ် အပွင့်တို့ဖွံ့ဖြိုး ဖြစ်ထွန်းနိုင်ပါသည်။
အပင်နှင့်အနွယ် တို့သည် ယင်းတို့နှင့် သဟဇာတမဖြစ်ရာ၌ လည်းဖြစ်ထွန်း စေနိုင်ပါသည်။ ထိုအတွက်တော့ ကိုင်းပွား သို့မဟုတ် ၀တ်မှုံကူး ပွင့်ဖူးစသည်ဖြင့် ကယ်ကထ ရှည်ရှည်ကြာကြာခံ တဆင့်ဆင့် လုပ်ယူရန် တော့လိုပါသည်။ သို့သော် မူလဗီဇပါ အရည်အသွေး အပြည့်အ၀ရဖို့တော့ မဖော်ထုတ်နိုင်ကြပါ။ ထို့ကြောင့်အရွယ် အရောင် အနံ့အရသာ အချိုအရည်ရွှမ်း စိုမစို စသည်တို့ဖြင့် ယင်းတို့ ဇာတိမဟုတ်သည့် နေရာမှာ ၀ါ အပူပိုင်းစုံ မဟုတ်ရာ သင်းတို့ရပ်မြေမှာ ထိုသစ်သီးတို့မည်သို့ပင်ပြုစုစေကာမူ ၊ အဆင့်အပြည့် မှီလာဖို့မမျှော်စေလိုပါ။ မြောက်ဥရောပ ၊ မြောက်အမေရိကတိုက် ၏မြောက်ပိုင်းမှာ အပူသို့မဟုတ်သမပိုင်းဇုံ တို့တွင် သီးဖြစ်သည့် ငှက်ပျော ၊ သရက် နှင့် သင်္ဘောသီးများ စိုက်၍ ရဖူးပါသလား။ ဆိုလိုသည်ကို သိမည်ထင်ပါအံ့။
မည်သို့ပင်ဖြစ်စေ ယင်းတို့အကြောင်း သိပ်မပြောတော့ဘဲ ဤဆောင်းပါး တွင်အပိုင်း ဇုံဇာတိမဟုတ်သော အသီးများအကြောင်း မြန်မာနိုင်ငံတွင်ပျိုး ထောင်ပြုစုစိုက်ပျိုးမှု လုပ်ကြသမျှထည့် သွင်းဖေါ်ပြသွားမည့် အပြင်လူနှင့် သဘာဝမည်သို့ ပေါင်းစပ်နိုင်ခဲ့ကြပုံ ဥပမာ နှစ်သက်ရာအသီးအစ မိနှင့်ဘ တို့ကိုပေါင်းစပ်စေခြင်း သို့မဟုတ်စံမှီမျိုးကျင်း အကျိုးရှိဖို့ထိမ်းမြန်း ပေးခြင်းတို့ဖြင့် အံ့ဖွယ်ထူးကဲခြင်း ရာရသာသဘာဝရလာကြပုံ တို့တိုဖေါ်ပြသွားမည်။ ယင်းတို့အဖြစ်မည်။ ယင်းတို့ အဖြစ်မည်သူတို့က အသစ်သိခဲ့ကြပါသလဲ။
မိမိတို့ကိုယ်၌က ကူညီ နိုင်ယုံသာတတ်သည့် အချက်တို့ကိုသဘာဝကြီး ကဖြည့်ဆည်းပေး ဖို့အဓမ္မလုပ်မရပါ။ သူတို့ ဇာတိမှာလောက် မကောင်းလှ သည့်ယင်း အပိုင်းဇုံမဟုတ်သော မြန်မာနိုင်ငံမှာစိုက်သမျှဖြစ်သမျှအတွက် မြန်မာတို့ ကိုပြစ်တင်မစောသင့်ပါ။ သို့ကလိုအမှန် ပြောရသည့် မိမိကိုလည်း အပြစ် မဆိုသင့်ပါ။ ယင်းအဖြစ် တို့မှာသဘာဝ ကိစ္စသာဖြစ် သောကြောင့် မြန်မာနိုင်ငံက ဤအရာ တွင်မတတ်နိုင်ပါ။ စာရေးသူကတော့ ယထာဘူကျကျ တင်ပြသွား မည်ဖြစ်ပါသည်။
ပန်းသီးစသည် ဖြင့်ရှေ့ကဖေါ်ပြအသီးတို့မှာ အခြားနိုင်ငံမှာလောက် မြန်မာနိုင်ငံတွင် မစွံကြပါ။ ဥပမာ ဥရောပ (သို့မဟုတ်) မြောက်အမေရိက မှလာကြသည့် မြန်မာနိုင်ငံ ရောက်နိုင်ငံခြား ဧည့်သည် တို့မှာကောင်း လည်းကောင်း များလည်းများသည်။ ယင်းအသီးမျိုး သူတို့နိုင်ငံ အသီးသီး၌ ရှိကြပြီးမို့ပြသနာ ဖြစ်စရာမလိုပါ။ နောက်ဆုံးကျတော့ သူတို့မြန်မာနိုင်ငံသို့ရောက်သည် ကြသည်မှာ ထိုအသီးမျိုးစား သို့မဟုတ် ယင်းတို့ကို သူ့နိုင်ငံသူ့ခြံအတွင်း သူတို့စိုက်ပျိုးထား ကြခြင်းသာဖြစ်၍ ယင်းတို့လာကြခြင်းက ယင်းအသီးတို့ကို မြန်မာပြည်၌ မစားကြခြင်းက လည်း အားနာရှက်ဖွယ် မဟုတ်ပါပေ။ တကယ်တော့ မစားကြလျှင် တကယ်အံ့သြလောက်သည့် အရာအချို့ကိုသူတို့လက်လွတ်မည်သာဖြစ်သည်။
သရက်သီးစသဖြင့် နောက်ပိုင်းက ဖေါ်ပြအသီးတို့မှာမူ မြန်မာနိုင်ငံကကမ်း လှမ်းစရာအများ ကြီးရှိ၍ တကယ်ပင်မှတ်လောက် သားလောက်ဖြစ်ပါမည်။ သတိရစေချင်သည်က မြန်မာနိုင်ငံမှာ ရနိုင်သည့်သစ်သီးတို့ အကြောင်းပြောနေ ခြင်းမဟုတ်ပါ။ ဖွံ့ဖြိုး ပြီးနိုင်ငံများမှာ သစ်သီးမျိုးစုံ အကုန်စင်နီးနီးရနိုင်သည် ကားမှန်ပါသည်။ မြန်မာနိုင်ငံတို့တွင်မရှိနိုင်သည် အထူးအဆန်း သစ်သီးများကိုလည်း ထိုအရပ်တို့တွင် ရနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံလို အပူပိုင်းဇုံ သီးများဖေါ်ပြပါအရပ် တို့၌ ရနိုင်ပေမယ့် ယင်းအသီးတို့ စိုက်ပျိုးပေါက် ရောက်ခြင်းတော့မရှိပါ။
မြန်မာနိုင်ငံက သစ်သီးများ အကြောင်းပြောကြရာမှာ မြန်မာနိုင်ငံနှင့် အဆက်စပ်ဆုံးနိုင်ငံနှင့် အပင်ပေါ်တွင် မှည့်အခြုံပေါ်မှရ ပင်ရင်းကဆွတ် ယူနိုင်သမျှသာဖြစ်ပြီး လူလုပ်ယူသည့်အခြားနှင့်ဈေးစင် တင်လိုက် သည့်အသီး ၀ါ အအေးခန်းကထုတ် အထုပ် သေတ္တာတွင်း မူရင်းမှာထက် ပြင်ပနိုင်ငံတို့မှာ စားဖို့အဝေးရောက် အောင်ပို့နိုင်ကြမည့် သီးများအကြောင်း မဟုတ်ပါ။ တနည်းဆိုရသော် မမှည့်ခင်ကဆွတ် ပိုမှည့်သင့်သည်ထက် မှည့်မသွားဖို့ နှင့် ဆိုင်ပေါ်တင်ပြ သည့်အခါ ကြည့်လှဖို့လုပ် ထားသည့်အသီးများ အကြောင်းမဟုတ်ပါ။ အမှန်မှာ အသီးတို့ကို စိုက်သူတောင် သူမိလက္ခုတို့မှ ဝေလှရာအချိန်ကြာမှ ရောက်နိုင်ရာနိုင်ငံခြား ဈေးစင်များပေါ် နောက်ဆုံးရောင်းချ လိုက်ဖို့ထုပ်ပိုးသယ်ပိုးနည်း အမျိုးမျိုးဖြင့်ယ နေ့ဆိုလျှင် အမြန်ဆုံး ဝေးဝေးလံလံ တင်ပို့ရောင်းချ နေကြပါသည်။ ယင်းအသီးတို့မှာ နောက်ဆုံးရောင်းမည့် အရပ်အသီးသီးတို့ ရောင်းချိန်ကပ်လျှက် သို့မဟုတ် ရောက်လျှင် ရောင်းချင်းမဆိုင်းမတွ မှည့်ကြဖို့ ၂ ဖက် ၂၀လိုအပ်ကြပါသည်။ ဤအတွက် အလျင်အဟုန် နှင့်အပြင်အဆင် အထုပ်အပိုးအသိမ်း အစဲကလည်း ဒလစပ်မပြတ်ကွက် တည့်လုပ်ဖြည့်ပေး ရပါသည်။ သို့ဖြင့် ဆွတ်ခူးချိန် တကယ်တန်မတန် မတတ်နိုင်ပါ အချိန်ကိုက် အောင်ဆွတ်ချူ ထုတ်ပိုးတင် ပို့ကြ ရသည် ကလိုအပ်ချက်ဖြစ်နေ သည်။ သို့ကလို လုပ်ရချက်များကြောင့် အရောင်အဆင်း အနံ့တဖြာ အသီးအနေအထား အသားအခွံအစေ့ တို့တွင်ပြကတော့ သဘာဝအနေ အထားနှင့် အများကြီး နိုင်ငံခြားအရာက် ၌ခြားနားကုန် ကြပါတော့သည်။
ဤအခြင်းအရာ များကြောင့်သစ်သီးစား ရသည်မှာ တကယ်တော့အရသာ အာဟာရအပြင်အဆင် အနေအထားခံစားရချက် အဖက်ဖက်ခြားနား ကုန်တော့သည်။ မြန်မာနိုင်ငံမှာဆိုလျှင်ဤအခြင်းအရာ အားလုံး အပြည့်နိုင်ဆုံးဖြစ်ပါသည်။
ယင်းအသီးတို့ မြန်မာနိုင်ငံမှာ ပေါက်ကြလို့အကယ်၍ များအပူပိုင်းနှင့် သမပိုင်းဇုံအသီးတို့ကို တရင်းတနှီး သိကြားလိုက်စားရှာ မှီးသုံးဆောင်လိုလျှင် မြန်မာနိုင်ငံသာလျှင် အလိုဖြည့်နိုင်ရာဖြစ်၏။ အင်္ဂလိပ်က ဗျည်းအလိုက် စလိုက်ကြစို့ ဆိုလျှင် သြဇာသီး မှသည်ဇီးသီးအဆုံး အရသာအစုံကို အာရုံခံစားနိုင်သော်လည်း လူတိုင်းကအသီးတိုင်း ကိုကြိုက်ကြ သည်မဟုတ် ဆိုသည် အချက်ကိုလည်း ထည့်တွက် ရပေးဦးမည်။ အထူးသဖြင ဒူးရင်းသီးဆိုပါစို့ နောက်ပိန္နဲသီးလည်း ဖြစ်နိုင်သေးသည်မှာ ဒေသ လူအများကအများ အစားကြိုက်ကြငြားလည်း ယင်းအသီးတို့ အနံ့စူးရှ ထက်မြက်လွန်းလှ၍ မခံနိုင် လောက်အောင်ဖြစ်ပြီး မမြတ်နိုးကြပါ။ အနံ့အသက်အတန် ငယ်ယာဉ်ပါးလာမှ စားကောင်း စားကြမည် ဖြစ်ပါသည်။
သို့သော် လူတိုင်းအတွက် တစ်ခုခုတော့ရမှာတော့ ဟုလည်း တထစ်ချမဖြစ်နိုင်ပါ။ အခြားအပူပိုင်းဇုံနိုင်ငံတွင် ပေါက်ရောက် ကြသည့်အသီး တို့နှင့်စာလျှင်မြန်မာနိုင်ငံထွက် အကောင်းဆုံးပါဟုဆိုရမည်သာ။
ကဲ ခုဆိုစာဖတ်သူ စိတ်ပါပါက မြန်မာ့သီးခင်း ဆင်းကြည့်ကြပါစို့။ အစမှ အဆုံးပါဖို့ တော့လိုသည်။ ကြာတော့ကြာမည်။ သို့သော်ငြားလည်း ငြီးစရာတော့မပါပါ။ ကဲ မတ်မတ်ထို်င် ခါးပတ် တင်းပြီးဆင်းကြ ပါစို့။
မြန်မာနိုင်ငံတွင် အပူပိုင်းဇုံ မဟုတ်သည့် အသီးစိုက်ရာ သီးခင်းတို့မှာ ပန်းသီး စပျစ် နှင့် စတော်ဗယ်ရီ တို့ဖြစ်သည်။ မြန်မာ့ဇာတိ ဟုတ်ဟုတ် မဟုတ်ဟုတ် အပူပိုင်း ဇုံအသီး မြန်မာနိုင်ငံသီး သမျှကြီးသမမှာ အချိန်ရသာသည်နှင့် အမျှ ဇာတိဘ၀ ကျကုန်ကြ၍ တနှစ်လုံးသီးသည့် ဥပမာ ငှက်ပျော ၊ သင်္ဘော ၊ ရှောက်၊ သံပုရာ ၊ သံပုရာချို ၊ ဂရိပ်ဖရုခေါ် ပန်း ရှောက်သီး ၊ သလဲသစ်တောသီး ၊ အုန်းသီး နှင့် သဖန်း ကတွတ်သီး တို့ဖြစ်ကြသည်။ ဤအသီး ကဏ္ဍ၌ ရာသီအလိုက် အသီးတို့မှာ သရက်နှင့် ပိန္နဲ ၊ ဒူးရင်း ၊ မင်းဂွတ်သီး ၊ မာလကာသီး ၊ နာနတ် ၊လိမ္မော် ၊ နှင့် ဖရဲစသည်တို့ ပါဝင်ကြသည်။
ပန်းသီးနှင့်စ ကြရမည်။ မြန်မာ့ဇာတိ မဟုတ်သော်ငြား ဗြိတိသျှခေတ် ကတည်းက စစိုက်ခဲ့ကြသည်။ ထွက်သမျှ ဒေသသုံးပင် မလောက်ငှ၍ နိုင်ငံခြား တင်သွင်းခဲ့ရ၏။ မြန်မာ့ပန်းသီး အရသာကြီးသည် ဟုဆိုသည်။ တရုတ်ပြည် ကသွင်းရသမျှ သိပ်မကောင်းလှ။ ကြီးပုံရသော်လည်း အရသာနဲ့ အသားအချိုတွင် လည်းကောင်း အရည်ရွှမ်း ရာတွင် လည်းကောင်း ရေးပြလောက်အောင် အစွံသည့်အပြင် ဈေးကလည်းကြီးသေးသည်။
မြန်မာပြည်တွင် နိုင်ငံအရှေ့မြောက်ပိုင်း၌ အစိုက်များ၏။ ရှမ်းပြည်တောင်ခြေ အမြင့်ပေ ၃၅၁၀ မီတာ ၁၀၇၀ ၀ယ် ဥရောပနဲ့ တူသော အနုစား ရာသီတွင် ဖြစ်မြဲ သမပိုင်းထက် အပူချိန်က နိမ့်ရာ တို့၌ဖြစ်သည်။ သို့သော် အရွယ်အနံ့အသား နှင့် အဆင်းတို့၌ အနောက်နိုင်ငံစိုက်ခင်း ထွက်တို့လောက် အရည်အသွေးမမှီသည်မှာ ဒေသထွက်တို့က အရသာ အရသာမရှိ လှ အရည်မရွှမ်း သည့်အပြင် အချိုလည်းပေါ့၏။ ဇီဝဓါတ်ပါဝင်ရာ၌ လည်းဥရောပသီး တို့လောက် မစုံမထက် သို့အတွက် တနေ့တလုံး ပန်းသီးသုံးဆရာဝန် လုံးလုံးမလိုရာ ဆိုသည့် နည်းသည် ဤနေရာတွင် အသုံးမ၀င်ပါ။
ရှိပါစေတော့လေ။ မြန်မာတွေက ပန်းသီးကိုအစိမ်း အတိုင်းစားကြ တချို့ဗိုလ်ဆန်သူတို့က အကျော် အသုတ်ထဲ ထည့်သည် ဟုဆိုသည်။ ပန်းသီးခြစ်ချေ ဖျော်၍လည်း သုံးဆောင်နိုင် သည်ဟုဆိုသည်။ ပန်းသီးခြောက် အပျစ်ဖျော်ရည် အရေခဲလုပ် ဘူးသွင်းချဉ်ထည့် ရှာလကာရည် စပ်အရကဖောက်၍ လည်း ရသည် ဟုဆိုပြန်သည်။ ဟင်းခွက် အမျိုးမျိုးကို ပန်းသီးအနံ့သင်း လျှင် အရသာမြင့်၏။ သို့သော်လည်း ဟင်းတို့၌ ပင်အစပ်အပေါင်း အဖြစ်ထည့်ချက်၍ လည်းရသည်။ဂေါ်ဖီ လုံလာအဖြူချဉ်တွင် အပါအ၀င်လည်း သုံး၍လည်းရ ငန်းကြက်ဆင် အစာသွတ်ဖို့လည်း လည်းကောင်း အာလူးကိတ်ဖုတ် ရာတွင်လည်း ထည့်နိုင်ပြီး အာလူးပြုတ် အပေါ်ငံပြာရည် အနေဖြင့်လည်း ယင်းအချဉ်ရည် ကိုထည့်၍ ကြော်ထားသည့် အသားသွတ ချောင်းတို့ နှင့်လိုက်ဖက် သည်ဟုသိရသည်။
ကမ္ဘာသမပိုင်း ဇုံအရပ်တို့၌ ပန်းသီးကို အစိုက်များသဖြင့် ဥရောပမြောက်ပိုင်း နှင့် မြောက်အမေရိက ကျော်ကြားရာ ရေခဲမှတ်နီးနီး အထက်အောက် အအေးဓါတ် ရှိရာတို့၌ အကောင်းဆုံး ဖြစ်ထွန်းသည်။ အအေးဓါတ် လိုအပ်ချက်က အသီးအမျိုးလိုက်၍ အထွေထွေများပြားရာ ဆဲလ်စီယမ် အနှုတ် ၄၀ ထိရှိသည် ကိုပင်ခံနိုင်သည်။ သူ့ဇာတိမြေက ကတ်စပီ ယမ်နှင့် ပင်လယ်နက် ကြားဒေသများဖြစ်သည်။ အသီးစပုံက အနားဝိုင်းနှင့် ဖူးပွင့်အဖြူရောင် နှင်းဆီအသွေးစင်း ပါသည်။ အချို့ပန်းသီးမျိုးက အဖြူနှင့် အနီပွင့် များထွက်တတ် ကြပြန်သည်။ ချာရီသီးအရွယ်ထက် အနည်းငယ် အရွယ်ကကြီးရာ ဂရိတ်ဖရုအရွယ် အထိရှိနိုင် အစေ့ ၅ အိမ်ထိ အဆံပါသည်မှာလည်း အမျိုးအစားလိုက်၍ ဖြစ်တတ်သည်။
ရုက္ခဗေဒ သဘောပြောရလျှင် ရိုဆာစီယေး မျိုးနွယ် မလ်ဆ်မျိုးစုဝင်ဖြစ်၍ နှင်းဆီ မိသားစုတွက် အဆင့်(၇၀) မြောက်မျိုးဆက် အစားအစာ အဖြစ်စိုက်ပျိုးခဲ့သည်မှာ စတော်ဗယ်ရီ သီးလည်းပါသည်ဟု ယုံချင်နေ မယုံချင်နေ ပြောကြ သည်။
စတော်ဗယ်ရီကလည်း မြန်မာပြည် ပေါက်မဟုတ်ပေမယ့် စိုက်ပျိုးလာ ခဲ့ကြသည်မှာ မကြာသေး ဒေသအခေါ်ပင် မရှိသေး၍ ဤအတိုင်းပင် ခေါ်နေကြသေးသည်။ ယင်းကလည်း ရိုဆာချီလား ဆစ်မိသားစုဝင် ဖရဂါရီယားနွယ်ဖြစ်၍ ဥရောပထွက်တို့ ထက်သေးသော်လည်း ဖရက်ဂါရီယား မိုချာတာမှ အမျိုးတို့ကို ပိုမိုစားသုံးကြသည်။ ပြင်ဦးလွင်တွင် ပိုအေးလှသည့် လများတလျှောက် အပေါက်များ၍ ၀ါနီရောင်မှ ပတ္တမြားအရောင် နီမှောင်မှောင် အသီးတို့မှာ အများအပြား ဖြစ်ထွန်းကြသည်။ ပြင်ဦးလွင် ဆိုသည်က ရှမ်းရိုးတောင်ခြေ နှင့် ဧရာမြစ်အကြား မန္တလေးမြို့ အရှေ့မြောက် ၈၆ ကီလိုမီတာ အကွာ၌ တည်ရှိပါသည်။ ဒေသထွက် ဖရဂါရီးယား ဗက်စကာ ခေါ်သစ်တောအတွင်း အနွယ်ဆန်၍မှည့်လျှင် အလွန်ချိုပါသည်။ တချိန်ကလေးမှ အပြတ်မခံနိုင်သည့် စတော်ဗယ်ရီ မြတ်နိုးသူတို့အတွက်ဤ အချက်က သတင်းကောင်း ဇန်န၀ါ ရီ မှ မတ်လ အထိတကယ့် ရာသီချိန်၌ ယင်းတို့ကအပြတ် တမ်းရှိကြစမြဲ ဖြစ်ရာမှ ထိုအချိန်တွင် ဥရောပဈေးတွင် မတင်နိုင်ကြ သေး၍ ဒုတိယကမ္ဘာစစ် နောက်စောစောပိုင်း အနောက်တိုင်းသား စိတ်ကူးက ချက်ချင်းထွက်ခဲ့သည်မှာ ပြင်ဦးလွင်သို့ အလည်သွားဖို့ သူတို့အတွက် အကောင်းဆုံး ရာသီကား ဒေသထွက် စတော်ဗယ်ရီ ပေါလည်ချိန် ၁၉၆၇ ခုနှစ်က ကမ္ဘာကျော် ထွက်ခဲ့သည့် (ထာဝရစတော်ဗယ်ရီ နယ်မြေ ) ခေါ်နိုင်သည့် ဇန်န၀ါရီ မှ မတ်လ တို့ဖြစ်လာကြသည်။
စတော်ဗယ်ရီသီးမှာ ကြေးနီဆန်သည့် ဒန်ဓါတ် ဘီ ၉ အာရ် ဓါတ်သို့မဟုတ် ဆား ခါး ဒဓါတ်ပါချဉ်မျှမျှပါ၍ ပေါင်းပါအဲင်ဇိုင်း တို့ကလည်း ခန္ဓာအသာဖို့သာမက သွေးနီဥတွင် ဆက်စပ် ပါဝင်သော သံဓါတ်သား နှင့် အရောင်အဆင်း လှစေသည့် အစေးသည် ထိုသတ္တိနှင့် မလိုင်ရော၍ စားလေ့ရှိကြသည်။ သို့သော် ပျစ်ရည် ဖျော်ရည် သုတ်ရည် စပ်ရည်အဖြစ် အစာပိတ်စားဖို့ သစ် သီးစုံရေခဲမုန့်အပြင် ဥပမာ စတော်ဗယ်ရီ ဟင်းခပ်အဖြစ် လည်းကောင်း မုန့်ချိုကိတ်မုန့် တို့၌လည်း ထည့်သုံးကြပါသည်။
နောက်တမျိုးဇာတိ မဟုတ်ဘဲ ပ၀တ္တိဘ၀မှ အများအပြားပြန့်ပွား စိုက်ပျိုးလာသည့် အသီးကမြန်မာပြည်တွင် စပျစ်သို့သော် ယင်းသို့ဖြစ်လာသည်က ဆယ်စု ၂ စု လောက်သာရှိ သေးသည်။ မိတ္ထိလာတ၀ိုက် အစိုက်များ မန္တလေးတိုင်း တွင်းအခင်း တွေများလင့်ကစား အရွယ်အရသာ နှင့် အချိုကတော့ ဥရောပ နှင့်မြောက်အမေရိက ထွက်တို့ကိုမမှီပါ။ အစိမ်းအတိုင်းစားကြ၍ တခါတရံတော့လည်း စပျစ်ခြောက်ဖြစ်အောင်လုပ် စပျစ်ဝိုင် ခေါ် အရက်ကိုလည်း ချက်ကြသည် မှာ မျိုမျမျ အရသာတွက်သာကဲထားကြသည်။
ငှက်ပျောသီး ကသဘောင်္သီးကဲ့သို့ပင် တနှစ်လုံးရနိုင်သည့် အပူပိုင်းဇုံသီး နှံဖြစ်၍ မာလကာ သံပုရာတို့လိုပင် မပြတ်ရနိုင်သည်။ငှက်ပျောပင် နှင့် အသီးတို့ကို အရာရာ၌ အသုံးချဖို့ စိုက်ပျိုးသည် ဟုဆိုချင်သည်။ ငှက်ဆိုသည် ထက် ဟက်ပျော က မူလအခေါ်ဟု ရပ်တည်ချက်မှာခွဲခြင်း စိပ်ခြင်းသဘောပါပြီး ပျောဆိုသည်ကလည်း ပျော်/ ပျော်ဝင်နိုင် သောအရည် ထွက်အသီး ဟုစာရေးသူ ကဆိုလာသည်။
ငှက်ပျောသီး ဇာတိကမူဆာစီယေးမျိုး မူဆာနွယ်မှ ဆင်းသက်ယင်း တို့အနက်တခုက မူဆာပါရာဒိုင်ဆီကာ ၊ မူဆာတက္တစိုင် သို့မဟုတ် မူဆာဟဲမ့်ပ် တို့အတူ အဘာ့ကါ စသည်ဖြင့် ဖိလ်ပိုင်နယ် တ၀ိုက်ဇာတိ ချက်မြေထွက်ခဲ့ပေသည်။ မူဆတက္ကစိုက်၏ အမှေးအမျှင်တို့မှာ အမည်နှင့်လိုက်အောင် အဆင့်မြင့်ယက်ဖျာ ကော်ဇော ထုတ်လုပ်ရာ၌ပင် အသုံးတင့်လေသည်။
ငှက်ပျောမျိုး ကဆွေစဉ်က ၂ ဆက်ပေမယ့် မျိုးဆက် ၄၀ ကျော် အပိုင်းကအပူဇုံ ၊ အစရှာရသည်က အရှေ.တောင်အာရှ ဒေသဖြစ်သည်။ ငှက်ပျော၌ မျိုးမပွားနိုင်သည့် အပွင့်အသီးသား ဖြစ်၍ပါတတ်သော အသီးမှ အစေ့ကလည်း မျိုးမထွန်းကား မျိုးစေ့မဲ့ ဟုပင်ဆိုနိုင်ပါသည်။ အပင်သစ် ပွားဖို့ကျတော့ တခါစိုက်လိုက်သည်နှင့် အဆုံးမရှိဆက် ပေါက်နေတတ်တော့၏။ ယင်းငှက်ပျောပင်မှာ မြန်မာတနိုင်ငံ လုံးနေရာအနှံ့ရှိစမြဲ။ သို့သော်အမျိုးလိုက် ၍အဖြစ်များနှင့် အဖြစ်နည်းသာ ကွာလေသည်။ မြို့ကြီးပြကြီးတို့မှာ ပင်တပင်မြင်ပြီး နောက်အလှမ်း အနည်းငယ်အတွင်း နောက်တပင်မြင်ရဖို့အလွန် လွယ်သောကြောင့် တောင်ပေါ်မြေပြန့်အနှံ့ရှိသည်။ အမြင့်ပေ ၄ ထောင်ကျော်၌ပင်တွေ့နိုင်သည်။
အပူပိုင်းတွင် ပင်စည်ကနှစ်စဉ်အသေအတက်ထွက်စမြဲ ၊ အသီးခိုင်မြိုင်ဆိုင်ထမြောက်သည်နှင့် အပင်ကကျစမြဲ။ မြစ်အတွင်းမှ အညှောင့်သစ်ထွက်စမြဲ ၊ အညှောင့်ထွက် ပင်စည်တက်လာသည် ကအလွန်မြန်လေရာ ၁၀ လကြာတိုင်း ညှောင့်ခွဲစိုက်ထားသမျှအပင်မှ အသီးတို့စားရသည်။ တကယ်တော့ ငှက်ပျောခိုင် က ၆ လ အတွင်းအသုံးချ ရသဖြင့် ခလေးပေါက်စ အထိုင်စ ငှက်ပျောလည်းစားလို့ရ။ ပြောစမှတ်ရှိကြသည်။
ငှက်ပျောပင်စည် ဆိုသည်က စင်စစ် အပင်မဟုတ် တလိပ်လိပ်လိပ် တက်သွားသည့် အရွက်စီးဖြစ်ရာ အတန်ကြာလျှင် ၁၀ပေ မှ ပေ၄၀ (၃ မှ ၁၂ မီတာအထိ) တစတစ မြင့်တက်သွား တတ်သည်တွင် ထိပ်ဆုံးပိုင်း၌ အရွက်ပြန့်ကြီးများ ဖြာထွက်လျက် တစ်ခုစီတွင် ၁၀ပေ ၃ မီတာအထိ ထပ်ရှည်ထွက်ပြန်သည်။ ထိပ်ဆုံးရွက်ရင်း များကြားမှ ငှက်ပျောဖူး ငှက်ပျောပွင့် တို့ကငှက် ပျောတန် တလျောက် အဆင့်လိုက် အလှည့်ခြား တစတစတိုးများအလာ သည်တွင် ထိပ်ဆုံးမှ ပန်းတို့က အဖို့အောက်ပိုင်း ပန်းတို့က အမ စီရရီဖြစ် လာကြသည်မှာ ဓမ္မတာမို့ ဆန်းလှပါသည်။
ငှက်ပျောသီး သည်အရှည်က ၄ မှ ၁၂ လက်မအထိ ရှည်တတ်၍ နဖီး၏ အလေးချိန်မှာ ၂၅ ပေါင်သို့မဟုတ် ၁၁ ကီလိုခန့်ရှိပြီး တချို့ဆိုပေါင် ၄၀ ထိပင်ရှိတတ်သည်။ ငှက်ပျောသီး စားနိုင်သည့်အပိုင်းမှာ ၇၅% ကရေဓါတ် ၂၁% က ကဆီဓါတ် အဆီအသားအမျှင် နှင့် အဟောသိက အဖြစ်တို့က ၁% စီပါကြသည်။ အများအားဖြင့် အသီးအရောင်က အ၀ါ သို့သော် အစိမ်းအပြာ အနီလည်း ရှိသည်။ အပြာမျိုးကအရှားဆုံးဖြစ်သည်။
ငှက်ပျောပြသနာ စပ်ဆိုင်ရာ ယေဘုယျဆန်ဆန် အများအပြားပြော ကြပြီးနောက် ဒေသတွက်အရသာ အကြောင်းပို၍ ပြောကောင်းပါသည်။ မြန်မာ့ငှက်ပျောသီး မိသားစု ၂၅ ဦးတို့ အနက် ၁၂ ဦးအကြောင်း ကိုလည်းပြောနိုင် ကောင်းပါသည်။ ယင်းတို့က အများစိုက်ကြသည့် ငှက်ပျောမျိုးများဖြစ်၍ အသေးဆုံးကစရလျှင် ရုက္ခအလို မူဆာကဗင်ဒီရှီး နွယ်ဝင်ငယ်ပင် ငယ်သောငြားလည်း အချိုသားဖြစ်၍ အနည်းအချဉ် ရောပြန်သောကြောင့် တရုတ်နွယ်စပ ခေါ်ကြအပ်သော (၀က်မလွတ်) ဖြစ်၏။
ဒေသအခေါ်သီး မွှေး သို့မဟုတ် ရုက္ခဗေဒအဆို အနံ့စားငှက်ပျောကား ရွှေရောင်ဝင်းဝါ အခွံပါးကာ ပြည့်ပြည့်မှည့်သည်တိုင် အခွံကပါး အဆင်းစိမ်း နှင့်ကတမျိုးရှိကြသည်။စာရေးသူအကြိုက်အ၀ါ အရသာကကောင်းမည်သည့်ဥရောပတိုက်တွင်တင် ပို့သမျှတခုမှ နှင့် နှိုင်းမရဆိုပါသည်။ ၂ မျိုးစလုံး၏ အသားကဖြူဝါ၀ါအဆင်းသို့သော်မွှေးလှသည်တော့မဟုတ်ပါ။
မိသားစု ပြည့်စုံဖို့ မိခင်အကြောင်း ချန်ကောင်း မဟုတ်၍ နံ့သာပု ခေါ် နံသဖူး ငှက်ပျောသည် သေးငယ်လင့်ကစား အလွန်အမွှေးသားဖြစ်၏။ သေး၏။ မွှေး၏။ နူးညံ့သိမ်မွေ့၏။ အရသာကောင်း၍ လုံးဝိုင်း၏။ စေးစေးထွေးထွေး နှင့်ကျစ်ကျစ်လှစ်လှစ် ရှိ၍ သီးမွှေးလို ပင်သင်းပျံ့ပျံ့သာမျှ နှင့်တင့်တယ်၏။
အငယ်ဆုံး မိသားစုအဖွဲ့ဝင် ၀က်မလွတ်၏ အစ်ကိုကြီး ဖီးကြမ်း ခေါ် လက်ကြမ်းငှက်ပျောသည် အမည်နှင့်လိုက်အောင် အသားကြမ်းအစေ့များ သည်ဟုဆိုသည်။ အခြားငှက်ပျောတို့နှင့် မတူပျော့ပျော့ ပျောင်းပျောင်းမရှိလှ အခွံထူလှ၍ တော်ရုံတန်ရုံအထိ အခိုက်ခံနိုင်ရည်ရှိသည်။ အသီးကလည်းခန့်ထယ် ၊ အရွယ်ကကြီး ဒေါင့်တွေက ၂ ခုမှ ၃ ခု အထိပါအ မျှောင်းအစင်းပုံသဏ္ဍန် ၊ အမျှင်အသား ကချဉ်တင်တင် အစေ့ကထူလပျစ် သူ့ညီအကို နက်ပျော (နက်ပြာငှက်ပျောလို) ယင်းငှက်ပျော သီးခွံမှာ နက်ပြာရောင် ပြောင်ချော၍ သို့ကလို ခေါ်ခြင်း ဖြစ်သည်။ ဆေးဘက်ဝင်၍ အစာကျေ ပြီးပြီးဝမ်းပျော့ စေသည်။
မြန်မာ့ငှက်ပျော မိသားစုမှာဖခင်အဖြစ် ဗျတ်ပြည့်မျိုး ရှိသည်။ အလုံးအထည် ကကြီးထွား အခြားငှက်ပျော တို့နှင့်လားလားမှ ယှဉ်မရ၍ ဒေသကယင်းကို ဆင်အံ ဟုခေါ်ထားသည်။ တဖီးဆိုလျှင်ပင် ပဗျတ်ပြည့် လောက်အောင်ကြီးကြီးနှင့် ရေလည်းများသဖြင့် အလေးချိန် ကလည်းအလွန်စီးသည်။ အများဆုံး တထိုင်တည်းစားနိုင်လှ ၄ လုံး ထက်မပိုနိုင် ဗိုက်ပြည့်စေပါသည်။ အသီး၏ စာကောင်းသည့် အပိုင်းအခြား အသီးနှင့်စာလျှင် အရသာရှိလှသည် မဟုတ်အသားကကြမ်း အမျှင်ကများကြိုက်ကြ သူအဖို့တော့သိပ်မဆိုး လှဆိုရပါမည်။
မြန်မာ့ငှက်ပျော မိသားစု သားကြီးသြရသမှာ ရွှေငှက်ပျော ခေါ် ရွှေနီသီး ဖြစ်၍ ရုက္ခမျိုးမှာ မုဆ ဆာပီယမ်တွန် မျိုးနွယ်သား ဖြစ်သည်။ တနည်းလည်း ငှက်ပျောနီဟုခေါ်သည်မှာ အသီးအရောင်ကြောင့်ဖြစ်ပါသည်။သီးထွက်စမှာ စိမ်းညိုရောင်ဆောင် ၍ရင့်လာသည်နှင့် အမျှပို၍ ပြောင်လက်နီရောင် ထွက်ခါ အတော်တော်များများက နီရောင်လွှမ်းသွားပါသည်။ အ၀ါရောင်လည်း တွေ့တတ်ပါ၏။ ဖျတ်ပြည့်လောက်ပင အရွယ်ကြီးအရသာရှိ၍ အ၀ါဖက်များ လေစာကောင်းလေဖြစ်တတ် ပါသည်။ အလားတူ အ၀ါရောင်ဖျော့၍ အဖြူရောင်လည်း ဖြစ်လာတတ်သည်။ ရွှေငှက်ပျောမှာ ပွဲလမ်းအခန်းအနားသုံးဖို့ လူကြိုက်များပြီး အခြားတို့နှင့်စာလျှင် ဈေးလည်းကြီးပါသည်။
အခြား ငှက်ပျော ၂ မျိုးကျန်သေးသည်က မြန်မာအနောက်ဘက်ပင်လယ်ကမ်းခြေ ရခိုင်ပြည်နယ်ထွက် ဖြစ်ပါသည်။ ယင်းပြည်နယ်က ဘင်္ဂလားဒက်ရှ် ၏ ဘင်္ဂလား ပင်လယ်ကွေ့ အနောက်ဖက်မျက်နှာ ပြုလျှက်တည်ရှိသည်။ ရခိုင်ငှက် ပျောဟုအခေါ်များ၍ ယင်းအပြင် ငှက်ပျောချဉ်ခေါ် အခြားတမျိုးလည်း ရှိပါသေးသည်။ တချို့ရခိုင်သားတို့ကလည်း နယ်မြေ ချင်းစပ်နေသော ကုလားပြည်ကို အကြောင်းပြု၍ ကုလားငှက်ပျောဟုလည်း ပြောကြသေးသည်။ အသီးကပတ်လည် လုံးလုံးအရောင်ဝါ နှင့်အခွံကပါး အသားကနူးညံ့ အ၀ါဖျော့ အဆင်းနှင့် အရသာက ချိုအနံ့ကသင်း ၍ လူအများစားကြသည်။ ငှက်ပျောချဉ်ဆိုသည်က အတန်ငယ်ကြမ်းအနံ့က စူး ရခိုင်ငှက်ပျောထက် အနည်းငယ်သေးသည်။ အရသာကတော့မဆိုးပါ။
မြန်မာ့ ငှက်ပျောမိသားစု သားနှောင်းမှာ ဒေသအခေါ်က သူငယ်စာ သို့မဟုတ် ခလေးအစားအစာဖြစ်သည်။ အသားက ခပ် ဖွယ်ဖွယ် ချို၍ အတန်ငယ်တော့မာပါသည်။ အရွယ်ကငယ်၍ အရောင်ကအ၀ါများသည်။ ငှက်ပျောသီးကို ယေဘူယျအားဖြင့် မှည့်ပြီးကာလ လတ်လတ်ဆတ်ဆတ် စားကြသည်။ပဓါန ထမင်းစားပြီး အချိုတည်းစာ အဖြစ် သို့မဟုတ် ထမင်းစားချိန်အကြာ သားရေစာလိုလည်းစားကြသည်။ မုန့်ချို အမျိုးမျိုးဖုတ်ရာတွင် ပဓါန ထည့်စရာတမယ်ဖြစ်သည်။ဆန်မှုန့်ရေဖျော် (ဆန်နှစ်ဖြင့်) ရော၍နှစ်သုတ်လိမ်းပြီး ဆီနှင့်ကျော်လည်းစားသည်။ ဆီကျော်မုန့်တမယ် နိုင်သလို ယင်းအပေါ် ချောကလက်ရည်သုတ်၍ လည်းကောင်း တနည်းနည်း နှင့်အထဲသွင်း တုတ်ထိုး၍ (ရေခဲချောင်းလိုလည်း ) စားကြ၏။ခပ်ကြွတ်ရွရွဖြစ်အောင် လှီး၊ နေလှန်းအခြောက်ဖြစ်အောင် ကြာကြာထားစားရ အောင်လည်းလုပ်ကြသည်။ ငှက်ပျောအစိမ်းကို သို့ကလို ကြာကြာခံစေနိုင်သလို အမှည့်တို့ကိုလည်း သင့်သလိုလှီး (လိုလျှင် အချိုဖြည့်) အခြောက်လှန်း၍ စားသုံးနိုင်ကြသည်။ ထိုအခါ ပျားရည်ဆမ်း၍ လည်းစားနိုင်သည်။
အသီးကိုသာစားကြသည်မဟုတ် ငှက်ပျောပွင့် နှင့် ငှက်ပျောပင် အနှစ်ပိုင်းကို အရသာရှိလှ၏ ဟုလိုက်ဖက်ရာတွင်ထည့် သုံးမှီဝဲကြသေးသည်။ ငှက်ပျောပန်းခွံခေါ် ငှက်ပျောဖူး ရွက်တို့ကိုအဖူးအရွက်တမယ် အဖြစ် အတို့အမြုပ်ဟင်းလျာ လုပ်၍ တဖုံလည်း သုံးကြခြင်းဖြစ်သည်။ငှက်ပျောပင်အူတိုင် ကိုမြန်မာနိုင်ငံတွင်လူကြိုက်များလှသော နံနက်စာ မုန့်ဟင်းခါး ဟင်းရည် တွင် မပါမပြီးသည့်အဓိကမယ်ဖြစ်ထည့်ကြရသည်။ ဟင်းရည်ကခပ်ပျစ်ပျစ်ငြုပ်ကောင်းများများ ငါးရွှေစသည်တို့ နှင့် ချက်ရသည်တွင် အဓိကပါရသည့် အမယ်တို့က ငါး ၊ ငှက်ပျောအူ ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ရှောက်ရွက် ၊ဇပ္လင် ၊ဆီ ၊ငြုပ်မှုန့် ၊ မကျည်းရည် ပေါင်းစပ်ရောနှောကာ ကြိုက်သလောက် အတိုင်းအဆထည့်ပြီး သကာလ အဓိကဆန် နှင့် လုပ်သည့် ခေါက်ဆွဲမျှင် လို မုန့်ဖတ်ဖြင့်စားကြပါသည်။ယင်းမုန့်ဟင်းခါး မှာ စားလို့အလွန်ကောင်းပါသည်။
နောက်ဆုံး၌ ငှက်ပျောဖူးဆိုသည်က ဗိသုကလက်ရာတစ်ခုအတွက် ပုံခွက်တခုလို ဗုဒ္ဓဘာသာ အနုပညာအရာ တွင်လည်း အရေးပါသည့် အစိတ်အပိုင်း ဖြစ်ရပြန်ပါသည်။ ဘုရားပုထိုး အမျိုးမျိုး၏ ထိပ်ပိုင်းအဆင့်ဆင့်တက်ပြီးထီးစသည့် အထွဋ်အဖျား မရောက်ငြားမီ တည်ထားရသည့် ဘုရားလည်တိုင ငှက်ပျောဖူးဖြစ်ပါသည်။ သိမ်ကျောင်းဇရပ်အ မြတ်ထားသည့် အဆောက်အဦး မှန်သမျှယင်းပါရစမြဲလို ဖြစ်ပါသည်။
နောက်တနှစ်ပတ်လုံးရနိုင်သော မြန်မာ့အသီးတို့တွင် ချဉ်သီးကလည်းပါသည်။ ရှောက်သံပုရာ ၊ ဂရိတ်ဖရု ခေါ် ပန်းရှောက်သီး နှင့်သလဲသီးများဖြစ်ပါသည်။ ယေဘုယျအားဖြင့် အသီးအတွက်သာ အဓိကထားကြသည်။ အခါးမျိုးနွယ်အမဲစိမ်းအအုပ်အရိတ်ကောင်း အမျိုး တို့နှင့်စပ်ဆိုင်ပြီး အသီးအရွယ်ပုံစံအသွယ်သွယ် ချဉ်သီးများဖြစ်ပါသည်။ ယင်းတို့အထဲတွင် အမှေး အခွံထူသည့် ကျွဲကော ၊ ရှောက် ၊ ပန်းဂရိတ်ဖရု ၊သလဲ ၊ ရှောက် ၊ သံပုရာ ၊လိမ္မော်၊ ဇီးလိမ္မော် ၊ ရှောက်ခါးသီးတို့ဖြစ်ကြပါသည်။ အရှေ့တောင်အာရှ ဇာတိဖြစ်ကြ၍ ရုတဆီယေး ရုက္ခမျိုးနွယ်ဖြစ်ကြသည်။အားလုံးပေါင်း ရုန်းလိုက်သည့်အခါ ချဉ်ခါးသီးအုပ်စုဖြစ်သွားပါသည်။
တနှစ်ပတ်ပတ်ရနိုင်သည့် ရှောက်သီးနွယ်ဝင်သံပယိုပင် နှင့်အသီးမှာ ငါးစွယ်ထွက်သည့်ပန်း ငယ်များပွင့်ရာမှ အပေါ်သားအဖြူအောက်ပိုင်း၌မူ ပန်းရောင်းဖျော့ရှိ၍ အပူပိုင်းတွင်အများစိုက်၍ ဖြစ်ထွန်းသမဇုံ၌ ပင်မကြွင်းမကျန်အမှန်ပင်များပေါက်ရောက်ကြသည်။ အရွယ်ကသိပ်မကြီးလှ အဆူးကပေါလှသည်။ ပင်မြင့်က ပေ ၂၀/၃ မှ ၆ မီတာထိ ရှိ၍ အရွက်အလက်သိပ်ထူထူမရှိတတ်ကြပါ။
ယင်းရှောက်မျိုးနွယ် သံပယိုတို့မှာ ၀ါရောင်အဖျော့ ပုံစံကပုံမှန်မရှိ အစေ့ကထူ အသားကအကန့် ၈ ခုမှာ ၁၀ ကြား အရောင် က ၀ါကျန့်ကျန့် အစေ့တို့က တဖက်အခွံတက် နှင့်ဖြူလွှလွှ အရောင်ဆောင်သည်။ အသားပတ်လည်အမှေး နှင့်အပေါ်ခွံတို့က လန်းဆန်းမောပြေတတ်သော ရှောက်သံပုရာဆီ ပါဝင်ရာ ရေမွှေးလုပ်ရာ ၌လည်း သုံးနိုင်သလို ယင်းအနံ့လို ရာတိုင်း၌ ထည့်ရပါသည်။ တနှစ် ၆ ကြိမ်မှ ၁၀ ကြိမ်ထိ ခူးဆွတ်ရ၍ ဤကာလတွင်အသီး ၁၀၀၀ မှ ၂၀၀၀ ကြားရနိုင်ကြပါသည်။
ယင်း၏ ပြင်းပြစူးရှအနံ့အရသာကြောင့် ယင်းအသီးမှာ အမြဲတမ်း မစားကြပါ။ သို့သော်အလွန်ယဉ်သည့်အနံ့ကြောင့် အရည်ထုတ်ဖို့စိုက်ကြပြီး ယင်း၌ ဆေးဘက်ဝင်ဓါတ်ပစ္စည်းများပါဝင်ကြသည်။ ရှောက်ရည်အစရှိသည့်တို့မှာ ပျစ်အရည်အဖြစ် မုန့်လုပ်ရာတွင်သင့်သလောက်ထည့်နိုင်သည့်အပြင် သောက်ရန်အခြေခံတခု အသုပ်တခုခုမှာ ထည့်ရန် တသွယ် အနံ့တကယ်ကြိုက်လျှင် ထိုက်သင့်သလို ထည့်စွက်နိုင်ဖို့တနည်း သုံးနိုင်ကြပါသည်။ အမှေးအသားမှန်သမျှ အနံ့ထုတ်ဖို့အသုံးချပြီး ဗီတာမင်စီဖေါ်စပ်ရာ၌အဓိကပါရသည့် တမယ်ဖြစ်လာပါသည်တို့အတူ ပွေး ၊ ၀ဲ ၊ယားနာ အရေပြား အနာဟူသမျှတွင် ထည့်သုံးနိုင်သည့်ဆေးတမယ်မယ် အတွက် မပျက်ပျက်ပါသည့် အမယ်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ စက်တင်ဘာ၊ အောက်တိုဘာလများလောက်၌ ကျတတ်သည့် ၀ါလကင်းလွတ်သီတင်းကျွတ်ဝယ် လပြည့်ဝန်းကျင်ရက်များ၌ မိသားစုထဲလူကြီးသူမတို့အတွက် လက်ဆောင်ပြုကန်တော့ဖို့ လူကြိုက်များသော ရှောက်သံပုရာ အဖျော်ရည်ဖြစ်ပါသည်။ယင်းတို့ကို အဖျော်တခုခုအဖြစ်သောက်ရန်သုံးပြီး အနာမရင်းဆေးအပြင် ဗီတာမင်ပါဝင်ချက်ကြောင့် အယားအရံ ပျောက်၊ သွား၊ သဖုံး တို့လည်း မာ အရိုးတို့ကိုလည်း ကျစ်သွေးသားအား လည်းသန့်စင်စေနိုင်သောကြောင့် ရောဂါ အချို့ကိုကာကွယ်နိုင်သည်ဟု ဆိုကြသည်။
သံပုရာမှာလည်း အရှေ့တောင်အာရှထွက်၍ အပူပိုင်းဇုံ၌ အဖြစ်များသည်။ သံပုရာသီးသည် ပန်းဖြူ ငါးစွယ် ၀တ်ဆံလည် မှထွက်လေ့ရှိရာ ခပ်လုံးလုံး နှင့်သွယ်သွယ်ရှိတတ်ပါသည်။ ထူထဲပြီးအ၀ါစိမ်းဖန့်အခွံ နှင့် အကန့်အနည်းငယ်အတွင်း အသားဝတ်ရည်စု အိမ်အများအပြားပါရှိပါသည်။ ယင်းအကန့်ငယ်များအကြား သို့ကလို ပါသည်။ ၀တ်ရည်စုအိမ်တို့မှာ အသား အရည်တို့ကချဉ်၍ အရည်ရွှမ်းရုံမျှမက အရောင်ကလည်း စိမ်းဝါတင့်တယ်ရှာပါသည်။ သံပုရာ ယင်က ၁၅ ပေလောက် သို့ ၄၆ မီတာလောက်မြင့်၍ ယင်းသံပုရည်တွင် ဗီတာမင်စီ ဓါတ်အတန်ငယ်ကြွယ်ဝပါသေးသည်။ ဂရိတ်ဖရု သိုမဟုတ် ကပ်ပတိန်ရှက်ရော့ခ် ခေါ် ကျွဲကောသီးကို သလဲသီးနှင့်မလွဲသင့်ပါ။ တခုနှင့်တခု မြန်မာတို့အမြင် တွင် ကွာခြားချက်များရှိပါသည်။ ဇာတိမတူသလို အခြားအခြင်းအရာလည်း မတူကြပါ။
ကပ်ပတိန်ရှက်ရော့ခ် /သလဲသီး ထက်အရွယ်ငယ်၍ အမျိုးမျိုးလည်း ရှိသည့် ဂရိတ်ဖရုခေါ် ရှောက်ပန်းသီး ဆန်ဆန်မှာ လိမ္မော်ထက်တော့ လည်းကြီးသည်။ ၀ါရောင်သန်း၍ ကမ္ဘာလုံးသဏ္ဍါန် အချင်းက ၄ လက်မ မှ ၆ လက်မ ပွင့်ဖြူများမှ ၀တ်ဆံက အကင်းအသီးအစု အပြုံလိုက်ထွက်လာကြပါသည်။အသီးမှာ အလွယ်ခွဲယူနိုင်သော ရေအိပ်ငယ်များ နှင့် မျိုးစေ့ ဖြူများအပြင် အိပ်ခွံထူများပါဝင်ကြပါသည်။ယင်းထဲမှရသည့် ချဉ်သားသည် အမြဲဝါရောင်သန်း၏။ သို့သော်လည်း ရောင်ခြားအားဖြင့် ပန်းရောင်လုပ်ရပါပြီ။ အပင်မှာ မဲစိမ်းရောင်အရွက်တို့ဖြင့် သိပ်သည်း ဖုံးလွှမ်းလေ့ရှိပြီး ပေ ၂၀ / ၆ မီတာ ထိမြင့်၍ ပဓါနအားဖြင့် ဂျမေကာကျွန်းမှ ပွားလာပါသည်။ယင်းဂရိတ်ဖရု မှာ အခြားချဉ်သီးမျိုးနှင့်စပ်ကြပါသည်။ သို့သော် ကယ်လိုရီမများပေမယ့် ဗီတာမင်စီနှင့် ဗီတာမင်ဘီ ကွန်ပလက်စ်နွယ်ဝင်လည်းဖြစ်ပါသည်။ ယင်းကို အများသုံးနံနက်စာ ၊ အသုပ်အသီး သို့မဟုတ် ဖျော်ရည်သီးအဖြစ်လည်း သုံးဆောင်ကြသည်။ မြန်မာတို့ကအချဉ်ကြိုက်များ၍ ဂရိတ်ဖရုမှာ အသုံးများသည်။
ရှက်ရော့ခ် ခေါ် ရှောက်ပန်းသီးအထူစားမှာ အင်ဒိုနီးရှား ဇာတိ ၊ အလုံးကြီး၍ ရံခါ ၁၄ ပေါင် ၆ ကီလိုဂရမ်ထိရှိသည်။ ပျှမ်းမျှက ၁၀ ပေါင် ၄.၅ ကီလို လေးသည်။အပွင့်ကအတန်ငယ်ကြီး၍ ပုဝိုင်းခါ အ၀ါဖျော့ရောင်ရှိပါသည်။ ခါးသည့်ဝတ်ရည် အိမ်သည် ဖြူ၍ ထူထဲပြီး အသားကနည်းငယ်ချဉ်ကါ အနံ့ကသင်း၏။ အရောင်ကစိမ်းဖန့်ဖန့် ဖြင့် အရည်ရွှမ်းသည်။ ယင်းမှာ နှစ်သက်ဖွယ်အေးမြကြည်လင်စေ၍ ကြာကြာခံအောင်ထား၍ ရသည်။ လတ်လတ်ဆတ်ဆတ်လည်းစားကောင်းသည့် အပြင် ပျစ်ပျစ် နှစ်နှစ်ဖျော်ရည်လည်း လုပ်ယူသုံးစွဲနိုင်သည်။
သလဲသီးဟု သီးခြားရှိသေးရာ ပင်ဆူးထူ၍မျိုးတူများရှိသည်။ အပူပိုင်းဇုံ အာရှတိုက်ဇာတိအပြင် ညှို့ဓါတ်ကောင်းပန်းပွင့် များလည်းပွင့်တတ်သည်။ ယင်းအပင်မှာ ချုံ လိုအုံကျင်းနှင့်ဖြစ်၍ အရွက်ချောပြောင်လျက် အပွင့်အနီလည်းပွင့်တတ်သည်။ အသီးမှာ လိမ္မော်အကြီးစားအရွယ်အစေ့ တော့များသည်။ အသားများအပြင်ပိုင်းသည် ချိုချဉ်ရသာဖြင့် စားရသည့်လိမ္မော် ရောင်အသားများပါသည်။ ခါးသက်သက်အရပြင်းမှေးဖျဉ်း တို့ကို ဆေးအရာထားသုံးရပြီး အရောင်အဆင်းစွဲ စေတတ်သည့် သတ္တိပါသည်။ အပင်ကိုအသီးတွက်သာစိုက်ကြ၍ ပူနွေးရာသီကြိုက်သဖြင့် ကမ္ဘာထိုအရပ်အားလုံး၌ ဖြစ်ထွန်းသည်။ ပင်ပု မျိုးကတော့ အလှဆင်ဖို့ပန်းများပွင့်သည်။ မြန်မာတနိုင်ငံလုံး ၌ ရှိ၍ အစေ့ကိုစားကြသည့်အပြင် ဖျော်ရည်လုပ်၍ လည်းသုံး ဆောင်ကြသည်။
ထောပတ်သီးမှာ မြန်မာနိုင်ငံ၌ ဖြစ်ထွန်းပါသည်။ သို့သော် အာဟာရဓါတ်ပြည့်ဝသော်လည်း အရသာရှိလျက် နှင့်လူသိနည်းပါသည်။ ခေါင်းငယ်ကိုယ်ကြီး ဘူးခါးသီးပံကြောင်း မီးချောင်း ခေါင်းသီးဟုသိကြ၍ အပင်အကိုင်းထုထည်းလျက် ယင်း အင်္ဂါပေါင်းစုံမှ သင်းရနံ့ထုတ်ပေးနိုင်၍ ဇာတိကအမေရိကတိုက်အပူပိုင်း ဇုံ၊ အသီးစားရ ၍လည်းအပင်းစိုက်ကြသည်။အစေ့မှ အပင်ပေါက်ပေမယ့် ဝေးဝေတော့မပြန့်ပွားနိုင်သည်မှာ အစေ့တို့ပင်ရင်းပတ်ဝန်းကျင်သို့သာကျပြီး အမြန်ညှောင့်ထွတ်တတ်ပါသည်။အသီးရောင်ကစိမ်းရောင်သန်း အခွံထူအစေ့ကမာလှပါသည်။ မှည့်လျှင် တောထွက်ထောပတ်လို သိပ်မပျင်းလှ သည့်အစေ့ထွက် အရသာရှိပါသည်။ တကယ်တော့ ထောပတ်သီး၌ အဆီဓါတ်များ၍ ၁၀ မှ ၂၀ %ထိက အဆီ အသာဓါတ်လည်း ဖြစ်သောကြောင့် စားသမျှ အသားဓါတ်နှင့် အချိုးကျလိုသည့် အရေပြာရောင် ရောဂါ အတွက်ကောင်း သောအာဟာရလည်းဖြစ်ပါသည်။ အသီးကိုအသုပ်တွင် ထည့်နိုင်သည့် အပြင် ဟင်းချိုရည် အဖြစ်လည်းခပ်နိုင်ပါသည်။ အခွံအတွင်းမှ ဇွန်းနှင့်ခြစ်၍ အစိပ်အတိုင်းလည်း သုံးဆောင်နိုင်ပါသည်။ အမျိုးရင်းက ၃၀ မှ ၅၀ ထိများ၍ အဆွေပေါင်း က ၂ ထောင်ခန့်ရှိသည်။ (မြန်မာနိုင်ငံက သပြေပန်းလို) ဆုခြွေဂုဏ်ပြုပန်း ရွက်မျိုးစိမ်းပြောင်ရောင်ဖြင့် အနံ့ အတွက် ဟင်းချက်အမွှေးအကြိုင်သုံး အပင်မျိုးဇာတိဖြစ်သည်နှင့်အညီ နံ့သာနှင့် ပရုတ်ပင်တို့နှင့်လည်း ဆက်စပ်နေပါသည်။
အဆုံးမသတ်မှီ ဤဆောင်းပါး၌ပါထိုက်သော အသီးက အုန်းသီးပါ။ ပင်ရှည်လျားလျား၌ ရွက်လက်ဖားဖားဖြင့် ထိပ်စုပင်မျိုးဖြစ်ပါသည်။ ပေါလိုက်သည်ကလည်း အပူပိုင်းဇုံတွင် အနှံ့အပြားရှိပါ၏။ အုန်းပင်ကလုံးလုံးရှည်ရှည် လုံးပတ်က ၁ ပေခွဲ အမြင့်က ပေ ၁၀၀ / ၃၀ မီတာထိရှိသည်။ ထိပ်ဆုံးမှ သရဖူလို ကျောရိုး နှင့် အလက် ၊ အောက်ဖက်သို့ တွဲလျောင်းကျ တလက်လက်မှာ ၁၅ ပေမှ ၂၀ အထိရှည် အသီးကအခိုင်နှင့် အညှာ နှင့် အလုံး ၂၀ မှ ၁၂ လုံး တင်နိုင်အခိုင်လိုက်မို့ အလွယ်နှင့်မြင်ရ၏။
အုန်းသီးရင့်လျှင် ၁၂ လက်မ မရှည်မ၀ိုင်း အမျှင်အထပ်ထပ်မှ အခွံအမျှအပေါ်က အရေထူမာကျောကျောက်အတွင်း သားကျတော့ အဖြူရောင်အသားထု ဆီအထွက်ကောင်း၍ ဆပ်ပြာ နှင့် သကြားလုံး စသည်တို့လုပ်ရာ၌ ထည့်ရပါသည်။ ယင်းအုန်းဆံ ဆိုသည်က ၆၀ မှ ၆၅ အထိအဆီပါ ၊ အဆံအတွင်းက နို့ကြည်လို ချိုမျမျ အရည် အုန်းသားကို အကြမ်းတိုင်း ဖြင့် သို့မဟုတ် နည်းနည်းချက်၍ အပိုင်းဇုံ တွင် အရေးပါအစာတခုပြုကြသည်။ လတ်လတ်ဆပ်ဆပ်အကြမ်းတိုင်း ထောပတ်သားလိုလည်း ရနိုင် အရသာတကယ်ရှိ ကျန်းမာရေးအတွက်လည်း ထိရောက်ပါသည်။ သို့သော် ဂရုစိုက်စရာတစ်ခုက ပါသည့် အဆီကများ ရသည့်အပြင်များများစာမိသော် ၀မ်းဗိုက်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်စေတတ်သည့်အပြင် အုန်းရေကြည်မှာလည်း လတ်လတ်ဆတ်ဆတ်သောက်ကောင်းသလောက် ကြာကြာထားမိပြီးသောက်မိလျှင် အချဉ်ပေါက်ပြီး နောက်ကျိကျိဝေေ၀ရှိနိုင်ပေသည်။
အုန်းပင်ထိပ်ဖျားအုန်းဦးနှောက်ကား အရသာရှိကြသည်ဟုဆိုလှသည်။ ထို့ကြောင့် အုန်းပင်ကိုလှဲ၍ ယင်းကိုရဖို့ ထိပ်ဝမှာ ရှာကြသည်။ ပင်စည်အလယ်ပိုင်းမှာ အသားထူ၍ စား၍လည်းရပါသည်။ အုန်းကထွက်သည့် ထန်းရည်မှာ စားသောက်နိုင် သည့်အပြင် ယမကာအရာလည်း ထားသောက်နိုင်သည်။ အထူးသဖြင့် အပူပိုင်းဒေသတွင် ဖြစ်၍ မူလအတိုင်းအချဉ်သောက်ဖို့ရာလည်း သိပ်စောင့်စရာမလိုခဏဆိုသလို ခါး၊ အမြစ်ဆိုလျှင်လည်း မူးယစ်အာနိသင်ပါဝင်သ မျှ အချိုက၀ါးကြသေးသည်။ အုန်းလက်ခြောက်လျှင်သက်ကယ်လို ပျစ်၍အိမ်မိုးနိုင်သလိုဖျာ ၊ ကော်ဇော ၊ တောင်း၊ ခွက်ယက်၍လည်း သုံးနိုင်ပါသည်။ အုန်းနို့တန်ကလှီးထွက် သမျှအချဉ်ခံပြီး ချက်လျှင် အုန်းအရက်လှည်းဖြစ်သတဲ့။ အရေ နှင့် အခွံကြားအုန်းဆံသားတို့ကိုကြိုးလုပ်ကြသည်။
အုန်းပင်ထိပ်ဖျားအုန်းဦးနှောက်ကား အရသာရှိကြသည်ဟုဆိုလှသည်။ ထို့ကြောင့် အုန်းပင်ကိုလှဲ၍ ယင်းကိုရဖို့ ထိပ်ဝမှာ ရှာကြသည်။ ပင်စည်အလယ်ပိုင်းမှာ အသားထူ၍ စား၍လည်းရပါသည်။ အုန်းကထွက်သည့် ထန်းရည်မှာ စားသောက်နိုင် သည့်အပြင် ယမကာအရာလည်း ထားသောက်နိုင်သည်။ အထူးသဖြင့် အပူပိုင်းဒေသတွင် ဖြစ်၍ မူလအတိုင်းအချဉ်သောက်ဖို့ရာလည်း သိပ်စောင့်စရာမလိုခဏဆိုသလို ခါး၊ အမြစ်ဆိုလျှင်လည်း မူးယစ်အာနိသင်ပါဝင်သ မျှ အချိုက၀ါးကြသေးသည်။ အုန်းလက်ခြောက်လျှင်သက်ကယ်လို ပျစ်၍အိမ်မိုးနိုင်သလိုဖျာ ၊ ကော်ဇော ၊ တောင်း၊ ခွက်ယက်၍လည်း သုံးနိုင်ပါသည်။ အုန်းနို့တန်ကလှီးထွက် သမျှအချဉ်ခံပြီး ချက်လျှင် အုန်းအရက်လှည်းဖြစ်သတဲ့။ အရေ နှင့် အခွံကြားအုန်းဆံသားတို့ကိုကြိုးလုပ်ကြသည်။
အုန်းပင်ထိပ်ဖျားအုန်းဦးနှောက်ကား အရသာရှိကြသည်ဟုဆိုလှသည်။ ထို့ကြောင့် အုန်းပင်ကိုလှဲ၍ ယင်းကိုရဖို့ ထိပ်ဝမှာ ရှာကြသည်။ ပင်စည်အလယ်ပိုင်းမှာ အသားထူ၍ စား၍လည်းရပါသည်။ အုန်းကထွက်သည့် ထန်းရည်မှာ စားသောက်နိုင် သည့်အပြင် ယမကာအရာလည်း ထားသောက်နိုင်သည်။ အထူးသဖြင့် အပူပိုင်းဒေသတွင် ဖြစ်၍ မူလအတိုင်းအချဉ်သောက်ဖို့ရာလည်း သိပ်စောင့်စရာမလိုခဏဆိုသလို ခါး၊ အမြစ်ဆိုလျှင်လည်း မူးယစ်အာနိသင်ပါဝင်သ မျှ အချိုက၀ါးကြသေးသည်။ အုန်းလက်ခြောက်လျှင်သက်ကယ်လို ပျစ်၍အိမ်မိုးနိုင်သလိုဖျာ ၊ ကော်ဇော ၊ တောင်း၊ ခွက်ယက်၍လည်း သုံးနိုင်ပါသည်။ အုန်းနို့တန်ကလှီးထွက် သမျှအချဉ်ခံပြီး ချက်လျှင် အုန်းအရက်လှည်းဖြစ်သတဲ့။ အရေ နှင့် အခွံကြားအုန်းဆံသားတို့ကိုကြိုးလုပ်ကြသည်။
အုန်းပင်သည် အာရီဆီယားနွယ် (ပထမပမ်မီးခေါ်) ကိုကိုစ် နိုစိဖါဇာတိဖြစ်သည်။ အစိမ်းသက်သက်စားကြ၍ အရည်ကို သောက် အုန်းသားကို မျှင်း အချို မုန့်ထဲထည့် အခြားမုန့်ထဲ ရောဖုတ်ကြပါသည်။ မြန်မာနိုင်ငံ ၁၂ လရာသီစုံညီ သီးတို့အကြောင်းနောက်ဆုံးပြောရမည်က သဖန်းသီးပါ။ မာလဗာရီ မျိုးနွယ် ရောင်းစားလို့ရ အောင်ကောင်းပြီး ပေါများရပ်က ရှေ့တောင်အာရှနိုင်ငံများ စိုက်ပျိုးထုတ်လုပ်ကြသည်ကလည်း ထိုဒေသအပူနှင့် သမပိုင်း ဇုံဒေများ၌ဖြစ်သည်။ မယုံကြည်စရာတချက်ကယင်း သဖန်းသည် ကော်ဆေး (ရာဘာ) နှင့် ဆွေမျိုးတော်၍ အမြင့်က ၁၅ ပေ မှ ပေ အစိပ်ထိမြင့်တတ်၏။ အပွင့်ငယ်လေးတို့က အသားများ အခေါင်းတွင်အတွင်းသားပေါ်တွင် ပွင့်အရည်စိုစိုခပ် ချိုချို အရသာရှိ၏။ သို့ဖြင့် မူရ်း မျိုးပြန့်ဖို့မလွယ်သောကြောင့် သဖန်းရိုင်းစပ်ကျရ၏၊ ရလာသည့် သဖန်းသီးက အစိမ်းရောင် ပီးယားမျိုးပုံထွက် ထိပ်နှစ်ဖက်အနည်းငယ်ပြားအချို့က သင့်ရာမှ ပြင်းအနံ့ကသင်ငး အစေ့ငယ်ကအပြည့်ပါ။ (အချို့က ပိုးဥ လို့ထင်ကြသည်၊) အစိမ်းအတိုင်း စာနိုင်သလို ဘူးသွင်း အခြောက်ထား၍ အချိုမုန့်လည်း လုပ်စားနိုင်ကြပါသည်။ ယင်း သဖန်းနွယ်ဘွား သက်ရိုက်အခေါ် ပင်ပလနွယ်အသီးမြင့်မြတ်သည့် ရေသဖန်းသီးမှာလည်း အရှေ့တောင်အာရှ၌ သာထွက် ပြန်ပါသည်။ ဗောဓိသီးဟုလည်း ရှိပြန်ရာ ညောင်သီးမှာ သဖန်းသီးအနွယ်သာဖြစ်ရှာသည်။ဗောဓိပင်က ဗုဒ္ဓသဗ္ဗညုတ ဥာဏ်ရရာမှ အပင်ဖြစ်၍ သူ့တပည့်သားတို့ကတလေးတစားထားကြသည်။ယင်းသဖန်းမျိုးကားအသက်ရှည်၍ မီတာ ၃၀ / ပေ၁၀၀ခန့်အထိမြင့်တတ်သည်။ ယင်းကသီးမျှစားကြရသည်။ ညောင်ပင်သည် သဖန်းဆက်ဟုဆိုရပါသည်။ မြန်မာပြည်၌ အပေါက်များသော်လည်း ဇာတိက အိန္ဒိယ အကြီးက ချယ်ရီသီးအထက်အနည်းငယ် ပို၍ခပ်သွယ်သွယ် အသည်းပုံဆောင် သလို အရွက်နှင့်တွဲ၍ တစုံတစုံသီးလေ့ရှိ၏။ သစ်ပင်အမျိုးမျိုး စိုးသူတို့ဂေဟာညောင်မဟာမှာ သိရခက်သတ္တ၀ါများနေတတ်ပြီး ဘီလူးဆိုသည့် ကောင်မျိုးဖြစ်သည်။ ရုက္ခအလို မိုရစီယေးမိသားစုဝင် ဖီးကပ်အမျိုးအနွယ် ဖြစ်သည်။ အသီးများအသုံးများအမျိုးက ဖီကက်ကာစီယား အမြတ်တနိုးရေသဖန်း မျိုးက ဖီးကပ်ရလီဂျီယိုဆား နှင့် ညောင်ဗုဒ္ဓဟေက ဖီးးကပ်ဘင်္ဂလံင် စစ်ဟူ၍ဖြစ်သည်။ အပိုင်းသင့် အမေရိကနယ်တ၀ိုက်တွင် ဖီးကပ်အော်ရီးယား နှင့် ဖီကပ်ဆာရီဖိုလီယား အစားတို့များကြသည်။
ခုဆို ရာသီအလိုက်အသီး ကဏ္ဍကို လှည့်ကြပါစို့။
မြန်မာနိုင်ငံရာသီအလိုက်အသီးတို့မှာ မုတ်သုန်မိုးကျသည့် နောက်ပထမက သရက် ၊ တို့ကြောင့် မိုးကောင်းလေမှန်လျှင် အစောဆုံးမိုးကိုသရက်မိုး ခေါ်ရိုးရှိသည်။ကနဦးကပြောဖူးသလို အသီးတကာ့ဘုရင်က သရက်ဖြစ်ခြင်းကြောင့် လည်း အဆုံးသတ်သည် အထိအရှိအတိုင်း ဆက်ပြောကြမည်။ ကြားဖြတ်အစဉ်မပျက်ဖို့ ပိန္နဲကလည်း မပါမပြီး မိုးဦးစသည် နှင့် သူ့ရာသီလည်း စ၏ အသီးတလုံးအနည်းဆုံးပေါင် ၉၀/ ကီလို ၄၀လေးဖွယ်ရှိသည်။ အစိမ်းအတိုင်းပင်လှည့်ဆွတ်စားကြ သလိုကြာကြာခံအောင် အနည်းနည်းထားစားကြသည်။ ဒူးရင်းသီးလို ဒေသခံလူတွေကြိုက်များသည့် အသီးဖြစ်သည်။
ပိန္နဲနောက်လိုက် ဒူးရင်း နှင့် မင်းဂွတ်တို့ဖြစ်ကြသည်။ တချို့ကလည်း ဒူးရင်းသီးခေါ် သီးပင်မှာ အမြဲစိမ်းလန်း ပူပြင်းစွတ်စို မိုးသစ်တော ပင်တမျိုး အရှေ့တောင် အာရှဖွားအများစိုက် ကြသည်ကအသီးစားဖို့ ၊ ပင်ကိုယ်အမည်ရင်းက မာလာယုစကား ဒူရီယွန် ဟုခေါ်ကြသည်။ ဒူးရင်းပင်ကပေ ၈၀ မှ ၁၀၀ အထိမြင့်၍ (၂၄ မီတာ မှ မီတာ ၃၀) အပြုံလိုက်အခိုင် လိုက်သီး၍ အကြီးဆုံးအရှည်က ၅ ဆင်တီမီတာ အဖြုအ၀ါ ပန်းရောင်တို့ဖြင့် အပွင့်ထွက် ၃ လ လောက်ကြာမှ စားထိုက်အောင်ရသည်။ အသီးကဘဲဥ ပုံမျောမျော ဆူးတတ်တို့ခြံလျက် တလုံးလျှင် ၆ မှ ၈ ပေါင်အထိစီးပါသည်။ မှည့်သည့်အခါ အပင်မှကြွေကျလေ့ ရှိသွားကြောင့် ကမ္ဘာတွင် အန္တာရယ်အပေးနိုင်ဆုံး အသီးအဖြစ်သတင်းကြီးသည်။ ကြွေကျလျှင် တယောက်ယောက်ကိုများ ထိလိုက်ရလျှင်ဖြင့် ကံဆိုးရှာမှာ သေရမည်မုချဖြစ်၏။ အသီးအတွင်းမှာတော့ အနံ့ကပြင်းပြင်း သို့သော် အရသာရှိလှသည့် အနှစ်အသားတို့မှာ ၁ လက်မ မှ ၄ လက်မအထိ ရှိတတ်သည်။ အစေ့ အပေါ်အထပ်လိုက် မြုပ်နှံပါရှိသည်။ ပိန္နဲသီးစေ့ပြုတ်လျှင် နူး၍စားနိုင်သည်။ ကြော်လျှင်လည်း ဖြစ် ဖုတ်လျှင်လည်းကောင်း ။ သို့သော် သိပ်အရသာတော့မရှိလှ။ အသီးကို အစိမ်းလိုက်စားကြမြဲ ။ မုန့်ချိုတွင်လည်း ရော ၊ ရေခဲမုန့်တွင်လည်းပါ၊ ဟင်းလျာတွင် ရောချက်ပြီး တာရှည်ခံအောင်ထားရှာ၌လည်း သုံးကြသည်။
မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ဒူရင်းသီး အထွက်များသည်။ အရှေ့တောင်အာရှ အစပ်မို့ထင့်။ရုက္ခအလို ဗွန်ဘက်မျိုးစု ဗွန်ဘာကာဆီကေးနွယ် ဒူရီယို ဇိုင်ဘီသီ မတ်ကဏ္ဍ၀င်ဖြစ်သည်။ ဒူးရင်းစားရသည့်အခက်အခဲက ပျစ်ချွဲချွှဲယင်း အသားက ကိုယ်ခန္ဓာကို အပူဓါတ်ပွား၍ မစားရဲသူတို့ပင်ရှိကြသည်။ သဘာဝက သဘာဝမို့ ယင်း ခန္ဓာအပူတိုးမှုကို ဖြေဆေးအဖြစ် မင်းဂွတ်သီး ကိုတဆက်တည်းစားဖို့လိုသည်။
မင်းဂွတ်သီးမှာ ဒူးရင်းသီးနှင့် တရာသီအတွင်း ဖွားဖက်တော်အလားတူ ပေါက်ပွား ကြသည်။ မှည့်ချိန်လည်းတူသဖြင့် အရှေ့အိန္ဒိယ ကျွန်းထွက် အင်ဒိုနီးယားနယ်သားဖြစ်ပါသည်။ မင်းဂွတ်ပင်းကအကြီးနှေး အသက် ၉/၁၀ နှစ်မရှိမချင်း မသီး အစေ့က မျိုးမပွား ။ အမြင့် ပေ ၂၀ ထိထက် အသီးကလိမ္မော် သီးရှိတတ်သည်။ ဒူးရင်း သီး၏ ဘေးထွက် မနှစ်သက်သူတို့အဖို့ အနံ့ပြင်းပြင်း အပူပြင်းခြင်း တို့ကို ကုစားပြေပြစ်စေနိုင်သည်တို့ကြောင့် အပူပိုင်းဇုံ ၌ ထင်ရှားသည့် အသီးတစ်ခုဖြစ်ပါသည်။ ယင်းအကြောင်းစားဘူးသူတိုင်း ၀န်ခံကြပေလိမ့်မည်။ သူ့အားနည်းချက်က စားရသမျှ အပျစ်သား အလွှာမှာ အရသာနည်းနည်း မှာ အစေ့ကြီးကြီးတို့ကို ခြံရံထားပါသည်။သို့သော်စားကြည့်မှ ကောင်းမှန်းသိမည်။ ပြာရောင် နီမှောင် အပေါ်ယံအကြေးပါး အကာကခပ်ဖျော့ဖျော့ နှင့်ထူဖြစ်သော်လည်း ဆေးဘက်ဝင်သည်မှာ အပူခံဓါတ်သာမက ၀မ်းလျောဝမ်းပျက်ကုသနိုင်ပါသည်။
မော်လမြိုင် ၊ ကျိုက်ထို နှင့် မွန် နှင့် မြောက်ဖက်နယ်စပ် ကရင်ပြည်နယ် တို့တွင် ဆက်လက်ဖြစ်ထွန်းကြသည့်ဒူးရင်းသီးမျိုး ကဲ့သို့ ကလပ်စီယေးနွယ်ဖြစ်၍ ယခင်က ရွက်တီဖာရေးဟု ခေါ်ပြီး ဂါစီနီယား မဲန်ဂိုစတနာအဖြစ်သတ်မှတ်ကြသည်။ နောက်ရာသီးတို့က မာလကာနှင့် ကြက်မောက်သီးတို့ဖြစ်ကြသည်။ အရွက်ပြောင်စိမ်းအပွင့်က မြူအနံ့သင်းသည့် မာလကာပင်တို့မှာ အမေရိကတိုက်ဖွားဖြစ်သော်ငြားလည်း ယနေ့မှာ ဆိုလျှင်ကမ္ဘာတခွင် စိုက်နိုင်ကုန်ကြပြီ ။ အသီးက အဖြူ နှင့် အူနီ အရွယ်က ပန်းသီးနှင့်လိမ္မော်ခန့်ရှိသည်။
ပေ ၂၀ ထိမြင့် တတ်သည့် မာလကာသည် ယူအက်အေဖလော်ရီဒါ ဇာတိသာမက ကွားစိုက်ကြသည်က အနှံ့ စတော်ဗယ်ရီမာလကာကို အပူဇုံအမေရိကမှာ ဖြစ်ပွားခဲ့ရာ ကိုလံဘီယာ မတိုင်ခင်ဖြစ်၍ ဖလော်ဒီရာ နှင့် ကယ်လဖိုးနီးယား တောင်ပိုင်းတို့တွင်လည်း ဖြစ်သည်။ မကြာခဏယင်းကို အဆောင်အယောင်အပြင်အဆင်ဖြစ်လည်း စိုက်ပျိုးကြသည်။ အစိုက်များသည့် မာလာကာမှာ အဖြူသီးနှင့် အူနီမျိုး အဘိုးတန်သည်က ဗီတာမင်စီဓါတ် ပါ၍ မြန်မာနိုင်ငံ၌ ယင်းအတိုင်းစားကြသော်လည်း အပျစ်အရည် နှင့် အနည်းနည်း ကြာကြာခံအောင်လုပ်စား၍လည်းရပါသည်။ အစေ့ကို မဖယ်ဘဲစားလျှင် ၀မ်းချုပ်တတ်သည်။ထို့ကြောင့် စီုးရိမ်လျှင်အစေ့များထွင်းဖယ်၍အသားချည်း အရသာခံနိုင်သည်။ မာလကာဆိုသည်ကမာတာဆီးယား မျိုးဝင်သီးဖြစ်သည်။ အသုံးများသည်က ပစီဒီယံဂွါကျပါ ကဏ္ဍ ၀င်၍ စတာဗယ်ရီမာလကာမှာ အနွယ်အဖြစ်သတ်မှတ်ကြသည်။
ရုက္ခဗေဒအလို နီဖိုလီယံလက်ပါစီယေး မလေးတိုင်းတွက် အပင်သတ်မှတ်ကြသည့် ကြက်မောက်သီး ပင်မှာ အသီးကြောင့် ဤ အမည်တွင်ပါသည်။ အသီးတွင်းကအသားက အကြည်ဖြူပြီး အရသာက ချဉ်မျမျ ယင်းကို ဖုံးထားသည့် အခွံမထူမပါး ၊ နီဝါအဆင်းနှင့် အကန့်လိုက် ရှည်သော်လည်း ပျော့ပြောင်း သည်အမျှ နှင့်တည်းထားသည်။ မလေးလို ရမ်ဘူတန်ဆိုသည်က အမွှေးထူဖြစ်၍ ကြက်မောက်သီးအပ အမွှေးကထူလှသည်။ အစိမ်းလိုက် စားနိုင်သလို ဘူးသွင်း ၍ ၄င်း ဖျော်ရည် အဖြစ်၎င်းပြောင်း၍ လည်းသုံးကြ၏။
နာနတ်သီးကမြန်မာတနိုင်ငံ အပျံ့ အနှံ့စိုက်ရစားကြသည်။ သို့သော်လည်းအကောင်းတကာ့ အကောင်းဆုံးက အလုံးကသိပ်မကြီး အရသာကချို အနံ့ကမွှေး၍ မြစ်ကြီးနယ်ထွက်ဖြစ်သည်။ပိန္နဲအပွင့်ထွက် အပင်ထူးသောအချက်က ရေငုံထားနိုင်သည့် အကြေးတို့နှင့် ပုံမှန် ၃ ပိုင်း ခွဲရသည့် အပွင့်များရှိသည်။